ဂျပန်ရဲ့အနိမ့်ဆုံးအခြေခံလစာနှင့် တနှစ်တာဝင်ငွေ၊ လစာဖြတ်ပိုင်း ကြည့်ပုံကြည့်နည်း

နိုင်ငံတစ်နိုင်ငံမှာအလုပ်နဲ့ပတ်သက်လို့အခြေခံလစာသတ်မှတ်ချက်ရှိပါတယ်။ဂျပန်နိုင်ငံမှာလည်းအခြေခံလစာသတ်မှတ်ချက်ရှိပါတယ်။ဂျပန်ရဲ့မြို့၊နယ်အလိုက်အခြေခံလစာမတူညီပါဘူး။နယ်ကတော့နည်းနိုင်ပြီး၊တိုကျိုလိုနေရာမျိုးကတော့လုပ်အားခပိုရပါတယ်။တစ်နေ့ကိုဘယ်နာရီလုပ်ရမယ်ဆိုတဲ့အလုပ်လုပ်ချိန်သတ်မှတ်ချက်ရှိပြီးအဲထက်ပိုအလုပ်လုပ်ခိုင်းပါကအချိန်ပိုကြေးရရှိပါသည်။လစာအနေနဲ့လည်းအချိန်ပိုင်းအလုပ်လစာနဲ့အမြဲတမ်းဝန်ထမ်းလစာအစရှိသဖြင့်ကွာခြားပါတယ်။ဂျပန်မှာအနိမ့်ဆုံးလစာစနစ်ရှိပြီး၊အခွန်စနစ်လည်းရှိပါတယ်။လစာမှာအခွန်ဘယ်လောက်ဆောင်ရမယ်ဆိုတဲ့သတ်မှတ်ချက်လည်းရှိပါတယ်။နောက်ပြီ ဂျပန်နိုင်ငံမှာတော့ လစာကို တနှစ်တာ ဝင်ငွေ အနေနဲ့ တွက်ချက်တတ်လေ့ရှိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ဂျပန်မှာ အလုပ်လုပ်ရင် တနှစ်တာ ဝင်‌ငွေဘယ်လောက်လောက်ရရှိနိုင်မလဲ။ နောက်ပြီး အခွန်ဘယ်လောက်လောက်ဆောင်နိုင်မလဲဆိုတာရယ် ဘယ်လိုအခွန်တွေဆောင်ရမလဲနဲ့ လစာဖြတ်ပိုင်းကိုဘယ်လိုကြည့်ရမလဲ ဆိုတာတွေကို ရှင်းပြပေးသွားပါ့မယ်။

မာတိကာ

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ နိုင်ငံခြားသားတွေကို အလုပ်ခန့်တဲ့ ကုမ္ပဏီတွေကိုသိချင်တယ် ဂျပန်မှာ အနာဂါတ်အသက်မွေးဝမ်းကြောင်းအတွက် စိုးရိမ်ပူပန်နေပါသလား လက်ရှိဗီဇာနှင့် ဘယ်လိုအလုပ်မျိုး လုပ်နိုင်လဲ သိချင်ပါသလား။
ဂျပန်မှာ အလုပ်ရှာဖို့အတွက် WeXpats Agent မှအစအဆုံး Support ပေးပါမည်။ အခမဲ့ WeXpats Agentဆွေးနွေးကြည့်နိုင်ပါသည်။

ဂျပန်နိုင်ငံရဲ့ အနိမ့်ဆုံးအခြေခံလစာ

 အချိန်ပိုင်းလစာနဲ့ပတ်သက်ပြီး

ဂျပန်မှာကတိုကျိုရဲ့အခြေခံလစာကဒီပြင်နေရာတွေထက်အနည်းငယ်များပြားနိုင်ပါတယ်။အဲဒါကြောင့်ဂျပန်လာမယ်ဆိုရင်ပထမဦးစားပေးတိုကျိုလိုနေရာမျိုးကိုလာချင်ကြပါတယ်။အချိန်ပိုင်းလုပ်အားခအနေနဲ့တစ်နာရီ(၉၈၅)ယန်းရရှိမှာဖြစ်ပါတယ်။ဒါပေမယ့်မိမိရဲ့ဂျပန်စာအရည်အချင်းပေါ်မူတည်ပြီးဒီပိုက်ဆံပမာဏပိုပြီးတော့လည်းရရှိနိုင်မှာဖြစ်ပါတယ်။အိုဆာကာမှာတော့တစ်နာရီ(၉၃၆)ယန်းရရှိမှာဖြစ်ပါတယ်။ဂျပန်ရဲ့ကျန်တဲ့မြို့နယ်အလိုက်ရရှိတဲ့ပမာဏကွဲပြားသွားမှာဖြစ်ပါတယ်။နောက်တစ်ခုကကျောင်းသားဆိုရင်အလုပ်လုပ်ချိန်(၂၈)နာရီကျော်လုပ်လို့မရနိုင်ဘူး။လုပ်လို့အချိန်တအားကျော်သွားရင်ဗီဇာတိုးတဲ့အခါအခက်အခဲဖြစ်နိုင်ပါတယ်။အချိန်ပိုင်းအလုပ်မှာလည်းပုံမှန်အလုပ်ချိန်ကိုကျော်ပြီးအလုပ်လုပ်ခဲ့ရရင်လည်းမိမိလစာရလာတဲ့အခါအချိန်ပိုကြေးပါထည့်ထွက်ထားမှာဖြစ်ပါတယ်။အောက်ပါဇယားကွက်အရမိမိနေထိုင်တဲ့ဂျပန်ရဲ့မြို့အလိုက်တစ်နာရီလုပ်အားခနဲ့ပတ်သက်လို့ဂျပန်နိုင်ငံရဲ့ အလုပ်သမားကြီးကြပ်ရေးဌာန ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အမြဲတမ်းဝန်ထမ်းလစာနဲ့ပတ်သက်ပြီး

