ဂျပန်မှာ ဟောလိုးဝင်းကို ဘယ်လိုကျင်းပလဲ။

ဟောလိုးဝင်းကနေ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံ အမြောက်အမြားမှာကျင်းပလေံရှိပါတယ်။ ဒါပေမယ့် အနောက်တိုင်းနိုင်ငံတွေနဲ့ မတူဘဲ ဂျပန်မှာ ကျင်းပတဲ့ ဟောလိုးဝင်းကတော့ နည်းနည်းတမူထူးခြားပါတယ်။ အများအားဖြင့် လူငယ်တွေက ဟောလိုဝင်းနဲ့ပတ်သက်တဲ့ ဝတ်စုံတွေကို ဝတ်ဆင်ပြီး ဟောလိုးဝင်းပွဲတော်ကိုဆင်နွဲ လေ့ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ ဟောလိုးဝင်းရဲ့ အသေးစိတ်အချက်အလက်တွေကိုဖော်ပြသွားပါ့မယ်။ 

မာတိကာ 

ဂျပန်နိုင်ငံရဲ့ ‌ဟောလိုးဝင်းစတင်ပုံ။

 ဂျပန်နိုင်ငံမှာ ဟောလိုးဝင်းကိုတော့ အောက်တိုဘာလ ၃၁ရက်နေ့မှာကျင်းပပါတယ်။ အနောက်တိုင်းယဥ်ကျေးမှုတွေဖြစ်တဲ့ ဗယ်လင်တိုင်းဒေးနှင့် ခရစ္စမတ်တို့နဲ့ယှဥ်လိုက်ရင်တော့ဟောလိုးဝင်းကိုတော့ဂျပန်နိုင်ငံမှာ စတင်ကျင်းပတာ နောက်ကျပေမယ့် လူငယ်တွေကြားထဲမှဦတော့ အရှိန်အဟုန် ပြင်းထန်စွာနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာတာကိုတွေ့ရပါတယ်။ 

ဂျပန်မှာ ဟောလိုးဝင်းကိုကျင်းပတာကတော့ ၁၉၇၀ ခုနှစ်မှာ စတင်ပြီးတော့ ကျင်းပခဲ့တာဖြစ်ပြီး Harajuku မှာ ဟောလိုးဝင်းနဲ့ပတ်သက်ပြီး အရုပ်တွေရောင်းရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ တခြားဆိုင်တွေကလဲ ဟောလိုးဝင်းထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေမြှင့်တက်လာပြီး ဂျပန်နိုင်ငံရဲ့ ပထမဆုံးဟောလိုးဝင်းပွဲတော်ကိုတော့ 1983 ခုနှစ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် 1997 ခုနှစ်မှာTokyo Disney ကနေပြီးတော့ ပထမဆုံး “Disney Halloween”နှင့် Kawasaki မြို့မှာ “Kawasaki Halloween” ကိုကျင်းပခဲ့ရာမှ ဂျပန်နိုင်ငံကလူတွေအတွက် ဟောလိုးဝင်းကိူစတင်ပြီး ရင်းနှီးကျွမ်းဝင်လာတယ်လို့ဆိုနိုင်ပါတယ်။ ဒီအချိန်တုန်းကတော့ ဟောလိုးဝင်းနဲ့ပတ်သက်ပြီးပွဲအသေးစားတွေကို ကျင်းပလေ့ရှိကြပါတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ဟောလိုးဝင်းပွဲတော်ကို လူအများပါဝင်လာကြပြီး Tokyo Disneyတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံအနှံ့ပြားမှာ ဟောလိုးဝင်းပွဲကို ဆင်နွဲလာကြပါတယ်။ 

ဂျပန်မှာ ဟောလိုးဝင်းကျင်းပပုံ။

အနောက်တိုင်းနိုင်ငံမှာတော့ စနှောက်ခြင်း၊ မုန့်ကျွေးခြင်း စတဲ့ ယဥ်ကျေးမှုတွေနဲ့ ဟောလိုးဝင်းကိုကျင်းပလေ့ရှိပေမယ့် ဂျပန်က ဟောလိုးဝင်းကတော့ ဝတ်စုံဝတ်ပြီး ပွဲတော်ကို ဆင်နွဲရုံသက်သက်သာဖြစ်ပါတယ်၊။ ဂျပန်မှာတော့ အရင်ကတည်းက cosplay ယဥ်ကျေးမှု တော်‌တော်အင်အားကြီးပြီး Anime နဲ့ပတ်သက်တဲ့ cosplay လုပ်တဲ့သူတွေကို ခဏခဏတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် cosplay ကိုတော့ Anime ပရိတ်သတ်တွေသာ ဝတ်ဆင်‌လေ့ရှိပေမယ့် ဟောလိုးဝင်ကတော့ ဒီလိုမဟုတ်ဘဲ Anime ပရိတ်သတ်မဟုတ်တဲ့သူတွေအနေနဲ့လဲ ပျော်ပါးနိုင်တဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ 

နောက်ထပ်တစ်ချက်ကတော့ ခရစ္စမတ်နှင့် ဗယ်လင်တိုင်းဒေးတို့လိုမျိုး စုံတွဲတွေမှ ပျော်လို့ရတဲ့ ပွဲတော်မဟုတ်ဘဲ ရည်းစားမရှိတဲ့ သူတွေအတွက်လဲ ပျော်ပျော်ပါးပါးဆင်နွဲ နိုင်တဲ့ပွဲတော်မျိုးလဲဖြစ်ပါတယ်။ ဒါ‌ကြောင့် တချို့နေရာတွေမှာဆိုရင် လူစုလူဝေးဖြစ်ပြီး လူအုပ်တွေ အများကြီးရှိနိုင်ပါတယ်။ ဥပမာ - Shibuya တို့လိုနေရာမျိုးမှာဆိုရင် နှစ်စဥ်လူအများကြီးလာရောက်ပြီး ဟောလိုးဝင်းကို ဆင်နွဲလေ့ရှိကြပါတယ်။ 

 

Just a heads up if you’re in Tokyo for Halloween this year. People are advised to take their Halloween plans elsewhere...

