ဂျပန်မှာ Second Hand အထည်နဲ့ပစ္စည်းတွေကို ဘယ်မှာဘယ်လို အရောင်းအဝယ်လုပ်မလဲ။

မာတိကာ 

  1. ဂျပန်နိုင်ငံရဲ့ Second Hand စျေးကွက်များ
  2. Second Hand အရောင်းဆိုင်များ အများပြားရှိတဲ့နေရာများ။ 
  3. နာမည်ကြီး Second Hand အရောင်းဆိုင်များ။
  4. အွန်လိုင်းကနေ ဝယ်လို့ရတဲ့ Second Hand စတိုးများ။
  5. အကျဥ်းချူပ် 

ဂျပန်နိုင်ငံရဲ့ Second Hand စျေးကွက်များ။

ဂျပန်နိုင်ငံမှာ Second Hand ပစ္စည်းတွေကို ရောင်းတဲ့ အလေ့အထကတော့ တခြားနိုင်ငံနဲ့ မတူညီဘဲ ထူးခြားပါတယ်။ အဝတ်အထည်တွေဖြစ်စေ၊ အိမ်ထောင်ပရိဘောဂ၊ စာအုပ် အစရှိတဲ့ အရာတွေကို အသစ်အတိုင်းပြန်ဝယ်ယူနိုင်ပြီးတော့ စျေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။ ဒီလို Second Hand စျေးကွက်ကြီးက ပတ်ဝန်းကျင်ကိုလဲ တစ်စိတ်တစ်ဒေသ ပါဝင်ပြီးတော့ အကျိုးပြုနေတာဆိုလဲ မမှားပါဘူး။ဒီလို Second Hand စျေးကွက်အနေနဲ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးနေရာတွေမှာ ခင်းကျင်းပြီးရောင်းချလျက်ရှိတာကိုလဲ တွေ့ရနိုင်သလို အွန်လိုင်းပေါ်ကနေ ရောင်းချတာကိုလဲ‌ တွေ့ရှိနိုင်ပါတယ်။ 

Second handပစ္စည်းတွေနဲ့ပြန်လည်အသုံးချပစ္စည်းတွေကိုဘယ်နေရာမှာရရှိနိုင်မလဲ 

flea market

flea market တွေကိုလဲ တော်တော်များများနေရာတွေမှာတွေ့ရှိနိုင်ပြီးတော့ တခြားနေရာတွေနဲ့ မတူဘဲ flea market တွေမှာဆို စျေးဆစ်ပြီးလဲ ဝယ်ယူကြတာကိုတွေ့နိုင်ပါတယ်။ flea market တွေမှာတော့ မသုံးတော့တဲ့ ပစ္စည်းတွေကို ပြန်လည်အသုံးချနိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ရောင်းချလျက်ရှိသလို ထူးခြားချက်အနေနဲ့ ရှေးဟောင်းပစ္စည်းတွေကိုလဲ flea market တွေမှာ စိတ်ဝင်တစားနဲ့ ဝယ်ယူနိုင်ပါတယ်။ နောက်ပြီးတော့ ယန်း၁၀၀ တန်ဆိုင်တို့လိုမျိုး ဒီလို flea market တွေကတော့ လူကြိုက်များပြီးတော့ လာရောက်ဝယ်ယူတဲ့ သူတွေ များပြားပါတယ်။ flea market အများစုကိုတော့ နာမည်ကြီးတဲ့ ဘုရားကျောင်း နတ်ကွန်းတွေမှာ ကျင်းပလေ့ရှိပါတယ်။ ပိတ်ရက်တွေမှာ ကျင်းပလေ့ရှိပါတယ်။

Second Hand အရောင်းဆိုင်များ။

နောက်တစ်နေရာကတော့ Second Hand အရောင်းဆိုင်တွေမှာလဲ ယုံယုံကြည်ကြည်နဲ့ Second Hand ပစ္စည်းတွေကိုဝယ်ယူနိုင်ပါတယ်။ အများအားဖြင့် အဝတ်အစားတွေကိုရောင်းတဲ့ ဆိုင်တွေများပြီးတော့ Brand အဝတ်အစားတွေကိုလဲ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။ Second Hand အရောင်းဆိုင် တချို့ဆိုင်တွေကတော့ ဂျပန်နိုင်ငံရဲ့ မြို့ကြီးတွေမှာ နေရာအနှံ့မှာဆိုင်ခွဲတွေကိုတွေ့ရနိုင်တဲ့ ဆိုင်ကြီးတွေလဲရှိပါတယ်။ နောက်ပြီးတော့ အသုံးပြုပြီးသားပစ္စည်းတွေကိုရောင်းလိုရတဲ့ အရောင်းသီးသန့်ဆိုင်တွေနဲ့ အရောင်းအဝယ် ၂ မျိုးလုပ်လို့ရတဲ့ဆိုင်တွေလဲရှိပါတယ်။ နာမည်ကြီးဆိုင်တွေကို နောက်ပိုင်းမှာ အသေးစိတ်ကိုဖော်ပြပါမည်။ 

