【လုပ်ငန်းမိတ်ဆက်】JLPT N4 အောင်ရုံဖြင့်အလုပ်လုပ်နိုင်တဲ့ ကြောင်စက်ရုပ်နဲ့  မိသားစု စားသောက်ဆိုင်

Gusto, Jonathan's,Bamiya တို့လို ကလေး၊ လူကြီးလူငယ်မရွေး အကုန်ကြိုက်နှစ်သက်ကြတဲ့ မိသားစုစားသောက်ဆိုင်တွေကို အားလုံးပေါင်းပြီးတော့ ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီကတော့ SKYLARK HOLDING CO., မှဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ကြောင်စက်ရုပ်တွေကို ဂျပန်တစ်နိုင်ငံလုံးရဲ့ ဆိုင်ခွဲတွေမှာ မိတ်ဆက်ထားပြီးတော့ ကြောင်လေးက အစားအသောက်တွေကို သယ်လာပေးတဲ့ အတွက်ကြောင့် လူကြိုက်လဲ များလာလျက်ရှိပါတယ်။

SKYLARK ရဲ့ အလုပ်ခွင်အတွင်းမှာ နည်းပညာကိုအသုံးချပုံက နိုင်ငံခြားသားအလုပ်သမားတွေအတွက် အများကြီးအတွက် အများကြီးအသုံးဝင်တယ်ဆိုတာကိုရော သိပါသလား။ ပုံမှန်ဆို စားသောက်ဆိုင်လုပ်ငန်းမှာ အချိန်ပိုင်းလုပ်ဖို့အတွက် ဂျပန်စာအရည်အချင်း မြင့်နေဖို့လိုအပ်ပေမယ့် JLPT N5 N4 ရှိတဲ့ သူတွေအနေနဲ့လဲ အလုပ်လုပ်နိုင်ပါတယ်။

Wexpats Guide မှာ ဒီလို အချိန်ပိုင်းအလုပ်လုပ်ဖို အဆင်ပြေတဲ့ ပတ်ဝန်ကျင်တစ်ခုကိုဖန်တီးပေးထားတဲ့ SKYLARK HOLDING CO., ကိုအင်တာဗျုးခဲ့ပါတယ်။

▲ အစား‌အသောက်တွေသယ်လာပြီညောင်လို့အော်တဲ့ ကြောက်စက်ရုပ် (Gusto တရားဝင် X မှ )

▲ SKYLARK Group အလုပ်ခန့်ဝက်ဘ်ဆိုက်မှ၊ အရမ်းနားလည်ရလွယ်တဲ့ဂျပန်စကားကို အသုံးပြုထားပါတယ်။ 

နိုင်ငံပေါင်းစုံကလူတွေ အလုပ်လုပ်နိင်မယ့်နေရာကိုဖန်တီးချင်တဲ့ SKYLARK မှကြိုးပမ်းမှုများ။

―― နိုင်ငံခြားသားတွေအတွက် အချိန်ပိုင်းအလုပ်ပေ့ချ်ကိုကြည့်ပြီးတော့ အရမ်းအံ့သြခဲ့ရပါတယ်။အရမ်းဖတ်ရလွယ်တဲ့ ဂျပန်စကားနဲ့ရေးထားတာတွေ့ရပါတယ်။ အလုပ်ခန့်တဲ့အချိန်မှာ အနိမ့်ဆုံးလိုအပ်တဲ့ ဂျပန်စာအရည်အချင်းကဘယ်လောက်ဖြစ်မလဲ။ 

 

▲SKYLARK အလုပ်သားစီမံနှင့် အလုပ်ခန့်ထားရေး Team Leader မစ္စတာ Shibayama Hideya (芝山英也)

မစ္စတာ Shibayama Hideya


ဂျပန်စာအရည်အချင်း ဘယ်လောက်ရှိရမလဲဆိုပြီး သတ်မှတ်ထားတာမျိုးတော့မရှိပေမယ့် N4 နဲ့အလုပ်လုပ်နေတဲ့ သူတွေလဲရှိသလို N5 နဲ့ အလုပ်လုပ်နေတဲ့သူတွေလဲရှိပါတယ်။ အချိန်ပိုင်းအလုပ်ကိုတော့ အထူးသဖြင့် Hall နှင့် Kitchen ခွဲထားပေမယ့် Hall လုပ်ရလို့ ဂျပန်စာအရည်အချင်းအများကြီးလိုတာမျိုးမရှိပါဘူး။ တတ်နိင်သလောက် ဘာသာစကားဆိုတဲ့ အခက်အခဲ နဲ့ ဒုက္ခမရောက်နိုင်တဲ့ ပတ်ဝန်းကျင် မျိုးကိုဖန်တီးထားပါတယ်။ 

