ဂျပန်မှာကျောင်းပြီးလို့အလုပ်ရဖို့ကြိုးစားပြင်ဆင်မှုများ(How to hunt for a job in Japan)

တခြားနိုင်ငံတွေနှင့်မတူတဲ့အလုပ်ရှာဖွေမှုပုံစံ ရှိတဲ့ဂျပန်နိုင်ငံမှာအလုပ်စရှာမယ်ဆိုရင်တော့ တက္ကသိုလ်၊ဆန်းမွန်း‌ကျောင်းပြီးမည့်သူများအနေဖြင့်ဂျပန်နိုင်ငံရဲ(JobFair)တွေကဘယ်အချိန်မှာဘယ်လိုကျင်းပနေလဲဆိုတဲ့日本の就職活動の流れ (အလုပ်ရှာပုံအဆင့်ဆင့်)ကိုအရင်ဆုံးသိထားရမှာဖြစ်ပါတယ်။ဂျပန်လူမျိုးကျောင်းသားကျောင်းသူတွေကကျောင်းမပြီးခင်တစ်နှစ်လောက်၊တချို့ဆိုတနှစ်ခွဲလောက်အချိန်ယူပြီးကြိုတင်ပြင်ဆင်အလုပ်ရှာလေ့ရှိပါတယ်။တကယ်လို့အလုပ်ကိုကြိုတင်မရှာထားခဲ့ဘူးဆိုရင်ဗီဇာကုန်ခါနီးအလုပ်မရဘဲကိုယ့်နိုင်ငံပြန်ရမှာဖြစ်ပါတယ်။

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

ကုမ္မဏီများမှအလုပ်ခန့်ပုံအဆင့်ဆင့်

企業(ကုမ္ပဏီ)တွေက ကုမ္ပဏီ၏ လုပ်ငန်းတိုးတက်နှုန်းများနှင့်လုပ်သားလိုအပ်မှုများကို HP ဌာနမှ နှစ်စဉ်အစီအစဥ် ဆွဲပြီး ကျောင်းပြီးမယ့်ကျောင်းသား တွေကို အလုပ်ခန့်ဖို့လုပ်ကြပါတယ်။ထို့ကြောင့်အလုပ်ခန့်မည့် အစီအစဥ် အရ တစ်နှစ်လောက်ကြိုပြီး ကုမ္ပဏီ 説明会(ရှင်းလင်းပွဲ) များလုပ်ခြင်း၊JobFairပွဲကြီးများတွင်ပါဝင်ဆင်နွှဲပြီး‌ည့်ကျောင်းပြီးမယ့်သူများကိုအလုပ်ခေါ်ကြပါတယ်။ဒီလိုevents/seminarတွေကတစ်ဆင့်အလုပ်လျှောက်လွှာများကိုရွေးချယ်ပြီးInterviewအဆင့်ဆင့်(အနည်းဆုံး၂ခါမှ၃ခါ)ပြုလုပ်ကာသင့်တော်သည့်သူများအလုပ်ကြိုတင်ခန့်ကြောင်းစာရွက်ကိုပေးပို့ပေးပါတယ်။