အွန်လိုင်း ဝန်ဆောင်မှုများ။

‌နောက်တစ်ခုကတော့ အွန်လိုင်းအက်ပလီကေးရှင်းတွေ၊ ဝက်ဘ်ဆိုက်တွေနဲ့ ဆိုရှယ်မီဒီယာတွေမှာရှိတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဒီလိုမျိုး အွန်လိုင်းစနစ်တွေမှာဆိုရင်တော့ ပစ္စည်းတွေကို ကိုယ်တိုင်ရောင်းတာတို့၊ ဝယ်တဲ့သူနဲ့ တိုက်ရိုက်ဆက်သွယ်ရတာမျိုးတွေကိုလုပ်ရပါတယ်။ နောက်ပြီးတော့ စျေးကိုလဲ ကိုယ်တိုင်သတ်မှတ်နိုင်ပြီးတော့ ဝန်ဆောင်မှု အမျိုးအစားအပေါ်လိုက်ပြီးတော့ ဝန်ဆောင်ခ မပေးရတာမျိုးတွေလဲရှိပါတယ်။ အသုံးပြုများတဲ့ ဝန်ဆောင်မှုတွေကို နောက်ပိုင်းမှာ အသေးစိတ်ဖော်ပြသွားပါမယ်။ 

Second Hand အရောင်းဆိုင်များ အများပြားရှိတဲ့နေရာများ။ 

ဂျပန်ရဲ့ မြို့ပြတွေရဲ့တချို့နေရာတွေမှာတော့ Second Hand အရောင်းဆိုင်တွေ များပြားတဲ့နေရာတွေလဲရှိပါတယ်။ ဒီလိုနေရာတွေမှာတော့ ‌ရွေးချယ်စရာများများနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကိုစိတ်ကြိုက်ဝယ်နိုင်ပါတယ်။ အဓီက တိုကျိုနဲ့ အိုဆာကာမှာဒီလိုမျိူးဧရီယာတွေများပါတယ်။ အများအားဖြင့် ဂျပန်လိုဆိုရင်တော့ 古着屋 (furugiya) ဆိုတဲ့ စကားလုံးနဲ့ ရိုက်ပြီးရှာနိုင်ပါတယ်။

高円寺 - Koenji (တိုကျို)

ပထမဆုံးနေရာကတော့ တနေကုန် Vantage အဝတ်စားဆိုင်တွေကိုလည်ပတ်နိုင်ဖို့အတွက် တစ်နေကုန်အချိန်ပေးပြီးတောင်လိုက်ကြည့်နိုင်ပါတယ်။ နောက်ပြီးတော့ သီးသန့်ဆန်ပြီးတော့ လှပတဲ့ ဆိုင်တွေလဲ အများကြီးရှိပါတယ်။ 

下北沢 - Shimokitazawa (တိုကျို)

 Vantage ဆိုင်လို့ပြောလိုက်တာနဲ့လုံးဝ တွဲမြင်တဲ့နေရာကတော့ Shimokitazawa ဖြစ်ပြီးတော့ Shimokitazawa မှာဆိုရင် Vantage ဆိုင်တွေ အမြောက်အမြားနဲ့ လည်ပတ်လို့ကောင်းတဲ့နေရာတစ်နေရာလဲဖြစ်ပါတယ်။ 

原宿 - Harajuku (တိုကျို)

 Harajuku က‌တော့လူငယ်တွေ အများကြီးလာရောက်လည်ပတ်တဲ့ မြို့ဖြစ်ပြီးတော့ ဆန်ပြားသစ်လွင်တဲ့ ဖက်ရှင်တွေ၊ လူငယ်တွေ အများကြီးစုစည်းနေတဲ့နေရာလဲဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီလို Vantage အဝတ်အစားဆိုင်တွေအများကြီးကိုလဲ တွေ့နိုင်တဲ့ နေရာလို့လဲ ပြောလို့ရပါတယ်။ 

吉祥寺 - Kichijoji (တိုကျို)