――  N4နဲ့အလုပ်လုပ်နိုင်တာလား။ ပုံမှန်ဆို စားသောက်ဆိုင်တွေမှာအလုပ်လုပ်နိုင်ဖို့အတွက် N3 လောက်ရှိထားသင့်တယ်လို့သိထားပါတယ်။ ဘယ်လိုလုပ်ပြီးတော့ ဒီလို အလုပ်ကိုသက်သာအောင်လုပ်ထားပါသလဲ။

Shibayama 

 SKYLARK မှာတော့ ကိုလိုနာမတိုင်ခင်ကတည်းက လုပ်ငန်းစင်တော်တော် များများကိုနည်းပညာပိုင်းတွေနဲ့ အသုံးပြုပြီးတော့ အလိုအလျောက်လုပ်တဲ့ စနစ်ကိုကျင့်သုံးခဲ့ပါတယ်။ ဧည်သည်တွေ အစားအသောက်မှာတဲ့ အပိုင်းကိုလဲ Touch Panel ကနေ တဆင့်မှာယူနိုင်သလို ဘေလ်ရှင်းတာကိုလဲ စက်နေ အလိုအလျှောက်ရှင်းနိုင်တဲ့ စနစ်ကိုကျင့်သုံးထားပါတယ်။ ဒီလိုမျိုး Digital Transformation စနစ်ကိုအသုံးပြုထားတဲ့အတွက်ကြောင့်မလို့ ဂျပန်စကားအရမ်းမြင့်မြင့်တွေမလိုဘဲ နိုင်ငံခြားသားတွေအတွက်လဲ အလုပ်လုပ်ရလွယ်ကူတဲ့ နေရာတစ်ခုဖြစ်သွားတာပါ။

ဆိုင်ခွဲတွေတိုင်းမှာထားထားတဲ့ လက်သုံးစာအုပ်တွေကိုလဲ ဒီဂျစ်တယ် စနစ် ကျင့်သုံးထားတဲ့အပြင် ဘာသာစကား ၅ မျိုး (ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ကိုးရီးယား၊ ဗီယက်နမ်) ဘာသာစကားတို့ကိုပြောင်းပြီးတော့ကြည့်ရှုနိုင်ပါတယ်။ လက်သုံးစာအုပ်မှာရေးထားတဲ့ အတိုင်းလုပ်လိုက်ရင် လုပ်ငန်းစဥ်တွေကို အေးဆေးလုပ်ဆောင်နိုင်ပါတယ်။ 

―― SKYLARK ရဲ့ ဒီဂျစ်တယ်စနစ် စက်ရုပ်ဆိုရင်တော့ ကြောက်စက်ရုပ်တွေနာမည်ကြီးတယ်နော်။ အမူအရာရော၊ စကားပြောလေးပါချစ်စရာကောင်းတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော့်ကလေးကလဲ ကြောက်စက်ရုပ်လေးတွေကို ကြည့်ချင်လို့ဆိုပြီးတော့ Jonathan's ကိုခဏခဏသွားချင်တယ်။

Shibayama 

ကျေးဇူးအများကြီးတင်ပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ဆိုင်ခွဲတွေမှာ ထားရှိထားတဲ့BellaBot ကြောင်စက်ရုပ်လေးတွေကတော့ ဆိုင်ဝန်ထမ်းတွေကို အလုပ်သက်သာအောင်အများကြီးကူညီပေးပါတယ်။ 

ဒီလိုမျိုး ဒီဂျစ်တယ်စနစ်ကို အသုံးပြုရခြင်းရဲ့ အကြောင်းပြချက်ကတော့ ဝန်ထမ်းတွေရဲ့ အလုပ်သက်သာစေတဲ့ အချက်အပြင် ဧည့်သည်တွေရဲ့ ကျေနပ်မှုအတွက် ပိုပြီးကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ ဖြစ်ပါတယ်။ စက်ရုပ်တွေ ဒီဂျစ်တယ်စနစ်နဲ့ ငွေရှင်းတာမျိုးတွေထားရှိခြင်းအားဖြင့် အားလပ်နေတဲ့ အချိန်မှာ ဧည်သည်တွေအတွက် ပိုပြီးကောင်းမွန်တဲ့ ဝန်ဆောင်မှုမျိုးပေးနိုင်တာမျိုးတွေ လုပ်ဆောင်နိုင်မယ် ဆိုပြီးတော့ တွေးမိတာပါ။