အချိန်ပိုင်းဝန်ထမ်းအပြင်စာချုပ်ဝန်ထမ်းနဲ့အမြဲတမ်းဝန်ထမ်းဆိုပြီးနှစ်မျိုးရှိပါတယ်။စာချုပ်ဝန်ထမ်းကတော့အချိန်အကန့်အသတ်ဖြင့်စာချုပ်ချုပ်ပြီးအလုပ်လုပ်ရတဲ့ပုံစံဖြစ်ပါတယ်။အမြဲတမ်းဝန်ထမ်းကတော့အချိန်အကန့်အသတ်မရှိအလုပ်လုပ်နိုင်ပါတယ်။ကျောင်းပြီးပြီးချင်းအလုပ်စဝင်တဲ့သူတွေအနေနဲ့အကြင်းဖျင်းအားဖြင့်ဂျပန်ယန်း(၁၈)သောင်းလောက်ရရှိကြပါတယ်။ကုမ္မဏီလိုက်ပြီးကွာခြားမှုရှိနိုင်ပါတယ်။အဲဒီထဲကမှအခွန်များလည်းဖြတ်တောက်မှုရှိနိုင်ပါတယ်။ကျန်တဲ့ဗီဇာတွေဖြစ်တဲ့ထရိန်နင်ဗီဇာနဲ့လည်းလစာပမာဏလည်းအနည်းငယ်ကွဲပြားမှုရှိနိုင်ပါတယ်။ဂျပန်မှာတစ်နှစ်စုစုပေါင်းအလုပ်လုပ်ရက်၂၅၅ရက်ရှိပြီးတစ်နေ့အလုပ်လုပ်ချိန်၈နာရီဆိုပြီးသတ်မှတ်ထားပါတယ်။အဲဒီထဲကနေလစာပမာဏကိုတွက်ချက်ပြီးအနိမ့်ဆုံးအခြေခံလစာများကိုသတ်မှတ်ကြခြင်းဖြစ်ပါတယ်။နောက်တစ်ချက်အမြဲတမ်းဝန်ထမ်းဖြစ်လာပြီဆိုရင်ခြောက်လအထက်အလုပ်လုပ်ခဲ့ပြီးရင် လစာရခွင့်ရက်ရပါတယ်။

လစာ အပြင် တခြားခံစားခွင့်မျာ

လစာရဲ့နှစ်အလိုက်ရရှိတဲ့ဝင်ငွေနဲ့နောက်တစ်ခုကဘောနပ်ဆိုပြီးပေးတာမျိုးလည်းရှိပါတယ်။ဘောနပ်ကတော့ကုမ္မဏီလိုက်ပြီးကွာခြားတာမျိုးရှိပါတယ်။အကြိမ်အရေအတွက်ကွာခြားမှုရှိနိုင်ပါတယ်။ရတဲ့လစာကလည်းအကုန်လုံးမိမိမရပါဘူး။အခွန်ဖြတ်တောက်ပြီးမှလက်ကျန်ပိုက်ဆံရရှိမှာဖြစ်ပါတယ်။နောက်တစ်ခုဗဟုသုတအနေနဲ့အလုပ်တစ်ခုဝင်မယ်ဆိုရင်အလုပ်ချိန်၊ပိတ်ရက်၊အချိန်ပိုဘယ်နာရီရှိသလဲဆိုတာမေးကြည့်သင့်ပါတယ်။ကုမ္မဏီတော်တော်များများမှာအချိန်ပိုကြေးပါတွက်ချက်ပြီးလစာနဲ့ပေါင်းပြီးပေးတတ်ကြပါတယ်။ခွင့်ရက်အနေနဲ့လည်းခြောက်လပြည့်ပြီးနောက်ပိုင်းခွင့်ရက်ဆယ်ရက်အထိယူခွင့်ရှိပါတယ်။ဂျပန်မှာကမိမိအလုပ်လုပ်လိုက်တဲ့အချိန်ကိုလိုက်ပြီးပေးချေတဲ့စနစ်ကလည်းအလုပ်လုပ်တဲ့သူတွေအတွက်အဆင်ပြေစေပါတယ်။မိနစ်၊စက္ကန့်နဲ့လိုက်ပြီးအလုပ်လုပ်ချိန်အတိုင်းတိတိကျကျကုမ္မဏီဘက်ကပေးဆောင်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ပျှမ်းမျှ တနှစ်တာ ဝင်‌ငွေ 