Kichijoji ကလဲ နာမည်ကြီး Vantage ဆိုင်တွေ အများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ Vantage အဝတ်အစားတွေ ကြိုက်နှစ်သက်ရင်တော့ သွားသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 

アメリカ村 - America mura (အိုဆာကာ)

တိုကျိုမှာ Shimokitazawa ဆိုရင်တော့ အိုဆာကာမှာဆိုရင်တော့ America mura လို့ခေါ်တဲ့ လူငယ်တွေအများပြားလာရောက်လေ့ရှိတဲ့ နေရာဖြစ်ပြီးတော့အိုဆာကာမှာဆိုရင် Vantage အဝတ်အစားဆိုင်တွေအများကြီးရှိတဲ့ လည်ပတ်စရာနေရာ တစ်နေရာဖြစ်တယ်လို့ဆိုရမှာပါ။ 

နာမည်ကြီး Second Hand အရောင်းဆိုင်များ။

ဒီလိုမျိုး Vantage အဝတ်အစားတွေအပြင် တခြားအသုံးပြုပြီးသားပစ္စည်းအရောင်းဆိုင်တွေလဲ အများကြီးရှိပါတယ်။ အဝတ်အစားတွေအပြင် တခြားပစ္စည်းတွေကိုလဲဝယ်ယူနိုင်ပါတယ်။ ဒီအပိုင်းမှာတော့ ဒီလို အဝတ်အစားတွေနဲ့ တခြား ပစ္စည်းတွေရောင်းတဲ့နေရာတွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 

2ND STREET

2ND STREET ကတော့ ဂျပန်နိုင်ငံမှာလူသိများဆုံး Vantage အဝတ်အစားဆိုင်လို့ ဆိုရမှာပါ။ 2024 ခုနှစ်ရဲ့ ဒေတာအရ တစ်နိုင်ငံလုံးမှာ ဆိုင်ခွဲပေါင်း ၈၀၀ ပေါင်းရှိပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်အနီးအနားမှာလဲ ဆိုင်ခွဲ ၁ ဆိုင်လောက်ကျိန်းသေပေါက်ရှိနိုင်ပါတယ်၊ 2ND STREET မှာတော့ အဝတ်အစားတွေအပြင် တခြားအသုံးဆောင် ပစ္စည်းတွေကိုပါ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် ဂျပန်ပြည်တွင်းမျာ သာမက ပြည်ပမှာလဲ 2ND STREET ဆိုင်ခွဲတွေကိုတွေ့နိုင်ပါ‌သေးတယ်။ 

Book Off 

နောက်တစ်ဆိုင်ကတော့ Book Off လို့ခေါ်တဲ့ နာမည်ကြီး စာအုပ်အဟောင်းဆိုင်ဖြစ်ပါတယ်။ စာအုပ်ဟောင်းဆိုင်ဆိုပေမယ့် စာအုပ်တွေချည်းမဟုတ်ဘဲ CD နှင့်တခြားပစ္စည်းတွေကိုလဲ ဝယ်ယူနိုင်ပါသေးတယ်။ စာအုပ်တွေကလဲ တော်တော်ကိုစုံပြီးတော့ ဝတ္ထုစာအုပ်တွေအပြင် JLPT တို့လိုမျိုး ဘာသာစကားလေ့လာနိုင်တဲ့ စာအုပ်တွေ အထိရနိုင်ပါတယ်။ နောက်ပြီးတော့ Manga အသစ်တွေကိုလဲစီးရီးအတွဲလိုက်ဝယ်ယူနိုင်ပါတယ်။ အထူးသဖြင့် Manga တွေကိုတနေရာတည်း တခါတည်းနဲ့ ဝယ်ချင်ရင်တော့ Book Off ကအရမ်းကိုအဆင်ပြေတဲ့ နေရာဖြစ်ပါတယ်။ စာပေဆိုင်ရာပစ္စည်းတွေအပြင် တချို့ဆိုင်ခွဲတွေမှာဆိုရင်တော့ ကွန်ပျူတာတို့လို့ လျှပ်စစ်ပစ္စည်းအဟောင်းတွေကိုလဲ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။ 

