ကိုဗစ်ကာလမှာ လက်လျှော့လိုက်တဲ့ ဟိုတယ်အလုပ်ကို အောင်မြင်စွာအလုပ်ပြောင်းနိုင်ခြင်း၊ အလုပ်ခွင်မှာ သင်ယူခဲ့တဲ့ ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ အခြေခံများ။

ဂျပန်နိုင်ငံရဲ့ ဟိုတယ်မှာ အလုပ်လုပ်ဖို့အတွက် လက်ရှိအလုပ်ကိုရပ်နားပြီး အသက်မွေးဝမ်းကြောင်းကောလိပ်ကို ပြောင်းပြီးပညာသင်ယူပြီး ကျောင်းပြီးတဲ့ အချိန်မှာတော့ မထင်မှတ်ဘဲ ကိုဗစ်ကာလ နှင့်ကြုံတွေရပြီး ကိုယ်အလုပ်လုပ်ချင်တဲ့ဟိုတယ် မှာ အလုပ်မရခဲ့ပါဘူး၊ 

ကိုဗစ် ကာလ ဖြစ်တဲ့အတွက်ကကြောင့် ဟိုတယ် အလုပ်ခေါ်စာတွေလဲ တဟုန်ထိုးလျှော့နည်းလာခဲ့ကြပါတယ်။ လက်ရှိလုပ်နေတဲ့ အလုပ်မှာလဲ ဆက်ဆံ‌ရေးမ‌‌‌‌ပြေလည်လို့ စိတ်သောကရောက်နေရင်း တနေ့မှာတော့ WeXpats Jobs နဲ့တွေ့ပြီး အလုပ်လုပ်ချင်နေတဲ့ဟိုတယ်မှာ အောင်မြင်စွာ အလုပ်လုပ်နိုင်ခဲ့တယ် ဆိုတဲ့ ဗီယက်နမ်လူမျိုး ယန်း နှင့် ဒီတခေါက်မှာ အလုပ်ပြောင်းခဲ့တဲ့ အတွေ့အကြုံနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ 

※၂၀၂၃ ခုနှစ် မေလ ကနေစပြီးတော့ဟိုတယ် အလုပ်ခေါ် စာတွေ ပုံမှန်ထက်ပိုပြီးတိုးပွားလျက်ရှိပါတယ်။

အသက်မွေးဝမ်းကြောင်းကောလိပ်ကို ပြီးသွားတဲ့အချိန်မှာ ကိုဗစ်ကပ်ရောဂါကြောင့် လက်လျော့ခဲ့ရတဲ့ အိမ်မက်ကို ပြန်လည်အသက်သွင်းနိုင်ခြင်း

――ဘာလို့ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့ရွေးချယ်ခဲ့တာလဲ။ 

ပထမဆုံးအကြောင်းအရင်းကတော့ သူငယ်ချင်းနဲ့ တိုကျိုတဝိုက်ကိုခရီးထွက်ခြံနေရာကနေမှ စခဲ့ပါတယ်။ ခရီးသွားတဲ့အချိန်မှာ ဟိုတယ်တွေက ဝန်ဆောင်မှုကောင်းမွန်ပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ တော်တော် များလို့ အံ့သြခဲ့ရပါတယ်။ နောက်ပြီးဘာသာစကားလေ့လာရတာကိုလဲ ဝါသနာပါပြီး နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့ အလုပ်မျိုးကိုလုပ်ချင်ခဲ့ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံရဲ့ အချက်အချာနေရာဖြစ်တဲ့ တိုကျိုလိုနေရာမျိုးမှာ လုပ်နိုင်ရင် ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ အလုပ်ကို လုပ်နိုင်မယ်လို့ထင်ခဲ့ပါတယ်။ ဒစ်စနီလန်းကို ကြည့်ပြီး အားကျခဲ့တာလဲ ပါမယ် ထင်ပါတယ်။ (ရယ်လျက်)

―― အဲ့ဒီအချိန်ကနေပြီးတော့ ဂျပန်စာစလေ့လာပြီး ၂၀၁၈မှာ ဂျပန်မှာရှိတဲ့ Language School မှာပညာစသင်ခဲ့တယ်ပေါ့နော်။ အဲ့အချိန်ကတည်းက လုပ်ချင်တဲ့အလုပ်အမျိုးအစား ရှိပြီးသားလား။