ဂျပန်နိုင်ငံမှာတော့ လစာကို တနှစ်တာ ဝင်ငွေအနေနဲ့ဖော်ပြလေ့‌ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ အလုပ်သမားကြီးကြပ်ရေးဌာန ရဲ့ ၂၀၂၁ ခုနှစ် စစ်တမ်းတွေအရဆိုရင် ဂျပန်နိုင်ငံရဲ့ ပျှမ်းမျှ တနှစ်တာ ဝင်‌ငွေ ကတော့ ဂျပန်ယန်း ၄၅၆.၄ သောင်း ရှိပါတယ်။ မြန်မာငွေနဲ့ဆို သိန်း ၇၀၀ ကျော်လောက်မှာရှိပါတယ်။ ဒီအချက်အလက်ကတော့ ဂျပန်နိုင်ငံရဲ့ သာမန်အလုပ်သမား၊ ဝန်ထမ်းတွေရတဲ့လစာဖြစ်ပါတယ်။ သာမန်အလုပ်သမားဆိုတာက အချိန်ပိုင်အလုပ်အပြင်တခြား အလုပ်သမားတွေအကုန် လုံးကိုဆိုလိုပါတယ်။ ၂၀၂၀ ခုနှစ်နဲ့ယှဥ်လိုက်ရင် ၃ သောင်းလောက် လျော့ ကျနေတယ်လို့ စစ်တမ်း အရ သိနိုင်ပါတယ်။ ကိုလိုနာကြောင့် စီးပွားရေး ရပ်နားမှုတွေရှိလာတာကြောင့်လဲ ပါပါတယ်။ အဲဒါကြောင့် ဘောနပ်တွေ နည်းလာသလို၊ လစာတွေလဲ နည်းနည်းချင်းစီ အနုတ်ခံရတာတွေရှိလာလို့ပါ။ ဒီအချက်အလက်ကတော့ အားလုံးပို ခြုံငုံပြီး တွက်ချက်ထားတာမို့လို့ တစ်ဦးချင်းအပေါ်မူတည်ပြီးတော့ အနည်းအများတော့ ကွာနိုင်ပါသေးတယ်။ ဒါကြောင့် ထပ်ပြီးတော့ ကျားမ၊ ပညာအရည်အချင်း၊အသက်အရွယ်၊ စတဲ့ အချက်တွေအပေါ်မူတည်ပြီးတော့ ဂျပန်နိုင်ငံရဲ့ တနှစ်တာ ဝင်ငွေ ကို စစ်တမ်းတွေအပေါ်မူတည်ပြီးတော့ ရှင်းပြသွားပါ့မယ်။ 

အမျိုးအသား၊ အမျိုးသမီး ဝင်‌ငွေ 

အလုပ်သမားကြီးကြပ်ရေးဌာန ရဲ့ စစ်တမ်းကိုအခြေခံပြီးကြည့်ရရင် ဂျပန် နိုင်ငံရဲ့ တနှစ်တာဝင်ငွေကို ကျားမ အလိုက်ကြည့်လိုက်ရင် အမျိုးသားတွေရဲ့ လစာ က ဂျပန်ငွေ ယန်း ၅၀၆.၄ သောင်း (မြန်မာငွေ သိန်း၇၀၀ ကျော်) ဖြစ်ပြီး အမျိုးသမီးတွေကတော့ ဂျပန်ငွေ ယန်း ၃၆၆ သောင်း (မြန်မာငွေ သိန်း၅၀၀ ကျော် ) ဆိုပြီးတွေ့ရပါတယ်။ ဒီနေရာမှာ မြန်မာ‌‌ငွေနဲ့ တွက်ပြထားတာက နားလည်ရလွယ်အောင် သက်သက် ဖြစ်ပါတယ်။ ငွေလှဲနှုန်းအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ ဒါကြောင့် ပိုပြီးသေချာချင်ရင် ကိုယ်တိုင် ဂျပန်-မြန်မာ ငွေလှဲလှယ်နှုန်းကို စစ်ဆေးကြည့်စေချင်ပါတယ်။ နောက်ပြီး ဂျပန်နိုင်ငံ မှာတော့ အမျိုးသားနဲ့ အမျိုးသမီးကြား ဝင်ငွေ တော်တော် ကွာခြားမှုရှိပါတယ်။ ဘာလို့လဲဆိုတော့ လက်ထပ်ပြီး ကလေးမွေးပြီး ကလေးကိုပြုစုပျိုးထောင်ဖို့အတွက် အမြဲထမ်းဝန်ထမ်း အနေနဲ့ အလုပ်လုပ်မလုပ်ကြတဲ့ အမျိုးသမီးတွေများပြားလို့ဖြစ်ပါတယ်။ 

