Anisong လို့အများသိကြတဲ့ Anime တွေရဲ့ဇာတ်ဝင်တေးတွေအကြောင်း လေ့လာကြည့်ကြရအောင်။

 Animeတွေရဲ့ အရည်းအသွးမြင့်မားနဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဇာတ်ဝင်တေးတွေလဲ အပါအဝင်ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်စာလေ့လာနေသူများ အနေနဲ့သိထားသင့်တဲ့ Anime ဇာတ်ဝင်တေးတွေကို မိတ်ဆက်ပေးပြီး Jpop နှင့် Anime တို့ကြားက ဆက်နွယ်မှုကိုလဲ ရှင်းပြသွားပါ့မယ်။ 


မာတိကာ

  1. Anisong ဆိုတာဘာလဲ။
  2. Anisong အမျိုးအစားများ။ 
  3. J-pop နှင့် Anime ၊ Anisong သိဆိုသော အဆိုတော် ၁၀ ဦး ။
  4. သိထားသင့်သော Anisong ၁၀ ပုဒ်။
  5. ဂီတနှင့်ပတ်သက်သော Anime ဇာတ်ကား ၁၀ ကား။

Anisong ဆိုတာဘာလဲ။

 Anison or anisong (アニソン) ဆိုတာကတော့ anime song (アニメソング) ရဲ့ အတိုကောက် ခေါ်အဝေါ် ဖြစ်ပါတယ်။  Anisonမှာဆိုရင် အဖွင့်သီချင်းနှင့် အပိတ်သီချင်း၊ ကြားဖြတ်သီချင်း၊ ဇာတ်ဝင်တေးများ၊ ပုံဖော်သီချင်းများ ( Image Songs )ဆိုပြီး ပါဝင်ပါတယ်။ ဇာတ်ဝင်တေးတွေက ခံစားချက်ကိုပေါ်လွင်စေဖို့ တော်တော် အရေးကြီးပါတယ်။  anime ပရိတ်သတ်မဟုတ်တဲ့သူတွေတောင် သိကြတဲ့ anison တွေလဲတော်တော် များပြားပါတယ်။ ဒါကြောင့် ဒီသီချင်းကိုသိပေမယ့် ဒီသီချင်းကဘယ်ကလဲဆိုတာ မသိဘူးဆိုတာ လူတော်တော် များများဖြစ်ဖူးကြပါလိမ့်မယ်။ 

Anisong အမျိုးအစားများ။

အပေါ် မှာပြောခဲ့တဲ့ Anisong အမျိုးအစားတွေကို ဒီမှာ အသေးစိတ်ထပ်ရှင်းပြပါ့မယ်။ 

အဖွင့်သီချင်းနှင့် အပိတ်သီချင်းများ။

 Anisong လို့ပြောလိုက်တာနဲ့ လူတော်‌တော်များများက အဖွင့်သီချင်းနှင့် အပိတ်သီချင်း ကိုတွေးမိကြပါလိမ့်မယ်။ အစပိုင်းမှာတော့  Anisong သီးသန့်ဖန်တီးတဲ့သူတွေနဲ့ အသံသရုပ်ဆောင် တွေသာ Anisong ကိုသီဆိုလေ့ရှိကြပါတယ်။ သို့သော် Anisong တွေလူကြိုက်များလာတာကြောင့် နာမည်ကြီး အဆိုတော်တွေပါ Anisong ကိုသီဆိုလာကြပါတယ်။ အထူးသဖြင့် အခုနောက်ပိုင်းမှာဆိုရင် Anisong နဲ့ Jpop တောင် မသဲမကွဲ ဖြစ်လာရပါတယ်။ (အသေးစိတ်ကိုနောက်ပိုင်းတွင်ပေါ် ပြပါမည်။)