ဒါကြောင့်မို့လို့ အလုပ်လုပ်တဲ့ အချိန်မှာ အခက်အခဲတွေကို နည်းပါးအောင်လုပ်ဆောင်ပေးတဲ့ အပြင် ပိုပြီး ဝန်ဆောင်မှု အရည်အသွေးကို တိုးမြှင့်နိုင်ပါက လစာလဲ တိုးလာနိုင်မယ့် အဆင့်၆ဆင့် စနစ်ကိုလဲ အကောင်အထည်ဖော်လျက်ရှိပါတယ်။ အလုပ်နှင့် ဂျပန်စာကိုမှတ်နေရင်းနဲ့ အနားမှာရှိတဲ့ ဝန်ထမ်းတွေက ကူညီရင်းလေ့ရှိတဲ့ အပြင် နိုင်ငံတူက စီနီယာဝန်ထမ်းတွေကနေပြီးတော့ မိခင်ဘာသာစကားနဲ့ ထရိန်နင်လုပ်ပေးတာမျိုးတွေလဲရှိပါတယ်။

―― ဒီဟာလုပ်နိုင်ရင် လစာတိုးမယ်ဆိုတဲ့ ပြတ်ပြတ်သားသားစနစ်မျိုးကိုအသုံးချထားမယ်ဆိုရင်တော့ ဂျပန်မှာအလုပ်လုပ်ခါစ လူတွေအတွက်လဲ အလုပ်လုပရ လွယ်ကူတယ်နော်။ 

Shibayama 

ဂျပန်မှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေကလဲ ရည်မှန်ချက်မြင့်မြင့်ထားပြီးတော့ အလုပ်လာလုပ်တဲ့ အတွက်ကြောင့်မို့လို့  SKYLARK ဘက်ကနေပြီးတောလဲ လစာစနစ်၊ အလုပ်လုပ်ပုံ စနစ်တွေကိုသေချာပြင်ဆင်ရမယ်လို့ ခံယူထားပါတယ်။ နိုင်ငံခြားသား အချိန်ပိုင်းအလုပ်သမားတွေထဲမှာ အတူတူအလုပ်လုပ်ကြရအောင်ဆိုပြီးတော့ ကျောင်းက သူငယ်ချင်းတွေကို ဖိတ်ခေါ်ပေးတဲ့ အတွက်ကြောင့်မို့လို့ တဖြေးဖြေးနဲ့ နိုင်ငံတကာပိုပြီးတော့ ဆန်လာတာကိုမြင်ရတဲ့ အတွက်ကြောင့်မို့လို့ ဒီလို စနစ်တွေကိုသေချာ အကောင်အထည်ဖော်ရကျိုးလဲ နပ်တယ်လို့ထင်ပါတယ်။ 

 ―― SKYLARK မှာ အချိန်ပိုင်းအလုပ်စနစ်တွေ အများကြီးအသုံးပြုနိုင်တဲ့ အထဲမှာ လူကြိုက်အများဆုံးစနစ်ကိုပြောပြပေးပါအုံး။

▲ SKYLARK မှာအချိန်ပိုင်းအလုပ်လုပ်ပါက အသုံးပြနိုင်တဲ့ စနစ်။

Shibayama 

အထူးသဖြင့် ကျောင်းသား အချိန်ပိုင်းအလုပ်သမားတွေကြားထဲမှာတော့ အစားအသောက်တွေကိုအခမဲ့ပေးတဲ့ စနစ်ကိုကြိုက်ကြပါတယ်၊ အလုပ်လုပ်တဲ့နေ့မှာ ယန်း၁၀၀၀ တန် ကြိုက်တဲ့မီနူးကို ယန်း ၃၆၅ နဲ့ ၂ကြိမ် စားသောက်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ အလုပ်မလုပ်တဲ့နေ့တွေမျိုးမှာဆိုရင်လဲ ၂၅ ရာခိုင်နှုန်းဒစ်စကောင့်ပေးပါသေးတယ်။

