ကိုရိုနာဗိုင်းရပ်COVID-19)ကူးစက်ရောဂါသည်တစ်ကမ္ဘာလုံးမှာပြန့်နှံ့နေသည့်အတွက်ဂျပန်မှာနိုင်ငံမှာအလုပ်လုပ်ရန်၊ကျောင်းတက်ရန်စဥ်းစားနေသူများက ဂျပန်နိုင်ငံသို့ပြည်ဝင်ခွင့်မရပဲဖြစ်နေပါတယ်။ သို့သော် ၂၀၂၀ ခုနှစ် ၉လပိုင်းမှစတင်၍ ဂျပန်နိုင်ငံသို့ပြည်ဝင်ခွင့်ပြုရန် ဖြေလျှော့မှုများပြုလုပ်ပေးပါမှာဖြစ်ပြီး၊ပြန်လ
ည်ဝင်ရောက်ခွင့်နဲ့ပတ်သက်တဲ့အချက်အလက်အသစ်တွေနဲ့သတိထားစရာအချက်များကိုမိတ်ဆက်ပေးပါမည်။
ဂျပန်နိုင်ငံသို့ဝင်ရောက်ရန် ယခုလက်ရှိအခြေအနေ
၂၀၂၀ခုနှစ်၈လပိုင်း၃၁ရက်နေ့လက်ရှိဂျပန်နိုင််ငံသို့ဝင်ရောက်ခွင့်ငြင်းပယ်ခံရသူများနဲ့ဝင်ရောက်ခွင့်ရရှိသူများကအောက်ပါအတိုင်းဖြစ်ပါတယ်။နောက်ပိုင်းမှာ၊ဒေသခံဂျပန်သံရုံးများနဲ့တက္ကသိုလ်များရဲ့အကြုံပြုချက်များကိုလက်ခံပြီး၊ဂျပန်အစိုးရကကျောင်းလခနဲ့နေထိုင်မှုအသုံးစရိတ်များကိုထောက်ပံ့နေပြီး၊ဂျပန်အစိုးရပညာတော်သင်ကျောင်းသားများကိုလက်ခဲ့မှုစတင်ပြီး၊အဲဒီနောက်ပိုင်းမိမိစရိတ်ဖြင့်ပညာသင်နေတဲ့နိုင်ငံခြားကျောင်းသားအတွက်လည်းလက်ခံမှုကိုစဥ်းစားနေပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန 「နေထိုင်ခွင့်ဗီဇာရနိုင်ငံခြားသားများပြည်ဝင်ခွင့်နှင့်ပတ်သက်ပြီး 」 https://www.mofa.go.jp/mofaj/page1_000864.html နိုင်ငံခြားရေးဝန်ကြီးဌာန 「အထူးသီးသန့်အခြေအနေ」အရပြည်ဝင်ခွင့်နှင့်ပတ်သက်ပြီး」 https://www.mofa.go.jp/mofaj/ca/fna/page6_000411.html ၂၀၂၀ ခုနှစ် ၈ လပိုင်း ၂၂ ရက်နေ့ထုတ် အဆာဟိသတင်းစာ「နိုင်ငံခြားသားပညာတော်သင်ကျောင်းသားများ မကြာမီပြည်ဝင်ခွင့်ရရှိရန်ပြန်လည်ခွင့်ပြုမည်」 https://www.asahi.com/articles/ASN8P7648N8PUTFK008.html
・ပြန်လည်ဝင်ရောက်ခွင့်ငြင်းဆန်မှုနဲ့ပတ်သက်ပြီး
ဂျပန်အစိုးရကကိုရိုနာရဲရိုက်ခတ်မှုကြောင့်၊လူဝင်မှုကြီးကြပ်ရေးနှင့်ဒုက္ခသည်အသိအမှတ်ပြုမှုဥပဒေ(=「လူဝင်မှုကြီးကြပ်ရေးဥပဒေကိုလက်ရှိအချိန်မှာနိုင်ငံခြားသားများနဲ့ပတ်သက်ပြီးအောက်ပါအချက်အလက်များနဲ့ကိုက်ညီတဲ့အကျိုးအကြောင်းများကိုသီခြားသတ်မှတ်မထားဘဲ၊ပြည်ဝင်ခွင့်ငြင်းဆန်ထားပါတယ်။
(၁) ပြည်ဝင်ခွင့်လျှောက်ထားတဲ့ရက်မတိုင်မီ၁၄ရက်အတွင်း၊ဖော်ပြထားတဲ့နိုင်ငံ၊နေရာဒေ