အဖွင့်သီချင်းနှင့် အပိတ်သီချင်းများတွေရဲ့ အရှည်အနေနဲ့ကတော့ ၁.၅ မိနစ်ခန့်ဖြစ်ပါတယ်။ အဖွင့်သိချင်းကတော့ ဇာတ်လမ်းမစခင်မှာ ဖွင့်ပြီး သူ့နောက်မှာ ကြော်ညာ၊စပွန်စာ စသဖြင့် လာပြီး ဇာတ်လမ်းပြီးဆုံးပါက အပိတ်သီချင်း စဖွင်လေ့ရှိပါတယ်။ ဒီပုံစံအတိုင်းမဟုတ်တဲ့ Anime တွေလဲရှိပါတယ်။ ဥပမာ  One Pieceမှာဆိုရင်  ဇာတ်လမ်းတဝက်လောက်မှ အဖွင့်သီချင်းကိုဖွင့်ပါတယ်။အပိုင်း ၂၇၉ ကနေစပြီး  One Pieceမှာ အဖွင့်သီချင်းရှိတော့မှာမဟုတ်ဘဲ အဲ့ဒီအစား ၂မိနစ်လောက်ရှည်တဲ့ အပိတ်သီချင်းကိုသာကြားရတော့မှာဖြစ်ပါတယ်။ 

 ကြားဖြတ်သီချင်းများ။

ကြားဖြတ်သီချင်း (Insert Songs) ဆိုတာကတော့  Anime အတွင်းမှာ တွေ့ရတဲ့ စာတမ်းထိုးပါတဲ့သီချင်းဖြစ်ပါတယ်။ အမျာအားဖြင့် ကြားဖြတ်သီချင်းတွေကိုတကြိမ်သို့မဟုတ် အကြိမ် အနည်းငယ်သာ ထည့်လေ့ရှိပါတယ်။ ပြီးတော့ အပိတ်သီချင်းအစား ဇာတ်ဝင်ခန်းကိုပြီးပြီးကြွလာအောင် အပိတ်သီချင်းအစား ထည့်လေ့ရှိပါတယ်။ ကြားဖြတ်သီချင်းတွေကို ကသရုပ်‌ဆောင် တွေကိုယ်တိုင်သီဆိုလေ့ရှိပါတယ်။ တနည်းအားဖြင့် ကြားဖြတ်သီချင်းတွေကို အသံသရုပ်ဆောင်တွေ သီဆိုလေ့ရှိပါတယ်။ 

ကြားဖြတ်သီချင်းတွေကို Single Album အနေနဲ့လဲထုတ်လေ့ရှိပါတယ်။ 

ကြားဖြတ်သီချင်းကဥပမာများ

  1. 「God Knows」by Suzumiya Haruhi (CV. Hirano Aya) from The Melancholy of Suzumiya Haruhi

  2. 「Glassy Sky」by Donna Burke from Tokyo Ghoul √A

  3. 「Stories」by Kuroishi Hitomi from Code Geass

  4. 「Sis puella magica!」by Kajiura Yuki from Puella Magi Madoka Magica

  5. 「Last Stardust」by Aimer from Fate/Stay Night: Unlimited Blade Works

  6. 「Before My Body is Dry」by Kobayashi Mika and David Whitaker from Kill La Kill

ဇာတ်ဝင်တေးများ

 Anime ဇာတ်လမ်းတွဲတစ်ခုလုံးထုတ်လွင့်ပြီးစီးပါက Animeမှာ ပါဝင်တဲ့သီချင်းတွေကို အယ်လ်ဘမ် အနေနဲ့ ထုတ်လေ့ရှိပါတယ်။ အယ်လ်ဘမ်တွေကိုဝယ်တဲ့သူတွေ က တေးရေးဆရာ ရဲ့လက်မှတ်ပါဝင်တဲ့အခွေတွေ ဝယ်ယူလို့ရနိုင်ပါတယ်။ 

နာမည်ကြီး တေးရေးဆရာ ၃ယောက်ကတော့

1. Kajiura Yuki (梶浦 由記)

ဂီတနဲ့ပတ်သက်ပြီး အရည်အချင်းပြည့်ဝတဲ့ Kajiura Yuki က Anime နယ်ပယ်မှာလဲ နာမည်ကြီးတေးရေးဆရာတစ်ဦးဖြစ်ပါတယ်။ သူရဲ့ လက်ရာတွေကတမူထူးခြားမှုရှိတာကို သူ့ရဲ့လက်ရာတွေကိုကြားဖူးတဲ့သူတော်တော် များများသိကြပါတယ်။ Kajiura Yuki က Anime သီချင်းတွေအပြင် ဂိမ်းဇာတ်ဝင်တေးတွေမှာလဲ ပါဝင်ရေးသားလေ့ရှိပါတယ်။ Kajiura Yukiရဲ့နာမည်ကြီးလက်ရာတချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • Sword Art Online

