ဂျပန်နိုင်ငံရဲ့ နွေဦးရာသီမှာ ကြည့်ရှုခံစားနိုင်မယ့် Nemophila ပန်းပွင့်ရာ နေရာ ၁၀ နေရာ

နွေဦးရောက်ရင်တော့ ဂျပန်နိုင်ငံမှာ (Nemophila; Nemophila)လို့ခေါ်တဲ့ အပြာရောင်းပန်းလေးတေ ပွင့်ပါတယ်။ တချို့နေရာတွေမှာတော့ အပြာရောင်ပန်းခင်းကြီးကို မျက်စီတစ်ဆုံးတွေ့နိုင်ပြီး အပြာရောင်လွင်ပြင်ကြီးကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်တစ်နိုင်ငံလုံးမှာ တွေ့နိုင်တဲ့ အပြာရောင် (Nemophila; Nemophila)ပန်းတွေ ပွင့်လန်းတဲ့ နေရာ ၁၀ နေရာကိုဖော်ပြသွားမှာဖြစ်ပါတယ်။ 

မာတိကာ 

  1. (Nemophila; Nemophila)ဆိုတာဘယ်လိုပန်းမျိုးလဲ။
  2. ဂျပန်တစ်နိုင်ငံလုံးမှာတွေ့နိုင်တဲ့ အပြာရောင်ပန်းခန်း ၁၀ ခင်း။
  3. အကျဥ်းချုပ် 

(Nemophila; Nemophila)ဆိုတာဘယ်လိုပန်းမျိုးလဲ။

Nemophila ပန်း ဆိုတာကတော့ ဂျပန်နိုင်ငံရဲ့ နွေရာသီမှာပွင့်တဲ့ ပန်းဖြစ်ပြီး ဂျပန်လိုဆိုရင်တော့ ネモフィラ လို့ခေါ်လေ့ရှိကြပါတယ်။ မြောက်အမေရိကမှာ ပွင့်တဲ့ ပန်းမျိုးဖြစ်ပြီးတော့ Baby blue eyes လို့လဲခေါ်လေ့ရှိကြပါတယ်။ ဒီပန်းလေးတွေကတော့ အပေါ်ကိုထောင်ပြီး ပွင့်တတ်တာမျိုးမဟုတ်ဘဲ နံဘေးမှာကြဲပြန့်ပြီးပွင့်တတ်တဲ့ အလေ့အထဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပန်းပွင့်တဲ့နေရာတွေမှာဆိုရင် လွင်ပြင်ကြီးတစ်ခုလုံးကို ဖုံးလွမ်းပြီးပွင့်လေ့ရှိကြပါတယ်။ ဒါကြောင့်မို့လို့ ဂျပန်နိုင်ငံရဲ့ Nemophila ပန်းခင်းတွေထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ Hitachi Kaihin ပန်းခြံမှာဆိုရင် Nemophila ပန်းပင်ပေါင်း သိန်း ၄၀ ကျော်လောက်ရှိပြီး အပြာရောင်လွင်ပြင်ကြီးကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ 

ဂျပန်တစ်နိုင်ငံလုံးမှာတွေ့နိုင်တဲ့ အပြာရောင်ပန်းခန်း ၁၀ ခင်း။

①【Ibaraki】Hitachikaihin ပန်းခြံ(国営ひたち海浜公園)

  • လိပ်စာ - 605-4 Onuma-aza, Mawatari, Hitachinaka, Ibaraki 312-0012
  • ဝက်ဘ်ဆိုက် - https://hitachikaihin.jp/en/
  • ဝင်ကြေး - ပုံမှန်အချိန် လူကြီး ၄၅၀ ယန်း၊ နွေဦးဆောင်းဦး လူကြီး ယန်း ၈၀၀။
  • ဖွင့်ချိန် - ၉:၃၀~၁၇:၀၀ (၇လပိုင်း ၂၁ရက်နေ့မှ ၈လပိုင်း၃၁ရက်နေ့အထိ၊ ၁၁ လပိုင်းမှ၂လပိုင်းမှ၁၆:၃၀ အထိ)။
  • ပုံမှန်ပိတ်ရက် - အပတ်စဥ် အင်္ဂါနေ့ ( အင်္ဂါနေ့ ရုံးပိတ်ရက်ဖြစ်ပါကနောက်နေ့ပိတ်ရက်)
  • သွားပုံ၊သွားနည်း - ရထား၊ ဘတ်စ်ကား Katsuta ဘူတာ၊ အထိသွားပြီးတော့ East Exit မှတဆင့် ဘတ်စ်ကားဖြင့် ပန်းခြံ အနောက်ဘက်ဂိတ်အထိ ၁၅ မိနစ်။ 