သမှာနေထိုင်နေတဲ့နိုင်ငံခြားရေးဝန်ကြီးဌာ န「ကိုရိနာကူးစက်ရောဂါနဲ့ပတ်သက်ပြီးနယ်စပ်ရေးရာအစီအမံမျ ားခိုင်မာစေရန်အစီအမံအကြောင်းနဲ့ပတ်သက်ပြီး」 https://www.mofa.go.jp/mofaj/ca/fna/page4_005130.html
(၂) တရုတ်နိုင်ငံ၊ ဟူဘီ သို့မဟုတ် ဇေးဂျီအန်း မှထုတ်ပေးထားသည့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထာ
းသည့်နိုင်ငံခြားသားများ။
(၃) ဟောင်ကောင် ဝက်စတာဒမ်းမု သင်္ဘောစီးနှင်းထားသောနိုင်ငံခြားသားများ။
* အထူးအမြဲတမ်းနေထိုင်သူများကိုဖယ်ထုတ်ပြီး
လူဝင်မှုကြီးကြပ်ရေး「ကိုရိုနာကူးစက်ရောဂါကာကွယ်တားဆီးရေးနဲ့ပြည်ဝင်ခွင့်ငြင်းဆန်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး」 http://www.moj.go.jp/content/001327502.pdf
・ပြန်လည်ဝင်ရောက်ခွင့်ခွင့်ပြုချက်နဲ့ပတ်သက်ပြီး
(၁) ၂၀၂၀ခုနှစ်၈လပိုင်း၂၈ရက်မှသတ်မှတ်ထားတဲ့အောက်ပါအကြောင်းအရာများနဲ့ပတ်သက်တဲ့
သူတွေက၊သီခြားအကြောင်းအရာများပေါ်မူတည်ပြီး၂၀၂၀ခုနှစ်၉လပိုင်း၁ရက်ကနောက်ပိုင်းမှာနောက်ထပ်ပြန်လည်ဝင်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။၂၀၂၀ပြည့်နှစ်သြဂုတ်လ၃၁ရက်နေ့တွင်ဂျပန်နိုင်ငံမှပြန်လည်ဝင်ရောက်ခွင့် (ဂျပန်နိုင်ငံမှပြန်လည်ဝင်ရောက်ခွင့်အပါအ၀င်) ဖြင့်ထွက်ခွာခဲ့သောဂျပန်နေထိုင်ခွင့်ဗီဇာရှိသူများ
နေထိုင်ခွင့်သက်တမ်းရှိပြီးတရားဝင်ပြန်လည်ဝင်ရောက်ခွင့်*(၁) အပါအဝင်ပြန်လည်နေထိုင်ခွင့်ရှိသူများ
သည်ပြန်လည်ဝင်ရောက်ခွင့်ရှိသည်။
* ၁) ပြန်လည်ဝင်ရောက်ခွင့်ဆိုသည်မှာ
တရားဝင်နိုင်ငံကူးလက်မှတ်ရှိပြီးဂျပန်နိုင်ငံတွင်နေထိုင်ခွင့်ဗီဇာရှိသူများထဲမှ၃လအောက်နည်းသောနေထိုင်ခွင့်သက်တမ်းရှိသူအပါအဝင်ယာယီနေထိုင်သောနိုင်ငံခြားသားများမှအပကာလတိုနေထိုင်ခွင့်ရှိသည့်နိုင်ငံခြားသားများမှအပ၊ဂျပန်နိုင်ငံမှထွက်ခွာသည့်နေ့မှစ၍တစ်နှစ်အတွင်းပြန်လည်ဝင်ရောက်ပါကမူပုံမှန်အားဖြင့်ပုံမှန်ပြန်လည်ဝင်ရောက်ခွင့်ရှိရန်လိုအပ်ပါတယ်။
みなし再入国 http://www.immi-moj.go.jp/tetuduki/zairyuu/minashisainyukoku.html Special Re-entry Permit http://www.immi-moj.go.jp/english/tetuduki/zairyuu/specialre-entrypermit.html
