ဂျပန်စာအရည်အချင်းစစ်စာမေးပွဲတွေထဲမှာတော့ Japanese Language Proficiency Test (JLPT) အပြင် တခြားစာမေးပွဲတွေ အများကြီးရှိပါတယ်။ ဒီဆောင်းပါးမှာတော့ မိမိရဲ့ ဂျပန်စာအရည်အချင်းကို စမ်းသပ်နိုင်မယ့် စာမေးပွဲတွေကို ဖော်ပြ သွားမှာဖြစ်ပါတယ်။
မာတိကာ
- JLPT
- JLPT အစားဖြေဆိုနိုင်တဲ့ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲများ။
- လုပ်ငန်းသုံးဂျပန်စာ
- တခြားစွမ်းရည်များ
- တခြားစာမေးပွဲများ
- အကျဥ်းချုပ်
JLPT
JLPT ကတော့ Japanese Language Proficiency Test - 日本語能力試験 (Nihongo nouryoku shiken) ရဲ့အတိုကောက်ဖြစ်ပြီးတော့ လူသိအများဆုံးဂျပန်စာ အရည်အချင်းစစ်စာမေးပွဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့ အတိုင်း JLPT ကိုတော့ အဆင့် ၅ ဆင့်ဖြင့်သတ်မှတ်ထားပြီးတော့ အမြင့်ဆုံး N1 ကနေပြီးတော့ အနိမ့်ဆုံး N5 အထိရှိပါတယ်။ အလုပ်ကောင်းကောင်းနဲ့ ဂျပန်မှာ တက္ကသိုလ်တက်ဖို့ ရည်ရွယ်ထားတဲ့ သူတွေအတွက်ကတော့ အဆင့်ကောင်းကောင်းဖြင့်အောင်မြင်ထားဖို့လိုအပ်ပါတယ်။
- စာမေးပွဲချိန် - တစ်နှစ် ၂ ကြိမ် (ဇူလိုင်လ၊ ဒီဇင်ဘာလ)
- စာမေးပွဲကြေး - ၆၅၀၀ ယန်း။ (ဂျပန်ပြည်တွင်း)
JLPT နှင့်ပတ်သက်တဲ့ ဆောင်းပါးကို အောက်ပါလင့် ကနေ ဝင်ဖတ်နိုင်ပါတယ်။ စာမေးပွဲပြင်ဆင်ပုံနှင့်ပတ်သက်တဲ့ ဆောင်းပါးတွေကိုတော့ အောက်ပါလင့် ကနေ ဝင်ဖတ်နိုင်ပါတယ်။
JLPT အပြင်တခြားစာမေးပွဲတွေ ဘာကြောင့်လိုအပ်တာလဲ။
JLPT အပြင် တခြားဂျပန်စာအရည်အချင်းစာမေးပွဲတွေ လဲ အများကြီးရှိပါတယ်။ ဒီနေရာမှာတော့ JLPT အပြင်တခြား ဂျပန်စာအရည်အချင်းစစ်စာမေးပွဲတွေ ဘာကြောင့်လိုအပ်လဲဆိုတဲ့ အကြောင်းအရင်းတွေကို အချက် ၃ ချက်နှင့် ရှင်းပြပါမယ်။
- JLPT ကတော့ တစ်နှစ်မှာ ၂ကြိမ်သာကျင်းပတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီ၂ ကြိမ်အတွင်းမှာ အောင်အောင် ဖြေဖို့လိုအပ်ပါတယ်။ ၁ကြိမ်မအောင်ရင်တော့ ၆ လထပ်စောင့်ရမှာဖြစ်ပါတယ်။
- JLPT မှာတော့ vocabulary, grammar, reading comprehension နှင့် listening.တို့သာပါဝင်ပါတယ်။ speaking နှင့် writing စွမ်းရည်ကိုသိနိုင်ဖို့အတွက်ကတော့ JLPT တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
- တချို့ကျောင်းနှင့် ကုမ္ပဏီတွေကတော့ JLPT level နှင့်ညီမျှတဲ့ ဂျပန်စာအရည်အချင်းရှိရင် လက်ခံတဲ့ အတွက်ကြောင့်မို့လို့ JLPT level နှင့်ညီမျှတဲ့ အချက်အလက်တွေကိုသေချာပြနိုင်တဲ့ တခြားစာမေးပွဲတစ်ခုကိုဖြေထားမယ်ဆိုရင်လဲ အဆင်ပြေပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
