日本語留学試験 အကြောင်းသိကောင်းစရာ(EJU)

ဂျပန်နိုင်ငံမှာ တက္ကသိုလ်တက်ဖို့အတွက် စဥ်းစားနေကြတဲ့ ကျောင်းသာတွေကြားထဲမှာ လူသိများတဲ့ စာမေးပွဲဖြစ်ပါတယ်။ EJU ဆိုတာ အသေးစိတ်ဘယ်လိုမျိုးလဲ။ စာမေးပွဲကြေးဘယ်လောက်ရှိလဲ။ စာမေးပွဲမှာမေးတဲ့အကြောင်းအရာတွေကဘယ်လိုအကြောင်းအရာတွေမေးပြီးတော့ EJU စာမေးပွဲအောင်ထားမယ်ဆိုရင် ဘယ်လို အားသာချက်တွေ ရှိလာနိုင်မလဲ ဆိုတဲ့ အချက်တွေကိုအသေးစိတ်ရှင်းလင်းသွားမှာဖြစ်ပါတယ်။

မာတိကာ

EJU စာမေးပွဲဆိုတာဘယ်လိုစာမေးပွဲလဲ။

အရင်ဆုံး EJU စာမေးပွဲရဲ့ အကျဥ်းချုပ်အကြောင်းနှင့် စာမေးပွဲကျင်းပပုံ၊ စာမေးပွဲရဲ့ လိုအပ်ချက် နောက်ပြီးတော့ စာမေးပွဲ မှာပါဝင်တဲ့ ဘာသာရပ်တွေအကြောင်းကိုတင်ပြသွားမှာဖြစ်ပါတယ်။ 

EJU စာမေးပွဲရဲ့ အကြောင်းအရာများ။

 EJU ဆိုတာ Examination for Japanese University Admission for International Students ရဲ့အတိုကောက်ဖြစ်ပြီး ဂျပန်လိုဆိုရင်တော့ 日本留学試験လို့ခေါ်ပါတယ်။

ဂျပန်တက္ကသိုလ်တက်ရောက်ရန် လိုအပ်သော ဂျပန်စာအရည်အချင်းများနှင့် ပညာရေးဆိုင်ရာ စွမ်းရည်ဗဟုသုတများကို ဆန်းစစ်ရန်အတွက် ပြုလုပ်သောစာမေးပွဲဖြစ်ပါတယ်။ အများအားဖြင့် ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်မှာ လေ့လာသင်ယူနိုင်ဖို့အတွက် လိုအပ်တဲ့ အကြောင်းအရာတွေကို ဖြေဆိုရမှာဖြစ်ပါတယ်။ စာမေးပွဲကိုဖြေဖို့ အတွက် သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်လဲ မရှိတဲ့ အပြင် အသက်အရွယ် ကန့်သတ်ထားတာမျိုးတွေလဲ မရှိပါဘူး။ စာမေးပွဲရဲ့ ရလာဒီကတော့ ၂ နှစ်အထိအကြုံးဝင်ပါတယ်။

EJU စာမေးပွဲကို တက္ကသိုလ် ဝင်ခွင့်လျှောက်ချင်တဲ့ မဖြစ်မနေဖြေရမှာလား။

ဂျပန်မှာ တက္ကသိုလ်တက်ချင်တဲ့ သူတိုင်း EJU စာမေးပွဲရဲ့ ကိုဖြေဖို့အတွက်မလိုအပ်ပါဘူး။ အထိက စဥ်းစာရမယ့် အချက် ၃ ချက်အပေါ်မှာပဲမူတည်ပါတယ်။

ပထမတချက်ကတော့ တက္ကသိုလ်တွေအပေါ်မှာမူတည်ပါတယ်။ တချို့ တက္ကသိုလ်တွေမှာတော့ EJU မဖြစ်မနေ ထပ်ရတာမျိုးတွေလဲ ရှိသလို တချို့ကျောင်းတွေမှာတော့ EJU မထပ်ဘဲ တခြားစာမေးပွဲရလာဒ်တွေကို ထပ်ခိုင်းတာမျိုးတွေလဲရှိပါတယ်။ 