(၂)၂၀၂၀ပြည့်နှစ်၊စက်တင်ဘာ၁ရက်နောက်ပိုင်းဂျပန်နိုင်ငံသို့ပြန်လည်၀င်ရောက်ခွင့်ဖြင့်ထွက်ခွာပြီးမထွက်ခွာမီလူဝင်မှုကြီးကြပ်ရေးမှဖြတ်ပိုင်းကိုလက်ခံရရှိသူ
လူဝင်မှုကြီးကြပ်ရေးမှထုတ်ပေးထားသည့်သူများ「တရားရေးဝန်ကြီဌာန ဂျပန်နိုင်ငံတွင်နေထိုင်သောနေထိုင်ခွင့်ရရှိထားသူများပြန်လည်ပြန်လည်ဝင်ရောက်ရေးအစီအစဉ်အတွက်လျှောက်လွှာ」 http://www.moj.go.jp/nyuukokukanri/kouhou/nyuukokukanri07_00245.html
(၃)အပြည်ပြည်ဆိုင်ရာအသွားအလာများပြန်လည်ထူထောင်ရေးအတွက်အဆင့်ဆင့်ဆောင်ရွက်ချက်များ အရပြည်ဝင်ခွင့်ပြုရန်လျှောက်ထားသောနိုင်ငံခြားသားများ
ကူးစက်မှုအခြေအနေတည်ငြိမ်သောနိုင်ငံများနှင့်ဒေသများကိုစီးပွားရေးအတွက်လိုအပ်သောသူများကို ၀င်ထွက်ခွင့်ပြုသည်။ အောက်ပါနိုင်ငံများမှသူများဖြစ်ပါတယ်။
・ ထိုင်းနိုင်ငံ (၂၀၂၀၊ ဇူလိုင် ၂၉ ရက်တွင်ခွင့်ပြုသည်)
・ ဗီယက်နမ်နိုင်ငံ (၂၀၂၀၊ ဇူလိုင် ၂၉ ရက်တွင်ခွင့်ပြုသည်)
・ စင်ကာပူ (၂၀၂၀ စက်တင်ဘာလတွင်သတ်မှတ်သည်)
・ မလေးရှား (၂၀၂၀၊ စက်တင်ဘာလတွင်စီစဉ်ထားသည်)
・ ကမ္ဘောဒီးယား (စက်တင်ဘာ ၂၀၂၀ တွင်စီစဉ်ထားသည်)
・ လာအို (စက်တင်ဘာ ၂၀၂၀ တွင်စီစဉ်ထားသည်)
・ မြန်မာနိုင်ငံ (၂၀၂၀၊ စက်တင်ဘာလတွင်စီစဉ်ထားသည်)
နိုင်ငံခြားရေး ၀ န်ကြီးဌာန 「အပြည်ပြည်ဆိုင်ရာအသွားအလာပြန်လည်စတင်ရန်အဆင့်ဆင့်ဆောင်ရွက်ခြင်းများ 」 https://www.mofa.go.jp/mofaj/ca/cp/page22_003380.html
(၄)တစ်ဦးချင်း၏အခြေအနေပေါ် မူတည်၍အထူးအခြေအနေများအဖြစ်အသိအမှတ်ပြုခံရသူများ
・ ဂျပန်လူမျိုး၊အမြဲတမ်းအိမ်ထောင်ဖက်သို့မဟုတ်ကလေး။
・နေထိုင်သူ၏အိမ်ထောင်ဖက်သို့မဟုတ်ကလေးနှင့်အတူ၊ဂျပန်နိုင်ငံတွင်မိသားစုလိုက်နေ
ထိုင်ပြီးယခုမိသားစုနှင့်ကွဲကွာနေသူများ။
・ "ပညာရေး(သို့မဟုတ် )ပါမောက္ခ" ဖြင့်နေထိုင်ခွင့်ဗီဇာရရရှိထားသောနိုင်ငံခြားသားများသည် အလုပ်လုပ်နေသောကျောင်း (သို့) အလုပ်လုပ်ရန်ရည်ရွယ်ထားသောကျောင်းတွင်လစ်လပ်နေပြီး အစားထိုးမည့်ဆရာမလုံလောက်ပါကပသင်ကြားပေးရန်အတွက် ပြည်ဝင်ခွင့်တောင်းခံထားသူများ။
・"ဆေးဘက်ဆိုင်ရာ"ဖြင့်နေထိုင်ခွင့်ဗီဇာရရရှိထားသောနိုင်ငံခြားသားများသည်ဆေးဘက်ဆိုင်ရာစနစ်
