ဂျပန်နဲ့မြန်မာကြားမှာတူညီတဲ့အချက်များနဲ့မတူညီတဲ့အချက်များစွာရှိပါတယ်။နေထိုင်ပုံစံ၊အပြုအမူ၊ဓလေ့စရိုက်နဲ့ယဥ်ကျေးမှုအစရှိတဲ့ဓလေ့စရိုက်များမှာစိတ်ဝင်စားဖို့ကောင်းလှပါတယ်။ဂျပန်လူမျိုးတို့ရဲ့ပင်ကိုယ်ဓလေ့စရိုက်၊ငယ်ရွယ်စဥ်ပညာရေး၊လုပ်ငန်းတွေမှာလိုက်နာရမယ့်စည်းကမ်းတွေကအစမတူကွဲပြားပြီးစည်းကမ်းရှိလှပါတယ်။စားသောက်နေထိုင်မှုနဲ့ဝတ်စားဆင်ယင်မှုကလည်းကွဲပြားလှပါတယ်။ဂျပန်ရဲ့မြင့်မားလှတဲ့နည်းပညာကလည်းအတုယူစရာကောင်းလှပါတယ်။ဂျပန်ကိုပထမဆုံးရောက်လာတဲ့နိုင်ငံခြားသားအဖို့လေ့လာစရာနဲ့ဗဟုသုတရစရာအများကြီးရရှိစေမှာဖြစ်ပါတယ်။
ဂျပန်မြန်မာမတူညီတဲ့အချက်များ
ဂျပန်လူမျိုးတို့ဟာနေထိုင်တဲ့မိမိအိမ်ရဲ့ဖိနပ်ချွတ်တဲ့နေရာကအစစည်းကမ်းရှိပါတယ်။အိမ်ပြန်ရောက်ပြီးဖိနပ်ချွတ်လိုက်တာနဲ့နောက်နေ့အတွက်ဖိနပ်ကိုအပြင်ထွက်မယ့်ဘက်ကိုတစ်ခါတည်းလှည့်ထားပါတယ်။နောက်တစ်ခုကအမှိုက်ပစ်တဲ့ပုံစံကစည်းကမ်းရှိလှပါတယ်။တနင်္လာနေ့ကနေသောကြာနေ့အထိပစ်ရမယ့်အမှိုက်အမျိုးအစားမတူညီဘဲသူ့ရက်နဲ့သူခွဲခြားပြီးပစ်ရမှာဖြစ်ပါတယ်။သတိထားရမှာကအမှိုက်ပစ်ပုံပစ်နည်း၊ခွဲခြားရမယ့်အမျိုးအစား၊ပစ်ရမယ့်နေရာ၊ပစ်ရမယ့်နေ့ကိုသတိထားသင့်ပါတယ်။ရထားပေါ်မှာဆေးလိပ်သောက်ခွင့်မရှိ၊စားသောက်တာခွင့်မပြုထားပါဘူး။ဖုန်းပြောချင်းကိုလည်းတားမြစ်ထားပါတယ်။အသက်ကြီးတဲ့သူ၊ဒဏ်ရာအနာတရရှိတဲ့သူနဲ့ဗိုက်ကြီးနေတဲ့သူတွေအတွက်သီးခြားနေရာစီစဥ်ထားတဲ့ကလည်းအတုယူစရာကောင်းလှပါတယ်။နောက်တစ်ခုကဂျပန်လူမျိုးများဟာငယ်စဥ်ကတည်းကကိုယ့်ကိုကိုယ်အားကိုးတတ်ကြပါတယ်။ကျောင်းသွားတာကအစမိမိကိုယ်တိုင်ဘဲကျောင်းသွားရပြီး၊မိဘများကလိုက်ပို့လေ့မရှိပါဘူး။နောက်တစ်ခုကလုပ်ငန်းခွင်မှာအဖွဲနဲ့အလုပ်လုပ်တတ်ပြီး၊ငယ်စဥ်ကတည်းကအဖွဲ့လိုက်လှုပ်ရှားမှုဖြင့်ပြုလုပ်တာကိုလေ့ကျင့်သင့်သင်ကြားထားပါတယ်။အဲဒါအပြင်အချိန်ကိုလေးစားတတ်ခြင်းဖြစ်ပါတယ်။ချိန်းထားတဲ့အချိန်ထက်အနည်းဆုံးငါးမိနစ်၊ဆယ့်မိနစ်လောက်စောပြီးရောက်နေတတ်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
ဂျပန်မြန်မာတူညီတဲ့အချက်များ