ဒုတိယ အချက်ကတော့ ကိုယ်လေ့လာချင်တဲ့ မေဂျာဖြစ်ပါတယ်။ တက္ကသိုလ်တူပေမယ့် မေဂျာအပေါ်လိုက်ပြီးတော့ EJU ရလဒ်မလိုအပ်တာမျိုးတွေလဲ ရှိပါတယ်။ တတိယ အချက်ကတော့ Program ဖြစ်ပါတယ်။ တချို့တက္ကသိုလ်တွေမှာတော့ မေဂျာတစ်ခုတည်းမှာပဲ ပုံစံ အမျိုးမျိုးရှိပြီးတော့ EJU တောင်းတဲ့ Program လဲရှိနိုင်သလို၊ EJU မလိုဘဲ လျှောက်ချင်လို့ရတဲ့ Program တွေလဲရှိပါတယ်။ ဒီလိုမျိုး Program တွေအများကြီးရှိတာကတော့ ပုဂ္ဂလိကပိုင် တက္ကသိုလ်တွေမှာ များပြားလေ့ရှိပါတယ်။ အစိုးရပိုင် တက္ကသိုလ်တွေမှာလဲရှိနိုင်ပါတယ်။

ဒါကြောင့်မို့လို့ EJU မဖြေခင်မှာ အရင်ဆုံး ဒီ၃ ချက်ကို အခြေခံပြီး စစ်ဆေးကြည့်ဖို့ လိုအပ်တယ်လို့ပြောချင်ပါတယ်။ 

စာမေးပွဲလိုအပ်တဲ့ တက္ကသိုလ်တွေ စာရင်းကိုလဲ ဒီလင့် ကနေအသေးစိတ်ဝင်ကြည့်နိုင်ပါတယ်။ သို့သော် အသေးစိတ်နှင့် ပိုသေချာချင်လို့ရှိရင် အပေါ်ကပြောခဲ့တဲ့ အချက် ၃ ချက်ကိုအခြေခံပြီးတော့ ကိုယ်လျှောက်ချင်တဲ့ တက္ကသိုလ်၊ ဌာန ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ပြီးဖြစ်စေ၊ တာဝန်ရှိတဲ့သူကိုတိုက်ရိုက်အီးမေးလ် ပို့ပြီးဖြစ်စေ ဆက်သွယ်မေးမြန်းကြည့်ဖို့ အကြံပေးချင်ပါတယ်။ အများအားဖြင့် 選抜 (senbatsu) ရွေးချယ်ပုံရွေးချယ်နည်း အမျိုးမျိုးရှိပြီးတော့ EJU 利用選抜 (EJU စာမေးပွဲရလာဒ်အရေရွးချယ်ခြင်း) ဆိုတာမျိုးတွေဆိုရင်တော့ ကျိန်းသေပေါက် EJU စာမေးပွဲဖြေကိုဖြေဆိုရမှာဖြစ်ပါတယ်။ 

EJU စာမေးပွဲမှာ ဘယ်ဘာသာရပ်တွေပါလဲ။

EJU မှာတော့ စုစုပေါင်းဘာသာရပ် ၅မျိုးရှိပြီးတော့ ကိုယ်လျှောက်မယ့် ကျောင်းရဲ့လိုအပ်ချက်အပေါ်မူတည်ပြီးတော့ ဒီဘာသာရပ် ၅ ခုထဲကနေပြီးတော့ ရွေးချယ်ပြီးဖြေဆိုရမှာဖြစ်ပါတယ်။ EJU မှာပါဝင်တဲ့ ဘာသာရပ်တွေကို ကြည့်လိုက်ကြရအောင်။

