ဂျပန်ကိုပထမဆုံးလာမယ့်သူတွေအတွက်ပြောင်းလဲသွားတဲ့ယဥ်ကျေးမှု(Japanese culture shock, Otoshi,Soba,Sashimi,Jido-hanbaiki)

နိုင်ငံတစ်နိုင်ငံမှာကိုယ်ပိုင်ယဥ်ကျေးမှုရှိသကဲ့သို့ဂျပန်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ယဥ်ကျေးမှုရှိပါတယ်။ဂျပန်နိုင်ငံဟာယဥ်ကျေးတဲ့နိုင်ငံဖြစ်တာနဲ့အညီအပြုအမှု၊အပြောအဆိုဟာဂရုတစိုက်အလေးထားတဲ့နိုင်ငံဖြစ်ပါတယ်။နေရာတိုင်းမှာသတ်မှတ်ထားတဲ့စည်းကမ်းများစွာရှိပြီး၊နားမလည်တာတစ်ခုခုရှိရင်လည်းအကူအညီပေးကြပါတယ်။ဂျပန်ရဲ့နည်းပညာဟာလည်းခေတ်မှီပြီး၊အစားအသောက်ဟာဆိုရင်လည်းနာမည်ကြီးပါတယ်။နိုင်ငံခြားခရီးသွားများအတွက်လည်းလာရောက်လည်ပတ်လို့ကောင်းမွန်တဲ့နေရာများစွာရှိပြီး၊ဘယ်အချိန်ဘဲစိတ်ချစွာသွားလာလို့ရအောင်လုံခြုံမှုရှိလှပါတယ်။သွားလာရတာလွယ်ကူလှအောင်ရထား၊ကားမှာလည်းအချိန်တိကျလှပါတယ်။ပထမဆုံးလာရောက်လည်ပတ်မယ့်သူတွေအတွက်ဗဟုသုတရအောင်အောက်ပါအချက်အလက်များကိုဝေမျှလိုက်ပါတယ်။

ဂျပန်တက္ကစီတွေကအလိုအလျောက်တံခါး

ဂျပန်နိုင်ငံတွင် တက္ကစီခပေးပြီးနောက် တံခါးမပိတ်ဘဲထွက်သွားလို့ရပါတယ်။ ဂျပန်တက္ကစီများ၏ "အလိုအလျောက်တံခါး" ကို ၁၉၅၀ နှစ် နှောင်းပိုင်းတွင်တီထွင်ခဲ့သည်ဟု ဆိုကြပါတယ်။၁၉၆၄ တွင်ကျင်းပခဲ့သည့် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲတွင် တိုကျိုရှိအကြီးဆုံးတက္ကစီကုမ္ပဏီက ကားသစ်များကိုမိတ်ဆက်ပေးခဲ့ပြီးနောက်ချက်ချင်းလူကြိုက်များခဲ့လာပါတယ်။ဂျပန်တက္ကစီများ၏အလိုအလျှောက်တံခါးများတပ်ဆင်ရခြင်းအကြောင်းရင်းမှာနိုင်ငံခြားခရီးသွားများအတွက်ဧည့်ဝတ်ကျေခြင်းလက္ခဏာကိုဖော်ပြပါတယ်။ခရီးအကွာအဝေးပေါ်လိုက်ပြီးကျသင့်ငွေပေးဆောင်ရခြင်းဖြစ်ပါတယ်။

otoshi

ပြည်ပရှိစားသောက်ဆိုင်များတွင်အစားအစာများကိုစားသောက်ပြီးပိုက်ဆံရှင်းရာတွင်သတ်မှတ်ထားသောအစားအသောက်ကြေးအပြင် ၀န်ဆောင်ခနှင့် မုန့်ဖိုးကဲ့သို့ ပေးဆောင်ရတာမျိုးရှိပေမယ့်လည်း ဂျပန်နိုင်ငံရှိ အရက်ဆိုင်များတွင် မှာထားသောအစားအစာများမလာမီ မမှာထားသည့်အစားအစာတစ်မျိုးလာချပေးတတ်ပြီးထိုသို့ရောက်လာပါကထိုအစားအစာအတွက်အခကြေးငွေကိုသီခြားပေးဆောင်ရတာကို otooshi လို့ခေါ်ပါတယ်။စားသောက်ပြီးပိုက်ဆံရှင်းတဲ့အခါမှာလည်းအခွန်ပါတခါတည်းဆောင်ရပါတယ်။

ရှလွတ်ရှလွတ်အသံထွက်ပြီးစားခြင်း

ဂျပန်လူမျိုးများသည်ခေါက်ဆွဲကိုစားသည့်အခါရှလွတ်ရှလွတ်ဟုအသံထွက်ရင်းစားလေ့ရှိကြပါတယ်။ထိုယဉ်ကျေးမှုကိုအဲဒိုခေတ်မှာsobaကိုစားသည့်အလေ့အထမှဆင်းသက်လာပြီး၊အသံတိတ်ပြီးစားခြင်းထက်အသံထွက်ပြီးစားရတာကပိုအရသာရှိတယ်လို့ထင်မြင်တယ်လို့တွေးခဲ့ကြပါတယ်။သို့သော်နိုင်ငံခြားသားတစ်ယောက်နေရာမှကြည့်မယ်ဆိုရင်ထိုလုပ်ရပ်သည်အလွန်ညံ့ဖျင်းသောအမူအကျင့်ဖြစ်ပြီး၊မနှစ်မြို့ဖွယ်ရာဖြစ်သောကြောင့်အဲလိုစားသောက်မှုအလေ့အကျင့်မရှိတဲ့နိုင်ငံခြားသားများဖို့အတွက်ခက်ခဲနိုင်ပါတယ်။ 