အလုပ်လျှောက်ပုံအဆင့်ဆင့်နဲ့ကိုယ်လုပ်မယ့်အလုပ်သတ်မှတ်ထားခြင်း

ကျောင်းသားတွေအနေနဲ့လည်းကျောင်းမပြီးခင်တစ်နှစ်လောက်ကြိုပြီး အလုပ်ရှာထားရပါတယ်။ နောက်ဆုံးနှစ် ကျောင်းမဖွင့်ခင် 3လပိုင်း4လပိုင်းမှာ Job Fiar/Company Seminarတွေတက် ကြပါတယ်။မိမိစိတ်ဝင်စားတဲ့အလုပ်တွေကို 5လပိုင်း6လပိုင်းမှCV Form ‌တွေတင်၊Web Test များ၊ Interviewများဖြေ ကြပါတယ်။အဆင့်ဆင့်Interviewများ‌(အနည်းဆုံး ၂ခါမှ ၃ခါ)ဖြေပြီး 7လပိုင်း8လပိုင်း(နောက်ဆုံးနှစ် ပထမ semester )မပြီးခင်ကထဲက内定(အလုပ်ကြိုတင်ခန့်စာ)ရယူကြပါတယ်။ကုမ္မဏီ တွေရှင်းလင်းပွဲSeminar တွေ အခု၅၀လောက်သွားပြီး CV Form အစောင်၁၀၀လောက်တင်မှ ၄၀%လောက်ပဲ Interview အဆင့်ဆင့်ပြုလုပ်နိုင်ပြီး ကြိုတင်အလုပ်ခန့်စာ(内定)ကို အနည်းဆုံး ၃ခု /၄ ခုရယူထားကြပါတယ်။ လုံးဝမရတဲ့သူတွေလည်းရှိပါတယ်။ ကိုယ့်အရည်အချင်းနှင့်ကြိုးစားမှုအပေါ်မှာဘဲမူတည်ပါတယ်။အလုပ်ခန့်စာ内定များများရလေ ကိုယ့်အတွက် ရွေးချယ်စရာအခွင့်ရေးများတဲ့ အတွက်内定အများကြီးရထားတာပိုအဆင်ပြေပါတယ်။10လပိုင်းလောက်ရောက်ရင်တော့ ရထားတဲ့内定တွေထဲက ကိုယ်အကြိုက်ဆုံးတစ်ခုတည်းကို သာရွေးပြီး Companyမှာအလုပ်၀င်မည့်အကြောင်း လက်ခံထားတဲ့ 内定အလုပ်ခန့်စာ စာရွက်မှာလက်မှတ်ထိုး၊စာတိုက်ကနေတဆင့် ပို့ပေးပြီးအကြောင်းကြားရပါတယ်။10လပိုင်းလောက်ရောက်ရင်တော့ မိမိဝင်မယ့်ကုမ္ပဏီကိုသေချာနောက်ဆုံးရွေးပြီးအလုပ်၀င်မယ့်အကြောင်း အကြောင်းကြားရပါတယ်။‌ထို့နောက်နောက်နှစ်ရဲ့3လပိုင်းရောက်ရင့်ယူပြီး၄လပိုင်းရောက်ရင်အလုပ်စ၀င်ရပါတယ်၊၊။အလုပ်ရှာ ရတဲ့ အချိန်တွေဟာအရမ်းကိုကြိုးစားရပြီးကျောင်းသားဘ၀ရဲ့ အပင်ပန်းဆုံးအချိန်ပါပဲ၊၊ ဒါဂျပန်နိုင်ငံရဲ့တက္ကသိုလ်၊ဆန်မွန်းကျောင်းသားတွေရဲ့ကျောင်းပြီးမယ့်အချိန်အလုပ်ရှာဖွေမှုဖြစ်ပါတယ်။

အလုပ်မဝင်ခင်ပြင်ဆင်မှုများ

ကျောင်းပြီးလို့အလုပ်မဝင်ခင်ပြင်ဆင်မှုများစွာပြုလုပ်ဖို့လိုအပ်ပါတယ်။လုပ်ငန်းခွင်မှာသုံးဖို့ဂျပန်စာအရည်အချင်းပိုပြည့်ဝဖို့လိုအပ်သလို၊လုပ်ငန်းခွင်မှာလည်းလူမှုဆက်ဆံရေးကောင်းဖို့လည်းလိုအပ်ပါတယ်။အထက်လူကြီးရဲ့စကားကိုလည်းလေးစားလိုက်နာဖို့လိုအပ်သလို၊အတူတူအလုပ်လုပ်မယ့်စီနီယာသင်ပေးမှုကိုလည်းလိုက်နာတတ်ဖို့လိုအပ်ပါတယ်။ကုမ္မဏီမှချမှတ်ထားတဲ့စည်းကမ်းတွေနဲ့လည်းအံ့ဝင်ခွင်ကြဖြစ်အောင်နေတတ်ရမှာဖြစ်ပြီး၊အချိန်ကိုလည်းလေးစားတတ်ဖို့လိုအပ်ပါတယ်။လိုအပ်သောအရည်အချင်းများဂျပန်စာအပြင်Englishရောကွန်ပြုတာပိုင်းပါပြင်ဆင်ထားတဲ့သူကတော့အရည်အချင်းများလေအလုပ်ရဖို့ပိုများလေဖြစ်ပါတယ်။အဲဒါကြောင့်ဂျပန်မှာရပ်တည်နိုင်ဖို့အရည်အချင်းအပြင်စည်းကမ်းကိုလေးစားလိုက်နာတတ်တဲ့သူတစ်ယောက်ဖြစ်ဖို့လည်းလိုအပ်ပါတယ်။

ဂျပန်မှာ အလုပ်လျှောက်ဖို့ Japan CV Form (履歴書) ကို ဘယ်လိုရေးကြမလဲ။

ကုမ္ပဏီများတွင် အလုပ်လျှောက်ရာတွင် သိသင့်သောအဆင့်များ(Employment in japan)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အလုပ်ရှာဖွေခြင်း (အင်တာဗျူး၊ ကိုယ်ရေးရာဇဝင်၊ စာမေးပွဲ)/ ဂျပန်မှာကျောင်းပြီးလို့အလုပ်ရဖို့ကြိုးစားပြင်ဆင်မှုများ(How to hunt for a job in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