ဂျပန်မှာ နေထိုင်တဲ့ အချိန်မှာတော့ စျေးဝယ်လို့ကောင်းတဲ့ နေရာတွေလဲ အများကြီးရှိပြီးတော့ နေထိုင်တဲ့ အိမ်ကို ဆုံးဖြတ်တော့မယ် ဆိုရင်တော့ အနီးအနားမှာ ဘယ်လိုမျိုးစူပါမားကတ်တွေရှိလဲ ဆိုတဲ့ အချက်တွေကို ကြည့်ပြီးဆုံးဖြတ်တဲ့ သူတွေလဲရှိကြပါတယ်။ ဒီဆောင်းပါးမှာတော့ နေ့တိုင်းမှာ အရေးပါတဲ့ စျေးဝယ်ဖို့ အဆင်ပြေတဲ့ စူပါးမားကတ်တွေကို မိတ်ဆက်ပေးသွားမယ့် အပြင် ဂျပန်မှာ စူပါးမားကတ်မှာ စျေးဝယ်တဲ့ အချိန်မှာသိထားသင့်တဲ့ အချက်တွေနှင့် ဂျပန်စကားလုံးတွေနှင့် လိုအပ်တဲ့ အချက်အလက်မျိုးတွေကို ဖော်ပြလိုက်ပါတယ်။ နောက်ပြီးတော့ အရှေ့တောင်အာရှနိုင်ငံက ကုန်ကြမ်းတွေ ရရှိနိုင်မယ့် စူပါးမားကတ်တွေကိုဥိးစားပေး ဖော်ပြသွားမှာဖြစ်ပါတယ်။
မာတိကာ
- စူပါမားကတ်တွေမှာ ဘာတွေရနိုင်လဲ။
- ဂျပန်နိုင်ငံရဲ့ နာမည်ကြီးပြီးစျေးသက်သာတဲ့ စူပါမားကတ်များ။
- စျေးဝယ်တဲ့ အချိန်မှာ သိထားသင့်တဲ့ ဂျပန်စကားလုံးများ။
- အကျဥ်းချုပ်
စူပါမားကတ်တွေမှာ ဘာတွေရနိုင်လဲ။
စူပါမားကတ်တွေတော့ ကုန်တိုက်တွေနဲ့ မတူဘဲ အထူးသဖြင့် အစားအသောက်တွေကို အဓိကထားပြီးရောင်းချလေ့ရှိပါတယ်။ စူပါမားကတ်တွေမှာဆိုရင် ဟင်းသီးဟင်းရွက်တွေကနေပြီးတော့ ကြာရှည်ခံစားသောက်နိုင်တဲ့ အစားအသောက်တွေကိုပါ ဝယ်ယူနိုင်ပါတယ်။ နောက်ပြီးတော့ ဟင်းရွက်တွေကလဲ လတ်ဆတ်ပြီးတော့ နေရာအပေါ်လိုက်ပြီးတော့ စျေးတွေကွဲပြားပါတယ်။စူပါမားကတ်တွေကတော့ အများအားဖြင့် ဘူတာတွေရဲ့ အနီးအနားမှာရှိတတ်ပါတယ်။တချို့နေရာတွေမှာဆိုရင်တော့ စူပါးမားကတ်မဟုတ်ဘဲ ဒီအတိုင်း ဟင်းသီးဟင်းရွက်သီးသန့်ရောင်းတဲ့ ဆိုင်တွေကိုလဲ တွေ့နိုင်ပါတယ်။ ဟင်းသီးဟင်းရွက် သီးသန့်ရောင်းတဲ့ ဆိုင်တွေမှာတော့ အသားအငါးတွေကိုဝယ်ယူရရှိနိုင်မှာ မဟုတ်ပေမယ့် စူပါမားကတ်တွေနဲ့ ယှဥ်ရင်တော့ ပိုပြီးတော့စျေးသက်သာနိုင်ပါတယ်။ ဒါဆိုရင်တော့ စူပါမားကတ်တွေမှာ ရောင်းချလေ့ရှိတဲ့ အရာတွေကိုကြည့်လိုက်ကြရအောင်။
သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ
စူပါမားကတ်တွေမှာတော့ သစ်သီးတွေနှင့် ဟင်းသီးဟင်းရွက်တွေကို အစုံအလင်ဝယ်ယူနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ရာသီဥတုနဲ့လိုက်ပြီးတော့ ဟင်းသီးဟင်းနှင့် သစ်သီးတွေ အမျိုးမျိုးကိုဝယ်ယူနိုင်ပါတယ်။ ရာသီဥတု လေးမျိုးကိုလိုက်ပြီးတော့ ဝယ်ယူနိုင်တဲ့ သီးနှံတွေကလဲ ကွာခြားတဲ့ အချက်ကလဲ ဂျပန်နိုင်ငံရဲ့ ထူးခြားတဲ့ အချက်ဖြစ်ပါတယ်။
