ဒီဆောင်းပါးမှာတော့ N3 မှာပါဝင်တဲ့ ကြိယာဝိသေသန Adverbs တွေအကြောင်းကိုဖော်ပြသွားမှာဖြစ်ပါတယ် ။verbနဲ့ noun တွေနဲ့ယှဥ်လိုက်ရင် Adverb တွေကပိုပြီးတော့ မှတ်ရခက်ခဲပြီး ပိုပြီးတော့ နားလည်ရလဲ ခက်ခဲပါတယ်။ ဒါကြောင့် Adverb တွေပို သေချာနားလည်ဖို့ဆိုရင် ဥပမာစာကြောင်းတွေကိုအထပ်ထပ်ခါခါ ဖတ်ဖို့ လိုအပ်ပါတယ်။ သို့မှသာ စကားလုံးတွေရဲ့ အဓိပွာယ် ကိုပိုပြီးနားလည်မှာ ဖြစ်သလို အသုံးပြုပုံတွေကိုလဲ နားလည်မှာဖြစ်ပါတယ်။ JLPT N3 အတွက်ပြင်ဆင်နေတဲ့ သူတွေအတွက်တော့ ဒီဆောင်းပါးကိုဖတ်ပြီး N3 Adverbsတွေကိုကျွမ်းကျင်ပိုင်နိုင်အောင်လေ့ကျင့်ဖို့ တိုက်တွန်းချင်ပါတယ်။
မာတိကာ
- ဂျပန်ဘာသာစကားမှာရှိတဲ့ ကြိယာဝိသေသန Adverbs အကြောင်း
- N3 ကြိယာဝိသေသန Adverbs များ
- ဥပမာစာကြောင်းတွေကိုဖတ်ပြီး ကြိယာဝိသေသနတွေရဲ့ အသုံးပြုပုံကိုလေ့လာကြည့်ရအောင်
- N3 ကြိယာဝိသေသန Adverbs မေးခွန်းတွေကိုဖြေကြည့်ကြရအောင်
ဂျပန်ဘာသာစကားမှာရှိတဲ့ ကြိယာဝိသေသန Adverbs အကြောင်း
“副詞 (fukushi) - Adverbs” တွေကတော့ ကြိယာတွေရဲ့ အဓိပ္ပာယ်တွေကိုပိုပြီးအလေးအနက်စေပြီး ဝါကျတွေကိုလဲ ပိုပြီးတော့ အဓိပွာယ်ပေါ်လွင်စေပါတယ်။ ဂျပန်ဘာသာစကားမှာရှိတဲ့ကြိယာဝိသေသနတွေကို အကြမ်းအားဖြင့် ၃ မျိုးခွဲခြားနိုင်ပါတယ်။ အခြေအနေပြ ကြိယာဝိသေသန၊ ပမာဏပြ ကြိယာဝိသေသန၊ အကျိုးကြောင်းပြကြိယာဝိသေသန တို့ဖြစ်ပါတယ်။
-
情態副詞 / joutai fukushi / အခြေအနေပြ ကြိယာဝိသေသန - ဆိုတာကတော့ ကြိယာသို့မဟုတ် အမူအရာ တစ်ခုခုရဲ့ အခြေအနေကို ပြီးပြီးတော့ အသေးစိတ်ပုံဖော်ပြတဲ့ ကြိယာဝိသေသန ဖြစ်ပါတယ်။ ဥပမာ - 階段をゆっくり上がる (kaidan o yukkuri agaru) တဖြည်းဖြည်း လှေကားပေါ်တက်သည်။ 擬態語 (gitaigo) လို့ခေါ်တဲ့ (onamatopoeia) အများပြားကလဲ 情態副詞 / joutai fukushi / အခြေအနေပြ ကြိယာဝိသေသန အနေနဲ့ တွေ့မြင်နိုင်ပါတယ်။ ဥပမာ - 雨がザーザー降っている (ame ga zaazaa futteiru) - မိုး ကြမ်းကြမ်းရွာသည်။
-
程度副詞 / teido fukushi / ပမာဏပြ ကြိယာဝိသေသန - ဆိုတာကတော့ အခြေအနေ တစ်ခု၊ လုပ်ဆောင်ချက်တစ်ခုရဲ့ ပမာဏ ကိုဖော်ပြတဲ့ ကြိယာဝိသေသန တွေ ဖြစ်ပါတယ်။ ဥပမာ - ちょっと遊んだ (chotto asonda) နည်းနည်းကစားခဲ့တယ်။ / とても悲しい (totemo kanashii) အရမ်း ဝမ်းနည်းတယ်။