▲ ယန်း ၁၀၀၀ အတွင်းကြိုက်တဲ့ မီနူးကိုစျေးသက်သက်သာသာနဲ့ စားနိုင်။

နောက်ပြီးတော့ ဒီစနစ်နဲ့ မတူဘဲနဲ့ နိုင်ငံခြားသားတွေအတွက် ထရိန်နင်စင်တာတွေလဲရှိပါတယ်။ လက်တွေ့အလုပ်မလုပ်ခင်မှာ ဂျပန်စကားနှင့် ဧည့်သည်တွေကို ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ အချက်တွေကိုလေ့လာနိုင်ပါတယ်။ ဒီလိုစနစ်ကိုအကောင်အထည်ဖော်နေတဲ့ နေရာတွေကတော့ အကန့်အသတ်ရှိပေမယ့် ဒီစင်တာတွေမှာ ထရိန်နင်သွားဖူးတဲ့ သူတွေကတော့ ကောင်းမွန်တဲ့ တုံပြန်ချက်မျိုးတွေရပါတယ်။ 

 ▲ ထရိန်နင်လုပ်နေဆဲ ပုံစံ။

―― အချိန်ပိုင်အလုပ်လုပ်တဲ့ သူတွေရဲ့ အမြင်ကိုနားထောင်ပြီးတော့ ပြုပြင်ခဲ့တဲ့ အချက်တွေရော ရှိပါသလား။ 

Shibayama 

အခုနကပြောခဲ့တဲ့ Home Page ဆိုရင် အချိန်ပိုင်းအလုပ်သမားတွေနဲ့ တိုင်ပင်ပြီးတော့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ အစစချင်းတုန်ကဆိုရင် ကောင်းမယ်ထင်ပြီးတော့ စာကြောင်းတွေကို ဟိရဂန နဲ့ရေးခဲ့ပါတယ်။ ဒါပေမယ့် ပိုပြီးတော့ ဖတ်ရတာခက်သွားပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိမှာတော့ ခန်းဂျိအပေါ်မှာ ဟိရဂနတွေကိုတင်ပြီးတော့ အသုံးပြုထားပါတယ်။

ဒါ့အပြင် လမ်းစာရိတ်ဆိုတဲ့စကားလုံးကို အိမ်မှအလုပ်အထိ ရထားခ ဆိုပြီးပြောင်းသလို တတ်နိုင်သလောက် သင်ခန်းစာနှင့် ကျောင်းတွေမှာ သင်ရတဲ့စကားလုံးတွေနဲ့ အစားထိုးပြီးတော့ အသုံးပြုခဲ့ပါတယ်။ 

▲ SKYLARK Group အလုပ်ခန့်ဝက်ဘ်ဆိုက်မှ

Shibayama 

လက်ရှိမှာတော့ ညဘက်အလုပ်ချိန်တွေမှာလဲ နိုင်ငံခြားသားအလုပ်သမားတွေ စိတ်အေးအေးနဲ့ လုပ်နိုင်တဲ့ ပတ်ဝန်းကျင်မျိုးကိုဖန်တီးပေးနိုင်ဖို့ လုပ်ဆောင်လျက်ရှိပါတယ်။ လစာ အများကြီးရချင်တဲ့ အတွက်ကြောင့်မိုလို့ ညဘက်မှာအလုပ်လုပ်ချင်ကြပါတယ်။ဒီလိုမျိုးညဘက်မှာ အလုပ်လုပ်နိုင်အောင် လုပ်ပေးခြင်းဖြင့် သူတို့မှာလဲ ရွေးချယ်စရာပိုများလာမယ်ဆိုထင်ပါတယ်။

 ―― နောက်ဆုံးအနေနဲ့ ဂျပန်မှာ အချိန်ပိုင်းအလုပ်ရှာနေတဲ့ သူတွေအတွက်အမြင်လေး မျှဝေပေးပါအုံး။

Shibayama 

SKYLARK ကတော့ နိုင်ငံမရွေးက လူတွေအလုပ်လုပ်နိုင်တဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးနေလျက်ရှိပါတယ်။ ပြင်ဆင်မှုတွေကိုလဲ ဆက်တိုက်လုပ်ချက်ရှိပါတယ်။ ဒီဆောင်းပါးကိုဖတ်တဲ့ သူတွေထဲကနေလဲ အလုပ်လျှောက်ပါလို့ တိုက်တွန်းရင်းစောင့်မျှော်နေပါတယ်။ 

အင်တာဗျုးပူးပေါင်းပါဝင်သူ - SKYLARK HOLDINGS CO., LTD

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အလုပ်ရှာဖွေခြင်း (အင်တာဗျူး၊ ကိုယ်ရေးရာဇဝင်၊ စာမေးပွဲ)/ 【လုပ်ငန်းမိတ်ဆက်】JLPT N4 အောင်ရုံဖြင့်အလုပ်လုပ်နိုင်တဲ့ ကြောင်စက်ရုပ်နဲ့  မိသားစု စားသောက်ဆိုင်

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