ပညာအရည်အချင်း

ပညာအရည်အချင်း ကလဲ လစာပမာဏ ကို သတ်မှတ်တဲ့ အချက်တချက်ဖြစ်ပါတယ်။ ဂျပန်ိနုင်ငံ ပညာရေး အရည်အချင်းအလိုက် ရရှိနိုင်မယ့် တနှစ်တာ ဝင်ငွေ ကိုကြည့်ရရင် 

  • အလယ်တန်းကျောင်း  - ဂျပန်ယန်းငွေ ၃၅၇.၄ သောင်း 

  • အထက်တန်းကျောင်း - ဂျပန်ယန်းငွေ ၃၉၅.၁ သောင်း 

  • အသက်မွေးဝမ်းကြောင်းသင်တန်း - ဂျပန်ယန်းငွေ ၄၁၈.၅သောင်း 

  • အထက်တန်း အသက်မွေးဝမ်းကျောင်းသင်တန်း သို့မဟုတ် ကာလတို တက္ကသိုလ် - ဂျပန်ယန်းငွေ ၄၃၆.၈သောင်း 

  • တက္ကသိုလ်ဘွဲ့ရ - ဂျပန်ယန်းငွေ ၅၄၈.၁ သောင်း 

  • ဘွဲ့လွန် - ဂျပန်ယန်းငွေ ၇၂၅.၆ သောင်း 

ပညာအရည်အချင်းမြင့်လေ လစာ ကလဲ မြင့်လာလေဖြစ်ပါတယ်။ တခြားနိုင်ငံမှာလဲ အတူတူပဲလိုထင်ပါတယ်။ ပညာအရည်အချင်း နိမ့်ပေမယ့် ဝင်ငွေ အများကြီးရှာတဲ့ သူတွေလဲရှိပါတယ်။ဒီအချက်တွေကလဲ တခြားနိုင်ငံ မှာအခြေအနေအတူတူပဲဖြစ်ပါတယ်။ နောက်ပြီး ဂျပန်နိုင်ငံ ရဲ့ တက္ကသိုလ် ဆက်တက်တဲ့ ကျောင်းသားအရေအတွက်ကလဲ ၅၀ ရာခိုင်နှုန်း ကျော် ရှိပါတယ်။ အထက်တန်း ကျောင်းအထိ ဆက်တက်တဲ့သူအရေအတွက်ကတော့ ၉၀ ရာခိုင်နှုန်း ကျော်ပါတယ်။ 

အသက်အရွယ်

စစ်တမ်းအရ အသက်အရွယ်အပေါ် မူတည်ပြီး ဝင်ငွေကတော့ 

  • အသက် ၁၉နှစ်  ဂျပန်ယန်းငွေ ၂၃၃.၃ သောင်း

  • ၂၀ နှစ် မှ ၂၄ နှစ်အတွင်း  ဂျပန်ယန်းငွေ ၂၉၃.၃ သောင်း

  • ၂၅ နှစ် မှ ၂၉ နှစ်အတွင်း  ဂျပန်ယန်းငွေ ၃၆၀.၂ သောင်း

  • ၃၀ နှစ် မှ ၃၄ နှစ်အတွင်း  ဂျပန်ယန်းငွေ ၄၀၈.၈ သောင်း

  • ၃၅ နှစ် မှ ၃၉ နှစ်အတွင်း ဂျပန်ယန်းငွေ ၄၅၇ သောင်း

  • ၄၀ နှစ် မှ ၄၄ နှစ်အတွင်း  ဂျပန်ယန်းငွေ ၄၉၄.၂ သောင်း

  • ၅၀ နှစ် မှ ၅၄ နှစ်အတွင်း  ဂျပန်ယန်းငွေ ၅၅၆.၆ သောင်း

  • ၅၅ နှစ် မှ ၅၉ နှစ်အတွင်း  ဂျပန်ယန်းငွေ ၅၅၃.၂ သောင်း

  • ၆၀ နှစ် မှ ၆၄ နှစ်အတွင်း  ဂျပန်ယန်းငွေ ၄၁၇.၄ သောင်း

  • ၆၅ နှစ် မှ ၆၉ နှစ်အတွင်း  ဂျပန်ယန်းငွေ ၃၄၇.၇ သောင်း

  • ၇၀ နှစ် -  ဂျပန်ယန်းငွေ ၃၁၇.၁ သောင်း

ဂျပန်မှာတော့ အသက် ၃၅ ကနေ ၅၉ နှစ်အတွင်းကို လုပ်လုပ်လို့ကောင်းတုန်းအရွယ်လို့သတ်မှတ်ကြပါတယ်။ အထူသဖြင့် အသက် ၅၀ အရွယ်မှာဆို လစာအများဆုံးရတတ်ကြပါတယ်။ဒီအသက်အရွယ်ရောက်ရင် လုပ်ငန်းရဲ့ အဓိကကျတဲ့ တာဝန်တွေကိုထမ်းဆောင်ရလေ့ရှိပါတယ်။