ဘာသာရပ်

အကြောင်းအရာ

ကြာချိန်

ပေးမှတ် 

Japanese as

a foreign languages 

ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်တွေမှာလေ့လာဖို့

ဂျပန်စာအရည်အချင်းကိုစစ်ဆေးခြင်း

125 မိနစ်

reading comprehension

listening and

listening-reading comprehension

0~400

Writing

0~50

Science

အခြေခံ သိပ္ပံဘာသာရပ်များရဲ့

အရည်အချင်းကိုစစ်ဆေးခြင်း

80 မိနစ်

0~200

Japan and the World

ဂျပန်နိုင်ငံတက္ကသိုလ်တွေမှာလေ့လာဖို့အတွက်

အထွေထွေ ဗဟုသုတများကို စစ်ဆေးခြင်း

80 မိနစ်

0~200

Mathematics

ဂျပန်နိုင်ငံတက္ကသိုလ်တွေမှာလေ့လာဖို့အတွက် 

သင်္ချာစွမ်းရည်ကိုစစ်ဆေးခြင်း

80 မိနစ်

0~200

ကိုးကား - JASSO

ဘာသာရပ်တစ်ခုချင်းစီရဲ့ အသေးစိတ်ကိုတော့ ဒီလင့်ကနေပြီးတော့ ဝင်ဖတ်ကြည့်နိုင်ပါတယ်။ လေ့ကျင့်ဖို့စာအုပ်တွေကို တော့ ဒီလင့် ကနေ ဝင်ကြည့်နိုင်ပါတယ်။ မေးခွန်းဟောင်းနာမူနာကိုတော့ အောက်ပါလင့် ကနေ ဝင်ကြည့်နိုင်ပါတယ်။

EJU စာမေးပွဲအချိန်နှင့် စာမေးပွဲကြေး။

ဆက်လက်ပြီးတော့ EJU စာမေးပွဲအောင်စာရင်းထွက်တဲ့ အချိန်၊ ဖြေတဲ့ အချိန်၊ စာမေးပွဲကြေးတွေအကြောင်းကို ဆက်လက်ပြီးရှင်းပြပေးသွားပါမယ်။ 

EJU စာမေးကျင်းပအချိန်၊ လျှောက်လွှာတင်ချိန်နှင့် အောင်စာရင်းထွက်ချိန်။

EJU စာမေးပွဲကိုတော့ ၁ နှစ်ကို ၂ကြိမ်ကျင်းပပါတယ်။ ဇွန်လနှင့် နိုဝင်ဘာလ တွေမှာကျင်းပပြီးတော့ ဇွန်လအတွက် ရလာဒ်ကိုတော့ ဇူလိုင်လမှာ နိုဝင်ဘာလရဲ့ရလာဒ်ကိုတော့ ဒီဇင်ဘာလမှာ မှာထုတ်ပြန်ကြေညာပါတယ်။ လျှောက်လွှာတင်တဲ့ အချိန်ကတော့ ပထမအကြိမ် (ဇွန်လ) အတွက်ဆိုရင်တော့ ဖေဖော်ဝါရီ နှင့် မတ်လ အတွင်းမှာဖြစ်ပြီးတော့၊ ဒုတိယအကြိမ် (နိုဝင်ဘာလ) အတွက်ဆိုရင်တော့ ဇူလိုင်လအတွင်းမှာ လျှောက်လွှာက်တင်ရပါတယ်။ ဂျပန်ပြည်တွင်းနှင့် ပြည်ပ လျှောက်လွှာတင်တဲ့ အချိန်မှာ အသေးစိတ်ကွာခြားမှုတွေရှိနိုင်ပါတယ်။

စာမေးပွဲအချိန် အသေးစိတ်ကိုတော့ အောက်ပါလင့် ကနေဝင်ကြည့်နိုင်ပါတယ်။

EJU စာမေးပွဲကြေး။

စာမေးပွဲကိုတော့ ဂျပန်ပြည်တွင်းမှာဖြစ်စေ၊ မြန်မာနိုင်ငံအတွင်းမှာဖြစ်စေဖြေနိုင်ပါတယ်။ စာမေးပွဲကတော့ ဖြေတဲ့နေရာအပေါ်မူတည်ပြီးသွင်းရမယ့်ပိုက်ဆံကလဲ ကွဲပြားပါတယ်။ 

ဂျပန်ပြည်တွင်းမှာဖြေဆိုမယ့်သူတွေကတော့ ဘာသာရပ် တစ်ခုကို ယန်း ၁၀၀၀၀ (အခွန်ပါပြီး) ကျသင့်မှာဖြစ်ပြီးတော့ ဘာသာရပ် ၂ ခုနှင့် ၃ ခုတပြိုင်နက်ဖြေဆိုမယ်ဆိုရင်တော့ ယန်း ၁၉၀၀၀ (အခွန်ပါပြီး) ကျသင့်မှာဖြစ်ပါတယ်။ 

မြန်မာပြည်မှာဖြေရင်တော့ ဘာသာရပ် တစ်ခုချင်းစီအလိုက်ကို ၆၀၀၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။

