ကုမ္မဏီလျှောက်ထားမှုအတွက်လိုအပ်သောအောင်လက်မှတ်များ(日商簿記, bookkeeping, TOEIC, IT, driving licence in Japan)

မိမိအဓိကလုပ်ကိုင်လိုသောအလုပ်အမျိုးအစားနှင့်အလုပ်နေရာကိုလုပ်ကိုင်နိုင်ရန်အတွက်ထိုအလုပ်တွင်လိုအပ်သောအောင်လက်မှတ်ကိုယူထားရင်အဆင်ပြေမှာပါ။ဒါကြောင့်စီးပွားရေးကျောင်းတက်သူများသည်လည်းစီးပွားရေးမေဂျာနှင့်သက်ဆိုင်သောဘာသာရပ်များထဲမှမိမိလုပ်ကိုင်လိုသောဘာသာရပ်နှင့်သက်ဆိုင်သောလက်မှတ်များကိုယူထားသင့်ပါတယ်။ဂျပန်မှာအလုပ်လုပ်ဖို့အတွက်တက္ကသိုလ်၊ဆန်းမွန်းဆိုတဲ့ကျောင်းပြီးရမည့်အပြင်မိမိလုပ်ကိုင်မည့်အလုပ်အတွက်လိုအပ်တဲ့အရည်အချင်းများရှိသင့်ပါတယ်။နိုင်ငံခြားသားများအဖို့အလုပ်မဝင်ခင်ဒီပြင်အရည်အချင်းအောင်လက်မှတ်များလိုအပ်ပြီး၊ဂျပန်လူမျိုးများအတွက်ပါလိုအပ်ချက်များစွာရှိပါတယ်။မိမိမှာသူများထက်အောင်လက်မှတ်နဲ့ဒီပြင်အရည်အချင်းရှိပါကအလုပ်ရဖို့အတွက်အားသာချက်တစ်ခုဖြစ်လာပါမည်။ဥပမာအနေနဲ့အင်္ဂလိပ်စကားကျွမ်းကျင်ဖို့လိုအပ်သောနိုင်ငံခြားနဲ့ပတ်သက်တဲ့အရောင်းပိုင်းလုပ်ငန်းများနဲ့အိုင်တီလုပ်ငန်းများအတွက်အင်္ဂလိပ်စာအရည်အချင်းရှိထားခြင်း၊မိမိမှာအောင်လက်မှတ်ရှိထားခြင်းကအလုပ်ရရှိဖို့ရာခိုင်နှုန်းပိုများပါတယ်။အခုနောက်ပိုင်းမှာအလုပ်အတွက်လိုအပ်တဲ့လေ့လာမှုတွေမှာအများကြီးပေါ်ပေါက်လာပြီးအင်တာနက်ပေါ်ကနေရှာပြီးတော့လည်းလေ့လာမှုတွေပြုလုပ်နိုင်ပါတယ်။

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

TOEICအောင်လက်မှတ်နဲ့ပတ်သက်ပြီး

TOEICဆိုတာကတော့မြန်မာနိုင်ငံမှာလူသိများတဲ့TOFEL&IELTSတို့နဲ့အတူတူလောက်ပါပဲ။ဂျပန်မှာတော့တိုးအိခုလို့လူခေါ်များပါတယ်။နှစ်စဉ်ဖြေဆိုမှုအများဆုံးဖြစ်ပါတယ်။လူကြိုက်များသောလက်မှတ်ဖြစ်ပါတယ်။အောင်/ရှုံးမရှိပါ။မိမိရရှိသောအမှတ်အလိုက်ဘယ်အရည်အချင်းရှိသည်ဆိုတာကိုသတ်မှတ်ကြပါတယ်။အမှတ်၅၀၀မှ၅၉၅အထိရရှိသူများကိုတော့ယခုနောက်ပိုင်းဂျပန်ကုမ္ပဏီများဘက်ကလိုအပ်သောအင်္ဂလိပ်စာအရည်အချင်းအဆင့်အဖြစ်သတ်မှတ်ထားပါတယ်။ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ဝန်ဆောင်မှုလုပ်ငန်းများတွင်နှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသောလုပ်ငန်းများတွင်လုပ်ကိုင်လိုသူများအတွက်ကတော့မဖြစ်မနေရယူသင့်သောအမှတ်ဖြစ်ပါတယ်။အမှတ်၇၀၀အထက်ကတော့စီးပွားရေးသုံးအဆင့်လို့သတ်မှတ်ထားပါတယ်။လေ့လာမှုအနေနဲ့ရမှတ်၄၅၀ကနေ၆၅၀အထိရည်မှန်းထားသည်ဆိုပါကလိုအပ်သောစာလေ့လာမှုကြာချိန်နာရီ၄၅၀လိုအပ်ပါတယ်။တစ်လလျှင်နာရီ၅၀စာလေ့လာရန်လိုအပ်ပြီးအဲဒီလေ့လာမှုကို၉လဆက်တိုက်ပြုလုပ်ရမှာဖြစ်ပါတယ်။ရမှတ်၇၅၀အထိအောင်မြင်ချင်တဲ့သူတွေအနေနဲ့စာလေ့လာချိန်နာရီ၉၅၀အထိလိုအပ်ပါတယ်။အဓိကမိမိရည်မှန်းထားတဲ့ရမှတ်ကိုရဖို့စာလေ့လာမှုအချိန်ကိုသီးသန့်သတ်မှတ်ထားပြီးလေ့လာမှုများစွာပြုလုပ်သင့်ပါတယ်။