ဟိုတယ်မှာလုပ်ချင်တဲ့ စိတ်က ပြင်းပြပါတယ်။ ဗီယက်နမ်မှာ ရှိချိန်တုန်းကလဲ ဟိုတယ်ရဲ့ အချက်အပြုတ်ပိုင်းမှာ အလုပ်လုပ်ခဲ့တာမို့ ဂျပန်နိုင်ငံရဲ့ ဝန်ဆောင်မှုပိုင်းနဲ့ ပတ်သက်ပြီးတော့လဲ တော်တော် လေးကိုစိတ်ဝင်စားခဲ့ပါတယ်။ Language School မှာ ၂ နှစ်ဂျပန်စာသင်ပြီး ဟိုတယ်ပိုင်းနှင့် အသက်မွေးဝမ်းကြောင်းကောလိပ်မှာလေ့လာပြီး ဟိုတယ်မှာ အလုပ်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

― ၂၀၁၉ မှာ ကိုဗစ်ကပ်ရောဂါကြီးစဖြစ်ခဲ့တယ်နော်။ ဟိုတယ်လုပ်ငန်းရဲ့ အလုပ်ခေါ် စာတွေလဲ ၃ ပုံ၁ပုံလောက်လျှော့ ကျသွေားပါတယ်။ 

အသက်မွေးဝမ်းကြောင်းကောလိပ်ကနေပြီးတော့ အလုပ်ခေါ်စာတွေကိုမိတ်ဆက်ပေးခဲ့ပေမယ့် နယ်ဘက်က ဟိုတယ်တွေများတာမို့ ဘာသာစကားကိုသေချာ အသုံးချချင်ခဲ့တဲ့ ကျွန်တော်နဲ့ မကိုက်ညီလို့မသွားခဲ့ပါဘူး။ ဒါကြောင့် အလုပ်ခေါ် တဲ့ဝက်ဘ်ဆိုက်တွေကိုအသုံးပြုပြီး ကိုယ့်ဘာသာကို စပြီးတော့ အလုပ်ရှာခဲ့ပါတယ်။ တော်တော်အဆင်မပြေခဲ့ပါဘူး။

―အခက်အခဲဆုံးအရာက ဘယ်အရာဖြစ်မလဲ။

အခက်ခဲဆုံးကတော့ အင်တာဗျူးဖြေတာလို့ထင်ပါတယ်။ ကျွန်တော့်ရဲ့ ဂျပန်စာအရည်အချင်းက N2 အောင်ထားပြီး အင်တာဗျူးဖြေတဲ့အချိန်မှာ ဂျပန်စကားတော်တော်နဲ့ မထွက်လာခဲ့ပါဘူး။ အခုချိန်ထိ မှတ်မိနေသေးတာကတော့ ဝန်ဆောင်မှုကောင်းဆိုတာ ဘယ်လိုမျိုးကိုခေါ်တာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကို ဗီယက်နမ်လိုဆိုရင်တော့ ခေါင်းထဲမှာအဖြေရှိနေပေမယ့် ဂျပန်လိုပြန်ပြောတဲ့အချိန်မှာ ကောင်းကောင်းမထွက်လာပါဘူး။ 

တနည်းနည်းနဲ့ကြိုးစားပြီး တိုကျိုမြို့မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်ရခဲ့ပေမယ့် နိုင်ငံခြားသားဆိုတော့ ပိုကြိုးစားပေါ့ အစသဖြင့် ပြောခံရတာတွေမျိုးရှိပါတယ်။ ဒါကြောင့် ဒီအတိုင်းတော့ မဖြစ်ဘူး ဆိုတဲ့ စိတ်ဝင်လာခဲ့ပါတယ်။ 

Wexpats နဲ့တွေ့ပြီး တလအတွင်းအလုပ်ပြောင်းနိုင်ခြင်း၊ လုပ်ငန်းခွင်မှာသင်ယူခဲ့တဲ့ ဝန်ဆောင်မှုအကြောင်း

―Wexpats Jobs နဲ့ကဘယ်လိုတွေ့ခဲ့တာလဲ?

