ဂျပန်တွင်နွေဦးရာသီ ၊ နွေရာသီ၊ ဆောင်းဦးရာသီ နှင့်ဆောင်းရာသီဟူ၍မတ်လမှမေလကိုနွေ ဦး ၊ ဇွန်လမှသြဂုတ်လကိုနွေရာသီ၊စက်တင်ဘာမှနိုဝင်ဘာလကိုဆောင်းဦး ရာသီ၊ဒီဇင်ဘာမှဖေဖော်ဝါရီကိုဆောင်းရာသီလို့ခေါ်ပါတယ်။ရာသီ၄ခုတို့တွင်အပူချိန်နှင့်ရာသီဥတုသည်အလွန်ကွာခြားသည်။ဂျပန်ရဲ့ထူးခြားတဲ့ရာသီလေးမျိုးရဲ့အပြောင်းအလဲတွေအကြောင်းလေ့လာကြည့်ရအောင်။
မာတိကာ
၁။နွေဦးရာသီ(Haru)
၂။နွေရာသီ(Natsu)
၃။ဆောင်းဦးရာသီ(Aki)
၄။ဆောင်းရာသီ(Fuyu)
၁။နွေ ဦးရာသီ(Haru)
ဤအချိန်တွင်အအေးလျော့လာသည်နှင့်အမျှလေသည်တဖြည်းဖြည်းပူလာပြီနေထိုင်၍လွယ်ကူစေသည်။ နွေ ဦးတွင်လေပြင်းတိုက်ခတ်လေ့ရှိသော်လည်းခရီးသွားရန်အကောင်းဆုံးရာသီဖြစ်သည်။
နွေဦးရာသီတွင်ကျင်းပသောပွဲတော်
ဂျပန်နိုင်ငံ၏နွေဦးရာသီကိုကိုယ်စားပြုသောရှုခင်းသည်ချယ်ရီပန်းများဖြစ်သည်။ ချယ်ရီပန်းကြည့်ပွဲများကိုနေရာဒေသအသီးသီးတွင်ကျင်းပသည်။ တိုကျိုတွင်ချယ်ရီပန်းတွေကိုကြည့်ဖို့အကောင်းဆုံးအချိန်ကတော့နှစ်စဉ်မတ်လကုန်ကနေဧပြီလရဲ့အစပါ။
စာရေးသူရွေးချယ်သောဆောင်းပါး
၂။နွေရာသီ(Natsu)
ဇွန်လကုန်မှဇူလိုင်လလယ်အထိမိုးရွာသွန်းမှုနှင့်အပူချိန်များမှာယာယီကျဆင်းသွားပြီးချမ်းအေးလာသည်။ ဤကာလကို "မိုးရာသီ(Tsuyu)" ဟုခေါ်သည်။ မိုးရာသီကုန်ဆုံးချိန်ကို“ မိုးရာသီအပြီး(Tsuyu ake)” ဟုခေါ်သည်။ မိုးရာသီကုန်ဆုံးပြီးနောက်အပူချိန်များတဖြည်းဖြည်းမြင့်တက်လာကာနေ၏အပူရှိန်သည်လည်းပိုမိုအားကောင်းလာသည်။
ဂျပန်နိုင်ငံ၏အလွန်ပြင်းထန်သောအပူ(Mooshobi)
ဂျပန်နိုင်ငံ၏ေနွရာသီသည်ပြင်းထန်သောနေရောင်ခြည်နှင့်အပူချိန်မြင့်မားရုံသာမကစိုထိုင်းဆမြင့်မားခြင်းဖြင့်လည်းထူးခြားသည်။
ဤအချိန်အတွင်းခရီးသွားရန်စဉ်းစားနေပါကဂျပန်နိုင်ငံ၏ပြင်းထန်သောနွေရာသီပတ်ဝန်းကျင်အတွက်ကြိုတင်ပြင်ဆင်ပြီးအပူဒဏ်ကိုသင့်တော်သောနည်းလမ်းများဖြင့်ကာကွယ်သင့်သည်။
နွေရာသီတွင်ကျင်းပသောပွဲတော်