နောက်ပြီးတော့ Book Off မှာဆိုရင်တော့ မလိုအပ်တဲ့ ပစ္စည်းတွေကိုလဲပြန်ရောင်းလို့လဲရပါတယ်။ ဆိုင်အထိယူသွားပြီးရောင်းနိုင်သလို ပစ္စည်းများရင် အိမ်အထိလာယူပေးတဲ့ ဝန်ဆောင်မှုတွေလဲရှိပါတယ်။ 宅配買取 (takuhaikaitori) စနစ်လို့ခေါပြီးတော့ ဖုန်း၊ ကွန်ပြူတာတို့ကိုအသုံးပြုပြီးတော့ လျှောက်ထားပြီး ပစ္စည်းတွေကိုထုပ်ပိုးထားပြီး ပစ္စည်းတွေကိုအခမဲ့ လာယူပေးပါတယ်။ နောက်ပြီးတော့ ကျသင့်ငွေကိုတော့ တစ်ပတ်အတွင်းရှင်းပေးပါတယ်။ အသေးစိတ်ကိုတော့ တရားဝင် ဝက်ဘ်ဆိုက် မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

အွန်လိုင်းကနေ ဝယ်လို့ရတဲ့ Second Hand စတိုးများ။

ဒီလိုမျိုး ဆိုင်တွေမှာ ကိုယ်ပိုင်ပစ္စည်းဟောင်းတွေကိုရောင်းတဲ့အချိန်မှာတော့ ဝန်ဆောင်မှုကြေးပေးရတာတွေများပါတယ်။ ဒါပေမယ့် ဆိုင်တွေကချက်ချင်းဝယ်ပေးတဲ့ အတွက်ကြောင့်မို့လို့ ချက်ချင်းရောင်းထွက်တဲ့ အချက်ကတော့ ကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အွန်လိုင် အက်ပလီကေးရှင်းတွေ၊ Facebook Group တွေကိုအသုံးပြုမယ်ဆိုရင်တော့ ရောင်းထွက်မထွက်မသေချာပါဘူး။ ဒါပေမယ့် ဝန်ဆောင်ခမပေးရတဲ့ဝန်ဆောင်မှုတွေရှိသလို စျေးနှုန်းကိုလဲ မိမိစိတ်ကြိုက်သတ်မှတ်လို့ရတဲ့ အချက်ကတော့ ကောင်းမွန်တဲ့ အချက်လို့ပြောလို့ရပါတယ်။ ဒါဆိုရင် ဂျပန်မှာ အသုံးများတဲ့ ကိုယ်တိုင်လဲ သုံးဖြစ်တဲ့ ဝန်ဆောင်မှုတွေကိုဖော်ပြပေးပါမှာဖြစ်ပါတယ်။

Merucari 

ပထမဆုံးတစ်ခုကတော့ Merucari လို့ခေါ်တဲ့ အက်ပလီကေးရှင်းဖြစ်ပြီးတော့ ဒီအက်ပလီကေးရှင်းမှာဆိုရင် ပစ္စည်းတွေကို ကိုယ်ပိုင်အကောင့်ကနေ ရောင်းနိုင်သလို ဝယ်ယူနိုင်တာတို့လုပ်နိုင်ပါတယ်။ အွန်လိုင်းဝန်ဆောင်မှုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တစ်ခုခုကို ဝယ်တော့မယ်ဆိုရင် သူတို့ရေးထားတဲ့ အညွှန်းတွေကိုသေချာဖတ်ဖို့အကြံပြုချင်ပါတယ်။ ကျွန်တော်ကတော့ အများအားဖြင့် စာအုပ်အဟောင်းတွေကို ဝယ်လေ့ရောင်းလေ့ရှိပါတယ်။ ဥပမာ စာအုပ်ဝယ်တော့မယ်ဆိုရင် အောက်ပါအတိုင်း စကားလုံးလေးတွေကိုကိုသေချာဖတ်ပြီးတော့မှ ဝယ်ဖို့အကြံပြုသလို ကိုယ်တိုင်ရောင်းတဲ့ အချိန်မှာလဲ ကိုယ်ရောင်းမယ့် ပစ္စည်းအကြောင်းကို အသေးစိတ်သေချာရေးပြီးတော့မှ ရောင်းဖို့ တိုက်တွန်းချင်ပါတယ်.