日商簿記(にっしょうぼき)အောင်လက်မှတ်နဲ့ပတ်သက်ပြီး

စီးပွားရေးအထူးပြုဘာသာရပ်ကျောင်းသားများအတွက်အခက်ဆုံးနှင့်အောင်လက်မှတ်ရရှိထားပါကအလုပ်လျှောက်ထားရလွယ်ကူသောစာမေးပွဲဖြစ်ပါတယ်။Levelအနေနဲ့4,3,2,1စသည်ဖြင့်ရှိပါတယ်။level1ကအမြင့်ဆုံးဖြစ်ပါတယ်။တစ်နှစ်ပတ်လုံးတွင်2လ၊6လနှင့်11လပိုင်းများတွင်Level3,2စာမေးပွဲများရှိပြီးLevel1ကတော့6လနှင့်11လပိုင်းတစ်နှစ်တွင်၂ကြိမ်သာကျင်းပပါတယ်။Level4ကတော့အလယ်တန်းအထက်တန်းကျောင်းသားများသာဖြေဆိုလေ့ရှိကြပြီးLevel3မှစ၍ဆန်းမွန်း၊တက္ကသိုလ်ကျောင်းသားများနှင့်ကုမ္ပဏီဝန်ထမ်းများဝင်ရောက်ဖြေဆိုလေ့ရှိကြပါတယ်။level3အောင်လက်မှတ်ရှိထားသည်ဆိုရင်ကိုတော်တော်အသိအမှတ်ပြုထားပါတယ်။အထူးသဖြင့်နိုင်ငံခြားသားကျောင်းသားများအောင်လက်မှတ်ရရှိထားပါကအလုပ်လျှောက်ထားရာတွင်များစွာအထောက်အကူဖြစ်စေမှာပါ။Level2အောင်မြင်ပါကဂျပန်ကုမ္ပဏီစာရင်းဌာနတွင်အလုပ်လုပ်ကိုင်နိုင်ပါတယ်။တချို့သောကုမ္ပဏီများသည်နိုင်ငံခြားသားကျောင်းသားဆိုပါကLevel3နှင့်ပင်အလုပ်ခန့်အပ်ကြပါတယ်။အကြင်းဖျင်းစာလေ့လာမှုအနေနဲ့level3အောင်မြင်ဖို့အတွက်စာလေ့လာချိန်နာရီ50အထက်လိုအပ်ပါတယ်။နိုင်ငံခြားများအဖို့ပိုပြီးလေ့လာဖို့လိုအပ်ပါတယ်။level2အနေနဲ့နာရီ100အထက်လေ့လာမှုလိုအပ်ပါတယ်။လေ့လာတဲ့လူအပေါ်လိုက်စာလုပ်ချိန်ကွာခြားသွားနိုင်ပါတယ်။တစ်ရက်မှာတစ်နာရီလေ့လာမယ်ဆိုရင်တော့level3ကို2လနေ3လကြာလေ့လာရုံဖြင့်အောင်မြင်နိုင်ပါတယ်။level2အနေနဲ့စာမေးပွဲမဖြေခင်3လကနေ5လကြာလေ့လာခြင်းကအကောင်းဆုံးဖြစ်ပါတယ်။

အိုင်တီနဲ့ပတ်သက်ပြီးပြင်ဆင်ထားသင့်တဲ့အချက်များ

ITသမားများလည်းမိမိကျောင်းမှရရှိသောဘွဲ့လက်မှတ်တစ်ခုသာလျင်ရှိပါကအလုပ်လျှောက်ထားရာတွင်အနည်းငယ်အခက်အခဲရှိနိုင်ပါတယ်။မိမိလေ့လာနေသောဘာသာရပ်နှင့်သက်ဆိုင်သောအောင်လက်မှတ်များကိုဆရာများနှင့်တိုင်ပင်ပြီးဖြေဆိုရယူထားဖို့လိုအပ်ပါတယ်။ITသမားများအနေဖြင့်နောက်တစ်ခုအကြံပြုချင်တာကမိမိလေ့လာနေသောဘာသာရပ်နှင့်သက်ဆိုင်သောအရာတစ်ခုလောက်ကိုယ်ပိုင်စိတ်ကူးနဲ့လုပ်ဆောင်ထားပြီးအလုပ်လျှောက်ထားရာအတွက်ပြင်ဆင်ထားပါကအလုပ်လျှောက်ထားရာတွင်ပိုမိုအဆင်ပြေနိုင်ပါတယ်။။ဥပမာ-ကိုယ်ပိုင်ဖန်တီးထားတဲ့AndroidPhoneApplication၊WebDesignerလုပ်ချင်သူများအနေဖြင့်ကိုယ်ပိုင်စိတ်ကူးနဲ့ဖန်တီးထားသော Web Page စသည်ဖြင့် ပြသနိုင်ပါက အင်တာဗျူးတွင် အမေးခံရသောအခါပြသနိုင်ပြီးဖြေဆိုအောင်မြင်နိုင်မည်လို့ထင်ပါတယ်။အိုင်တီနဲ့ပတ်သက်တဲ့ကျွမ်းကျွမ်းကျင်ကျွင်တတ်မြောက်ထားတဲ့ဆိုတဲ့အောင်လက်မှတ်ရှိထားခြင်းကအလုပ်ရနိုင်ချေရာခိုင်နှုန်းပိုများပါတယ်။အကြမ်းဖျင်းအားဖြင့်အိုင်တီသမားအနေနဲ့နာရီ၅၀အထက်လေ့လာနိုင်မယ်ဆိုရင်လုံလောက်မယ်ထင်ပါတယ်။နေ့တိုင်း၃နာရီအထက်လေ့လာမယ်ဆိုရင်၃ပတ်ဆိုတဲ့အချိန်တိုအတွင်းစာမေးပွဲအောင်လက်မှတ်အထိရယူနိုင်မှာဖြစ်ပါတယ်။