  • Kimetsu no Yaiba (Demon Slayer)

  • Fate/Zero

  • Fate/Stay Night: Heaven’s Feel Trilogy Movies

  • Boku dake ga Inai Machi (Erased)

  • Puella Magi Madoka Magica

Yuki Kajiura Official Website

2. Sawano Hiroyuki (澤野 弘之)

နောက်ထပ်နာမည်ကျော် တေးရေးဆရာ တယောက်ကတော့ Sawano Hiroyuki ဖြစ်ပါတယ်။ သူရဲ့ ၂၀၀၀ ခုနှစ် အလယ်ပိုင်းလောက်မှာ တေးရေးဆရာတယောက်အနေနဲ့ စတင် အသက်မွေးဝမ်းကြောင်းပြုပြီး တဟုန်ထိုးချင်းပဲ နာမည်ကြီးလာပါတယ်။ ပြီးတော့ Aimer, LiSA, EGOIST,Sukima Switchတို့လို ယခုခောတ် နာမည်ကြီးအဆိုတော်တွေနဲ့လဲ လက်တွဲအလုပ်လုပ်ထားပါတယ်။ 

Sawano Hiroyukiရဲ့နာမည်ကြီးလက်ရာတချို့ကတော့

  • Nanatsu no Taizai (The Seven Deadly Sins)

  • Aldnoah Zero

  • Kotetsujou no Kabaneri (Kabaneri of the Iron Fortress)

  • Guilty Crown

  • Owari no Serafu (Seraph of the End)

  • Kill la Kill

  • Shingeki no Kyojin (Attack on Titan) တို့ဖြစ်ပါတယ်။ 

Sawano Hiroyuki Official Website

3. Hisaishi Joe (久石 譲)

Hisaishi ရဲ့ နာမည်အစစ်ကတော့ Fujisawa Mamoru (藤澤 守)ဖြစ်ပြီး သူ့ရဲ့ အနုပညာသက်တမ်းကလဲ တော်တော် လေးကိုရင့်ပါတယ်။ Hisaishiက Ghibliဇာတ်ကားတွေရဲ့တေးသွားတွေကိုဖန်တီးတဲ့သူလဲဖြစ်ပါတယ်။ ဆုအများပြားကိုလက်ခံရရှိထားသူလဲဖြစ်ပြီး ဂိမ်း၊ ရုပ်ရှင်၊ တွေမှာလဲတေးသီချင်းတွေရေးသားလေ့ရှိပါတယ်။နာမည်ကြီးတေးသီချင်းတချို့ကတော့

  • Laputa: Castle in the Sky 

  • Princess Mononoke

  • Kiki’s Delivery Service

  • Spirited Away

  • Howl’s Moving Castle

  • My Neighbour Totoro

  • Ni no Kuni တို့ပဲဖြစ်ပါတယ်။

Joe Hisashi Official Website

 ပုံဖော်သီချင်းများ ( Image Songs )

ပုံဖော်သီချင်းတွေကို အသံသရုပ်‌ဆောင်တွေကိုယ်တိုင်ဆိုလေ့ရှိပါတယ်။ မူရင်းလက်ရာတွေလဲရှိသလို Anisonရဲ့ Cover လဲရှိပါတယ်။ တခါတရံမှာ ပုံဖော်သီချင်းတွေကို အဖွင့်အပိတ်သီချင်း၊ ကြားညှပ်သီချင်းတွေအနေနဲ့သုံးလေ့ရှိကြပါတယ်။ 

J-pop နှင့် Anime

ဒီနေရာမှာ Anison က J-pop ထဲပါလား ဆိုတဲ့မေးခွန်းမေးစရာရှိပါတယ်။ အရင်တုန်းကတော့ ပုံမှန်သီချင်းဆိုတဲ့အဆိုတော် နဲ့ Anison ဆိုတဲ့အဆိုတော်ဆိုပြီး ကွဲကွဲပြားပြားရှိပါတယ်။ သို့သော် ယနေ့ခေတ်မှာတော့ ဒိလိုမဟုတ်တော့ပါဘူး။ 