ဒီ ပန်းခြံကြီးကတော့ Ibaraki ခရိုင်မှာရှိပြီးတော့ ကိုလိုနာ မတိုင်ခင်တုန်းကတော့ လာရောက်လည်ပတ်တဲ့ သူပေါင်း သိန်း ၂၀ ကျော်ရှိတဲ့ အရမ်းကို နာမည်ကြီးတဲ့ ပန်းခြံဖြစ်ပါတယ်။ အပြာရောင် Nemophila ပန်းတွေအပြင် ရာသီအလိုက် ပွင့်တဲ့ပန်းလေးတွေလဲရှိပါတယ်။ SNS မှာလဲ အရမ်းနာမည်ကြီးတဲ့ နေရာဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ကနေပြီးတော့လဲ လက်ရှိပွင့်နေတဲ့ ပန်းတွေရဲ့ အခြေအနေတွေကို ကြိုတင်ပြီးကြည့်ရှုနိုင်ပါတယ်။ တောင်ကုန်းပေါ်ကနေ ကြည့်လိုက်ရင် ပန်းခြံကြီးကို ပန်းပင်လယ်ကြီးလိုတွေ့နိုင်ပါတယ်။ 

②【Saitama】Shinrin ပန်းခြံ(国営武蔵丘陵森林公園)

  • လိပ်စာ - 1920 Yamata, Namegawa-machi, Hiki-gun, Saitama Prefecture 355-0802
  • ဝက်ဘ်ဆိုက် - https://www.shinrinkoen.jp/?p=we-page-single-entry&spot=460590&nav=none
  • ဝင်ကြေး - လူကြီး ၄၅၀ ယန်း၊ အဖွဲ့လိုက် ၂၉၀ ယန်း၊ ၂ရက်လက်မှတ် ၅၀၀ ယန်း၊ ၂ ရက်လက်မှတ် အဖွဲ့လိုက် ၃၅၀ ယန်း၊ ※ ၆၅ နှစ်နှင့်အထက် - ၂၁၀ ယန်း (ပုံမှန်၊အဖွဲ့လိုက်)၊ ၂၅၀ ယန်း (၂ရက်တာလက်မှတ်)၊ ※ အလယ်တန်းအောက် - အခမဲ့။ 
  • ဖွင့်ချိန် - ၃ လပိုင်း မှ ၁၀ လပိုင်း (၉နာရီခွဲ မှ ၁၇ နာရီအထိ)၊ ၁၁ လပိုင်း (၉နာရီခွဲ မှ ၁၆နာရီခွဲအထိ)၊ ၁၂ လပိုင်းမှ ၂ လပိုင်းအထိ (၉နာရီခွဲ မှ ၁၆နာရီအထိ)
  • ပုံမှန်ပိတ်ရက် - နှစ်သစ်ကူး (၁လပိုင်း ၁ရက်နေ့)၊ ၁လပိုင်း ၂ ရက်နေ့မှ ၂ လပိုင်း အဆုံးအထိ တနင်္လာနေ့၊ တစ်လပိုင်း (တတိယအပတ် တနင်္လာနေ့ မှ သောကြောနေ့အထိ ၅ ရက်တာပိတ်) 
  • သွားပုံ၊သွားနည်း - Shinrin Koen ဘူတာမှ မြောက်ဘက်ထွက်ပေါက် ကားဂိတ်မှ ဘတ်စကားဖြင့်။ (森林公園南出口行,熊谷駅南口行,立正大学行)

နောက်ထပ် ပန်းခြံတစ်ခြံကတော့ Saitama မှာရှိတဲ့ Shinrin ပန်းခြံဖြစ်ပါတယ်။ ပန်းခြံအကျယ်ကြီးဖြစ်ပြီး ပန်းအမျိုးအစား အမျိုးမျိုးအပြင် တခြား အဆောက်အအုံ၊ စီးစရာတွေလဲ အများကြီးရှိပါတယ်။ အနောက်ဘက်ဂိတ်ကနေ ၅ မိနစ်လမ်းလျှောက်ပြီး အနောက်ဘက်ပန်းခြံကိုရောက်ရင် ဧပြီလအစကနေ အလယ်အထိ အပြာရောင်ပန်းခင်းကြီးကိုတွေ့မြင်နိုင်ပါတယ်။ 

