N5 မှာလေ့လာရမယ့် စကားလုံးတွေ အများကြီးရှိပါတယ်။ Wexpats မှာတော့ အခြေခံအဆင့်မှာ လေ့လာရမယ့် စကားလုံးတွေကို အတွဲလိုက်၊ ဝါစင်္ဂအလိုက် ဖော်ပြထားခဲ့ ပါတယ်။ ဒီဆောင်းပါးတွေ အားလုံးကိုစုပေါင်းလိုက်ရင် JLPT N5 စာမေးပွဲဖြေဖို့အတွက် ဝေါဟာရတွေ လုံလောက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် စာမေးပွဲအတွက် ဝေါဟာရတွေ တစုတစည်းတည်း လေ့လာလို့ရအောင် စုစည်းပြီးဖော်ပြလိုက်ပါတယ်။
N5 Adjectives - 形容詞 keiyoushi
ဂျပန်ဘာသာစကားမှာတော့ Adjective နှစ်မျိုးရှိပါတယ်။ ဒီနှစ်မျိုးကတော့ i-adjectives နှင့် na-adjectives ဆိုပြီးပိုင်းခြားထားပါတယ်။ အမျိုးအစားအပေါ်လိုက်ပြီးတော့ conjugation လုပ်ပုံလုပ်နည်း၊ Tense ပြောင်းပုံပြောင်းနည်းတွေကွာတာမို့လို့ ဒီနှစ်မျိုးကို ခွဲခြားမှတ်သားဖို့လိုအပ်ပါတယ်။
N5 မှာမှတ်သားရမယ့် 形容詞 keiyoushi တွေကို အောက်ပါဆောင်းပါးကနေ ဝင်ဖတ်နိုင်ပါတယ်။
N5 Verbs - 動詞 doushi
ဂျပန်ဘာသာစကားမှာတော့ ကြိယာတွေကို သုံးမျိုးပိုင်းခြားနိုင်ပါတယ်။ ဒီအမျိုးအစားတွေအပေါ်မူတည်ပြီးတော့ ပုံစံပြောင်းနည်းတွေ၊ ကွာခြားပါတယ်။ ဒါကြောင့် ဒီကြိယာတွေကိုသေချာမှတ်ဖို့နဲ့ ကြိယာအုပ်စုခွဲနည်းတွေကို သေချာသိထားဖို့လိုအပ်ပါတယ်။
N5 Nouns - 名詞 meishi
အရေအတွက် အများဆုံးလို့ပြောရင် နာမ်တွေလို့ဆိုရမှာပါ။ JLPT မှာလဲ လေ့လာရမယ့် နာမ်အရေအတွက် များပြီး ဒီဆောင်းပါးမှာ နာမ်တွေကိုတူရာစုပြီး အပိုင်း ၅ပိုင်းခွဲပြီး ဖော်ပြခဲ့ပါတယ်။ ဒီ၅ ခုစလုံးကို အောက်ပါ ဖော်ပြလိုက်ပါတယ်။
- N5 နာမ်ဇယား အပိုင်း ၁ ဝါသနာ နှင့် ကိုယ့်ကိုကို မိတ်ဆက်ခြင်း
- N5 နာမ်ဇယား အပိုင်း ၂ ကိန်းဂဏန်း၊ ရက်စွဲများ
- N5 နာမ်ဇယား အပိုင်း ၃ နေရာ၊ တည်နေရာ နှင့် ယာဥ်များa
- N5 နာမ်ဇယား အပိုင်း ၄ အိမ်၊ အိမ်သုံးပစ္စည်းနှင့် မိသားစုများ
- N5 နာမ်ဇယား အပိုင်း ၅ ခန္ဓာကိုယ် နှင့် အစားအသောက်၊ စာရေးကိရိယာ ပစ္စည်းများ
N5 Particles - 助詞 joshi
ဂျပန်စာမှာတော့ 助詞 joshi လို့ခေါ်တဲ့ ဝိဘတ်တွေရှိပါတယ်။ 助詞 joshi တွေကိုတော့စာကြောင်းတွေဆက်တဲ့အချိန်မှာ အသုံးပြုပြီး တော်တော်လဲ အဆင်ပြေပါတယ်။ 助詞 joshi တွေက ဝါကျတွေကို အဓိပ္ပာယ်ဖော်တဲ့အချိန်မှာလဲ အသုံးဝင်ပါတယ်။ 助詞 joshi ဆောင်းပါးမှာတော့ 助詞 joshi တွေကိုဘယ်လိုလေ့လာရမလဲ ဆိုတာနဲ့ အကျဥ်းချုပ်ကိုပါဖော်ပြထားပါတယ်။
N5 Adverbs - 副詞 fukushi
Adverbs (ကြိယာဝိသေသန) 副詞 fukushi တွေက ဂျပန်ဘာသာစကားမှာ တော်တော် များပါတယ်။ Adverbs တွေက Verbsတွေကိုအထူးပြုပြီး ဝါကျရဲ့ ဆိုလိုရင်းကို ပိုပြီးအလေးနက်အောင်လုပ်ပေးပါတယ် ။ ဒါကြောင့် Adverbs တွေကိုသိရင် စာကြောင်းတွေကို ပိုပြီးအဓိပ္ပာယ်လေးနက်အောင်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ JLPT N5 မှာလိုအပ်တဲ့ ဝေါဟာရတွေကို အားလုံးစုစည်းပြီးဖော်ပြလိုက်ပါတယ်။ စာမေးပွဲအတွက်ကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။