ဂျပန်စာလေ့လာ နေတဲ့သူတွေရော၊ မလေ့လာ တဲ့သူတွေရောအတွက် ဂျပန် Animationဇာတ်ကားတွေက သိပ်ပြီး မစိမ်းလှပါဘူး။ဒီထဲမှာမှ Ghibli လို့ပြောလိုက်ရင် လူတော်တော်များများ နှစ်သက်ကြပြီး ကလေးရော လူကြီးရောပါ ကြည့်ရှုခံစားလို့ရမယ့် ဇာတ်လမ်းတွေကိုပြေးမြင်ကြမှာပါ။ ဒီတခေါက်တော့ စာဖတ်သူတွေကို Ghibli ကမ္ဘာကြီးထဲ အလည်ခေါ် သွားမယ်လို့စိတ်ကူးထားပါတယ်။ ဒီဆောင်းပါမှာ Ghibli ကြီးကို ရောက်သွားသလိုခံစားရမယ့် နေရာ ၃ ခုကို မိတ်ဆက်ပေးသွားပါမယ်။ ကဲ ဒါဆို Ghibli ကမ္ဘာကြီးကို လွှတ်လွှတ်လပ်လပ် ပျော်ရွှင်ခံစားကြည့်ပါအုံး။
Ghibli Park ရဲ့ဧရိယာ ၅ ခု နဲ့ ထူးခြားချက်များ။
- ဧရိယာ ၁ Ghibli’s Grand Warehouse 大
- ဧရိယာ ၂ Hill of Youth 青
- ဧရိယာ ၃ Dondoko Forest 緑
- ဧရိယာ ၄ Valley of Witches
- ဧရိယာ ၅ Mononoke Village
- လက်မှတ်ဘယ်လိုဝယ်ရမလဲ?
- ဘယ်လိုသွားမလဲ?
Metaverse ကနေ ဆိုင်ကိုအလည်သွား ကြည့်ကြရအောင်
Ghibli Park
မြန်မာပြည်မှာရော နိုင်ငံတကာကမှာ အားပေးမှု အခိုင်အမာရထားတဲ့ အန်နီမေးရှင်း ဇာတ်ကားတွေ ထုတ်လုပ်နေတဲ့ Ghibli Studio ကြီးကအခုဆို Theme Park တစ်ခုအနေနဲ့ ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။ အလည်သွားချင်တဲ့သူတွေကလဲ ကြိုတ်ကြိုတ်တိုးလျက်ရှိပါတယ်။ ဖွင့်လှစ်ခဲ့တာကတော့ ၂၀၂၂ ခုနှစ်၊ ၁၁လပိုင်း၊ ၁ရက်နေ့ တုန်းကဖြစ်ပါတယ်။ ဖွင့်စတုန်းကတော့ လူစုလူဝေးကိုရှောင်ဖို့အတွက် လက်မှတ်ကို မဲနှိုက်တဲ့စနစ်နဲ့ရောင်းချခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ၁၁လပိုင်း ၁၀ ရက်နေ့ ရောင်းတဲ့လက်မှတ်ကနေစပြီး (၂၀၂၃ခုနှစ် ၂လပိုင်း အတွက် လက်မှတ်) ကနေစပြီး ဦးရာစနစ်နဲ့ လက်မှတ်ကိုရောင်းချခဲ့ပါတယ်။ ဒီတခေါက် ဆောင်းပါးမှာတော့ Ghibli Park ရဲ့ ဧရိယာ တစ်ခုချင်းစီရဲ့ ထူးခြားချက်၊ လက်မှတ်စျေးနှုန်း၊ ရောင်းချပုံစနစ်၊ လက်မှတ်ဝယ်နည်း၊ ပန်းခြံအထိ ဘယ်လိုသွားမလဲ စတဲ့ အချက်အလက်တွေကို စုစည်းပြီးတင်ဆက်လိုက်ပါတယ်။