ဒီအချက်အလက်တွေကို အဓိက ကိုးကားထားတာကတော့ ဂျပန်နိုင်ငံအလုပ်သမား ဝန်ကြီးဌာန ရဲ့ ပျမ်းမျှ လစာ စစ်တမ်း ကနေဖြစ်ပါတယ်။ 

ဂျပန်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေရဲ့ တစ်နှစ်တာဝင်ငွေ

 ၂၀၂၁ ခုနှစ် မှာ ကောက်ယူခဲ့တဲ့စစ်တမ်းတွေအရဆိုရင် ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေရဲ့ ပျမ်းမျှတနှစ်တာ ဝင်ငွေ က ဂျပန်ယန်း‌ သောင်း ၂၉၆.၉ ကျော် ဖြစ်ပါတယ်။ဂျပန်လူမျိုးတွေရြ့ တစ်နှစ်တာ ဝင်ငွေနဲ့ နှိုင်းယှဥ်ကြည့်လိုက်ရင် ကွာဟမှု အနည်းငယ်ရှိပါတယ်။ အကြောင်းအရင်းကတော ဂျပန်မှာလုပ်နေတဲ့ နိုင်ငံခြားသားတွေက အမျာအားဖြင့် အသက်ငယ်ပိုင်းတွေများပြီး ဂျပန်နိုင်ငံ မှာ အကြာကြီး ဆက်အလုပ်မလုပ်ကြလို့ဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ အလုပ်လုပ်တဲ့ သူတွေရဲ့ ပျမ်းမျှ အသက်အရွယ် က ၄၃.၄ နှစ် ဖြစ်ပြီး နိုင်ငံခြားသားတွေရဲ့ ပျမ်းမျှ အသက်အရွယ်ကတော့ ၃၂.၇ နှစ်ဖြစ်ပါတယ်။ နောက်ပြီး ဂျပန်လူမျိုးတွေရဲ့ ဆက်တိုက် အလုပ်လုပ်တဲ့ ပျမ်းမျှ အချိန်ကတော့ ၁၂နှစ်ကျော် ဖြစ်ပြီး နိုင်ငံခြားသားတွေကတော့ ၃ နှစ်ကျော်မျှသာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ အလုပ်သက်ကြာလေ လစာမင့်လေ ဖြစ်တာမို့ ဒီအကြောင်းအရာတွေကလဲ နိုင်ငံခြားသားတွေ ပျမ်းမျှလစာ နိမ့်ပါးရခြင်းရြ့ အကြောင်းအရင်းတရပ်ပါ။

နောက်ပြီး နိုင်ငံခြားသားတွေရဲ့ လစာ ကိုကြည့်ရင် ထည့်စဥ်းစားရမယ့် အချက်တချက်က နေထိုင်ခွင့်ဗီဇာ အမျိုးအစားကို ထည့်စဥ်းစားဖို့လိုအပ်ပါတယ်။ ဒါဆို နေထိုင်ခွင့် ဗီဇာအလိုက် လစာ ဘယ်လိုမျိုး ကွာခြားချက် တွေရှိလဲကြည့်ကြည့်ကြရအောင်။ တိုကုတေးဂိနိုး မှလွဲပြီး တခြားဗီဇာ အမျိုးအစားကိုကိုင်ဆောင်ထားကြတဲ့ နိုင်ငံခြားသားတွေရဲ့ လစာကတော့ တနှစ်တာ ယန်း ၄၃၉.၄ သောင်းဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆို သိန်း ၆၀၀ ‌‌ကျော် ၇၀၀ နီးပါးရှိပါတယ်။ နောက်ပြီး အမြဲတမ်းနေထိုင်ခွင့်ရတဲ့သူတွေ နဲ့ အိမ်ထောင်သည် ဗီဇာကိုင်ထားတဲ့သူတွေဆိုရင် ယန်း ၃၆၆.၆ သောင်း‌ကျော် ဝင်ငွေရှိပါတယ်။ မြန်မာငွေနဲ့ဆို သိန်း ၅၀၀ ကျော်က နေ ၆၀၀ ကြားလောက်ရှိနိုင်ပါတယ်။ တိုကုတေးဂိနိုးသမားတွေကတော့ ယန်း ၂၃၈.၈ သောင်းလောက်ရနိုင်ပြီး မြန်မာငွေနဲ့တွက်ချက်မယ်ဆိုရင် သိန်း ၃၀၀ ကျော်ကနေ ၄၀၀ ကြားထဲရှိပါတယ်။ ဒါတွေဟာ တနှစ်တာ ဝင်ငွေတွေပါ။ 