  • 新品 (shinpin) - ပစ္စည်းအသစ်။ 
  • ほぼ新品 (hobo shinpin) - ပစ္စည်းအသစ်နီးပါး။
  • 未使用 (mishiyō) - အသုံးမပြုရသေး။
  • 未使用に近い (mishiyō ni chikai) - အသုံးမပြုရသေးသလောက်သစ်။
  • やや使用感あり (yaya shiyōkan ari) - နည်းနည်းအသုံးပြုထား။
  • 書き込みあり (kakikomi ari) - အထဲမှာ ရေးခြစ်ထား။
  • 書き込みなし (kakikomi nashi) - ရေးခြစ်ထားခြင်းမရှိ။
  • 傷 (kizu) - အနာရှိ။
  • 汚れ (yogore) - ပေနေခြင်း။

Sayonara Sale Group များ

(ဓာတ်ပုံ - kyoto sayonara sale Facebook Group)

နောက်တစ်နေရာကတော့ ဝန်ဆောင်မှုခတွေ သက်သာတဲ့နေရာလို့ဆိုနိုင်တဲ့ Facebook Group တွေမှာ မလိုအပ်တဲ့ ပစ္စည်းတွေရောင်းချခြင်း၊ ဝယ်ယူခြင်းဖြစ်ပါတယ်။ အထူးသဖြင့် နေရာ‌ဒေသအလိုက်တွေ့နိုင်တဲ့ 〇〇 sayonara sale group တွေမှာရောင်း၊ ဝယ်ပြုလုပ်ခြင်းဖြစ်ပါတယ်။ အများအားဖြင့် အင်္ဂလိပ်လိုနဲ့ အရောင်းအဝယ်ပြုလုပ်လေ့ရှိကြပါတယ်။ sayonara sale group တွေမှာတော့မလိုအပ်တဲ့ ပစ္စည်းတွေကို အခမဲ့ ပြန်ပေးတာမျိုးတွေလဲရှိပါတယ်။ သတိထားရမယ့် အချက်ကတော့ အပေါ်က အက်ပလီကေးရှင်းတွေမှာလို သေချာ ပစ္စည်းအကြောင်းအရာတွေကိုသေချာရေးတာတို့ စျေးနှုန်းနှင့် တခြား လိုအပ်ချက် အကြောင်းအရာတွေကိုပါ သေချာဖြည့်စွက်ရေးသာဖို့လိုအပ်ပါတယ်။ 

Myanmar Community များ 

(ဓာတ်ပုံ - ပိုလျှံပစ္စည်းများ အလဲအလှယ်, ပေးကမ်းလှူဒါန်း Group)

နောက်ပြီးတော့ ဂျပန်မှာတော့ အမှိုက်ပစ်တဲ့ အချိန်မှာ ပစ္စည်းအကြီးတွေကိုဆိုရင်တော့ ပိုက်ဆံပေးပြီးတော့ ပစ်ရပါတယ်။ ဒါကြောင့်မို့လို့ အိမ်ပြောင်းတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ပစ္စည်းတွေမလိုအပ်တော့ဘူးဆိုရင် အ‌ဟောင်းဆိုင်မှာရောင်းရင်ရောင်း ဒါမှမဟုတ် သူငယ်ချင်းတွေကိုပြန်ပေးတာမျိုးလုပ်တာမျိုးကကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ဒါမှမဟုတ် အချိန်မရှိဘူးသက်သက်သာသာနဲ့ ပစ္စည်းတွေကိုတခြားတယောက်ဆီလွဲပြောင်းချင်ရင်တော့ Facebook ပေါ်ကမြန်မာတွေအဖွဲ့တွေမှာတင်ပြီးတော့ပေးတဲ့ အချက်ကလဲ ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ အချင်းချင်းအပြန်အလှန်လေးစားမှုနဲ့ ဆက်သွယ်ပြောဆိုဖို့ တိုက်တွန်းချင်ပါတယ်။ 

အကျဥ်းချုပ် 

ဒီဆောင်းပါးမှာတော့ ဂျပန်မှာ အဝတ်အစားဟောင်းတွေကို ဝယ်ရမယ့်နေရာတွေကိုဖော်ပြပြီး မိမိ မလိုအပ်တဲ့ အချိန်မှာ ဘယ်နေရာတွေမှာရောင်းရမလဲဆိုတဲ့ အချက်တွေကိုပါဖော်ပြ ခဲ့ပါတယ်။ ဂျပန်မှာတော့ ပစ္စည်းပစ်တဲ့ အချိန်မှာ အမြဲတမ်းဒုက္ခရောက်တဲ့ အတွက်ကြောင့်မို့လို့ ဒီဆောင်းပါးမှာဖော်ပြတဲ့ အချက်တွေကိုအသုံးပြုပြီးတော့ ပိုပြီးတော့ အဆင်ပြေလာစေဖို့မျှော်လင့်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ ဂျပန်မှာ Second Hand အထည်နဲ့ပစ္စည်းတွေကို ဘယ်မှာဘယ်လို အရောင်းအဝယ်လုပ်မလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