အလုပ်ဆီမီနီပွဲများနဲ့အလုပ်သင်အတွက်သိသင့်သိထိုက်တဲ့အချက်များ(Job seminar and Internship in Japan)

ဂျပန်မှာကျောင်းပြီးခါနီးအလုပ်ရှာတော့မယ်ဆိုရင်အလုပ်နဲ့ပတ်သက်တဲ့အချက်အလက်များကိုဘယ်လိုရှာရမလဲဆိုတာအရေးကြီးပါတယ်။အလုပ်ရှာပေးတဲ့ဝက်ဆိုက်တွေကိုလည်းမှတ်ပုံတင်ထားသင့်ပါတယ်။အချက်အလက်တွေကိုသေချာရှာတတ်ဖို့လိုအပ်ပါတယ်။ကိုယ်လုပ်ချင်တဲ့အလုပ်အမျိုးအစား၊လစာနဲ့ကိုယ်နေတဲ့နေရာနဲ့အလုပ်အနီးအဝေးအစရှိသဖြင့်စနစ်တကျလေ့လာဖို့လိုအပ်ပါတယ်။ကျောင်းခါနီးဆိုတဲ့အချိန်မှာကုမ္မဏီဘက်ကလည်းဆီမီနာပွဲတွေကျင်းပပေးတဲ့အတွက်ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့အနီးစပ်ဆုံးအလုပ်ကိုရှာဖွေလို့ရပါတယ်။ဆီမီနာပွဲတွေကိုဘယ်နေရာမျိုးမှာဘယ်လိုပုံစံနဲ့ကျင်းပနေလဲ၊ဘယ်လိုဝက်ဆိုက်တွေကနေကြည့်လို့ရမလဲဆိုတာကိုလေ့လာထားဖို့လိုအပ်ပါတယ်။အလုပ်ရှာမယ်ဆိုရင်အလုပ်ရဲ့သတင်းအချက်အလက်ကအရေးကြီးပါတယ်။အလုပ်ရဲ့ဝက်ဆိုက်တွေကိုအမြဲတမ်းလေ့လာနေဖို့လိုအပ်ပါတယ်။ဆီမီနာပွဲတွေကိုလည်းတတ်နိုင်သလောက်များများသွားသင့်ပါတယ်။အလုပ်ရှာဖွေတဲ့နေရာမှာလည်းအလုပ်ရှာပေးတဲ့ဝက်ဆိုက်ကနေကုမ္မဏီနာမည်နဲ့ကိုယ်ရှာချင်တဲ့အကြောင်းအရာသော်လည်းကောင်း၊ကိုယ်လုပ်ချင်တဲ့အလု့ပ်ရဲ့စီနီယာဆီကနေအလုပ်နဲ့ပတ်သက်တဲ့အချက်အလက်များကိုသော်လည်းကောင်းကြိုပြီးလေ့လာထားသင့်ပါတယ်။