Facebook ပေါ်ကကြော်ညာကနေ တဆင့်သိခဲ့ပါတယ်။ အလုပ်ပြောင်းတဲ့အေဂျင်စီတွေကိုအသုံးပြုတဲ့အချိန်မှာ အမြဲတမ်း ကုမ္ပဏီကိုသေချာစိစစ်ပြီးမှာအသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် Wexpats ရဲ့ ကုမ္ပဏီဖြစ်တဲ့ Leverages ရဲ့ ဗီယက်နမ်ရုံးခွဲလဲရှိတာမို့ တော်တော်ယုံကြည်စိတ်ချလို့ရပါတယ်။ ပထမဆုံး အသုံးပြုခဲ့တဲ့ ဝန်ဆောင်မှုလဲဖြစ်တာကြောင့် တလအတွင်းနဲ့ မြန်မြန်ဆန်ဆန် အလုပ်ရသွားမယ်လို့လုံးဝမထင်ခဲ့ပါဘူး။

အကြံပေးတဲ့ သူနဲ့စကားပြောနေရင်း တဖြည်းဖြည်းယုံကြည်မှုပိုပြီးရှိလာခဲ့ပါတယ်။ အင်တာဗျူးမှာမေးနိုင်မယ့် မေးခွန်းတွေ၊ ပြန်ဖြေရမယ့် အဖြေတွေအထိ သေချာလေ့ကျင့်ပေးခဲ့တဲ့အတွက်ကြောင့်မို့လို့ ပိုပြီးလွယ်လွယ်ကူကူအင်တာဗျူးဖြေနိုင်ခဲ့ပါတယ်။ 

――အလုပ်ပြောင်းခဲ့တဲ့ အလုပ်ခွင်က ဘယ်လိုအခြေအနေရှိလဲ။

ဝန်ထမ်းတယောက်ချင်းစီက ဧည့်သည်တွေကိုသာမက အလုပ်ဖော်ကိုင်ဖက် အချင်းချင်းကိုလဲ အပြန်အလှန်ဂရုစိုက်ရင်း ဧည့်သည်တွေအတွက် ကောင်းမွန်တဲ့ဝန်ဆောင်မှုကို ပေးနိုင်ဖို့ကြိုးစားခဲ့ကြပါတယ်။ အလုပ်စဝင်တဲ့ အချိန်မှာလဲ ကြိုဆိုပွဲတောင်လုပ်ပေးခဲ့ပါတယ်။ အရမ်းကောင်းတဲ့ လုပ်ငန်းခွင် တစ်ခုလို့ မြင်မိပါတယ်။ 

――ကြားရတာဝမ်းသာပါတယ်။ အလုပ်ကြောင်းရော အသေးစိတ်ပြောပြပေးနိုင်မလား။

အလုပ်သင်ဘဝတုန်းကတော့ အိမ်ယာ သိမ်းတဲ့ အလုပ်ကို သင်ယူခဲ့ရပါတယ်။ အခုတော့ ဧည့်ကြိုကောင်တာမှာ အဓိက တာဝန်ထမ်းဆောင်နေပါတယ်။ အလုပ်ချိန်ကတော့ နေ့လည် ၁ နာရီကနေပြီးတော့ ည ၁၀ နာရီအထိပါ။ ပထမဆုံးအလုပ်ကိုစစရောက်ချင်း တာဝန်တွေကိုလွဲ‌ပြောင်းရယူရပါတယ်။ စစချင်းမှာ ဘယ်လို အခန်းတွေ ဘိုကင်ယူထားလဲ၊ ဧည့်သည်ဘယ်လိုအကြောင်းအရာတွေကိုတောင်းဆိုထားလဲ အစသဖြင့် အသေးစိတ်ပြန်ပြီး အ‌ရှေ့ကလူဆီကနေ အချက်အလက်တွေပြန်ယူရပါတယ်။ နောက်ပြီး အခန်းဘိုကင်နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးတာတို့ Check - in လက်ခံတာတို့၊ ပစ္စည်းအပ်လက်ခံတာတို့၊ ဧည့်သည် အကြိုအပို့၊ အခန်းစစ်ဆေးခြင်း၊ ပစ္စည်းတွေဖြည့်ခြင်း စတဲ့ အရာတွေကိုလုပ်ဆောင်ရပါတယ်။ 