၏တိုးတက်မှုအတွက်အထောက်အကူပြုသောသူများ။
လူဝင်မှုကြီးကြပ်ရေး 「ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကိုထိန်းချုပ်သောစည်းမျဥ်းများအတိုင်း ၊တစ်ဦးချင်းအခြေအနေပေါ်လိုက်ပြီးပြန်လည်ပြည်၀င်ခွင့်ကိုအထူးသတ်မှတ်ထားသောကိစ္စများရဲ့အသေးစိတ်ဥပမာအကြောင်းအရာ」 http://www.moj.go.jp/content/001327505.pdf
စာရေးသူရွေးချယ်သောဆောင်းပါး
ဂျပန်နိုင်ငံသို့မလာမှီလုပ်ဆောင်ရမည့်အရာများ
အကယ်၍ သင်သည်ပြန်လည်ဝင်ရောက်ရန်အတွက်အချက်များနှင့်ကိုက်ညီပါက၊ အောက်ပါလုပ်ထုံးလုပ်နည်းအတိုင်းလိုက်နာပါ။ဤအချက်အလက်သည်ဂျပန်နိုင်ငံသို့ပြန်လည်၀င်ရောက်လာသူများ (ဂျပန်နိုင်ငံတွင်နေထိုင်ခွင့်ရှိသူများ) အတွက်သာမိတ်ဆက်ပေးထားခြင်းဖြစ်ပါတယ်။
နောက်ပိုင်း၊ ဂျပန်သို့ ၀င်ရောက်မည့်သူများအတွက် ပြည်၀င်ခွင့်၏ရည်ရွယ်ချက်ပေါ် မူတည်၍ လက်ရှိနေထိုင်နေသောနိုင်ငံ၊ဒေသရှိရှိဂျပန်သံရုံး၊ကောင်စစ်ဝန်ရုံးမှဗီဇာထုတ်ပေးရန်လိုအပ်လိမ့်မည်။ (* လတ်တလောတွင်ဗီဇာသက်ရောက်မှုရပ်ဆိုင်းသွားသောနိုင်ငံများမှာအောက်ပါအတိုင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုတားဆီးသည့်နယ်စပ်အစီအမံများကိုတင်းကြပ်စွာထားရှိခြင်းနှင့်ပတ်သက်ပြီး )
・နေထိုင်ရာမှာရှိတဲ့ဂျပန်သံရုံးရဲ့ဝက်ဆိုက်ကိုစစ်ဆေးပါ
ဂျပန်သို့ပြန်လည်ဝင်ရောက်တာနဲ့ပတ်သက်ပြီးသတင်းအချက်အလက်အသစ်တွေ၊နေထိုင်တဲ့နေရာရဲ့သံရုံး၊ကောင်စစ်ဝန်အထွေထွေဝက်ဆိုက်ကိုစစ်ဆေးကြည့်ပါ။
နိုင်ငံခြားဝန်ကြီးဌာန「ပြင်ပသံတမန်စရင်းများ 」 https://www.mofa.go.jp/mofaj/annai/zaigai/list/index.html(日本語) https://www.mofa.go.jp/about/emb_cons/mofaserv.html(英語)
・လိုအပ်သောလုပ်ဆောင်မှုများ
စာရွက်စာတမ်းများကိုပြင်ဆင်ခြင်းဂျပန်နိုင်ငံသို့ပြည်ဝင်ခွင့်ရရန်၊ အောက်ပါစာရွက်စာတမ်း ၂ မျိုးရှိရန်လိုအပ်ပါတယ်။
(၁)ကိုရိုနာဗိုင်းရပ်(COVID-19)နှင့်ပတ်သက်ပြီးဆေးစစ်ထားရန်လိုပြီး「ပိုးကင်းစင်ကြောင်း」ကိုသက်သေပြရန်ဆေးစစ်ထားသောလက်မှတ်ရှိရန် ။
(၂)လက်ရှိနေထိုင်သောနိုင်ငံရှိဂျပန်သံရုံးတွင်ပြည်ဝင်ခွင့်အတွက်လိုအပ်သောစာရွက်စာတမ်းများကိုတင်ပြရန် ။