လစာ ဖြတ်ပိုင်းကိုဘယ်လိုကြည့်မလဲ

ဂျပန်နိုင်ငံမှာ‌တော့ အလုပ်ခေါ် စာတော်တော်များများမှာ တနှစ်တာ ဝင်ငွေ နဲ့ လစာကိုတွက်ချက်ပြလေ့ရှိပါတယ်။ ဒါကြောင့် တနှစ်တာ ဝင်‌ငွေ ကို တွက်ချက်တာ အသားကျအောင်ထားသင့်ပါတယ်။ တနှစ်တာ ဝင်ငွေ ဆိုတဲ့ အသုံးနှုန်းမှာ တနှစ်တာ အတွင်းရရှိနိုင်မယ့် ဘောနပ်ပမာဏ လဲပါဝင်ပြီးသားဖြစ်ပါတယ်။ လစာကတော့ ပုံမှန်ပဲ တလချင်း ပေးသွင်းပါတယ်။ တလချင်းပေးသွင်းတဲ့အခါမှာ လစာ ဖြတ်ပိုင်းနဲ့အတူ ပိုက်ဆံ ရပါတယ်။ လစာဖြတ်ပိုင်းမှာ အခွန်၊ ဝင်ငွေတွေကိုသေချာရေးသားဖော်ပြထားပါတယ်။ တချို့ အသုံးအနှုန်းတွေက ခက်ခဲပြီး ဘာကြောင့်မှန်းမသိ နှုတ်ခံရတာတွေရှိတတ်ပါတယ်။ ဒါကြောင့် ဂျပန်မှာ အလုပ်လုပ်မယ်ဆိုရင် လစာဖြတ်ပိုင်းကို ဘယ်လိုကြည့်ရမလဲ ကြိုတင်ပြီးသိသားရင် အဆင်ပြေပါတယ်။ဒါမှမဟုတ် ဂျပန်မှ အလုပ်ဝင်ပြီး လစာရရင် မိမိ လစာ ဖြတ်ပိုင်းကို ကြည့်ရင်း ဒီဆောင်းပါးနဲ့ ပြန်ပြီး တိုက်တာ ဖြစ်ဖြစ် လုပ်တာလဲ ကောင်းပါတယ်။ လစာ ဖြတ်ပိုင်းမှာ ပါဝင်နေတဲ့ စာသားတွေအကြောင်းအရာတွေက ကုမ္ပဏီ အပေါ်မူတည်ပြီးတော့လဲ အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဒီဆောင်းပါမှာတော့ ပါနိုင်ချေများတဲ့ စကားလုံးတွေကို ဖော်ပြလိုက်ပါတယ်။ 

ရုံးတက်နေ့များ

လုပ်ချိန်၊ အလုပ်လုပ်တဲ့အရက် လစာရှိခွင့်ရက် စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး 「勤怠」ဆိုတဲ့ နေရာမှာဖော်ပြလေ့ရှိပါတယ်။ နောက်ပြီး လစာရှိခွင့်ရက်ဆိုတာကတော့ ဂျပန်အစိုးရက တရားဝင်သတ်မှတ်ထားတဲ့ လစာယူပြီး ခွင့်ယူခွင့်ရှိတဲ့ ပိတ်ရက် ကိုဆိုလိုတာပါ။ကဲ ဒါဆိုရုံးတက်ရုံးဆင်းတဲ့ အကြောင်းပရာတွေနဲ့ပတ်သက်ပြီးကြည့်လိုက်ရအောင် 

  • 就業日数:ကုမ္ပဏီမှ သတ်မှတ်ထားတဲ့ တလတာ ရုံးတက်တဲ့ရက်အရေအတွက်။ 

  • 出勤日数:မိမိရုံးတက်တဲ့ရက် အရေအတွက်။ 

  • 欠勤日数:အလုပ် ပျက်ကွက်သည့်ရက်။

  • 遅刻日数:ရုံးနောက်ကျတဲ့ ရက် အရေအတွက်။

  • 早退日数:စောစောရုံးဆင်းတဲ့ ရက်အရေအတွက်။

  • 有給消化日数:လစာရှိခွင့်ရက် သုံးတဲ့ ရက်အရေအတွက်။ 

  • 有給残:လက်ကျန် လစာရှိခွင့်ရက်အရေအတွက်။

  • 勤務時間:အလုပ်လုပ်တဲ့အချိန်အရေအတွက်။

  • 普通残業時間:အချိန်ပို အလုပ်အချိန်အရေအတွက်။

  • 休日出勤時間:ပိတ်ရက် မှာ အလုပ်လုပ်တဲ့ အချိန်အရေအတွက်။

အချိန်ပိုဆင်းခဲ့ပေမယ့် လစာဖြတ်ပိုင်းထဲ ထည့်မတွက်ထားတာတို့ လစာရှိခွင့်ရက် မသုံးသေးဘဲ လျှော့ နေတာတို့တွေကိုသေချာ ပြန်စစ်ဆေးပါ။

ကုမ္ပဏီဘက်က ထောက်ပံ့ပေးတဲ့ ထောက်ပံ့ကြေး

ကုမ္ပဏီဘက်က ပေးတဲ့ထောက်ပံ့ကြေး ကိုတော့ 「支給額」ဆိုတဲ့နေရာမှာ ဖော်ပြထားပါတယ်။ 

  • 基本給:မူလလစာ။

  • 通勤手当:လမ်းစရိတ်။

  • 住宅手当:အိမ်လခ

  • 役職手当:အလုပ်၊ ရာထူး လိုက်ပြီးပေးသော ထောက်ပံ့ကြေး။

  • 残業手当:အချိန်ပိုကြေး။

  • 資格手当:အလုပ်မှာ လိုအပ်တဲ့အရည်အချင်းအတွက် လိုအပ်သော စာမေးပွဲဖြေဆိုရန်အတွက် ထောက်ပံ့ကြေး။