③【Tokyo】Showakine ပန်းခြံ(国営昭和記念公園)

  • ဝက်ဘ်ဆိုက် - https://www.showakinen-koen.jp/guide-english/ 
  • ဝင်ကြေး - လူကြီး ၄၅၀ ယန်း၊ ※ ၆၅ နှစ်နှင့်အထက် - ၂၁၀ ယန်း (ပုံမှန်၊အဖွဲ့လိုက်)※ အလယ်တန်းအောက် - အခမဲ့။ 
  • ဖွင့်ချိန် - ၃ လပိုင်း မှ ၁၀ လပိုင်း (၉နာရီခွဲ မှ ၁၇ နာရီအထိ)၊ ၁၁ လပိုင်းမှ ၂ လပိုင်းအထိ (၉နာရီခွဲ မှ ၁၆နာရီခွဲအထိ)၊ ၄ လပိုင်းမှ ၉လပိုင်း၊ စနေ/တနင်္ဂနွေ/အစိုးရရုံးပိတ်ရက် (၉နာရီ မှ ၁၈နာရီအထိ)
  • ပုံမှန်ပိတ်ရက် - နှစ်သစ်ကူး (၁၂လပိုင်း ၃၁ ရက်နေ့၊ ၁လပိုင်း ၁ရက်နေ့)၊ ၁လပိုင်း ၄ ပတ်မြောက် တနင်္လာနေ့နှင့် နောက်နေ့။
  • သွားပုံ၊သွားနည်း - Tachikawa ဘူတာကနေ လမ်းလျှောက် ၈ မိနစ်ကနေ ၁၆ မိနစ်

Showakine ပန်းခြံ ကနေ တိုကျိုမှာရှိတဲ့ ပန်းခြံကြီးဖြစ်ပြီးတော့ ဧပြီလလောက်ကနေပြီးတော့ Nemophila ပန်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အပြာရောင်ပန်းကြီတွေကို ကျယ်ကျယ်ပြန့်ပြန့်ကြီးကြည့်နိုင်မှာဖြစ်ပြီး အချိန်ကိုက်ရင် ကျူးလစ်ပန်းတွေကိုလဲ အတူတူကြည့်ရှု့ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ 

④【Yamanashi】Hananomiyako ပန်းခြံ(山中湖花の都公園)

  • ဝက်ဘ်ဆိုက် - http://www.hananomiyakokouen.jp/ 
  • ဝင်ကြေး - လူကြီး ၆၀၀ ယန်း (၄လပိုင်း ၁၆ ရက်နေ့ မှ ၁၀ လပိုင်း ၁၅ ရက်နေ့အထိ)၊ ၃၆၀ ယန်း (၁၀လပိုင်း ၁၆ ရက်နေ့ မှ ၁၁လပိုင်း ၃၀ ရက်နေ့, ၃ လပိုင်း ၁၆ ရက်နေ့မှ၄လပိုင်း ၁၅ ရက်နေ့)၁၂လပိုင်း၁ ရက်နေ့မှ ၃ လပိုင်း ၁၅ ရက်နေ့အထိ အခမဲ့။ 
  • ဖွင့်ချိန် - ၄ လပိုင်း၁၆ ရက်နေ့ - ၁၀ လပိုင်း ၁၅ ရက်နေ့ ၈နာရီခွဲ ကနေ ၁၇ နာရီခွဲ (တခြားအချိန်များ ၉ နာရီမှ ၁၆ နာရီအထိ)
  • ပုံမှန်ပိတ်ရက် - ၁၂လပိုင်း ၁ရက်နေ့မှ ၃လပိုင်း၁၅ရက်နေ့အထိ၊
  • သွားပုံ၊သွားနည်း - Fujiyoshida ဘူတာမှကားဖြင့် မိနစ် ၂၀။

ဒီနေရာကတော့ ဂျပန်နိုင်ငံရဲ့ နာမည်အကြီးဆုံးတောင်ဖြစ်တဲ့ ဖူဂျီတောင်ကြီးကိုကြည့်ရှုရင်း Nemophila ပန်းတွေရဲ့ အပြာရောင်အလှတရားကိုခံစားရမှာဖြစ်ပါတယ်။ Nemophila ပန်းတွေအပြင် တခြားပန်းတွေကိုလဲတွေ့နိုင်ပါ‌သေးတယ်။