(၁)ကိုရိုနာဗိုင်းရပ်(COVID-19)နှင့်ပတ်သက်ပြီးဆေးစစ်ထားရန်လိုပြီး「ပိုးကင်းစင်ကြောင်း」ကိုသက်သေပြရန်ဆေးစစ်ထားသောလက်မှတ်ရှိရန်။
နိုင်ငံအတွင်းမှမထွက်ခွာမှီ ၇၂နာရီအတွင်း စစ်ဆေးထားပြီး၊ ကိုရိုနာဗိုင်းရပ်(COVID-19)「ပိုးကင်းစင်ကြောင်းကိုသက်သေပြရန်လိုအပ်ပါတယ်။အဆိုပါပုံစံကိုဒေါင်းလုတ်ဆွဲပြီး၊လက်ရှိနေထိုင်နေသောနိုင်ငံရှိဆေးရုံ၊ဆေးခန်းများကိုဖြည့်စွက်စေပြီး၊ဆရာဝန်လက်မှတ်သို့တံဆိပ်တုံးထုထားရန်လိုအပ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန「・လိုအပ်သောလုပ်ဆောင်မှုများ・စာရွက်စာတမ်းများ」 1(၁)သတ်မှတ်ထားသောပုံစံ(WORD) https://www.mofa.go.jp/mofaj/ca/fna/page25_001994.html
(၂)လက်ရှိနေထိုင်သောနိုင်ငံရှိဂျပန်သံရုံးတွင်ပြည်ဝင်ခွင့်အတွက်လိုအပ်သောစာရွက်စာတမ်းများကိုတင်ပြရန်
လက်ရှိနေထိုင်သောနိုင်ငံရှိဂျပန်သံရုံးတွင်ပြည်ဝင်ခွင့်အတွက်လိုအပ်သောစာရွက်စာတမ်းများကိုထုတ်ယူပြီး၊ ပြည်ဝင်ခွင့်အတွက်လိုအပ်သောတင်ပြရန်စာရွက်များကိုရယူရပါမယ်။ထုတ်ယူပြီးပါကလျှောက်ထားသူထံအကြောင်းကြားမည်ဖြစ်သောကြောင့်၊လျှောက်ထားသူဖြစ်စေ၊ကိုယ်စားဖြစ်စေလာရောက်ထုတ်ယူနိုင်ပါတယ်။ လျှောက်ထားသောနေ့ရက်တွင်နေ့ချင်းအပြီးမထုတ်ပေးပါ။
・ပတ်စ်ပို့(သက်တမ်းရှိသောပြည်ဝင်ခွင့်ပြည်ပြန်လည်ဝင်ခွင့်အပါအဝင်လက်မှတ်ကပ်ထားသောစာရွက်)
・နေထိုင်ခွင့်ကဒ်ပြား
・ရရှိထားသောလျှောက်လွှာများ
နိုင်ငံခြားရေးဝန်ကြီးဌာန「လိုအပ်သောလုပ်ဆောင်မှုများစာရွက်စာတမ်းများ2.လိုအပ်သောလုပ်ဆောင်မှုများ・စာရွက်စာတမ်းများ 」 https://www.mofa.go.jp/mofaj/ca/fna/page25_001994.html
・လေယာဥ်လက်မှတ်ဘိုကင်လုပ်ရန်
①ရိုနာဗိုင်းရပ်(COVID-19)ပိုးကင်းစင်ကြောင်းဆေးစစ်လက်မှတ်②ပြည်ဝင်ခွင့်အတွက်လိုအပ်သောစာရွက်စာတမ်းများကိုတင်ပြပြီး၊ အချိန်ကိုစုံစမ်းပြီးနောက်၊ ဂျပန်နိုင်ငံသို့သွားရောက်မည့်လေယာဥ်လက်မှတ်ကိုဘိုကင်လုပ်ကြရအောင်။
・ဂျပန်နိုင်ငံသို့ဝင်ရောက်ပြီး၊နောက်ရက်မှစ၍၁၄ရက်ကြာအိမ်ထဲတွင်သာနေထိုင်ရန်