  • 深夜勤務手当: ညဘက် အချိန်ပိုကြေး။

ညဘက် ၁၀ နာရီကနေ နောက်နေ့ မနက် ၁၀ နာရီအထိ အလုပ်လုပ်တဲ့အချိန် ပေးသော ထောက်ပံ့ကြေး (ဥပဒေအရ ကုမ္ပဏီ ဘက်မှ အခြေခံ လစာ ရဲ့ ၂၅ ရာခိုင်နှုန်းနှင့်အထက် ပေးဆောင်ရမည်။)

  • 法定休日手当:ပိတ်ရက်မှာ အလုပ်လုပ်တဲ့ အချိန်ပိုကြေး။ (ဥပဒေအရ ကုမ္ပဏီ ဘက်မှ အခြေခံ လစာ ရဲ့ ၂၅ ရာခိုင်နှုန်းနှင့်အထက် ပေးဆောင်ရမည်။)

ထောက်ပံ့ကြေးတွေက ကုမ္ပဏီအပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်။ ဒီ‌ဆောင်းပါးမှာ ရှင်းပြခဲ့တဲ့ ဆောင်းပါး‌ ထောက်ပ့ကြေးတွေအပြင် ကျန်းမာ‌ရေးလိုက်စားဖို့ အတွက် ဆေးလိပ်ဖြတ် ထောက်ပံ့ကြေး၊ အစားအသောက်ထောက်ပံ့ပေးတဲ့ အစားအသောက် ထောက်ပံ့အစသဖြင့် ရှိပါတယ်။ 

အဖြတ် ခံရမယ့် ပမာဏ

ဂျပန်က ကုမ္ပဏီ ဝန်ထမ်းတွေဆိုရင် ပင်စင်၊ ကျန်းမာရေးအာမခံဦ အခွန် အစသဖြင့် အဖြတ်ခံရပါတယ်။ အဖြတ်ခံရမယ့် ပမာဏကို 控除 ဆိုတဲ့ နေရာမှာ ဖော်ပြထားပါတယ်။ အသားတင် လက်ကျန်က ရတဲ့ အခြေခံလစာထဲကနေ ပြီးတော့ အဖြတ်ခံရတဲ့ ပမာဏဖြစ်ပါတယ်။ 

  • 健康保険:ကျန်းမာရေး အာမခံ။

  • 厚生年金:အလုပ်သမား ပင်စင်။

  • 介護保険:ကျန်းမာရေး စောင့်‌ရှောက်ရေး အာမခံ။(အသက် ၄၀ ကျော်မှစပြီး ပေးဆောင်ရပါတယ်။ )

  • 雇用保険:အလုပ်အာမခံ။

  • 所得税:ဝင်ငွေအခွန်။ 

  • 住民税:နေထိုင်အခွန်။ 

နောက်ပြီး ဒီအခွန် ပမာဏတွေက မိမိရရှိတဲ့ လစာ ပမာဏ နဲ့ လွန်ခဲ့တဲ့ ၁ နှစ်က ရရှိခဲ့တဲ့ ဝင်ငွေ တွေအပေါ်မူတည်ပါတယ်။ 

လစာ ဖြတ်ပိုင်းကို ကြည့်တဲ့ အခါသတိထားရမယ့်အချက်များ

ရုံးက ထုတ်တဲ့လစာ ဖြတ်ပိုင်းမှာလည်း အမှားတွေ ပါတတ်ပါတယ်။ ဒါကြောင့် လစာရတဲ့ အချိန် လစာ ဖြတ်ပိုင်းကို တခေါက်လောက် သေချာ ပြန်စစ်ဆေးသင့်ပါတယ်။ ပြန်စစ်ဆေးတဲ့ အချိန် ဘယ်အချက်တွေကို သတိထားပြီး စစ်ဆေးရမလဲ ဆိုတာကိုရှင်းပြသွားပါ့မယ်။ 

အလုပ်လုပ်တဲ့ အချိန်နှင့် အချိန်ပိုတွေ မှန်ကန်ရဲ့လား စစ်ဆေးပါ။

ပထမ ဆုံးစစ်ရမယ့် အချက်ကတော့ကိုယ်လုပ်ခဲ့တဲ့ လုပ်ရက်အရေအတွက် နဲ့ လုပ်ချိန်ပြင်ပ အလုပ်ချိန်၊ အချိန်ပို အလုပ်ချိန် စတဲ့ အရာတွေ ကိုသေချာ ကြည့်ပါ။ အချိန်ပို အချိန်တွေ အပေါ်မူတည်ပြီး တော့ လစာကအများကြီးပြောင်းလဲ နိုင်တာကြောင့် အချိန်ပို လုပ်ထားတဲ့ အချိန် တွေကို သေချာ မှတ်ထားပြီး လစာ ဖြတ်ပိုင်းနဲ့ တိုက်ရင်တော့ ပိုပြီး သေချာမှန်ကန်ပါတယ်။ 