အသား၊ ငါးနှင့် ပင်လယ်စာများ
ကြက်သား၊ဝက်သား၊ငါးနှင့် ပင်လယ်စာအမျိုးစူံကိုလဲ စူပါမားကတ်တွေမှာ ဝယ်ယူနိုင်ပါတယ်။ ပုံမှန်အတိုင်း အသား၊ ငါးနှင့် ပင်လယ်စာတွေအပြင် ရေခဲရိုက်ပြီး အအေးခံထားတဲ့ အစားအသောက်တွေကိုလဲ ဝယ်ယူနိုင်ပါတယ်။ နောက်ပြီးတော့ စူပါမားကတ်တွေအပေါ်မူတည်ပြီးတော့ နေ့အလိုက် စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်တာမျိုးတွေရှိပါတယ်။ နောက်ပိုင်းမှာ အသေးစိတ်ကိုဖော်ပြသွားပါ့မယ်။
ဟင်းခတ်အမွေးအကြိုင်များ။
ဟင်းချက်ဖို့အတွက် ဆား၊ သကြားအစသဖြင့် ဂျပန်ရိုရား ဟင်းခတ်အမွေးအကြိုင်တွေအပြင် တခြားနိုင်ငံရဲ့ ဟင်းခတ်အမွေးအကြိုင်တွေကိုပါ အများကြီးဝယ်ယူနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဟင်းချက်မယ့် သူတွေအတွက် စူပါမားကတ် တစ်ခုတည်းမှာ အကုန်လုံးကို အစုံအလင်ဝယ်ယူနိုင်ပါတယ်။
အသင့်စားအစားအသောက်များ။
ဂျပန်နိုင်ငံကတော့ အသင့်စားအစားအသောက်တွေ နာမည်ကြီးပြီးတော့ စူပါမားကတ်တွေမှာဆိုရင်လဲ အသင့်စားအစားအသောက်တွေကို စုံစုံလင်လင်ဝယ်ယူနိုင်ပါတယ်။ ခေါက်ဆွဲ၊ ရာမင်တွေ အပြင် တခြားငါးသေတ္တာတွေအမျိုးမျိုးကိုလဲ အသင့်စားစားသောက်တွေကိုလဲ ဝယ်ယူနိုင်ပါတယ်။
ပေါင်မုန့်နှင့် ထမင်းဆုပ်များ။
နောက်တစ်ခုကတော့ပေါင်မုန့် အမျိုးအစားတွေ အာလုံးနှင့် ထမင်းဆုပ်တွေကို အားလုံးကိုဝယ်နိုင်ပါတယ်။ နောက်ပြီးတော့ ပေါင်မုန့်အမျိုးမျိုးကိုလဲ ဝယ်ယူနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ထမင်း၊ ဟင်းချက်တာတွေအပြင် မနက်စာအနေနဲ့ စားနိူင်မယ့် မုန့်ပဲသရေစာတွေကိုလဲ ဝယ်ယူနိုင်ပါတဲ့နေရာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်ရိုးရာ မုန့်တွေကိုလဲ လွယ်လွယ်ကူကူဝယ်ယူနိုင်ပါသေးတယ်။
ဆန်နှင့် ပါစတာများ
စူပါမားကတ်တွေမှာတော့ ဆန်နှင့် ပါစတာတွေကိုလဲ ပေါပေါများများနှင့် ဝယ်ယူနိုင်ပါသေးတယ်။ ဆန်အပြင် ပါစတာတွေကိုလဲ အများကြီးဝယ်ယူနိုင်ပါသေးတယ်။
အသင့်စားထမင်းဘူးနှင့် ဟင်းများ