ဂျပန်နိုင်ငံသို့ဝင်ရောက်ပြီး၊နောက်ရက်မှစ၍၁၄ရက်ကြာအိမ်ထဲတွင်သာနေထိုင်ရန်သတ်မှတ်ထားပါတယ်။ကွာရန်တင်းဝင်ရမည့်နေရာမှာမိမိအိမ်၊ဆွေမျိုးအိမ်၊သူငယ်ချင်းအိမ်၊ကွန်ဒိုအငှားတိုက်ခန်း၊မိမိဘိုကင်လုပ်ထားသောဟိုတယ်ဖြစ်ပါတယ်။(တည်းခိုခန်း၊ဧည့်ရိပ်သာများစသည့်အိမ်သာ၊ရေချိုးများကိုလူအများဖြင့်အသုံးပြုရသောနေရာများတွင်တည်း၍မရပါ။ )
အလုပ်သမားရေးရာဝန်ကြီးဌာန「နယ်စပ်အစီအမံများနှင့်စပ်လျဉ်း၍အမေးအဖြေ ကွာရန်တင်းဝင်ရမည့်နေရာနှင့်ပတ်သက်ပြီး」 https://www.mhlw.go.jp/stf/seisakunitsuite/bunya/kenkou_iryou/covid19_qa_kanrenkigyou_00001.html#Q1-1
・လေဆိပ်မှထွက်လျှင်သွားလာရမည့်သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်ပြီး
ဂျပန်သို့ဝင်ရောက်ပြီး၊လေဆိပ်မှစပြီးမိမိကွာရန်တင်းဝင်မည့်နေရာအထိအများပြည်သူသုံးသယ်ယူပို့ဆောင်ရေး(ရထား၊ဘတ်စ်ကား၊တက်စီ၊လေယာဥ်)မှအပအခြားသောနည်းလမ်း(ကိုယ်ပိုင်ကား၊ အငှားကားစသည်တို့ကိုအသုံးပြုပြီး၊သွားလာရပါမယ်။
<အင်္ဂလိပ်စာဖြင့်ရှာဖွေနိုင်သော>
株式会社かすみ交通:http://www.kasumi-taxi.jp/Returnee-transfer.html
Kasumi Tokyo Taxi & Hire Company: http://www.kasumi-taxi.jp/Returnee-transfer-A.html
株式会社AXIS: https://www.limousine-cruise.com/
AXIS,inc: https://www.limousine-cruise.com/en/
東京MK株式会社: https://www.tokyomk.com/hire-plans
Tokyo MK group: https://en.tokyomk.com/hire-plans
စာရင်းများကြည့်ရန် https://www.mhlw.go.jp/stf/seisakunitsuite/newpage_00020.html နယ်စပ်အစီအမံများနှင့်စပ်လျဉ်း၍အမေးအဖြေ ၄ သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်ပြီး https://www.mhlw.go.jp/stf/seisakunitsuite/bunya/kenkou_iryou/covid19_qa_kanrenkigyou_00001.html#Q1-1
ဂျပန်နိုင်ငံသို့ရောက်ပြီးနောက်ပိုင်းအစီအစဥ်
ဂျပန်နိုင်ငံသို့ရောက်ရှိပါက၊ လက်တွေ့ပြုလုပ်ရမည်များကိုရှင်းပြပါမည်။
・ကိုရိုနာဗိုင်းရပ်အတွက် PCR စစ်ဆေးရန်
「ပြည်ဝင်ခွင့်ငြင်းဆန်ထားသောဒေသများ」တွင်နေထိုင်ဖူးသူအားလုံးကို PCR စစ်ဆေးမှုများပြုလုပ်ပြီး၊ ဆေးစစ်ချက်မထွက်မှီအချိန်အထိ၊လေဆိပ်အတွင်းရှိနေရာ၊သတ်မှတ်ထားသောနေရာများတွင်စောင့်ဆိုင်းရပါမည်။ ဆေးစစ်ချက်ထွက်ရန် နာရီပိုင်းအတွင်း သို့ ၂ရက်ခန့်ကြာပါမည်။ ၂၀၂၀ခုနှစ် ၈လပိုင်း ၇ရက်နေ့အထိ၊ မိမိအိမ်တွသ်ဆေးစစ်ချက်စောင့်ဆိုင်းရမည်မှာ ဖူခုအိုကာလေဆိပ်ကို အသုံးပြုသူသာဖြစ်ပါတယ်။ နာရီတာလေဆိပ်၊ဟနဲဒါးလေဆိပ်နှင့်ခန်းစိုင်းလေဆိပ်အားအသုံးပြုသူများမှာလေဆိပ်တွင်သာစောင့်ဆိုင်းရပါမည်။