အသားစိမ်း၊ငါးစိမ်းအစားအစာအလေ့အထများ

ဂျပန်လူမျိုးများသည်အသား၊ငါးများကိုအစိမ်းစားလေ့ရှိပါတယ်။ဆူရှီအပြင်အသားစိမ်းများနှင့်ကြက်ဥအစိမ်းများကိုလည်းထမင်းပေါ်တင်ပြီးစားတတ်ကြပါတယ်။နိုင်ငံခြားတွင်အသား၊ငါးများကိုအစိမ်းစားတဲ့အလေ့အထမရှိကြပါဘူး။ကျန်းမာရေးအရကြည့်မယ်ဆိုရင်ကြက်ဥအစိမ်းတောင်မှပိုးမွှားသေးသေးလးများပါတတ်သောကြောင့်နိုင်ငံခြားအစားအစာတွေကများသောအားဖြင့်မီးနှင့်ချက်ပြုတ်ပြီးစားတာများသောကြောင့်ဖြစ်ပါတယ်။ 

ဓါတ်လှေကားပိတ်သည်အထိ အရိုအသေပေးခြင်း

ဂျပန်တွင်ဧည့်သည်ကိုအပြန်လိုက်ပို့သည့်အခါ၊ဓါတ်လှေကားပိတ်သည်အထိအရိုအသေပေးရသောယဥ်ကျေးမှုရှိပါတယ်။အခြားနိုင်ငံများမှာလည်း အဲဒီလိုယဥ်ကျေးမှုနဲ့တူညီသောအပြုအမူမရှိသောကြောင့်၊ အရိုအသေပေးတာကောင်းတယ်လို့ခံစားမိတာနဲ့တစ်ဖက်မှာအရိုအသေပြုလွန်းတယ်လို့ခံစားမိတဲ့သူတွေလည်းများပါတယ်။

အလိုလျောက်ရောင်းချစက်

အခြားနိုင်ငံများတွင်လည်း အလိုလျောက်ရောင်းချစက်ကို ကျယ်ပြန့်စွာအသုံးပြုနေပေမယ့်လည်း၊ ဂျပန်နိုင်ငံလောက် ကျယ်ပြန့်စွာအသုံးပြုနေတဲ့နိုင်ငံမရှိဘူးလို့ ပြောရင်လည်း မမှားပါဘူး။မြို့တွင်းမှာလည်း အလိုလျောက်ရောင်းချစက်များစွာ စီတန်းနေသလို၊ လူအသွားအလာသိပ်မရှိတဲ့နယ်ဘက်၊ တောင်ပေါ်လမ်းများပါမကျန်ရှိပါတယ်။ဒါ့အပြင်၊သောက်စရာသာမကဆန်နှင့်ဟင်းသီးဟင်းရွက်များကိုလည်းရောင်းချနေသောကြောင့်၊နိုင်ငံခြားသားပါအလွန်သဘောကျနှစ်သက်ကြပေမယ့်၊အခြားသောနိုင်ငံများမှာဆိုရင်တော့ ခိုးခံရနိုင်သည်ဟူသော အမြင်များလည်းရှိကြပါတယ်။

ကျသင့်တဲ့ငွေများကို အချိုးကျပေးရခြင်း

ဂျပန်နိုင်ငံနှင့် အချို့သောဥရောပနိုင်ငံများတွင် သမီးရည်းစားချိန်းသည့်အခါ အမျိုးသားများက ပိုက်ဆံရှင်းပေးတာ၊ စားသောက်သည့်အခါ အထက်လူကြီးက ပိုက်ဆံရှင်းပေးတာမျိုးရှိတတ်ကြပမယ့် အများစုကတော့ ကျသင့်တဲ့ငွေများကို အချိုးကျပေးရတာကတော့ ဂျပန်နိုင်ငံရဲ့ထုံးစံဖြစ်ပါတယ်။ အချို့သောနိုင်ငံခြားတိုင်းပြည်မှာတော့အမျိုးသားအများစုရှင်းပေးကြပါတယ်။ဥပမာ၊သူငယ်ချင်းအချင်းချင်းလည်း အဆင်ပြေသူက ပိုက်ဆံရှင်းပေးတာ ပုံမှန် ဖြစ်သောနိုင်ငံများလည်းရှိပါတယ်။

တိုကျိုအကြောင်းမိတ်ဆက်ခြင်း(Shibuya, Shinjuku, Akihabara, Odaiba,Meiji Shrine, Tokyo Sky Tree, Famous places in Tokyo, Japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ပေါ့ပ်ယဉ်ကျေးမှု/ ဂျပန်ကိုပထမဆုံးလာမယ့်သူတွေအတွက်ပြောင်းလဲသွားတဲ့ယဥ်ကျေးမှု(Japanese culture shock, Otoshi,Soba,Sashimi,Jido-hanbaiki)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