-
陳述副詞 / chinjutsu fukushi / အကျိုးကြောင်းပြကြိယာဝိသေသန - ကတော့ အကျိုးအကြောင်း၊ ယူဆချက်တွေကို ပြသတဲ ကြိယာဝိသေသန ဖြစ်ပါတယ်။ နောက်ပြီး ဒီကြိယာဝိသေသနရဲ့ ထူးခြားချက်ကတော့ သူ့အနောက်မှာ အမြဲတမ်း သတ်မှတ်ထားတဲ့ ပုံစံလိုက်တဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ အတွဲလိုက် ကျက်မှတ်ထားရင် ပိုပြီးတော့ ထိရောက်ပါတယ်။ ဥပမာ - 彼は決して泣かない (kare wa keshite nakanai) သူလုံးဝ ငိုမှာ မဟုတ်ဘူး။/ 彼女はおそらく来ないだろう (kanojo wa osoraku konai darou) ကြည့်ရတာ သူလာမှမဟုတ်ဘူးထင်တယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
N3 ကြိယာဝိသေသန Adverbs များ
N3 ကြိယာဝိသေသန Adverbs ဇယား
N3 မှာတာ့ ကြိယာဝိသေသန Adverb စုစုပေါင်း ၁၄၀ လုံးရှိပါတယ်။ မှတ်သားရမယ့် ခန်းဂျိတွေကိုတော့ အနက်ရောင်စကားလုံးတွေနဲ့ဖော်ပြထားပါတယ်။
あまり |
အလွန်အကျွံ၊ အများပြား |
|
あまりにも |
အလွန်အကျွံ၊ အများပြား |
|
あるいは |
သို့မဟုတ် |
|
あんまり |
သိပ် |
|
いがい |
意外 |
မထင်ထားသော၊ မထင်ရသော |
いくら~ても |
ဘယ်လောက်ဘဲ ~ ဖြစ်ဖြစ် |
|
いちじ |
一時 |
ယာယီ |
いちどに |
一度に |
တကြိမ်တည်း |
いつか |
တချိန်ချိန်။ |
|
いっしゅん |
一瞬 |
လျှပ်တပြက် |
いっそう |
一層 |
ပိုပြီး |
いったい ittai |
一体 |
မဟုတ်မှလွဲရော |
いつでも |
အချိန်မရွေး |
|
いつのまにか |
မသိလိုက်စဥ်အတွင်းမှာ |
|
いっぱん |
一般 |
ယျေဘူယျအားဖြင့် |
いつまでも |
အချိန်တိုင်း၊ အမြဲတမ်း။ |
|
いまに |
အခုထိ |
|
いまにも |
今にも |
အမြဲတမ်း |
いよいよ |
မကြာခင်၊ ဘာလိုလိုနဲ့ |
|
うっかり |
ရုတ်တရက် |
|
おおよそ / およそ |
ခန့်မှန်းချေ | |
おそらく |
恐らく |
လောက်၊ ခန့် |
かえって |
ပြောင်းပြန် |
|
がっかり |
စိတ်ဓာတ်ကျ |
|
~かなにか |
~か何か |
တစ်ခုခု |
かなり |
တော််တော် |
|
がらがら |
ဘာမှမရှိ၊ ဗလာ |
|
からから |
ခြောက်ကန့်ကန့် |
|
きちんと |
သေသေချာချာ |
|
ぎっしり |
ကြပ်ကြပ်တည်းတည်း၊ ပြွတ်သိပ်။ |
|
きゅうに |
急に |
ရုတ်တရက် |
ぐっすり |
နှစ်နှစ်ခြိုက်ခြိုက် |
|
ぐらぐら |
တပွတ်ပွက် (ရေနွေးဆူ) |
|
けっきょく |
結局 |
နောက်ဆုံးမှာတော့ |
けっして~ない |
決して~ない |
လုံးဝ |
こうして |
ဒီလိုမျိုး |
|
こっそり |