Posted by WeXpats on Tuesday, October 17, 2023

Shibuya Halloween နှင့် ပတ်သက်ပြီး

Shibuya Halloween ကတော့ နှစ်တိုင်း ဟောလိုးဝင်း ဝတ်စုံတွေဝတ်ထားတဲ့ လူငယ်တွေစုဝေးလေ့ရှိတဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်ပါတယ်။ နှစ်တိုင်း လူတွေ အများကြီးစုဝေးလေ့ရှိပြီး လူစုလူဝေးတွေလဲ အများကြီးဖြစ်တဲ့ နေရာဖြစ်ပါတယ်။ နောက်ပြီး မူးရမ်းသောင်းကျန်းတဲ့ သူတွေနဲ့ လဲပြည့်နှက်နေ‌လေ့ရှိပြီး နှစ်တိုင်းခြုံရေးနဲ့ ပတ်သက်တဲ့ ပြသာတွေလဲရှိပါတယ်။ ဒါကြောင့် Shibuya ရက်ကွက်မှာတော့အမြဲတမ်း လူစုလူဝေးတွေ အများကြီးမပြုလုပ်ဖို့ သတိပေးချက်တွေလဲ ထွက်ပေါ်လျက်ရှိပါတယ်။ 

ဂျပန်နိုင်ငံရဲ့ ဟောလိုးဝင်းမှာ ဝတ်ဆင်တဲ့ ဝတ်စုံများ။

အပေါ် မှာဖော်ပြခဲ့တဲ့အတိုင်း ဂျပန်နိုင်ငံရဲ့ ဟောလိုးဝင်းကတော့ ဝတ်စုံတွေ ဝတ်ဆင်လေ့ရှိတာကတော့ အဓိကဖြစ်ပါတယ်။ အများအားဖြင့်တော့ သရဲဝတ်စုံတွေဖြစ်တဲ့ စုန်း၊ သွေးစုပ်ဖုတ်ကောင် တွေနဲ့ ပတ်သက်ပြီး ဝတ်ဆင်လေ့ရှိပြီး Anime ဝတ်စုံတွေကိုလဲ ဝတ်ဆင်လေ့ရှိကြပါတယ်။ 

ဝတ်စုံတွေကိုတော့ ယန်း ၁၀၀ တန်ဆိုင်တွေအပြင် Don Quijote တို့လို နာမည်ကြီးပြီး စျေးသက်သာတဲ့ ဆိုင်တွေမှာလဲ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ အရည်အသွေးကောင်းကောင်း ဝတ်စုံကိုလိုချင်တယ်ဆိုရင်တော့ Hands နှင့် LOFT တို့လိုဆိုင်တွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

ဟောလိုးဝင်း အစားစားများ 

အနောက်တိုင်းနိုင်ငံမှာတော့ trick-or-treating လို့ခေါ်နဲ့ စနှောက်တာတို့၊ မုန့်ကျွေးတာတို့ လုပ်လေ့ရှိပြီး အများအားဖြင့် သကြားလုံးကျွေးလေ့ရှိကြပါတယ်။ ဂျပန်မှာတော့ အများအားဖြင့် ရွှေဖရုံသီးအရသာနဲ့ မုန့်တွေကိုတွေ့နိုင်ပါတယ်။ ဟောလိုးဝင်းနီးလာပြီဆိုရင် စားသောက်ဆိုင်တွေနှင့် တခြားတံဆိတ်တွေမှာလဲ ရွှေဖရုံသီးနဲ့ ပတ်သက်တဲ့ အစားအသောက်တွေကိုအများကြီးတွေ့နိုင်ပါတယ်။ 

နောက်ပြီးဟိုတယ်တွေမှာလဲ ဟောလိုးဝင်း Teas တွေကလဲ ပိုပြီးတော့ လူကြိုက်များလာကြပါတယ်။ ဟိုတယ်တွေမှာ အဲလိုသွားစားချင်ရင်တော့ ကြိုပြီး ဘိုကင်တင်ထားဖို့လဲ လိုအပ်ပါတယ်။ 

အကျဥ်းချုပ် 

ဂျပန်နိုင်ငံရဲ့ ဟောလိုးဝင်းကတော့ ဝတ်စုံကိုအဓိကထားတဲ့ ပွဲဖြစ်ပါတယ်။ ဟောလိူးဝင်းရောက်လာရင် အဝတ်စုံတွေကိုဝတ်ပြီး ပျော်ပါးကြတဲ့ လူငယ်တွေလဲ အများကြီးရှိလာပါတယ်၊ နောက်ပြီး တချို့နေရာမှာတော့ လူစုလးဝေးတွေ အများကြီးဖြစ်ပေါ်တဲ့ အတွက်ကြောင့်သတိထားရင်းနဲ့ ပျော်ပါးသင့်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ပေါ့ပ်ယဉ်ကျေးမှု/ ဂျပန်မှာ ဟောလိုးဝင်းကို ဘယ်လိုကျင်းပလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