ဆေးစစ်ချက်ရလဒ်ထွက်သည်အထိ၊ ကြိုတင်ဘိုကင်လုပ်ထားသောကွာရန်တင်းနေရာသို့ သွား၍မရပါ။
ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေး ၀ န်ကြီးဌာန「တိုင်းပြည်ပြန်လာမည့်သူများအတွက်」 https://www.mhlw.go.jp/content/10900000/000656244.pdf
・ပြည်ဝင်ပြီးနောက်ကွာရန်တင်းဝင်မည့်နေရာနှင့်လေဆိပ်မှထိုနေရာသို့သွားရောက်မည့်ပို့ဆောင်ရေးစနစ်ကိုမှတ်ပုံတင်ရပါမည်။
ဂျပန်တွင်ကွာရန်တင်းဝင်မည့်အခါအောက်ပါစာရွက်စာတမ်းများကိုတင်ပြရပါမယ်။
・မေးခွန်းလွှာ
・ကျန်းမာရေးကဒ်
・LINE အပလီအားသဘောတူလွှာ(ဂျပန်နိုင်ငံရှိဆင်းကဒ်များရှိသူသာ)
ပြည်ဝင်ပြီး ၁၄ရက်အကြာတွင်「မေးခွန်းလွှာ」တွင်ပြည်တွင်းရှိလိပ်စာကိုဖြည့်စွက်ပြီး ပြည်သူ့ကျန်းမာရေးစင်တာမှ「မေးခွန်းလွှာ」တွင်ဖြည့်ထားသောဖုန်း သို့ အီးမေးလ်ဖြင့် နေ့စဥ်ကျန်းမားရေးအခြေအနေကို ဆက်သွယ်မေးမြန်းပါမည်။ LINE အပလီအားသဘောတူလွှာတွင် သဘောတူကြောင်းလက်မှတ်ထိုးထားသူကို LINE အပလီမှ ကျန်းမားရေးအခြေအနေကို ဆက်သွယ်မေးမြန်းပါမည်။
ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေး ၀န်ကြီးဌာန「ကိုရိုနာကူးစက်ရောဂါနှင့်ပတ်သက်ပြီး」 https://www.forth.go.jp/news/20200129.html
・PCRဆေးစစ်ချက်ရလဒ်သိရှိပါက
PCRစစ်ဆေးမှုသည်ပိုးကင်းစင်ပါကမိမိစီစဥ်ထားသောနေရာတွင်၁၄ရက်ကြာ(ပြည်ဝင်သည့်နောက်ရက်မှစပြီး)ကွာရန်တင်းဝင်ရပါမယ်။၁၄ရက်ကြာကွာရန်တင်းဝင်နေချိန်တွင်အများပြည်သူသုံးပို့ဆောင်ရေးနေရာများကိုအသုံးမပြုရပါ။ 「ပိုးတွေ့ရှိ」ပါကပြည်သူ့ကျန်းမာရေးစင်တာ၏လမ်းညွှန်ချက်အတိုင်းလုပ်ဆောင်ပါ။
အနှစ်ချုပ်
စုံစမ်းမေးမြန်းလိုသူများသည် WeXpats Forumမှမြန်မာဘ
ာသာဖြင့်မေးခွန်းမေးလို့ရပါတယ်။ကိုရိုနာကူးစက်မှုကနောက်ထပ်ဘယ်လောက်ထိကျယ်ပြန့်မယ်မသိပေမယ့်၊ဂျပန်မှာရှိတဲ့WeXpatsစာရေးသူမှအားလုံးကိုဂျပန်မှာတက်ကြွစွာလုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။