တိတ်တိတ် |
|
さいちゅうに |
最中に |
စဥ်အတွင်း |
さいに |
際に |
အခါ။ အချိန်။ |
さきほど |
先ほど |
အခုနက |
さっそく |
早速 |
ချက်ချင်း |
さて |
ကဲ၊ ဒါဆိုရင် |
|
さらに |
更に |
ထပ်ပြီး |
したがって |
従って |
သို့ဖြစ်၍ |
したとたん |
した途端 |
ချက်ချင်း၊ သောအခါ |
じっと |
မလှုပ်ဘဲ၊ ငြိမ်ငြိမ်၊ |
|
じつに |
実に |
တကယ် |
しばしば |
တခါတလေ |
|
しばらく |
ခဏအကြာ |
|
しょうしょう |
少々 |
နည်းနည်း |
ずいぶん |
တော်တော် |
|
すくなくとも |
少なくとも |
အနည်းဆုံးတော့ |
すこしも |
少しも |
နည်းနည်းမှ |
すっきり |
လန်းလန်းဆန်းဆန်း |
|
すでに |
ဖြစ်ပြီးသား၊ လုပ်ပြီးသား၊ |
|
すなわち |
即ち |
တစ်နည်းအားဖြင့် |
すべて |
全て |
အားလုံး |
せいぜい |
အများဆူံး |
|
せっかく |
ကြုံတောင့် ကြုံခဲ |
|
そのまま |
ဒီအတိုင်း |
|
それぞれ |
အသီးသီး |
|
たしかに |
確かに |
ကျိန်းသေပေါက် |
たしょう |
多少 |
အနည်းနှင့် အများ |
ただ |
မျှသာ |
|
ただちに |
ချက်ချင်း |
|
たちまち |
တဟုန်ထိုး |
|
たっぷり |
အလုံအလောက် |
|
たとえ |
ဥပမာ |
|
たとえ~ても |
တကယ်လို ~ တောင်မှ |
|
たとえば |
例えば |
ဥပမာအားဖြင့် |
たびたび |
度々 |
တခါတရံ |
たびに |
度に |
~လုပ်တိုင်း |
たまたま |
မျှော်လင့်ဘဲ၊ တိုက်တိုက်ဆိုင်ဆိုင်. |
|
ちかぢか |
近々 |
မကြာခင် |
ちゃんと |
သေသေချာချာ |
|
つい |
မရည်ရွယ်ဘဲ |
|
ついでに |
တစ်လက်စတည်း |
|
ついに |
နောက်ဆုံး |
|
つぎつぎ tsugitsugi |
次々 |
တစ်ခုပြီးတစ်ခု |
つねに |
常に |
အမြဲတမ်း |
つまり |
တစ်နည်းအားဖြင့် |
|
どうか |
ကျေးဇူးပြုပြီး |
|
どうしても |
ဘယ်လိုပဲ ဖြစ်ဖြစ် |
|
とおりに |
通りに |
အတိုင်း |
どきどき |
စိတ်လှုပ်ရှား |
|
ときどき |
時々 |
တခါတရံ |
とちゅうで/とちゅうに |
途中で/途中に |
လုပ်လက်စ |
とつ ぜん |
突然 |
ရုတ်တရက် |
とても~ない |
~ ရဖို့ခက် |
|
とともに |
အလားတူ |
|
ともかく |
ဘယ်လိူဖြစ်ဖြစ် |
|
ともに |
共に |
အတူတူ |
どんなに~ても |
ဘယ်လိုဖြစ်ဖြစ် |
|
なお |
နောက်ထပ်။ |
|
なかなか |
တော်တော်နဲ့။ |
|
なるべく |
တတ်နိုင်သလောက် |
|
なんか / なんて / など |
တစ်ခုခု |
|
なんで |
ဘာကြောင့် |
|
なんでも |
何でも |
ဘယ်အရာမဆို |
なんとか |
တစ်ခုခု |
|
なんとなく |
ဘာရယ်မဟုတ် |
|
にこにこ |
ပြုံးသည် |
|
にっこり |
ပြူံးသည် |
|
のろのろ |
နှေးနှေးကွေးကွေး |
|
のんびり |
အေးအေးဆေးဆေး |
|
はじめに |
ပထမဆုံး |
|
はもちろん |
သေချာပေါက် |