JLPT အစားဖြေဆိုနိုင်တဲ့ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲများ။
ဒီဖော်ပြထားတဲ အချက် ၃ချက်ကြောင့် JLPT အစားဖြေဆိုနိုင်တဲ့ စာမေးပွဲတွေကိုဖော်ပြလိုက်ပါတယ်။ ဒီဖော်ပြထားတဲ့ စာမေးပွဲတချို့ကတော့ ဂျပန်နိုင်ငံရဲ့ လဝကရဲ့ ထောက်ခံချက်ကိုရရှိထားတဲ့ စာမေးပွဲဖြစ်ပါတယ်။ ကုမ္ပဏီနှင့် ကျောင်းတွေက လက်ခံ မခံဆိုတာကိုတော့ နေရာအပေါ်မူတည်ပြီးကွာခြားနိုင်တဲ့ အတွက်ကြောင့်မို့လို့ အသေးစိတ်ကို သက်ဆိုင်ရာမှာ သေချာကြည့်ဖို့ အကြံပေးချင်ပါတယ်။
J-Test・実用日本語検定
「実用日本語検定 Jitsuyou Nihongo Kentei」 J.Test ကလဲ ဂျပန်စာအရည်အချင်းကိုစစ်ဆေးနိုင်တဲ့ စာမေးပွဲတစ်ခုဖြစ်ပါတယ်။ JLPT နဲ့မတူတာကတော့ အမျိုးအစား ၃ မျိုးကိုသာဖြေဆိုရပြီးတော့ kanji တွေကို ဘယ်လိုဖတ်ရလဲဆိုတာကို အမှန်တကယ်ရေးရတာဖြစ်ပါတယ်။ လက်တွေ့အမှန်တကယ်အသုံးပြုတဲ့ ဂျပန်စကားကိုပိုပြီးတော့ စစ်ဆေးတဲ့ စာမေးပွဲတစ်ခုလဲဖြစ်ပါတယ်။beginner, intermediateနှင့် advanced ဆိုပြီး ၃ ဆင့် ခွဲထားပြီးတော့ ရမှတ်အပေါ်မူတည်ပြီးတော့ ခွဲခြားတာဖြစ်ပါတယ်။ JLPT နဲ့ ဘယ်လိုညီမျှလဲဆိုတာကိုတော့ အောက်ပါဇယားမှာတွေ့နိုင်ပါတယ်။
J.Test |
JLPT Level |
1. A~C Level Test (max 1000 points) |
|
2. D~E Level Test (max 700 points) |
|
3. F~G Level Test (max 350 points) |
|
ဇယားမှာတွေ့မြင့်နိုင်သလို အကယ်လို့ သင့်ရဲ့ရမှတ်က Pre-B level ထက်ပိုပြီးမြင့်ရင်တော့ သင်က N1 အထက်မှာရှိတယ်ဆို့ဆိုနိုင်ပါတယ်။ အမှတ် ၁၀၀၀ ပေးမှတ်ကနေပြီးတော့ ၉၀၀ ရရှိရင်တော့ ဂျပန်လူမျိုးနီးပါး ဂျပန်စာစွမ်းရည်ရှိတယ်လို့သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ဒီစာမေးပွဲကတော့ JLPT ကိုကျော်ပြီးတော့ မိမိရဲ့ ဂျပန်စာ အရည်အချင်းကို စစ်ဆေးနိုင်တဲ့ အခွင့်အရေးတစ်ရပ်ပဲဖြစ်ပါတယ်။
- စာမေးပွဲဖြေဆိုချိန် - တစ်နှစ် ၆ ကြိမ် (F~G Level တွေကတော့ တစ်နှစ် ၂ကြိမ်သာ)
- စာမေးပွဲကြေး - ၅၂၀၀ ယန်း။ (ဂျပန်ပြည်တွင်း)
NAT-TEST
NAT-TESTကတော့ မြန်မာနိုင်ငံမှာဆိုရင်တော့ JLPT ပြီး ဒုတိယမြောက် နာမည်ကြီးတဲ့ စာမေးပွဲတစ်ခုဖြစ်ပါတယ်။ အရှည်ကတော့ Nihongo Achievement Test ဖြစ်ပြီးတော့ အဆင့် ၅ ဆင့်ရှိပြီးတော့ ပုံစံအားဖြင့် JLPT နှင့်ဆင်တူပါတယ်။
TOPJ
