JLPT N4 ကတော့ beginner level ဖြစ်ပြီး အခြေခံလိုအပ်တဲ့ စကားလုံးနှင့် ဝါကျတွေကို လေ့လာဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ JLPT N4 မှာလိုအပ်တဲ့ ဝေါဟာရ ပေါင်းချုပ်ကိုဖော်ပြလိုက်ပါတယ်။ N5 ဝေါဟာရ ကပေါင်းချုပ်ကိုလည်းဖတ်ရှု နိုင်ပါတယ်။
N4 Adjectives - 形容詞 (keiyoushi)
N5 နဲ့ ယှဥ်လိုက်ရင်တော့ N4 မှာဆို နေ့စဥ်ဘဝမှာ အသုံးချတဲ့ ဝေါဟာရတွေ ပိုပြီးနည်းလာပါတယ်။ နောက်ပြီးတော့ adjective ကို ဘယ်လို conjugate လုပ်ရမလဲဆိုတာကို သေချာလေ့လာဖို့လိုအပ်ပါတယ်။ N4 မှာသင်ယူရတဲ့ adjective အသစ်တွေနဲ့ အခြေအနေနဲ့ အကြောင်းအရင်းကို သေချာ အသေးစိတ်ပိုပြီး တိတိကျကျ ဖော်ပြနိုင်လာမှာဖြစ်ပါတယ်။
N4 ကြိယာများ - 動詞 (doushi)
N4 level မှာတော့ ကြိယာတွေ အများကြီးကိုလေ့လာရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဓိပ္ပာယ် ခပ်ဆင်ဆင် ကြိယာတွေလဲ အများကြီးရှိပါတယ်။ နောက်ပြီးတော့ (他動詞 tadoushi) (他動詞 tadoushi) တို့လို ကံလိုကြိယာ နှင့် ကံမလို ကြိယာတွေကိုလဲ လေ့လာရမှာဖြစ်ပြီး အသုံးပြုပုံပြုနည်းကိုလဲ သေချာသတိထားဖို့လိုအပ်ပါတယ်။
N4နာမ်များ - 名詞(meishi)
နေ့စဥ် ဘဝမှာအသုံးပြုတဲ့ နာမ်တွေကို N5 မှာတော်တော် များများပြီးသွားတဲ့ အတွက်ကြောင့်မို့လို့ N4 level မှာတော့ နည်းနည်း နည်းသွားပါတယ်။ N5 နဲ့စာရင် ပိုပြီးတော့ အသေးစိတ်သွားပါတယ်။ ဥပမာ အကြောင်းအရာတစ်ခုခုကိုပိုပြီးတော့ လေးလေးနက်နက် လေ့လာရမှာဖြစ်ပါတယ်။ N4 level မှာပါဝင်တဲ့ နာမ်တွေကို အပိုင်း ၄ ပိုင်းခွဲပြီး ဖော်ပြလိုက်ပါတယ်။
N4 နာမ် အပိုင်း ၁ :ပညာရေး၊ အလုပ်၊ ဝါသနာ၊သဘာဝ။
N4 နာမ် အပိုင်း ၂:အပြုအမူ၊ ခံစားချက်၊ အရည်အသွေး၊ အချိန်။
N4 နာမ် အပိုင်း ၃:နေရာ၊ အရပ်မျက်နှာ၊ ပွဲလမ်း။
N4 နာမ် အပိုင်း ၄:လူ၊ အိမ်၊ ခန္ဓာကိုယ်၊ အဝတ်အစား။
N4 ဝိဘတ်များ - 助詞 (joshi)
particle တွေက စာကြောင်းဖွဲ့ စည်းတဲ့နေရာမှာ အရမ်းအရေးပါပါတယ်။ N5 levelမှာတုန်းကတော့ အခြေခံ ဝါကျ ဖွဲ့ စည်းလို့ရတဲ့ ဝိဘတ်တစ်ချို့ကို လေ့လာပြီးဖြစ်ပါတယ်။ N4 ရောက်ရင်တော့ ပိုပြီးတော့ ရှုပ်ထွေးတဲ့ ဝိဘတ်ကိုလေ့လာရမှာဖြစ်ပြီး ပိုပြီးတော့ ရှည်ပြီး ရှုပ်ထွေးနဲ့ ဝါကျတွေကို တည်ဆောက်နိုင်လာမှာဖြစ်ပါတယ်။
N4 Adverbများ - 副詞 (fukushi)
Adverb တွေကိုတော့ အခြေအနေကိုပိုပြီးတော့ အသေးစိတ်ဖော်ပြတဲ့ အချိန်မှာ အသုံးပြုပါတယ်။ N4 မှာတော့ ပိုပြီးတော့ Adverb တွေကိုလေ့လာရမှာဖြစ်ပြီး ပိုပြီးတော့ အသေးစိတ် ဝါကျတွေကို တည်ဆောက်နိုင်လာမှာဖြစ်ပါတယ်။
N5 - N1 စကားဆက်များ - 接続詞 (setsuzokushi)
စကားဆက်တွေကတော့ ဝါကျတွေကို ပိုပြီးတော့ ရှည်အောင်လုပ်နိုင်တဲ့ အပြင် ဝါကျတွေနှင့် စကားလုံးတွေကိုဆက်နိုင်တဲ့ ပုဒ်တွေပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ Level ပေါင်းစုံမှာတွေရတဲ့ စကားဆက်တွေကို စုစည်းပြီးဖော်ပြလိုက်ပါတယ်။
ဒီဆောင်းပါးကနေ စာမေးပွဲအတွက်ပြန်လည်လေ့ကျင့်ခန်းလုပ်ပြီ ကောင်းမွန်းတဲ့ ရလာဒ်တွေ ပိုင်ဆိုင်နိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။