|
はやめに |
မြန်မြန်ဆန်ဆန် |
|
ばらばら |
ဖရိုဖရဲ |
|
ぴかぴか |
တလက်လက် တောက်ပ |
|
ぴたり |
ကွက်တိ |
|
びっくり |
အံ့သြ |
|
ひっしに |
必死に |
ကြိုးကြိုးစားစား |
ぴったり |
ကွက်တိ |
|
ふたたび |
再び |
နောက်တကြိမ် |
ぶつぶつ |
အပြစ်ပြော |
|
ふと |
မထင်မှတ်ဘဲ |
|
ぶらぶら |
လှည့်ပတ်သွား |
|
ふわふわ |
ပေါ့ပေါ့ပါးပါး |
|
べつべつ |
別々 |
သီးသန့် |
べつに |
別に |
ထွေထွေထူးထူးမဟုတ် |
ぺらぺら |
အထစ်အငေါ့မရှိ။ |
|
ぼんやり |
မသဲမကွဲသော |
|
まさか |
မဖြစ်နိုင်သော၊ မယူံနိုင်သော။ |
|
ますます |
တဖြည်းဖြည်း။ |
|
まったく |
လုံးဝ |
|
まもなく |
間もなく |
မကြာခင် |
まるで |
လုံးဝ |
|
まんいち |
万一 |
တကယ်လို့ |
むしろ |
ပိုပြီး |
|
めったに~ない |
~ခဲသော |
|
もしかしたら |
မဟုတ်မှလွဲရော |
|
もしも |
တကယ်လို့ |
|
もしも〜たら |
တကယ်လို ဖြစ်ရင် |
|
もっとも |
最も |
သို့သော် |
やがて |
မကြာခင် |
|
ようするに |
အနှစ်ချုပ်ရရင် |
|
わざと |
တမင်တကာ |
|
わざわざ |
သီးသန့်၊ တမင် |
|
~のわりには |
~の割には |
အစား။ |
ဥပမာစာကြောင်းတွေကိုဖတ်ပြီး ကြိယာဝိသေသနတွေရဲ့ အသုံးပြုပုံကိုလေ့လာကြည့်ရအောင်
N3 Adverbs တွေရဲ့ အသုံးပြုပုံကို ပိုပြီးတော့ အသားကျအောင် ဥပမာစာကြောင်းတွေနဲ့ လေ့လာဖို့လိုအပ်ပါတယ်။ ဒါကြောင့် N3 Adverbs တွေကိုအသုံးပြုပြီး ဥပမာစာကြောင်းတချို့ကိုဖော်ပြလိုက်ပါတယ်။ ဒါကြောင့် စာကြောင်းတစ်ကြောင်းချင်းစီကိုဖတ်ပြီး Adverb တွေကိုပိုပြီး နားလည်အောင် ကြိူးစားကြည့်ပါ၊
-
納豆は、あんまり好きではない。
(nattou wa, anmari sukidewanai)
- Natto သိပ်မကြိုက်ဘူး။ -
いつの間にか木が大きくなっていた。
(itsunomanika ki ga ookikunatteita)
- သစ်ပင်တွေက မသိလိုက်တဲ့ အချိန်အတွင်းမှာပဲ ကြီးထွားလာခဲ့တယ်။ -
あさっては、いよいよ試合だ。
(asatte wa, iyoiyo shiai da)
- ဘာလိုလိုနဲ့ ပြိုင်ပွဲတောင်ရောက်တော့မှာပဲ။ -
今日は、かなり暑い。
(kyou wa, kanari atsui)
- ဒီနေ့ တော်တော်ပူတယ်။ -
がんばったけど、結局負けてしまった。
(ganbattakedo, kekkyoku maketeshimatta)
- ကြိုးစားခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ ရတယ်။ -
開園まで、しばらくお待ちください。
(kaien made, shibaraku omachikudasai)
- ပန်းခြံဖွင့်တဲ့ အထိ ခဏလောက်စောင့်ပေးပါ။ -
この料理には、塩を少々入れます。