လစာနဲ့ ဖြတ်တဲ့ငွေတွေ ကိုက်ညီရဲ့လား စစ်ဆေးပါ။

အပေါ်က လုပ်ထားတဲ့လုပ်ရက် ကိုက်ညီမှန်ကန်ရင် နောက်တချက် စစ်ဆေးရမှာက လစာ ပမာဏ ဖြစ်ပါတယ်။ လစာက လဲ အချိန်ပို၊ အလုပ်ချိန် ပြင်ပ စတဲ့ အကြောင်းအရာအပေါ်မူတည်ပြီး ကွဲပြားတဲ့အတွက်ကြောင့် မို့လို့ ဒီအပိုင်းတွေကို သေချာ ထည်တွက်ပြီး တွက်ချက်ပါ။ နောက်ပြီး နှုတ်ထားတဲ့ အခွန်တွေမှန်ကန် လားဆိုတာကိုလဲ သေချာကြည့်ပါ။ ဂရုစိုက်ပြီး ကြည့်ရမယ့် အချက်ကတော့ ရုံးဘက်ကပေးတဲ့လမ်းစာရိတ်တို့က အခွန်မဖြတ် တာမို့လို့ ဒီစာရိတ်တွေကိုပါ အခွန် ဖြတ်ထား၊ မဖြတ်ထား သေချာစစ်ဆေးပါ။

လစာဖြတ်ပိုင်းကို အနည်းဆုံး ၂ နှစ်စာ သိမ်းထာသင့်ပါတယ်။

လစာဖြတ်ပိုင်းကိ‌ုတော့ အများအားဖြင့် ၂ နှစ်စာ လောက်သိမ်းထားသင့်ပါတယ်။ ဘာလို့လဲဆို မတော်တဆ အလုပ်ပြုတ်သွားတဲ့အခါ၊ ‌နောက်ပြီး မပေးရတဲ့လစာတွေကိုတောင်းလို့ ရတဲ့ အချိန်ကာလ က၂ နှစ်တွင်းဖြစ်နေလို့ပါ။ ဒါကြောင့်မို့လို့ ၂ နှစ်စာ လစာဖြတ်ပိုင်းတွေကို သိမ်းထားသင့်ပါတယ်။ 

WeXpats Jobs ဆိုတာ?

WeXpats Jobs ဆိုတာကတော့ ဂျပန်မှာ အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသားတွေကို အားပေးတဲ့ ဝက်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ ဒီတခေါက် အင်တာဗျူးမှာ မိတ်ဆက်ခဲ့တဲ့ ဟိုတယ် အလုပ်အကိုင်တွေအပြင် တခြား လုပ်ငန်းတွေရဲ့ အလုပ်ခေါ် စာအမျိုးမျိုးမိတ်ဆက်ပေးလျက်ရှိပါတယ်။

ဂျပန်ဘာသာစကားအပါအဝင် ဘာသာစကား ၁၁ မျိုး (အင်္ဂလိပ်၊ ဗီယက်နမ်၊ ကိုးရီးယား၊ အင်ဒိုနီးရှား၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ စပိန်၊ ပေါ်တူဂီ ) စတဲ့ဘာသာစကားတွေနဲ့ အလုပ်ရှာဖွေနိုင်မှာဖြစ်ပြီး ဂျပန်စကားကိုသေချာမပြောနိုင်တဲ့တွေလဲ ယုံကြည်မှုရှိရှိနဲ့ အလုပ်ရှာဖွေနိုင်ပါတယ်။ 

၁ ကိုယ်ဘာသာကို ရှာဖွေနိုင်ခြင်း

ဂျပန်စာအရည်အချင်း၊ လုပ်ကိုင်ချင်တဲ့အလုပ်အမျိုးအစား၊ အလုပ်နေရာ စတဲ့အရာတွေကိုဖြည့်စွက်ပြီး ကိုယ့်ဘာသာကို ရှာဖွေနိုင်ပါတယ်။ 

၂ လုပ်ငန်းဘက်က ကမ်းလှမ်းစာတွေကိုလက်ခံစာရယူပါ

လွယ်ကူတဲ့ ‌မေးခွန်းတွေကိုဖြေဆိုပြီး မိမိနဲ့ကိုက်ညီတဲ့အလုပ်ခေါ်စာတွေကို လက်ခံရယူနိုင်ပါတယ် ။ လုံးဝအခမဲ့ဖြစ်တာကြောင့် အောက်က ပုံကနေတဆင့် နိုပ်ပြီး အလုပ်ရှာဖွေနိုင်ပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ ဂျပန်မှာအလုပ်လုပ်ရတဲ့အကြောင်းအရင်း/ ဂျပန်ရဲ့အနိမ့်ဆုံးအခြေခံလစာနှင့် တနှစ်တာဝင်ငွေ၊ လစာဖြတ်ပိုင်း ကြည့်ပုံကြည့်နည်း

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