TOPJ 「実用日本語運用能力試験 Jitsuyou Nihongo Unei Nouryoku Shiken」ကလဲ မြန်မာနိုင်ငံမှာ ဖြေဆိုသူများတဲ့ ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲတစ်ခုဖြစ်ပါတယ်။ ဂျပန်စာ အရည်အချင်းအပြင် ဂျပန်နိုင်ငံရဲ့ ရိုးရာ ယဥ်ကျေးမှု အကြောင်းတွေကိုပါ စစ်ဆေးပါတယ်။ Beginner, Intermediate နှင့် Advanced ဆိုပြီး အဆင့်၃ ဆင့်ပိုင်းခြားထားပြီးတော့ ရမှတ်အပေါ်ကိုမူတည်ပြီးတော့ A, B C ဆိုပြီး ပြန်ပြီးခွဲပါတယ်။
TOPJ levels ကို JLPTနှင့် အောက်ပါအတိုင်းဆက်စပ်နိုင်ပါတယ်။
TOPJ |
JLPT Level |
1. Advanced |
|
2. Intermediate |
|
3. Beginner A-4 Level (80% & up on all sections) |
|
- ဖြေဆိုချိန် - တစ်နှစ် ၆ ကြိမ်။
- စာမေးပွဲကြေး -ယန်း ၅၀၀၀။ (ဂျပန်ပြည်တွင်း)
လုပ်ငန်းသုံးဂျပန်စာ
BJT (Business Japanese Proficiency Test)
Business Japanese Proficiency Test လို့ခေါ် တဲ့ လုပ်ငန်းသုံးဂျပန်စာ အရည်အချင်းစစ်စာမေးပွဲကတော့ ဂျပန်နိုင်ငံရဲ့ လုပ်ငန်းခွင်မှာ အသုံးပြုတဲ့ ဂျပန်စာအပိုင်းကို အဓိကစစ်ဆေးတဲ့ ဂျပန်စာစာမေးပွဲဖြစ်ပါတယ်။ စာမေးပွဲကိုတော့ ကွန်ပြူတာကနေစစ်ဆေးပြီးတော့ အပိုင်း ၃ ပိုင်းခွဲခြားပါတယ်။ BJT ကတော့ ရမှတ် ကို 0 ကနေ 800 အထိပေးပြီးတော့ ရမှတ်များလေ အဆင့်မြင့်လေဖြစ်ပါတယ်။ J5 ကတော့ အနိမ့်ဆုံးဖြစ်ပြီးတော့ J1+ ကတော့ အမြင့်ဆုံးဖြစ်ပါတယ်။ဒီစာမေးပွဲကိုတော့ JLPT N2 သို့မဟုတ် N1 အောင်ပြီးသားသူတွေဖြေဆိုလေ့ရှိကြပါတယ်၊ နောက်ပြီးတော့ N1 အောင်ထားတဲ့ သူအများစုကတော့ J2 သို့မဟုတ် J1 ကိုအောင်မြင့်လေ့ရှိကြပါတယ်။ BJT စာမေးပွဲ အကြောင်းအသေးစိတ်ကို BJTစာမေးပွဲ အတွက်ဘယ်လိုပြင်ဆင်မလဲ။ BJTမှာဘယ်လိုအကြောင်းအရာတွေပါဝင်လဲ။ ဆောင်းပါးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
- စာမေးပွဲဖြေချိန် - အွန်လိုင်းကဖြေဆိုနိုင်တဲ့ အတွက်ကြောင့်မိုလို့ တစ်နှစ်ပတ်လုံးဖြေနိုင်။
- စာမေးပွဲကြေး - ယန်း ၇၀၀၀ (ဂျပန်ပြည်တွင်း)
တခြားစွမ်းရည်များ
အပေါ်မှာ မဖော်ပြထားတဲ့ ဂျပန်စာစွမ်းရည် တစ်ခုချင်းစီကို စစ်ဆေးနိုင်တဲ့ စာမေးပွဲတွေလဲရှိပါတယ်။
「漢字能力検定 Kanji Nouryoku Kentei」
Kanji တစ်ခုတည်းကို စစ်ဆေးချင်ရင်တော့ 漢検 (Kanken) သို့မဟုတ် 「漢字能力検定 Kanji Nouryoku Kentei」 ဆိုတဲ့စာမေးပွဲရှိပါတယ်။ JLPT နှင့် တိုက်ရိုက်ဆက်စပ်မှုတော့ မရှိပေမယ့် ကိုယ်ရေးရာဇဝင်ပေါ်မှာ ရေးလို့ကောင်းတဲ့ စာမေးပွဲဖြစ်ပါတယ်။ မူလတန်းကလေးကနေပြီးတော့ တက္ကသိုလ်ကျောင်းသား၊ တချို့လူကြီးပိုင်းတွေတောင် ဒီစာမေးပွဲကိုဖြေဆိုကြပါတယ်။ 漢検 (Kanken) မှာတော အဆင့် ၁၂ ဆင့်ရှိပြီးတော့ level 10 ကအနိမ့်ဆုံးဖြစ်ပြီးတော့ level 1 ကတော့ အမြင့်ဆုံးဖြစ်ပါတယ်။ ဒီစာမေးပွဲကိုဖြေဖို့အတွက် kanji တွေကို ရေးနိုင်ဖတ်နိုင်ဖို့လိုအပ်ပြီးတော့ အဆင့်မြင့်လာရင်တော့ idiom တွေကိုပါ နားလည်ထားဖို့လိုအပ်ပါတယ်။ တစ်နှစ်ပြိ ၃ကြိမ်ကျင်းပပြီးတော့ အွန်လိုင်းကနေလဲဖြေဆိုနိုင်ပါတယ်။ အွန်လိုင်းကနေဖြေမယ်ဆိုရင်တော့ အဆင့် ၂ ဆင့်ထပ်ပြီးတော့ တိုးလာမှာဖြစ်ပါတယ်။