――အလုပ်မှာ အခက်ကြုံတဲ့ အရာတွေရောရှိလား။

ဒီအလုပ်မှာမို့လိုကြုံတွေ့ရတဲ့ အရာမျိုးမဟုတ်ပေမယ့် ကျောင်းသားတွေအူပ်စုအလိုက် လေ့လာရေးခရီးထွက်ပြီး ဟိုတယ်မှာလာတည်းတဲ့အချိန်မှာ လူဦးရေများတဲ့အတွက်ကြောင့် ထင်တာထက်ပိုပြီးတော့ ပင်ပန်းခဲ့ရပါတယ်။ ဗီယက်နမ်မှာတော့ အဲ‌လောက်အများကြီးသွားတဲ့ ယဥ်ကျေးမှုမျိုးမရှိတာကြောင့် ‌ဗီယက်နမ်လူမျိူး ဘယ်သူမဆိုအံ့သြကြမယ်လို့ လို့ထင်ပါတယ်။ 

အလုပ်မှာတော့ နေ့တိုင်းသင်ယူစရာတွေချည်းပဲမို့ တော်တော်လေးကို ပင်ပန်းပါတယ်။ ဒါပေမယ့် အလုပ်ဖော်ကိုင်ဖက်တွေကလဲ အလုပ်ရှုပ်နေတဲ့ကြားကနေပြီးတော့ သင်ကြားပြသပေးနေတာမို့တော်တော်လေးကို ကျေးဇူးတင်ရပါတယ်။ ဒါကြောင့်မြန်မြန် အသားကျပြီး မြန်မြန် အလုပ်မှာ ကျွမ်းကျင်လာဖို့ကြိုးစာနေပါတယ်။ ဒီနေ့ရဲ့ ရည်ရွယ်ချက်ကတော့ ဖုန်းကို ဂျပန်လိုပြန်ဖြေလာနိုင်ဖို့ဖြစ်ပါတယ်။ 

――အလုပ်သင်ကြားခံရင်း လေ့လာခဲ့အရာတွေရှိရင်မျှဝေပေးပါအုံး။ 

ဗီယက်နမ်မှာ အလုပ်လုပ်နေတဲ့အချိန်တုန်းက ဟိုတယ်နဲ့ ကွာခြားဆုံးက‌တော့ အခုနကပြောခဲ့တဲ့ ဧည့်သည့်ရဲ့ အချက်အလက်တွေကို အပြန်အလှန်မျှဝေတဲ့ အချက်ဖြစ်ပါတယ်။ ဧည့်သည် ဘာကြိုက်တတ်လဲ၊ ဘာမစားတတ်တာလဲစတဲ့အရာတွေကို အပြန်အလှန်မျှဝေတဲ့အကျင့်က ပိုမိုကောင်မွန်တဲ့ ဝန်ဆောင်မှုကိုရဖို့အတွက် အကျင့်တစ်ခုဆိုတာကိုလေ့လာခွင့်ရခဲ့ပါတယ်။ ဟိုတယ်မှာ အလုပ်လုပ်မယ်တွေးနေတဲ့သူတွေလဲ ဂျပန်စာကိုတစိုက်မတ်မတ်ကြိုးစားဖို့တိုက်တွန်းပါရစေ။ ကျွန်တော်လဲ အလုပ်ပြီးသွားတဲ့အချိန်မှာ နောက်လူကို ဧည့်သည်တွေရဲ့ အချက်အလက်တွေကို သေချာပြန်ပြောပြဖို့လိုအပ်ပါတယ်။ အဲဒီအချိန်‌ရောက်ရင် မှန်ကန်တဲ့ ဂျပန်စာနဲ့ တဖက်လူကို နားလည်အောင်ပြောပြဖို့ကြိုးစားနေပါတယ်။ 