ကိုးကား - MOI, JASSO

EJU စာမေးပွဲနဲ့ ပတ်သက်ပြီး အမေးများသော မေးခွန်းများ။

အမေး - EJU စာမေးပွဲကို ဂျပန်ဘာသာတစ်မျိုးတည်းနဲ့ဖြေဆိုလို့ရလား။

အဖြေ - EJU စာမေးပွဲကို ဂျပန်ဘာသာအပြင် Japanese as a foreign languages မှလွဲပြီးတော့ တခြားဘာသာရပ်တွေကို အင်္ဂလိပ်ဘာသာဖြင့်ဖြေဆိုနိုင်ပါတယ်။ ဒါပေမယ် ကျောင်းနှင့် မေဂျာအပေါ်လိုက်ပြီးတော့ ဖြေဆိုနိုင်တဲ့ ဘာသာစကား ကန့်သတ်ထားတာမျိုးရှိပါတယ်။ တချို့နေရာတွေကတော့ ဂျပန်ဘာသာစကား တစ်မျိုးတည်း သို့မဟုတ် အင်္ဂလိပ်ဘာသာ တစ်မျိုးတည်းကိုသာ ခွင့်ပြုတာမျိုးတွေလဲရှိပါတယ်။

မေး - တက္ကသိုလ် ဝင်ခွင့်ရဖို့ စာမေးပွဲရမှတ် သတ်မှတ်ချက်ရှိပါသလား။

အဖြေ - တက္ကသိုလ်များစုကတော့ EJU ရမှတ်ကိုသတ်မှတ်ထားခြင်းမရှိပေမယ့် တချို့ကျောင်းတွေမှာတော့ အနိမ့်ဆုံးလိုအပ်ချက်ရမှတ်ကို ဖော်ပြထားလေ့ရှိပါတယ်။ဒါ့အပြင် တချို့ကျောင်းတွေမှာတော့ နှစ်စဥ်နှစ်တိုင်း အနိမ့်ဆုံးရမှတ်တွေကို ဖော်ပြလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုးရမှတ်တွေကို ကြည့်ပြီးတော့ စာမေးပွဲကိုပြင်ဆင်ကြည့်သင့်ပါတယ်။

မေး - စာမေးပွဲ ရလာဒ်က ဘယ်အချိန်အထိ အကျုံးဝင်လဲ။

အဖြေ - အပေါ်မှာလဲ ဖော်ပြခဲ့ပြီးဖြစ်သလို တစ်နှစ်မှာ စာမေးပွဲကို ၂ကြိမ် ကျင်းပလေ့ရှိပြီးတော့ အများအားဖြင့် ၂ နှစ်အတွင်းအထိအကျုံးဝင်လေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်လျှောက်မယ့် ကျောင်းနှင့် မေဂျာရဲ့ 募集要項 တွေကိုသေချာဖတ်ကြည့်ပြီးတော့ ဘယ်အချိန်မှာဖြေထားတဲ့ စာမေးပွဲရလဒ်ကို ထပ်ရမယ်ဆိုတာကို ရေးထားတဲ့အတွက်ကြောင့်မို့လို့ သေချာဖတ်ထားပြီး စာရွက်စာတမ်းကို ပြင်ဆင်ရမှာဖြစ်ပါတယ်။

မေး - EJU စာမေးပွဲဖြေပြီးရင် တက္ကသိုလ်ဝင်ခွင့် အပြင် တခြားကောင်းတာတွေရှိသေးလား။

EJU စာမေးပွဲဖြေထားရင်တော့ ရမှတ်ကောင်းမွန်ပါက JASSO ရဲ့ပညာသင်ထောက်ပံ့ကြေးငွေ ကိုလျှောက်နိုင်တဲ့ အစီစဥ်တွေလဲရှိပါတယ်။ 

အကျဥ်းချုပ်

EJU စာမေးပွဲကတော့ ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်တွေကိုဝင်ခွင့် အတွက်အသုံးပြုနိုင်တဲ့ စာမေးပွဲဖြစ်ပါတယ်။ စာမေးပွဲကိုတော့ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံမှာလဲဖြေဆိုနိုင်ပါတယ်။ 

 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်စာလေ့လာခြင်း/ ဂျပန်စာစာမေးပွဲအမျိုးမျိုး/ 日本語留学試験 အကြောင်းသိကောင်းစရာ(EJU)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