Speaking စာမေးပွဲများ
အခုချိန်အထိ ဖော်ပြလာတဲ့ စာမေးပွဲတွေထဲမှာ တော့ စကားပြောစွမ်းရည်ကိုစစ်ဆေးတဲ့ စာမေးပွဲမရှိသေးပါဘူး။ ဒါကြောင့်မိုလို့ စကားပြောစွမ်းရည် စစ်နိုင်တဲ့ စာမေးပွဲတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။
JSST (Japanese Standard Speaking Test)
Japanese Standard Speaking Test (JSST) ကတော့ မေးခွန်း ၁၀ ခွန်းဖြင့် ဂျပန်စာ စကားပြောစွမ်းရည်ကိုစစ်ဆေးနိုင်တဲ့ စာမေးပွဲဖြစ်ပါတယ်။ အဖြေတွေကို အသံသွင်းထားပြီးတော့ အဖြေတွေကနေတဆင့် စကားပြောစွမ်းရည်ကိုစစ်ဆေးပေးသွားမှာဖြစ်ပါတယ်။ အချိန်အားဖြင့်တော့ ၁၅ မိနစ်ကြာမြင့်မှာဖြစ်ပါတယ်။ အဆင့် ၁၀ ခုခွဲထားပြီးတော့ ၁ က အနိမ့်ဆုံးနှင့် ၁၀ ကတော့ ၁၀ ဖြစ်ပါတယ်။ မေးခွန်းတွေကိုတော့ အစဥ်လိုက်လာတာမျိုးမဟုတ်တဲ့ အတွက်ကြောင့်မို့လို့ အလွတ်ကျက်ထားလို့မရပါဘူး။ စစ်ဆေးမယ့်စွမ်းရည်ကလဲ ဂျပန်စာကို မှန်မှန်ကန်ကန် ဘယ်လောက်ပြောနိုင်လဲဆိုတာထက် အချက်အလက်တွေကို သဘာဝကျကျ ဘယ်လိုများများပြောနိုင်မလဲဆိုတာကိုကြည့်ပြီးတော့ ဆုံးဖြတ်မှာဖြစ်ပါတယ်။
ကိုးကား - JSST
တခြားစာမေးပွဲများ
ဂျပန်စာ အရည်အချင်းကိုစစ်တဲ့ စာမေးပွဲ အပြင်တခြား စာမေးပွဲတွေလဲ အများကြီးရှိပါတယ်။ အဲဒီထဲကနေပြီးတော့ ဂျပန်မှာ တက္ကသိုလ်တက်တဲ့ အချိန်မှာ အသုံးဝင်တဲ့ စာမေးပွဲတစ်ခုကို ဖော်ပြလိုက်ပါတယ်။
EJU
EJU ကတော့ “Examination for Japanese University Admission for International Students” ဖြစ်ပြီးတော့ ဂျပန်ဘာသာစကား အပါအဝင် တခြားဘာသာရပ်တွေကိုစစ်ဆေးတဲ့ စာမေးပွဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ တက္ကသိုလ်ဝင်ခွင့် အတွက် အသုံးပြုနိုင်တဲ့ စာမေးပွဲတစ်ခုလဲဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ EJU အကြောင်းဆောင်းပါးမှာ ဝင်ကြည့်နိုင်ပါတယ်။
အကျဥ်းချုပ်
ဂျပန်ဘာသာစကားကိုလေ့လာနေတဲ့ သူတွေအတွက် ဂျပန်ဘာသာစကားစွမ်းရည်ကို စစ်ဆေးနိုင်ဖို့အတွက် စာမေးပွဲတွေအများကြီးရှိပါတဘ်။ အကယ်၍ JLPT ဖြေဆိုဖို့အတွက် အချိန်မမှီတာဖြစ်စေ၊ တခုခု အဆင်မပြေတာမျိုးတွေရှိရင်တော့ JLPT အစားတခြား စာမေးပွဲတွေကိုလဲရွေးချယ်ဖြေဆိုနိုင်ပါတယ်။