၂၀၂၂ ခုနှစ် ၁၁လပိုင်း ၁ ရက်နေ့ မှာ ကမ္ဘာ တဝှမ်းလုံးက Ghibli ပရိတ်သတ်တွေ အရမ်းမျှော်လင့်နေတဲ့ Ghibli Park ကို Aichi ခရိုင် Expo 2005 Aichi Commemorative Park (Moricoro Park) နေရာမှာဖွင့်လှစ်လိုက်ပါတယ်။ Aichi ခရိုင် မှာဖြစ်ပြီး တိုကျို မှာရှိတဲ့ Ghibli Museum နဲ့ တနေရာစီ မို့လို့ ဒီအချက်လေးကို သတိပြုပါ။ ယခု ဖွင့်လှစ်ထားတဲ့ ပန်းခြံက သဘာဝအလျှောက် ပန်းခြံထဲမှာ တည်ရှိပြီး Ghibli ရုပ်ရှင်ထဲက နေရာလေးတွေကို ပုံဖော်ထားတဲ့ နေရာလေးဖြစ်ပါတယ်။ Ghibli Park မှာ စုစုပေါင်းဧရိယာ ၅ ခုရှိပါတယ်။ ဒါပေမယ့် လက်ရှိ ဖွင့်လှစ်ထားတာကတော့ ဧရိယာ ၃ ခုဖြစ်ပြီး နောက်ထပ် ၂ခုကိုတော့ ၂၀၂၃ ခုနှစ် ဆောင်းဦး ရာသီမှာ တစ်ခု ၂၀၂၄ ခုနှစ် မတ်လ မှာတစ်ခု ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ဧရိယာ |
ဖွင့်လှစ်တဲ့နေ့ |
ဝင်ကြေး |
ဝင်ကြေး ရုံးပိတ်ရက် |
ဧရိယာ ၁ Ghibli’s Grand Warehouse |
၂၀၂၂ ခုနှစ် ၁၁လပိုင်း ၁ ရက် |
ကလေး ၂၀၀၀ယန်း လူကြီး ၁၀၀၀ယန်း |
ကလေး ၂၅၀၀ယန်း လူကြီး ၁၂၅၀ယန်း |
ဧရိယာ ၂ Hill of Youth |
၂၀၂၂ ခုနှစ် ၁၁လပိုင်း ၁ ရက် |
ကလေး ၁၀၀၀ယန်း လူကြီး ၅၀၀ယန်း |
|
ဧရိယာ ၃ Dondoko Forest |
၂၀၂၂ ခုနှစ် ၁၁လပိုင်း ၁ ရက် |
ကလေး ၁၀၀၀ယန်း လူကြီး ၅၀၀ယန် |
|
ဧရိယာ ၄ Valley of Witches |
၂၀၂၄ ခုနှစ် မတ်လ | မသတ်မှတ်ရသေး | |
ဧရိယာ ၅ Mononoke Village |
၂၀၂၃ ခုနှစ် ဆောင်းဦး |
မသတ်မှတ်ရသေး |
စာရေးသူရွေးချယ်သောဆောင်းပါး
Ghibli Park ရဲ့ ဧရိယာ ၅ ခု နဲ့ ထူးခြားချက်များ။
ကဲ ဒါဆို ဒီဧရိယာတွေအကြောင်း အသေးစိတ်ကြည့်လိုက်ကြရအောင်။
ပထမဆုံး လောလောဆယ် ဖွင့်ထားတဲ့ (၂၀၂၂ ခုနှစ် ၁၁လပိုင်း ၁ ရက်နေ့ ) ဧရိယာ ၃ ခု အကြောင်းမိတ်ဆက်သွားပါ့မယ်။
ဧရိယာ ၁ Ghibli’s Grand Warehouse 大
Ghibli ဂိုဒေါင်ကြီးလို့ခေါ်ရလောက်အောင် Ghibli နဲ့ပတ်သက်တဲ့ ပြခန်းတွေ၊ ဆိုင်တွေ ကဖေးတွေ နဲ့ပြည့်လို့နေပါတယ်။ ဧရိယာ တစ်ခုချင်းစီကို မြေပုံပေါ်မှာ ခန်းဂျိ တစ်ခုစီ ကိုယ်စားပြု ပြီးဖော် ပြထားပါတယ်။ ဒီ ဧရိယာရဲ့ ခန်းဂျိကတော့ 大 ဆိုတဲ့ စကားလုံးလေးဖြစ်ပါတယ်။
ကောင်းကင်ဘုံက ဥယာဥ်
ဒီနေရာလေးကတော့ Castle in the Sky Laputa ဇာတ်ကားထဲက ဥယာဥ် ကိုပုံဖော်ထားတဲ့နေရာလေးဖြစ်ပါတယ်။ စက်ရုပ်ကြီးတွေကသူတို့သခင် ပြန်လာမယ်ါအချိန်ကိုစောင့်နေတဲ့ ဇာတ်ဝင်ခန်းကို ပုံဖော်ထားတဲ့နေရာလဲဖြစ်ပါတယ်။