⑤【Hiroshima】Flower village 花夢の里

  • လိပ်စာ - 1124-11 Bessako, Sera-cho, Sera-gun, Hiroshima Prefecture 729-3305 
  • ဝက်ဘ်ဆိုက် -https://sera.ne.jp/km/shibazakura/ 
  • ဝင်ကြေး - လူကြီး ၇၀၀ ယန်းမှ ၁၀၀၀ ယန်း။ (အပြောင်းအလဲရှိနိုင်။)
  • ဖွင့်ချိန် - ၉ နာရီမှ ၁၇ နာရီ၊ (စနေ/တနင်္ဂနွေ/Golden Week ၁၈ နာရီအထိ)
  • ပုံမှန်ပိတ်ရက် - ၂၀၂၄ခုနှစ် ၃ လပိုင်း ၃၀ ရက် မှ ၅ လပိုင်း ၁၂ရက်နေ့အထိ။

ဒီ Flower village ကတော့ ရာသီအလိုက် ပန်းခင်းတွေကိုဖွင့်လှစ်လေ့ရှိပြီးတော့ ကျူးလစ်၊ နေကြာပန်း၊ ချယ်ရီပန်း၊ တို့ကိုလဲတွေ့နိုင်ပါသေးတယ်။ 

⑥【Gifu】Gifu World Rose Garden (ぎふワールド・ローズカーデン)

  • လိပ်စာ - 1584-1 Seta, Kani City, Gifu Prefecture 509-0213
  • ဝက်ဘ်ဆိုက် - https://gifu-wrg.jp/ 
  • ဝင်ကြေး - အခမဲ့ ကနေ ၁၀၅၀ ယန်းအထိ။ (အချိန်အပေါ်မူတည်ပြီးကွာခြားနိုင်)
  • ဖွင့်ချိန် - ၉ နာရီမှ ၁၇ နာရီ (ဧပြီလမှ နိုဝင်ဘာလအထိ)၊ ၉နာရီခွဲ မှ၁၆နာရီခွဲအထိ (နိုင်ဝင်ဘာ ၁၅ မှ မတ်လအထိ) ※ ဒီအချက်ကတော့ ၂၀၂၃ ရဲ့အချက်ကိုအခြေခံထားတာဖြစ်ပါတယ်။ 
  • ပုံမှန်ပိတ်ရက် - အင်္ဂါနေ့ (အင်္ဂါနေ့က အစိူးရရုံးပိတ်ရင်ဖြစ်ရင် နောက်နေ့ ပိတ်ရက်)၊ နှစ်သစ်ကူး။

Gifu World Rose Garden ကတော့ Nemophila ပန်းတွေအပြင် တခြားအပန်းအမျိုးအစားတွေကိုပါ ကြည့်ရှုနိုင်မယ့် ပန်းခြံလဲဖြစ်ပါတယ်။ ချယ်ရီပန်းနဲ့ Nemophila ပန်းကိုလဲ တစ်နေရာတည်း တွဲလျက်မြင်နိုင်မယ့်နေရာ လဲဖြစ်ပါတယ်။ 

⑦【Osaka】Osaka Maishima Seaside ပန်းခြံ။

  • လိပ်စာ -〒554-0042 2, Hokukouryokuchi, Konohana-ku, Osaka-shi, Osaka
  • ဝက်ဘ်ဆိုက် - https://seasidepark.maishima.com.e.agi.hp.transer.com/nemophila/ 
  • ဝင်ကြေး - လူကြီး ၁၅၀၀ ယန်း။
  • ဖွင့်ချိန် - ပုံမှန်နေ့ (၁၀နာရီမှ ၁၇နာရီအထိ)၊ စနေ/တနင်္ဂနွေ/အစိုးရရုံးပိတ်ရက် (၉နာရီ မှ ၁၈နာရီ ခွဲအထိ)

ဒီပန်းခြံကတော့ အိုဆာကာမှာရှိတဲ့ နာမည်ကြီး ပန်းခြံတစ်ခြံဖြစ်ပြီးတော့ ပန်းတွေအပြင် အကင်ကင်တဲ့နေရာ၊ ရေပူစမ်း၊ မျှော်စင် အစသဖြင့် အပန်းဖြေစရာနေရာလေးတွေ အများကြီးရှိပါတယ်။ 

⑧【Hyogo】Akashi kaikyo ပန်းခြံ(淡路島国営明石海峡公園)