ဂျပန်တွင်နွေရာသီ၌မီးရှူးမီးပန်းများပြသကြသည်။ နွေရာသီပွဲတော်များကိုဇူလိုင်လမှသြဂုတ်လအထိဂျပန်နိုင်ငံ၏နေရာအသီးသီး၌ကျင်းပကြသည်။ မီးရှူးမီးပန်းပွဲတော်များကိုကမ်းခြေနှင့်မြစ်ကမ်းနံဘေး၌ကျင်းပပြီးညကောင်းကင်၌မီးရှူးမီးပန်းများပစ်ဖောက်ကြသည်။
၃။ဆောင်းဦးရာသီ(Aki)
အပူချိန်သည်လျော့သွားကာစိုထိုင်းဆလည်းကျဆင်းသွားပြီးလေမှာခြောက်သွေ့သော်လည်း၎င်းမှာနေထိုင်၍အဆင်ပြေသောရာသီဖြစ်သည်။
နွေဦး ချယ်ရီပန်းပွင့်ချိန်နှင့်တူသောဆောင်းဦးအချိန်မေပယ်လ်ရွက်အရောင်ပြောင်းချိန်ကိုလိုက်လံကြည့်ရှုသော ခရီးသွားများစွာဖြင့်Kyoto, Nara နှင့် Nikko ကဲ့သို့သောနေရာများတွင်စည်ကားလျက်ရှိသည်။
ဆောင်းဦးရာသီတွင်ကျင်းပသောပွဲတော်
နို၀င်ဘာလတွင်တိုကျို၌အရွက်နုများမှာအနီရောင်နှင့်အဝါရောင်ကိုပြောင်းလာသောကြောင့်တောင်များနှင့်လမ်းဘေးသစ်ပင်များ၏ဆောင်း ဦး ရာသီအရောင်များကိုခံစားနိုင်သည်။ ဤကာလအတွင်းယဉ်ကျေးမှုဆိုင်ရာပွဲများလည်းရှိသည်။
၄။ဆောင်းရာသီ(Fuyu)
ဒီဇင်ဘာလသို့ရောက်သောအခါတွင်အပူချိန်ထပ်မံကျဆင်းသွားပြီးအအေးဓါတ်ကိုခံစားမိလိမ့်မည်။ ဒီဇင်ဘာလကုန်မှစ၍ပိုအေးလာပြီးဇန်နဝါရီမှမတ်လအစောပိုင်းအထိရေခဲမှတ်အောက်ရောက်သည်အထိအေးခဲတာဟာဒီရာသီမှာမဆန်းပါဘူး။ Hokuriku, Tohoku နှင့် Hokkaido ဒေသများတွင်ဆီးနှင်းများစုပုံကျခြင်းမျိုးလဲရှိသည်။ တိုကျို၌နှင်းများထူထပ်စွာကျရောက်သည့်နှစ်များလည်းရှိသည်။
ဆောင်းဦးရာသီတွင်ကျင်းပသောပွဲတော်
ဒီဇင်ဘာ ၃၁ ရက်နေ့ကိုနှစ်သစ်ကူးအကြိုနေ့ (Oomisoka)ဟု ခေါ်ပြီးရက်ပြောင်းသည့်အခါဆိုဘ(Soba)ခေါက်ဆွဲကိုစားလေ့ရှိသည်။ နှစ်သစ်ကိုအစပြုသည့်ရက်၁ရက်နေ့မှ၃ရက်နေ့ကိုနှစ်သစ်ကူးရက်ဟုခေါ်ပြီး(Osechi ryori) ဟုခေါ်သောနှစ်သစ်ကူးဟင်းလျာများနှင့်အရက်သောက်ခြင်းဖြင့်နှစ်သစ်ကူးကိုကြိုဆိုကြသည်။
credit to https://livejapan.com/ja/article-a0000283/