ယနေ့ခေတ် နာမည်ကြီး အဆိုတော်တွေလဲ Anison တွေဆိုလာကြပါပြီ။ တချို့ဆို တော်တော် ကို နာမည်ကြီးပြီး ထိပ်တန်းစာရင်း အနေနဲ့တောင် ပါဝင်လာကြလေ့ရှိကြပါတယ်။ ဒါနဲ့ပဲ့ J-pop နှင့် Anime

တို့ကြား စည်းတွေ မရှိတော့ပါ။ 

Anisonတွေဆိုလေ့ရှိတဲ့ အဆိုတော်၁၀ယောက်ကတော့ 

  1. LiSA - Demon Slayer, Sword Art Online, The Irregular at Magic High School, etc.

  2. Aimer - Demon Slayer, Kabaneri of the Iron Fortress, Vinland Saga, Fate Series, Natsume Yuujinchou Go, etc.

  3. milet - Vinland Saga, Fate/Grand Order: Zettai Majuu Sensen Babylonia, Ousama Ranking, etc.

  4. Amuro Namie - One Piece, Inuyasha, Pokemon: The Movie 2000

  5. Sayuri - Ranpo Kitan, Boku dake ga inai Machi, Kuzu no Honkai, Golden Kamuy, Yesterday wo Utatte, etc.

  6. King Gnu - Banana Fish, Ousama Ranking, Jujutsu Kaisen 0 Movie

  7. Yonezu Kenshi - Boku no Hero Academia, 3-gatsu no Lion, Uchiage Hanabi, Children of the Sea

  8. KANA-BOON - Naruto: Shippuden, Boruto; Naruto the Movie, The Perfect Insider, Enen no Shouboutai, etc.

  9. Hoshino Gen - SPY x Family, Saint☆Young Men, Doraemon

  10. UNISON SQUARE GARDEN - Soul Eater, Kekkai Sensen, Ballroom e Youkoso, Tiger & Bunny, etc.

သိထားသင့်သော Anisong ၁၀ ပုဒ်။

လူသိများတဲ့ Anisong ၁၀ပုဒ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  1. 「残酷な天使のテーゼ」| Zankoku na Tenshi no Teeze | A Cruel Angel’s Thesis by Takahashi Yoko (高橋 洋子) from Neon Genesis Evangelion

  2. 「Butter-Fly」by Wada Koji (和田 光司) from Digimon 

  3. 「ムーンライト伝説」| Moonlight Densetsu by DALI from Sailor Moon 

  4. 「We Are!」by Kitadani Hiroshi (北谷 洋) from ONE PIECE

  5. 「*~アスタリスク~」| Asterisk by Orange Range from BLEACH

  6. 「紅蓮華」| Gurenge by LiSA from Demon Slayer

  7. 「紅蓮の弓矢」| Guren no Yumiya by Linked Horizon from Attack on Titan

  8. 「怪物」| Kaibutsu by YOASOBI from BEASTARS

  9. 「ルパン三世のテーマ」| Theme from Lupin the Third written by Ohno Yuji(大野雄二) from Lupin the Third

  10. 「微笑みの爆弾」| Hohoemi no Bakudan by Mawatari Matsuko (馬渡松子) from Yu Yu Hakusho

ဂီတနှင့်ပတ်သက်သော Anime ဇာတ်ကား ၁၀ ကား။

ဂီတ၊သီချင်းနဲ့ပတ်သက်တဲ့ Anime တွေကိုရှာနေပါသလား။ idolတွေအကြောင်း Anime တွေလဲရှိပါတယ်။ နာမည်ကြီး Anime အချို့ကိုဖာ်ပြသွားပါ့မယ်။

  1. 「のだめカンタービレ」| Nodame Cantabile 

  2. 「 四月は君の嘘」|Shigatsu wa Kimo no Uso | Your Lie in April 

  3. 「Love Live! School Idol Project 」and spinoffs 

  4. 「IDOLiSH7」- a drama about a male idol group 

  5.  「キャロル&チューズデイ」| Carole & Tuesday

  6. 「この音とまれ!」| Kono Oto Tomare! 

  7. 「 マクロスF(フロンティア)」| Macross Frontier 

  8. 「K-On!」

  9. 「ギヴン」| Given

 

 

 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ပေါ့ပ်ယဉ်ကျေးမှု/ Anisong လို့အများသိကြတဲ့ Anime တွေရဲ့ဇာတ်ဝင်တေးတွေအကြောင်း လေ့လာကြည့်ကြရအောင်။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