ရေပူစမ်းပိုင်ရှင်ရဲ့ ရုံးခန်း
နောက်နေရာလေးတစ်ခုကတော့ Spirited Away ဇာတ်ကားထဲက ရေပူးစမ်းပိုင်ရှင် ဘွားတော် YUBABA ရဲ့ ရုံးခန်းကိုပုံဖော်ထားတဲ့နေရာလေးဖြစ်ပါတယ်။ ကျွန်တော် တော့ ဝင်ရမဘ် ခပ်လန့်လန့် ဆိုပေမယ့် လုံးဝ ဇာတ်ကားထဲ ရောက်သွားသလို ဆွဲ ခေါ် သွားမယ့် နေရာတစ်ခု လို့မြင်မိပါတယ်။
ကြောင်ဘတ်စ်ကား
နောက်တနေရာကတော့ My Neighbor totoro ထဲက ကြောင် ဘတ်စ်ကားလေးပဲ ဖြစ်ပါတယ်။ My Neighbor totoro ကိုကြည့်ပြီးကြောင်ဘတ်စကား စီးချင်တဲ့သူတွေ အများကြီးရှိကြမယ်ထင်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်လဲအပါအဝင်ပေါ့။ ဒီကြောင် ဘတ်စ်ကားကိုGhibli Park မှာ သွားကြည့်နိုင်ပြီဖြစ်ပါတယ်။
ကြမ်းပြင်အောက်က အိမ်ငယ်လေး
The Secret World of Arriettyဇာတ်ကားထဲက ကောင်မလေးတွေ မိသားစုနေတဲ့ကြမ်းပြင်အောက်က အိမ်ပုံစံငယ်လေးကို ပုံဖော်ထားတဲ့ အခန်းလေးပါ။ တော်တော် အသေးစိတ်ကျပြီး ရုပ်ရှင်ကြည့်တုန်းက ခံစားချက်ကို ပြန်ရမှာကျိန်းသေပါတယ်။
ဧရိယာ ၂ Hill of Youth 青
နောက်တစ်နေရာက ရော လူငယ်တွေရဲ့ တောင်ကုန်းလေး ဆိုပြီး နေရာပေးထားပြီး မြေပုံပေါ်မှာတော့ 青 ဆိုတဲ့ စကားလုံးနဲ့ပုံဖော်ထားပါတယ်။ ဒီနေရာလေးကတော့ Whisper of the heart ကိုပုံဖော်ထားတဲ့နေရာလေးဖြစ်ပါတယ်။ ပြီးတော့ ဒီ ဧရိယာ မှာတော့ အရင်ကရှိတဲ့ ဓာတ်လှေကားကို Castle in the Sky Laputa၊ Howl's Moving Castle တို့ထဲက ပုံစံ၊ ခံစားချက်မျိုးရအောင်ပြန်ဆောက်ထားပါတယ်။
ဧရိယာ ၃ Dondoko Forest 緑
ဒီနေရာလေးက My Neighbor Totoro ထဲက Satsuki and Mei တို့ရဲ့အိမ်လေးကို ပုံဖော်ထားတဲ့နေရာလေးဖြစ်ပါတယ်။ အိမ်အနောက်ဘက်မှာ Totoro အရုပ်လေး ရှိပြီး ကလေးတွေဆို အထဲဝင်ရောက်နိုင်ပါတယ်။
ဧရိယာ ၄ Valley of Witches
ဒီ ဧရိယာ လေးက တော့ လောလောဆယ် မဖွင့်သေးတဲ့ နေရာလေးဖြစ်ပြီး Howl's Moving Castle နဲ့ Kiki's Delivery Serviceတို့ကို အဓိက ပုံဖော်မယ့်နေရာလေးဖြစ်ပါတယ်။
ဧရိယာ ၅ Mononoke Village
ဒီ ဧရိယာလေးလဲ လောလောဆယ်မဖွင့်သေးဘဲ Princess Mononoke ထဲက ရွာလေးကို ပုံဖော်မယ့်နေရာလေးဖြစ်ပါတယ်။