ယဥ်မောင်းလိုင်စင်အတွက်ပြင်ဆင်သင့်သောအချက်များ

ဂျပန်ကုမ္မဏီမှာအလုပ်လျှောက်တဲ့အခါဂျပန်စာအရည်အချင်းအပြင်ယဥ်မောင်းလိုင်စင်ရှိမရှိကလည်းအရေးကြီးပါတယ်။စာမေးပွဲအနေနဲ့ယဥ်မောင်းလိုင်စင်အတွက်ကားစည်းကမ်း၊ကားအကြောင်းအရာတွေနဲ့ပတ်သက်တဲ့မေးခွန်းအပုဒ်ရေ၅၀ဖြေရပါတယ်။အဲ့ဒီထဲမှာမှမေးခွန်း၄၅ပုဒ်အထက်အမှန်မှစာမေးပွဲအောင်ပါတယ်။စာမျက်နှာပေါင်း၃၀၀နီးပါးရှိတဲ့စည်းမျဉ်းစာအုပ်ကိုနားလည်အောင်ဖတ်ပြီး၊စာမေးပွဲမေးခွန်းအပုဒ်၅၀၀လောက်ကိုလေ့ကျင့်ရပါတယ်။သင်မောင်းလိုင်စင်အတွက်လက်တွေ့ဖြေဆိုနေစဥ်မှာယာဥ်ထိန်းရဲကဘေးမှာထိုင်ပြီးသင်မောင်းကွင်းထဲမှာလက်တွေ့မောင်းပြရပါတယ်။အမှတ်၁၀၀မှတ်ထဲကနေအမှားတစ်ခုတွေ့တာနဲ့အမှတ်နှုတ်သွားပါတယ်။အမှတ်၇၀အထက်ရမှအောင်ပြီးသေသေချာချာမောင်းတတ်ပြီလို့ယူဆရမှသင်မောင်းလိုင်စင်ရပါတယ်။လက်တွေ့သင်မောင်းစာမေးပွဲလည်းမနက်တကြိမ်နေ့လည်တကြိမ်စာမေးပွဲရှိပါတယ်။လက်တွေ့စာမေးပွဲကတော့မနက်ပိုင်းဖြေလို့မအောင်ခဲ့ရင်နေ့လည်ပိုင်းဖြေလို့မရပါဘူး။နောက်ရက်ထပ်ပြီး စာရင်းသွင်းရပါတယ်။လက်တွေ့လေ့ကျင့်စာမေးပွဲအတွက်တစ်ခုပြီးတစ်ခုလေ့ကျင့်နိုင်ဖို့အတွက်မိနစ်၂၀ကနေ၃၀အထိအကြိမ်ကြိမ်အခါခါလေ့ကျင့်မှုများပြုလုပ်သင့်ပါတယ်။စာတွေ့မေးခွန်းလေ့ကျင့်မှုများအတွက်အားလုံးမှန်ကန်ဖို့လေ့ကျင့်မယ်ဆိုရင်၄နာရီကနေ၆နာရီကျော်အထိလေ့လာမှုများလိုအပ်ပါသည်။

ITအင်ဂျင်နီယာဖြင့်ဂျပန်မှာအလုပ်လုပ်ချင်သူများအတွက်(Preparations for getting IT engineer jobs in Japan)

ဂျပန်မှာ အလုပ်လျှောက်ဖို့ Japan CV Resume (履歴書) ကို ဘယ်လိုရေးကြမလဲ။
 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အလုပ်ရှာဖွေခြင်း (အင်တာဗျူး၊ ကိုယ်ရေးရာဇဝင်၊ စာမေးပွဲ)/ ကုမ္မဏီလျှောက်ထားမှုအတွက်လိုအပ်သောအောင်လက်မှတ်များ(日商簿記, bookkeeping, TOEIC, IT, driving licence in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