  • လိပ်စာ -8-10 Yumebutai, Awaji City, Hyogo Prefecture 656-2306
  • ဝက်ဘ်ဆိုက် - https://awaji-kaikyopark.jp/en/access.html 
  • ဝင်ကြေး - လူကြီး ၄၅၀ ယန်း။
  • ဖွင့်ချိန် - ၉နာရီခွဲကနေ ၁၇ နာရီအထိ၊ (၇လပိုင်း ၈လပိုင်းအထိ ၁၈ နာရီအထိ၊ ၁၁ လပိုင်း မှ ၃ လပိုင်းအထိ ၁၆ နာရီအထိ)
  • ပိတ်ရက် - နှစ်သစ်ကူး (၁၂လပိုင်း ၃၁ရက်နေ့၊ ၁လပိုင်း၁ရက်နေ့)၊ ၂လပိုင်း ဒုတိယမြောက် တနင်္လာနေ့မှ သောကြာအထိ။ 

ဒီပန်းခြံကတော့ Awajishima မှာရှိတဲ့ ပနခြံဖြစ်ပြီးတော့ ဧပြီလလောက်ကနေပြီးတော့ Nemophila ပန်းတွေကိုကြည့်နိုင်ပြီး ကျူးလစ်ပန်းနဲ့ အတူကြည့်ရှုနိုင်ပါသေးတယ်။ 

⑨【Fukushima】Uminonakamichi Seaside ပန်းခြံ(海の中道海浜公園)

  • လိပ်စာ - 18-25 Saitozaki, Higashi-ku, Fukuoka 811-0321
  • ဝက်ဘ်ဆိုက် - https://uminaka-park.jp/guide/ 
  • ဝင်ကြေး - လူကြီး ၄၅၀ ယန်း။
  • ဖွင့်ချိန် - ၉နာရီခွဲကနေ ၁၇ နာရီခွဲအထိ၊ (၃လပိုင်းမှ ၁၀လပိုင်းအထိ) ၉နာရီခွဲမှ၁၇ နာရီအထိ (၁၁လပိုင်းမှ ၂လပိုင်းအထိ)
  • ပိတ်ရက် - နှစ်သစ်ကူး (၁၂လပိုင်း ၃၁ရက်နေ့၊ ၁လပိုင်း၁ရက်နေ့)၊ ၂လပိုင်း ဒုတိယမြောက် တနင်္လာနေ့မှ နောက်နေ့။ 

Fukushimaမှာရှိတဲ့ Uminonakamichi Seaside ပန်းခြံမှာဆိုရင်လဲ Nemophila ပန်းတွေနဲ့ အတူတူ တခြားပန်းတွေကိုပါ ကြည့်ရှုနိုင်ပါတယ်။ 

⑩【Oita】Kujuhanakoen ပန်းခြံ(久住花公園)

  • ဝက်ဘ်ဆိုက် -http://www.hanakoen.com/ 
  • ဝင်ကြေး - လူကြီး ၅၀၀ မှ ၁၃၀၀ ယန်း။
  • ဖွင့်ချိန် - ၁၂လပိုင်းမှ ၂ လပိုင်း ပန်းခြံပိတ်၊ ကျန်တဲ့ အချိန်များ ၈နာရီခွဲမှ ၁၇ခွဲအထိ ပိတ်ရက်မရှိဖွင့်။ 

Kujuhanakoen ပန်းခြံ ကလဲ ရာသီအလိုက်ပန်းတွေကို ကြည့်ရှုခံစားနိုင်မယ့် ပန်းခြံဖြစ်ပြီးတော့ ရာသီအလိုက် ပွဲတွေကိုလဲ ကျင်းပလေ့ရှိပါတယ်။ 

အကျဥ်းချုပ် 

ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ နွေဦးမှာ ပွင့်တဲ့ အပြာရောင်ပန်းခင်းတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ တချို့ ပန်းခြံတွေမှာတော့ ဆာကူရာပန်းတွေနဲ့ အတူ Nemophila ပန်းတွေကို အတူတူကြည့်နိုင်သလို တခြားရာသီအလိုက် ပွင့်တဲ့ပန်းတွေနဲ့ အတူတူကြည့်ရှုနိုင်ပါ‌သေးတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ဂျပန်နိုင်ငံရဲ့ နွေဦးရာသီမှာ ကြည့်ရှုခံစားနိုင်မယ့် Nemophila ပန်းပွင့်ရာ နေရာ ၁၀ နေရာ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