လက်မှတ်ဝယ်နည်း၊ ဖွင့်ချိန် ပိတ်ချိန် ကဘယ်အချိန်တွေလဲ။ဒီ Ghibli Parkက တနေ့ကို လူ အယောက် ၅၀၀၀ လောက်ဝင်နိုင်ပြီး Booking စနစ်ရှိပါတယ်။
ဖွင့်တဲ့အချိန်တွေကတော့
-
ပုံမှန်ရက်တွေဆို မနက် ၁၀နာရီကနေ ညနေ ၅နာရီအထိဖွင့်ပြီး
-
ရုံးပိတ်ရက်တွေမှာဆို မနက် ၉ နာရီကနေ ညနေ၅ နာရီ အထိ ဖွင့်ပါတယ်။
လက်မှတ်ဘယ်လိုဝယ်ရမလဲ
လက်မှတ်ကတော့ ကြိုတင်ဝယ်ရပါတယ်။ ကြိုတင်ဝယ်ဖို့အတွက် Website (https://ghibli-park.jp/ticket/)မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဧရိယာ အပေါ်မူတည်ပြီးလဲ လက်မှတ်ကို ကြိုတင်ဝယ်ဖို့လိုအပ်ပါတယ်။ လောလောဆယ်တော့ ၂၀၂၃ ခုနှစ် ၁လပိုင်းအတွက်က ရောင်းလို့ကုန်သွားပြီဖြစ်ပြီး ၂ လပိုင်းအတွက် ကြိုတင်ပြီး ဝယ်ယူနိုင်ပါတယ်။
ဘယ်လိုသွားမလဲ?
လိပ်စာကတော့ 愛知県長久手市茨ケ廻間乙1533-1 愛・地球博記念公園内ဖြစ်ပါတယ်။
သွားနိုင်မယ့် နည်းလမ်းကတော့ Nagoya ဘူတာမှာရှိတဲ့ Nagoya Bus Center ကနေ တိုက်ရိုက် ဘတ်စ်ကားရှိပါတယ်။ ပုံမှန်နေ့ တွေဆို ၅ ခေါက်၊ ရုံးပိတ်ရက်တွေဆို ၆ ခေါက်။ ကားခ ကတော့တခါက်ကို လူကြီးဆို ၁၀၀၀ယန်း ဖြစ်ပြီး ကလေးဆို ၅၀၀ ယန်း ဖြစ်ပါတယ်။
Ghiblli Museum Mitaka
Ghiblli Museum Mitaka ကတော့ တိုကျို Mitaka မြို့မှာရှိတဲ့ ပြတိုက်တစ်ခုဖြစ်ပါတယ်။အန်နီမေးရှင်းပြတိုက် တစ်ခုဖြစ်ပြီး MIyazaki Hayoဖွင့်လှစ်ထားတဲနေရာလဲဖြစ်ပါတယ်။ဒီပြတိုက်မှာလဲ လက်မှတ်ကိုကြိုတင်ဝယ်ယူမှ ရပါတယ်။
ပြတိုက် ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိဖြစ်ပါတယ်။ အပတ်တိုင်း အင်္ဂါနေ့တွေမှာ ပိတ်ပါတယ်။
လက်မှတ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- လူကြီး ယန်း ၁၀၀၀
- အထက်တန်း၊ အလယ်တန်းကျောင်းသား ၇၀၀ ယန်း
- မူလတန်းကျောင်းသား ၄၀၀ ယန်း
- ကလေး ၁၀၀ ယန်း
- ၄ နှစ်အောက်ဆို အခမဲ့ဝင်ရောက်နိုင်ပါတယ်။
ပြတိုက်မှာဘယ်လို အရာတွေရှိလဲ
ဝင်ဝင်ချင်းပဲ Totoro လေးက ကြိုဆိုလို့နေပါတယ်။ Totoro ကိုမြင်လိုက်တာနဲ့ Ghibli ကမ္ဘာကြီးထဲရောက်သွားသလိုခံစားရမှာပါ။ပြီးတော့ ရုပ်ရှင် ဖန်တီး တဲ့နေရာတွေ ကိုပြန်သရုပ်ဖော်ထားတဲ့အခန်းတွေကိုလဲတွေ့မြင်နိုင်ပါတယ်။ ရုပ်ရှင်ပြုလုပ်ပုံအဆင့်အဆင့်ကို ကြည့်ရှု လေ့လာနိုင်ပါတယါ။ နောက်တစ်ခုကတော့ ရုပ်ရှင်ရုံ အသေးစား လေးလဲရှိပါတယ်။ လူ ၈၀ လောက် ဝင်ကြည့်နိုင်ပါတယ်။ ၁၅ မိနစ်စာ ရုပ်ရှင်လေးကို တနေ့ က အကြိမ်ပေါင်းများစွာ ပြသလေ့ရှိပါတယ်။ နောက်တစ်ခုကတော့ ကြောက်ဘတ်စ်ကားကြီးပါ။ ၆ နှစ်အောက်ကကတေးတွေကတော့ ကြောက်ဘတ်စ်ကားမှာ ဆော့ကစားလို့ရပါတယ်။ စာဖတ်အခန်းလေးလဲရှိပြီး အဲ့စာဖတ်ခန်းမှာဆိုရင် ကလေးတွေအတွက် ရုပ်ပြစာအုပ်တွေကို လွဝ်လွတ်လပ်လပ်ဖတ်နိုင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ Castle in the Sky Laputa ထဲက စက်ရုပ်လေးရှိတဲ့ တောင်ကုန်းလေးပဲဖြစ်ပါတယ်။ လုံးဝ ရုပ်ရှင်ထဲရောက်သွားသလို ခံစားရပြီး တော်တော် လေးကိုလှပပါတယ်။
ဒီနေရာလေးလဲ Ghibli ပရိတ်သတ်တွေ လုံးဝ သွားလည်သင့်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ တိုကျိုရောက်ရင်သွားရောက်လည်ပတ်ဖို့ အကြံပေးချင်ပါတယ်။
どんぐり共和国
အပေါ်မှာ မိတ်ဆက်သွားတဲ့နေရာတွေကို သွားဖို့အဆင်မပြေသေးဘူး။ ဒါပေမယ့် Ghibli ပရိတ်သတ် တယောက်ဖြစ်တယ်ဆိုရင် どんぐり共和国ဆိုတဲ့ ဂျပန်နိုင်ငံအနှံ့အပြားမှာ ရှိတဲ့ ပစ္စည်းဆိုင်လေးကိုသွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဂျပန်နိုင်ငံအတွင်းမှာ ဆိုင်ခွဲပေါင်း ၄၁ ဆိုင်ရှိပါတယ်။
ဆိုင်ထဲမှာဆိုရင် သစ်ပင်လေးတွေလဲရှိပြီး သီးသန့် ကမ္ဘာလေးတစ်ခုကို ဖန်တီးထားပါတယ်။ဆိုင်နေရာလဲ ကျယ်ဝန်းပြီး ပစ္စည်းတွေလဲတော်တော် စုံပါတယ်။နေ့စဥ်သုံး ပစ္စည်းတွေကအစ အရုပ်၊ ကစားစရာတွေ လဲအများကြီးရှိပါတယ်။
Metaverse ကနေ ဆိုင်ကိုအလည်သွား ကြည့်ကြရအောင်
ဒီဆောင်းပါးမှာတော့ ဒီဆိုင်လေးကို Metaverse ကနေ သွားလည်လို့ရမယ့်Website လေးတစ်ခုကိုပါ မိတ်ဆက်ပေးချင်ပါတယ်။
ဒီ Website လေးက Soranoue ဆိုတဲ့ Website လေးဖြစ်ပြီး ဝင်နည်းကလဲတော်တော် လွယ်ကူပါတယ်။
ဒီ Link ကနေ တဆင့် ဆိုင်လေးကို ဝင်ရောက်ကြည့်ရှုကြည့်ပါ။
ဒီဆောင်းပါးမှာတော့ Ghibli ပရိတ်သတ်တွေအတွက် Ghibli ကမ္ဘာကြီးကိုအလည်ခေါ် ပေးသွားမယ့် နေရာလေး ၃ ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ Ghibli ချစ်တဲ့သူမှန်ရင်တော့ နှစ်သက်မယ်လို့မျှော်လင့်မိပါတယ်။ အမြဲတမ်းစာတွေဖတ်ပေးတဲ့ အတွက်ကျေးဇူး အများကြီးတင်ပါတယ်။