အမြဲတမ်း ကိုယ့်ကို တိုးတက်စေတဲ့ လုပ်ငန်းခွင်မျိုးမှာ အလုပ်လုပ်ချင်တဲ့အတွက်ကြောင့် ကျွန်တော့်နဲ့ လုံးဝ ကွက်တိကျတဲ့ လုပ်ငန်းခွင့်လို့ပြောလို့ရပါတယ်။ အင်တာဗျူးမှာ သေချာမဖြေနိုင်ခဲ့တဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုဆိုတာ ဘယ်လိုမျိုးလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့လဲ ပိုပြီးကောင်းမွန်တဲ့ အဖြေမျိုးပေးနိုင်ဖို့အတွက် နေ့စဥ်နဲ့အမျှကြိုးစားပြင်ဆင်နေပါတယ်။ 

WeXpats Jobs ဆိုတာ?

WeXpats Jobs ဆိုတာကတော့ ဂျပန်မှာ အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသားတွေကို အားပေးတဲ့ ဝက်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ ဒီတခေါက် အင်တာဗျူးမှာ မိတ်ဆက်ခဲ့တဲ့ ဟိုတယ် အလုပ်အကိုင်တွေအပြင် တခြား လုပ်ငန်းတွေရဲ့ အလုပ်ခေါ် စာအမျိုးမျိုးမိတ်ဆက်ပေးလျက်ရှိပါတယ်။

ဂျပန်ဘာသာစကားအပါအဝင် ဘာသာစကား ၁၁ မျိုး (အင်္ဂလိပ်၊ ဗီယက်နမ်၊ ကိုးရီးယား၊ အင်ဒိုနီးရှား၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ စပိန်၊ ပေါ်တူဂီ ) စတဲ့ဘာသာစကားတွေနဲ့ အလုပ်ရှာဖွေနိုင်မှာဖြစ်ပြီး ဂျပန်စကားကိုသေချာမပြောနိုင်တဲ့တွေလဲ ယုံကြည်မှုရှိရှိနဲ့ အလုပ်ရှာဖွေနိုင်ပါတယ်။ 

၁ ကိုယ်ဘာသာကို ရှာဖွေနိုင်ခြင်း

ဂျပန်စာအရည်အချင်း၊ လုပ်ကိုင်ချင်တဲ့အလုပ်အမျိုးအစား၊ အလုပ်နေရာ စတဲ့အရာတွေကိုဖြည့်စွက်ပြီး ကိုယ့်ဘာသာကို ရှာဖွေနိုင်ပါတယ်။ 

၂ လုပ်ငန်းဘက်က ကမ်းလှမ်းစာတွေကိုလက်ခံစာရယူပါ

လွယ်ကူတဲ့ ‌မေးခွန်းတွေကိုဖြေဆိုပြီး မိမိနဲ့ကိုက်ညီတဲ့အလုပ်ခေါ်စာတွေကို လက်ခံရယူနိုင်ပါတယ် ။ လုံးဝအခမဲ့ဖြစ်တာကြောင့် အောက်က ပုံကနေတဆင့် နိုပ်ပြီး အလုပ်ရှာဖွေနိုင်ပါတယ်။

တကယ်လို ဟိုတယ် အလုပ်ကိုပဲစိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က ခလုတ်ကိုနိုပ်ပြီး ဟိုတဘ် အလုပ်ခေါ်စာတွေကိုအခုချက်ချင်းပဲရှာလိုက်ပါ။ 

※ ဂျပန်နိုင်ငံရဲ့ ပြည်ပမှာရှိတဲ့သူတွေလဲ မှတ်ပုံတင်ထားလို့ရပါတယ်။ သို့သော် အလုပ်လျှောက်တာကိုတော ဂျပန်ပြည်တွင်းမှာရှိတဲ့သူတွေကိုသာ ဝန်ဆောင်မှုပေးနိုင်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အလုပ်ရှာဖွေခြင်း (အင်တာဗျူး၊ ကိုယ်ရေးရာဇဝင်၊ စာမေးပွဲ)/ ကိုဗစ်ကာလမှာ လက်လျှော့လိုက်တဲ့ ဟိုတယ်အလုပ်ကို အောင်မြင်စွာအလုပ်ပြောင်းနိုင်ခြင်း၊ အလုပ်ခွင်မှာ သင်ယူခဲ့တဲ့ ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ အခြေခံများ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