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

အလုပ်သင်အနေနဲ့သွားရောက်လေ့လာနိုင်မယ့်နည်းလမ်းများ

မိမိအလုပ်သင်ဆင်းချင်တဲ့ကုမ္မဏီကိုစနစ်တကျရွေးချယ်ပြီးအလုပ်သင်ဆင်းဖို့လျှောက်လွာတင်သင့်ပါတယ်။လျှောက်လွာတွေကိုနှစ်တစ်နှစ်ရဲ့၁/၆/၇လပိုင်းနဲ့၂/၈လပိုင်းတို့မှာတင်လို့ရပါတယ်။ဥပမာအနေနဲ့၂လပိုင်းအလုပ်သင်ဆင်းမယ့်သူတွေအနေနဲ့တစ်လပိုင်းကနေကုမ္မဏီများကနေကြိုတင်အကြောင်းကြားပေးလေ့ရှိပါတယ်။အလုပ်သင်ဆင်းဖို့လျှောက်လွာနဲ့အတူဘာကြောင့်ဒီအလုပ်ကိုဆင်းချင်ရတဲ့ရည်ရွယ်ချက်၊မိမိကိုယ်မိမိမိတ်ဆက်ခြင်းအစရှိသဖြင့်စနစ်ကျစွာရေးပေးရပါတယ်။အလုပ်သင်ဆင်းဖို့အတွက်အီးမေးလ်ပေးပို့ရာမှာလည်းကုမ္မဏီဘက်မှလက်ခံမယ့်ယဥ်ကျေးတဲ့ဂျပန်စာအသုံးအနှုန်းနဲ့စနစ်တကျရေးတတ်ဖို့လိုအပ်ပါတယ်။အခုနောက်ပိုင်းအလုပ်သင်အနေနဲ့တစ်ရက်တည်းသွားဆင်းတာမျိုးလည်းရှိပါတယ်။တစ်ပတ်၊တစ်လအစရှိသဖြင့်သွားရောက်လေ့လာကြပါတယ်။အဲဒီလိုအလုပ်သင်အနေနဲ့သွားရောက်ခြင်းဖြင့်မိမိနဲ့ကိုက်ညီမှုရှိမရှိ၊မိမိစိတ်ဝင်စားတဲ့အလုပ်မျိုးဟုတ်မဟုတ်ဆန်းစစ်နိုင်ခြင်း၊လုပ်ငန်းခွင်ထက်အထက်အရာရှိနဲ့စီနီယာကြားဘယ်လိုဆက်ဆံရမယ်အစရှိသဖြင့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။အလုပ်သင်သွားဆင်းခြင်းဖြင့်အဲဒီအလုပ်ရဲ့စီနီယာဆီမှအလုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာများနဲ့သိသင့်သိထိုက်တဲ့အချက်အလက်များကိုသေချာမေးမြန်းတတ်ဖို့လိုအပ်ပါတယ်။

ဘယ်လိုမေးခွန်းများမေးသင့်သလဲ

မိမိလုပ်မယ့်အလုပ်ကဘယ်လိုစီးပွားရေးများလုပ်ပါသလဲ၊လုပ်ငန်းအကြောင်းအရာတွေကိုအသေးစိတ်ပြောပြပေးလို့ရနိုင်မလား၊အလုပ်ခန့်စာကမြန်မြန်ဘယ်လိုရနိုင်ပါသလဲ၊၊တစ်နေ့တာအလုပ်လည်ပတ်ပုံကိုပြောပြပေးနိုင်မလား၊အလုပ်လုပ်ရကျိုးနပ်တယ်လို့ခံစားမိတာဘယ်လိုအချိန်တွေလဲ၊ဘယ်လိုလူမျိုးကိုအလုပ်ခန့်ချင်လဲ၊ဘယ်လိုလူမျိုးတွေကဘယ်လိုအလုပ်တွေကိုတာဝန်ယူပြီးလုပ်နေတာလဲအစရှိသဖြင့်မေးခြင်းအားဖြင့်ကုမ္မဏီရဲ့လက်ရှိအခြေအနေကိုအမှန်အတိုင်းသိလာပါလိမ့်မယ်။နောက်ထပ်ဖြည့်စွက်ပြီးသိချင်တာကိုလည်းမိမိအလုပ်သင်သွားရောက်စဥ်အတွင်းသေချာမေးမှမိမိနဲ့ကိုက်ညီမှုရှိမရှိသိရမှာပါ။မိမိစိတ်ဝင်စားတဲ့ကုမ္မဏီဆိုရင်ဥပမာအားဖြင့်လက်ရှိကုမ္မဏီမှာလုပ်နေတဲ့စီနီယာကိုမေးရမှာကဒီကုမ္မဏီဝင်ပြီးနောက်ပိုင်းလိုအပ်တဲ့အသိပညာနဲ့ဘာကိုကျွမ်းကျင်ဖို့လုပ်ထားဖို့လိုအပ်သလဲဒီလိုမျိုးအဓိကမေးခွန်းလေးတွေကိုလည်းမေးတတ်ဖို့လိုအပ်ပါတယ်။နောက်တစ်ခုအနေနဲ့ဒီလိုကုမ္မဏီကိုဝင်ချင်ရတဲ့အကြောင်းပြချက်ကိုလည်းမေးကြည့်သင့်ပါတယ်။အဲဒါမှမိမိတွေးထင်ထားတဲ့အကြောင်းအရာနဲ့တိုက်ဆိုင်မှုရှိမရှိတွက်ကြည့်လို့ရမှာပါ။