ဘာသာစကားအနေနဲ့ပြောရမယ်ဆိုလည်းမိမိစဥ်းစားတဲ့အတိုင်းဂျပန်လိုစာစီပြီးပြောလို့ရတဲ့အတွက်တူညီတယ်လို့ပြောလို့ရပါတယ်။ဘာသာစကားတည်ဆောက်ပုံ၊စဥ်းစားတွေးခေါ်ပုံလည်းတော်တော်တူညီတယ်လို့ပြောလို့ရပါတယ်။ကိုယ်ချင်းစာတရားရှိခြင်း၊ရိုသေလေးစားတတ်ခြင်း၊အမိန့်နာခံတတ်ခြင်းအစရှိသဖြင့်တူညီတဲ့အချက်တွေရှိနေပါတယ်။ဘာသာရေးအရလည်းတူညီမှုများစွာရှိပါတယ်။နောက်တစ်ခုကတော့နှုတ်ဆက်တတ်တဲ့အလေ့အကျင့်ဖြစ်ပါတယ်။လမ်းမှာသော်လည်းကောင်း၊ရထားစီးတာနားမလည်လို့သော်လည်းကောင်းကူညီတတ်ကြတဲ့အချက်ကလည်းတူညီပါတယ်။နောက်တစ်ခုကတောင်းပန်တတ်တဲ့အကျင့်ရှိနေတတ်ဖြင်းဖြစ်ပါတယ်။မိမိကြောင့်သူတဖက်သားအနှောင့်အယှက်ဖြစ်သွားတာကိုသိရင်ချက်ချင်းတောင်းပန်တတ်ခြင်းဖြစ်ပါတယ်။နောက်တစ်ခုကဘုရားများတွင်ဆုတောင်းစာများရေးပြီးဆုတောင်းသကဲ့သို့မြန်မာပြည်မှာလည်းအဲလိုမျိုးအယူအဆများရှိတာကြောင့်ယဥ်ကျေးမှုအရလည်းတူညီပါတယ်။နှစ်သက်ကူးဘုရားသွားတတ်ကြပြီးနှစ်တစ်နှစ်ရဲ့အစကံကောင်းမှုများရောက်လာအောင်ဆုတောင်းမှုပုံစံကလည်းတူညီလှပါတယ်။လုပ်ငန်းခွင်စီနီယာအပေါ်လေးစားမှုရှိခြင်းကလည်းတူညီတဲ့အချက်တစ်ခုဖြစ်ပါတယ်။
လေ့လာမှတ်သားစရာအချက်များ
အခြားလေ့လာစရာအနေနဲ့ဂျပန်မှာရထားဘူတာတွေမှာတန်းစီပြီးရထားစီးရသကဲ့သို့အလှည့်ကျပုံစံကလည်းအတုယူစရာကောင်းလှပါတယ်။ကားလမ်းကူးတဲ့အခါမှာလည်းလူးကူးမျဥ်းကျားကနေစည်းကမ်းတကျလိုက်နာပြီးပြုလုပ်တတ်တဲ့စည်းကမ်းကလည်းလေ့လာမှတ်သားစရာကောင်းလှပါတယ်။လမ်းလျှောက်တဲ့အခါမှာလည်းလူသွားလမ်းနဲ့ကားသွားနေရာသတ်မှတ်ထားပြီးစည်းကမ်းတကျလိုက်နာပြီးသွားလာတတ်တဲ့အကျင့်ကလည်းဘေးအန္တရယ်ကင်းရှင်းပြီးစည်းကမ်းရှိလှပါတယ်။ကမ်းရပ်တဲ့နေရာသီခြားရှိခြင်း၊စက်ဘီးရပ်တဲ့နေရာသီခြားသတ်မှတ်ထားတဲ့ပုံစံကလည်းမတူကွဲပြားတဲ့အချက်လေးတွေဖြစ်ပါတယ်။သဘာဝဘေးအန္တရယ်အတွက်ငယ်ငယ်ကတည်းကလေ့ကျင့်သင်ကြားထားမှု၊အသိပညာမြင့်မားမှုကလည်းလေ့လာမှတ်သားသင့်တဲ့အချက်ဖြစ်ပါတယ်။ဓါတ်လှေကားစီးတဲ့နေရာမှာဘယ်ဘက်ကပ်စီးကြပြီးအမြန်သွားချင်တဲ့သူအဖို့ညာဘက်အခြမ်းကိုအသုံးပြုလို့ရတဲ့အတွက်အဆင်ပြေပြီးလိုက်နာကျင့်သုံးသင့်တဲ့စည်းကမ်းတစ်ခုဖြစ်ပါတယ်။ဆေးလိပ်တွေကိုနေရာတိုင်းသောက်ခွင့်မရှိဘဲ၊ဆေးလိပ်သောက်လို့ရတဲ့နေရာသတ်မှတ်ထားခြင်းကလည်းမတူကွဲပြားတဲ့စည်းကမ်းတစ်ခုဖြစ်တာကြောင့်လေ့လာသင့်တဲ့အမူအကျင့်တစ်ခုဖြစ်ပါတယ်။