(kono ryouri niwa, shio o shoushou iremasu)
- ဟင်းထဲကို ဆားအနည်းငယ်ထည့်သည်။ -
たまたま見たテレビが、とてもおもしろかった。
(tamatama mita terebi ga, totemo omoshirokatta)
- ဘာရယ်မဟုတ်ကြည့်လိုက်တဲ့ တီဗီအစီအစဥ်ကတော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။ -
コンビニに行くと、ついデザートを買ってしまう。
(konbini ni ikuto, tsui dezaato o katteshimau)
- ကွန်ဘီနီကိုသွာတိုင်း မုန့်အချိုတွေ ဝယ်ဝယ်မိသွားတယ်။ -
天気が悪いので、なるべく早く迎えに来てください。
(tenki ga warui node, narubeku hayaku mukae ni kitekudasai)
- ရာသီဥတု သိပ်မကောင်းလို့ တတ်နိုင်သလောက် မြန်မြန် လာကြိုပါ။
N3 ကြိယာဝိသေသန Adverbs မေးခွန်းတွေကိုဖြေကြည့်ကြရအောင်
နောက်ဆုံးအနေနဲ့ ကြိယာဝိသေသနနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ထပ်ဖြေကြည့်ကြရအောင်။
太字のことばを漢字で書くとき、最もよいものを1・2・3・4から一つえらびなさい。
Question ① 時間がないので、さっそく問題にかかった。
1.最速 2.早速 3.再即 4.早即
Question ② 全体の意味を理解していれば、たしょうのまちがいは気にしない。
1.大小 2.大正 3.多小 4.多少
( )に入れるのに最もよいものを。1・2・3・4から一つえらびなさい。
Question ③ 彼女は外国に住んでいたので、英語が( )です。
1.ぐらぐら 2.すらすら 3.ぺらぺら 4.ゆらゆら
Question ④ 洋服のサイズはわたしに( )だったので、買うことにした。
1.ぶかぶか 2.ぴったり 3.ふわふわ 4.すっきり
အဖြေနဲ့ ဘာသာပြန် အဓိပ္ပာယ်ကို ဆောင်းပါးရဲ့ နောက်ဆုံးမှာ ဖော်ပြထားပါတယ်။
အကျဥ်းချုပ်
ကြိယာဝိသေသနတွေကတော့ conjugation လုပ်ဖို့ မလိုအပ်တဲ့ အတွက်ကြောင့် လေ့လာရတာလွယ်ကူပေမယ့် အဓိပ္ပာယ်နဲ့ မှန်ကန်တဲ့ အသုံးပြုနည်းကိုလေ့လာဖို့အတွက်တော့ တော်တော်ခက်ခဲပါတယ်။ ဒါကြောင့်မိုလို့ ဥပမာစာကြောင်းတွေကို သေချာဖတ်မှတ်ပြီးလေ့လာဖို့အကြံပေးချင်ပါတယ်။
မေးခွန်းအဖြေနှင့် ဘာသာပြန်
ခန်းဂျိ ဖတ်ပုံဖတ်နည်းကို ရွေးကြည့်ပါ။
Question ① 時間がないので、さっそく問題にかかった。
1.最速 2.早速 3.再即 4.早即
Question ② 全体の意味を理解していれば、たしょうのまちがいは気にしない。
1.大小 2.大正 3.多小 4.多少
အဖြေမှန် တစ်ခုကိုရွေးကြည့်ပါ။
Question ③ 彼女は外国に住んでいたので、英語が( )です。
1.ぐらぐら 2.すらすら 3.ぺらぺら 4.ゆらゆら
Question ④ 洋服のサイズはわたしに( )だったので、買うことにした。
1.ぶかぶか 2.ぴったり 3.ふわふわ 4.すっきり
အဖြေနဲ့ ဘာသာပြန် အဓိပ္ပာယ်ကို ဆောင်းပါးရဲ့ နောက်ဆုံးမှာ ဖော်ပြထားပါတယ်။