နောက်တစ်ခုကတော့ ထမင်းဗူးတွေဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ထမင်းဗူးယဥ်ကျေးမှု ထွန်းကားပြီးတော့ စူပါမားကတ်တွေမှာလဲ ချက်ပြီးသား ထမင်းဗူးတွေကိုလဲ ဝယ်ယူနိုင်ပါသေးတယ်။ နောက်ပြီးတော့ ချက်ပြီးသား ဟင်းလျာတွေကိုလဲစျေးနှုန်းထားသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါသေးတယ်။ ဒါကြောင့်မို့လို့ ဟင်းကို အပြင်မှာဝယ်ပြီး အိမ်မှာ စားသောက်ချင်တဲ့ သူတွေအတွက်တော့ အရမ်းကိုအဆင်ပြေပါတယ်။
အခမဲ့ microwave နှင့် ရေပူစစ်နှင့် ရေခဲစစ်များအသုံးပြုနိုင်ခြင်။
နောက်တချက်ကတော့ စူပါမားကတ်တိုင်းအလိုလိုမှာ microwave နှင့် ရေပူစစ်နှင့် ရေခဲစစ်တွေကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် စူပါမားကတ်တွေမှာ ဝယ်ခဲ့တဲ့ ပစ္စည်းတွေကိုပဲ အသုံးပြုနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အိမ်မှာ microwave နှင့် ရေပူစစ်တွေမရှိတဲ့သူတွေအတွက်လဲ အရမ်းကိုအဆင်ပြေတဲ့အချက်ဖြစ်ပါတယ်။
ပွိုင့်ကတ်များဖြင့်စျေးဝယ်နိုင်ခြင်း။
နောက်ဆုံးတချက်ကတော့ ပွိုင့်ကတ်တွေနဲ့ စျေးဝယ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ စူပါမားကတ်တွေအပေါ်မူတည်ပြီးတော့ အသုံးပြုနိုင်တဲ့ အမျိုးအစားတွေကွဲပြားတဲ့ အပြင် တချို့နေရာတွေမှာတော့ပွိုင့်ကတ်တွေကို အသုံးမပြုနိုင်တာမျိုးတွေလဲရှိပါတယ်။ ဒါကြောင့်မို့လို့ ကြိုတင်ပြီးတော့ ကိုယ်သွားနေကျ စူပါမားကတ်မှာ အသုံးပြုနိုင်တဲ့ ပွိုင့်ကတ်အမျိုးအစားနှင့် ပွိုင့်ကတ် အသုံးပြုနိုင်မနိုင်ကို အရင်ဆုံး ကြည့်ထားပါ။
စာရေးသူရွေးချယ်သောဆောင်းပါး
ဂျပန်နိုင်ငံရဲ့ နာမည်ကြီးပြီးစျေးသက်သာတဲ့ စူပါမားကတ်များ။
ဒါဆိုရင် ဂျပန်မှာနာမည်ကြီးပြီးတော့ စျေးသက်သာတဲ့ စူပါမားကတ်တွေကိုကြည့်လိုက်ကြရအောင်။ ဒီနေရာမှာတော့ စျေးသက်သာပြီးတော့ ဆိုင်ခွဲတွေများတဲ့ အပြင် အရှေ့တောင်အာရှဘက်က အစားအသောက်နှင့် စားသောက်ကုန်တွေကို အလွယ်တကူရရှိနိုင်တဲ့ အချက်တွေကို ဦးစားပေးပြီးတော့ဖော်ပြသွားပါ့မယ်။
Gyomu Super 業務スーパー
