OB・OG訪問(ほうもん)ဆိုသည်မှာ ကုမ္ပဏီမှ ဝန်ထမ်း(လက်ရှိဝန်ထမ်း၊စီနီယာ)တွေကို သိလိုတာမေးမြန်းဖို့သွားရောက်တွေ့ဆုံတာကိုပြောပါတယ်။ကုမ္မဏီကိုအလုပ်သင်အနေနဲ့ဝင်ရောက်အလုပ်လုပ်တဲ့အခါမှာကုမ္မဏီအကြောင်းနားလည်တဲ့သူတွေဆီကနေကုမ္မဏီအကြောင်း၊အလုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမိမိနဲ့အံ့ဝင်ခွင်ကြရှိမရှိကိုမေးမြန်းလို့ရတဲ့အချိန်အခါဖြစ်ပါတယ်။မိမိတကယ်စိတ်ဝင်စားတဲ့ ကုမ္ပဏီဆိုရင် အလုပ်အင်တာဗျူးမဖြေခင်နှင့် ဖြေပြီးရလဒ်စောင့်နေစဉ်မှာ ထပ်သိချင်တာကို မေးမြန်းကြည့်ရင်းကိုယ်နှင့်အဆင်ပြေမပြေကိုစဉ်းစားကြပါတယ်။ကျောင်းပြီးခါနီးကျောင်းသားများကအလုပ်ရှာနေတဲ့အချိန်အခါမျိုးမှာလုပ်ဆောင်ကြခြင်းဖြစ်ပါတယ်။ကုမ္မဏီများကိုလည်းတိုက်ရိုက်မေးမြန်းခွင့်ရှိပြီးကြိုတင်ချိန်းဆိုထားမှုပြုလုပ်ရမှာဖြစ်ပါတယ်။
ဂျပန်တွေရဲ့ OB・OG訪問(ほうもん) ရည်ရွယ်ချက်
အလုပ်သင်internshipလျှောက်ထားရန်အတွက်အဆင်ပြေစေရန်ရည်ရွယ်ပါတယ်။ကျောင်းပြီးပြီလုပ်ငန်းခွင်ဝင်မယ့်သူများအတွက်ကြားထဲမှာကုမ္မဏီအကြောင်းများပိုမိုသိရှိစေရန်အတွက်ဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့မိမိတို့လုပ်ချင်သောအကြောင်းအရာများကိုသိရှိစေလိုတဲ့အတွက်ကြောင့်ဖြစ်ပါသည်။ကျောင်းသားဘဝနဲ့တကယ့်လုပ်ငန်းခွင်အကြောင်းအရာများကကွဲပြားမှုများစွာရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။မိမိစိတ်ဝင်စားတဲ့လုပ်ငန်းခွင်မှာလုပ်ငန်းအကြောင်းမေးတဲ့အချိန်ကာလများမှာလည်းလူမှုဆက်ဆံရေးနဲ့လုပ်ငန်းရဲ့စည်းကမ်းတွေကိုအခြေခံတွေနားလည်ထားရမှာဖြစ်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
အကျိုးရလဒ်များနဲ့ပတ်သက်ပြီး
လုပ်ခန်းခွင်အခြေအနေများကိုပိုမိုသိခွင့်ရရှိမှာဖြစ်ပါတယ်။အလုပ်အင်တာဗျူးလေ့ကျင့်မှုအနေနဲ့ပိုမိုထိထိရောက်ရောက်လုပ်ဖြစ်မှာဖြစ်ပါတယ်။မိမိလုပ်ချင်တဲ့လုပ်ငန်းခွင်များကိုပိုမိုထိရောက်စွာလေ့လာနိုင်မှာဖြစ်ပါတယ်။မိမိစွမ်းဆောင်ရည်တွေကိုဖော်ပြနိုင်မှာဖြစ်ပါတယ်။ကုမ္မဏီအကြောင်းကိုပိုမိုသိရှိရမှာဖြစ်ပါတယ်။ကုမ္မဏီတွေနဲ့လည်းပိုမိုချိတ်ဆက်တတ်လာမှာဖြစ်ပါတယ်။ကုမ္မဏီဘက်ကအလုပ်မေးမြန်းခြင်းနဲ့လေ့လာခြင်းကိုလက်ခံကြပြီး၊မိမိဘက်ကလည်းကြိုတင်ချိန်းဆိုမှုကိုသတိထားပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ်။ကုမ္မဏီနဲ့တစ်ခုခုချိန်းဆိုမှုလုပ်တဲ့နေရာမှာလည်းအီးမေးလ်နဲ့တလေးတစားမေးမြန်းရမှာဖြစ်ပါတယ်။မေးမြန်းတဲ့နေရာမှာလည်းဂျပန်စကားယဥ်ယဥ်ကျေးကျေးအသုံးအနှုန်းများကိုသုံးဖို့သတိထားသင့်ပါတယ်။
အလုပ်ရရှိမှုနဲ့ပတ်သက်ပြီး
ဂျပန်မှာနိုင်ငံခြားသားများအနေနဲ့ကျောင်းပြီးခါနီးကျောင်းမှရှာပေးတဲ့အလုပ်ဆီမီနာပွဲများနဲ့မိမိလုပ်ချင်တဲ့အလုပ်များကိုရှာဖွေရပါတယ်။မိမိလုပ်ချင်တဲ့အလုပ်အကြောင်းအရာနဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုလေ့လာရပါတယ်။ဂျပန်မှာအလုပ်နဲ့ပတ်သက်တဲ့ပွဲများများသွားနိုင်မှကုမ္မဏီကောင်းကောင်းရရှိမှာဖြစ်ပါတယ်။ဂျပန်လူမျိုးကျောင်းသားများတောင်အလုပ်ပွဲတွေအများကြီးသွားကြပြီးအဲအထဲကမှမိမိရဲ့အနာဂတ်အတွက်အာမခံချက်ပေးနိုင်တဲ့အလုပ်မျိုးကိုရွေးချယ်ကြပါတယ်။မိမိတို့အလုပ်သင်ဆင်းချင်တဲ့ကုမ္မဏီများကိုလည်းသေချာရွေးချယ်ထားဖို့လိုအပ်ပြီး၊အလုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာမေးရာတွင်လည်းစနစ်တကျနဲ့သိလိုသမျှယဥ်ယဥ်ကျေးကျေးနဲ့မေးတတ်ဖို့လိုအပ်ပါတယ်။