ဘယ်လိုအဝတ်အစားမျိုးဝတ်ဆင်သင့်သလဲ

အလုပ်အတွက်အရမ်းအရေးကြီးတဲ့ပွဲဖြစ်တဲ့အတွက်အဝတ်အစားကအရေးကြီးပါတယ်။သပ်သပ်ရပ်ရပ်ဖြစ်ဖို့လိုအပ်ပါတယ်။အရောင်အနေနဲ့အရမ်းတောက်တောက်ပြောင်ပြောင်အရောင်တွေရှောင်သင့်ပါတယ်။အပေါ်အကျီနဲ့အောက်ဘောင်းဘီအတွက်အနက်ရောင်၊မီးခိုးရောင်ရင့်ရင့်၊နက်ပြာရောင်စတဲ့အရောင်များရွေးချယ်သင့်ပါတယ်။ဖိနပ်အနေနဲ့လည်းအနက်ရောင်ရှုးကိုရွေးချယ်သင့်ပါတယ်။ဖိနပ်ကြိုးပါတဲ့ဖိနပ်ကိုရွေးချယ်တာအကောင်းဆုံးပါ။မိန်းကလေးများအနေနဲ့လည်းမိမိဝတ်ဆင်မယ့်ဘောင်းဘီ၊စကတ်နဲ့အဆင်ပြေမယ့်အသားကပ်ကိုရွေးချယ်သင့်ပါတယ်။ခြေအိတ်ကိုလည်းအနက်ရောင်ရွေးချယ်မှုကအဆင်ပြေနိုင်ပါတယ်။မိန်းကလေးများအနေနဲ့ဖိနပ်ရွေးချယ်မှုအပိုင်းမှာလည်းအရမ်းမြင့်တဲ့ဒေါက်ဖိနပ်များရှောင်ရှားသင့်ပါတယ်။ဆံပင်အရောင်အနေနဲ့ဆေးဆိုးထားတဲ့အရောင်ဖြစ်လို့မရပါဘူး။ဆံပင်ပုံစံအနေနဲ့သပ်သပ်ရပ်ရပ်ဖြစ်နေရပါမယ်။ဆံပင်အရောင်အနေနဲ့ပုံမှန်အနက်ရောင်ဖြစ်နေရပါမည်။လွယ်အိတ်အနေနဲ့A4စာရွက်ဆန့်တဲ့လွယ်အိတ်မျိုးရွေးချယ်သင့်ပါတယ်။လွယ်အိတ်အရောင်အနေနဲ့အနက်ရောင်၊နက်ပြာရောင်အစရှိတဲ့အရောင်မျိုးရွေးချယ်သင့်ပါတယ်။

ဂျပန်မှာကျောင်းပြီးလို့အလုပ်ရဖို့ကြိုးစားပြင်ဆင်မှုများ(Japanese company employment)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အလုပ်ရှာဖွေခြင်း (အင်တာဗျူး၊ ကိုယ်ရေးရာဇဝင်၊ စာမေးပွဲ)/ အလုပ်ဆီမီနီပွဲများနဲ့အလုပ်သင်အတွက်သိသင့်သိထိုက်တဲ့အချက်များ(Job seminar and Internship in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