ပထမဆုံး အနေနဲ့ နာမည်ကြီးပြီးတော့ စျေးသက်သာတဲ့ စူပါမားကတ်ကတော့ Gyōmu sūpā ဖြစ်ပြီးတော့ မြန်မာကြားထဲမှာလဲ နာမည်ကြီးတဲ့နေရာဖြစ်ပါတယ်။ စျေးသက်သာတဲ့ အပြင် စားသောက်ကုန်တွေလဲ စျေးသက်သာတဲ့ နေရာဖြစ်ပါတယ်။ နေရာအပေါ်လဲ မူတည်ပြီးစျေးအပြောင်းအလဲ တွေတော့ရှိနိုင်ပါတယ်။ ဒါ့အပြင် တချို့နေရာတွေကတော့ ဂျပန်မှာတွေ့ရတဲ့ တဲ့ သစ်သီးတွေနှင့် အစားအသောက်တွေကိုလဲ ရရှိနိုင်ပါသေးတယ်။ နေ့တိုင်းနီးပါး တလတာ တချို့ ပစ္စည်းတွေကို စျေးသက်သက်သာသာနှင့် ဝယ်ယူနိုင်ပါသေးတယ်။ဧရိယာ အပေါ်မှာလဲ မူတည်တဲ့ အတွက်ကြောင့်မိုလို့ အသေးစိတ်ကိုတော့ ဝက်ဘ်ဆိုက် မှာ ဝင်ကြည့်နိုင်ပါတယ်။ ပွိုင့်ကတ်အနေနဲ့ကတော့ Gyomuca ဆိုတဲ့ အက်ပလီကေးရှင်းကိုအသုံးပြုပြီးတော့ ပွိုင့်တွေကိုစုဆောင်းနိုင်ပါတယ်။ ဝက်ဘ်ဆိုက်ကနေ တိုက်ရိုက်ဝင်ပြီးတော့ အွန်လိုင်းကနေတဆင့် ပစ္စည်းတွေမှာယူနိုင်တာကလဲ ကောင်းတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
Hanamasa ハナマサ
နောက်တစ်ခုကတော့ ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ အဓိကတွေ့ရများတဲ့ စူပါမားကတ်ဖြစ်ပြီးတော့ အသားနှင့် ဟင်းသီးဟင်းရွက်တွေ နာမည်ကြီးတဲ့စူပါမားကတ်ဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့တောင် အာရှ အစားအသောက်တွေဖြစ်တဲ့ ထိုင်းနှင့် ဗီယက်နမ် အစရှိတဲ့ စားသောက်ကုန်တွေလဲရရှိနိုင်ပါတယ်။ တစ်လအတွင်းမှာ အထူးစျေးတွေနဲ့ဝယ်ယူနိုင်တာမျိုးတွေလဲရှိတဲ့ အတွက်ကြောင့်မို့လို့ မြန်မာတွေလဲ တော်တော်စျေးဝယ်များတဲ့ နေရာတစ်ခုလို့လဲပြောလို့ရပါတယ်။ နောက်ပြီးတချို့ဆိုင်ခွဲတွေမှာတော့ အိမ်ကနေပြီးတော့ မှာပြီးတော့ အိမ်အထိ ပို့ပေးတဲ့ ဝန်ဆောင်မှုတွေလဲရှိပါတယ်။ အသေးစိတ်ကိုတော့ ဝက်ဘ်ဆိုက် မှာ ဝင်ရောက်ပြီးတော့ ကြည့်ရှုနိုင်ပါတယ်။
Aeon イオン
Aeon ကတော့ မြန်မာတွေနဲ့ လဲ ရင်းနှီးပြီးသား စူပါမားကတ်ဖြစ်ပြီးတော့ ဒီစူပါမားကတ်မှာဆိုရင်လဲ ပစ္စည်းအမျိုးအစားစုံစုံလင်လင်ရရှိနိုင်ပါတယ်။ ကောင်းမွန်တဲ့ အချက်ကတော့ အများအားဖြင့် ကုန်တိုက်နဲ့ တွဲဖွင့်ထားလေ့ရှိတဲ့ အတွက်ကြောင့်မို့လို့ စျေးဝယ်ရင်းနဲ့ တခြား လိုအပ်တာတွေကိုလဲ တခါတည်းဝယ်ယူနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ကျယ်ဝန်းပြီးတော့
Seiyu 西友
Seiyu စူပါမားကတ်ကလဲ အကြီးစားစူပါမားကတ်ဖြစ်ပြီးတော့ ၂၄ နာရီဖွင့်တဲ့အတွက်ကြောင့်မို့လို့ စျေးဝယ်ရတာအဆင်ပြေတဲ့ နေရာလဲဖြစ်ပါတယ်။ နေ့တိုင်းအချိန်အကန့်အသတ်နဲ့ရောင်းတဲ့ ပစ္စည်းတွေနှင့် နေ့ရက်အပေါ်မူတည်ပြီးတော့ စျေးသက်သာတဲ့ ပစ္စည်းတွေကိုလဲရောင်းချလေ့ရှိပါတယ်။ ဂျပန်နိုင်ငံကထွက်တဲ့အစားအသောက်တွေချည်းမဟုတ်ဘဲ တခြားနိုင်ငံကအစားအသောက်တွေကိုပါဝယ်ယူနိုင်ပါတယ်။
Maruetsu マルエツ
Maruetsu ကလဲ ညဘက်အချိန်အထိ ဖွင့်တဲ့ စူပါးမာကတ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ညဘက်အချိန်အထိ စျေးဝယ်ရတာအဆင်ပြေပါတယ်။ အွန်လိုင်ကနေလဲ ဝယ်ယူရရှိနိုင်ပြီးတော့ အိမ်အရောက်ပို့ဆောင်ပေးတဲ့ စနစ်လဲရှိပါတယ်။ နေ့ရက်တွေအပေါ်မူတည်ပြီး စျေးသက်သာတဲ့ ပစ္စည်းတွေလဲရှိတဲ့ အတွက်ကြောင့်မို့လို့ နေရက်အပေါ်မူတည်ပြီးတော့ သက်သက်သာသာစျေးဝယ်နိုင်ပါတယ်။
My basket まいばすけっと
My basket ဆိုတာကတော့ စူပါမားကတ် အသေးစားလေးဖြစ်ပြီးတော့ Aeon အောက်မှာရှိတဲ့ စူပါမားကတ်ဖြစ်ပါတယ်။ စျေးဝယ်ရတာလဲ အဆင်ပြေပြီးတော့ ဆိုင်က သေးတော့ လိုချင်တဲ့ ပစ္စည်းတွေကို အလွယ်တကူရှာတွေ့နိုင်ပါတယ်။ အများအားဖြင့် ရပ်ကွက်အသေးစားတွေမှာတွေ့ရတတ်တဲ့ စူပါမားကတ်ဖြစ်ပါတယ်။
စျေးဝယ်တဲ့ အချိန်မှာ သိထားသင့်တဲ့ ဂျပန်စကားလုံးများ။
စူပါမားကတ်တွေမှာ စျေးဝယ်တဲ့ အချိန်မှာသိထားသင့်တဲ့ ဂျပန်စကားလုံးတွေကိုဖော်ပြလိုက်ပါတယ်။
- 価格 (Kakaku) - စျေးနှုန်း။
- セール (Sēru) - လျှော့စျေး။
- 値下げ (Nesage) - လျှော့စျေး။
- 現金のみ (Genkin nomi) - ငွေသားသီးသန့်။
- 割引 (Waribiki) - လျှော့စျေး။
- お得 (Otoku) - စျေးသက်သာသာဖြင့် ဝယ်နိုင်ခြင်း။
- 定価 (Teika) - သတ်မှတ်စျေး။
- 税込み (Zeikomi) - အခွန်ပါပြီး။
- 税別 (Zeibetsu) - အခွန်မပါသေး။
- 税抜き(Zeinuki) - အခွန်မပါသေး။
- 在庫 (Zaiko) - stock ရှိခြင်း။
- 中古 (Chūko) - ပစ္စည်းအဟောင်း။
- 消費期限 (Shōhi kigen) - Expiration date
- 賞味期限 (Shōmi kigen) - Expiration date
- レシート (Reshīto) - ဘောင်ချာ။
- バーコード決済 (Bākōdo kessai) - ဘားကုဒ်ဖြင့်ငွေရှင်းခြင်း။
- 電子マネー (Denshi manē) - E money ဖြင့်ငွေရှင်းခြင်း။
အကျဥ်းချုပ်
ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ စူးပါမားကတ်တွေအကြောင်းနှင့် ထူးခြားချက်တွေအကြောင်းကိုဖော်ပြလိုက်ပါတယ်။ နောက်ပြီးတော့ ဂျပန်မှာ နာမည်ကြီးတဲ့ စူပါမားကတ်တွေအကြောင်းကိုလဲ ဖော်ပြခဲ့တဲ့ အတွက်ကြောင့်မို့လို့ ဂျပန်နိုင်ငံမှာ စျေးဝယ်တဲ့ အချိန်မှာ အသုံးဝင်ဖို့အတွက်မျှော်လင့်ပါတယ်။