ဂျပန်မှာကျောင်းသားဝတ်စုံများကမူလတန်း၊အလယ်တန်း၊အထက်တန်းမှာဝတ်စုံတူညီစွာသတ်မှတ်ထားပါတယ်။ကျောင်းအပေါ်လာပြီးဝတ်စုံအရောင်များပြောင်းလဲဝတ်ဆင်တတ်ကြပါတယ်။ဒါပေမယ့်ဝတ်စုံဒီဇိုင်းကတူညီပါတယ်။အရောင်သာခွဲခြားဝတ်ဆင်တာဖြစ်ပါတယ်။ထူးခြားတာကတော့ကျောင်းကိုငယ်စဥ်ကတည်းကမိမိကိုယ်တိုင်သာသွားရတာဖြစ်ပါတယ်။ဂျပန်မှာမိမိကိုယ်ကိုအားကိုးတဲ့ပုံစံကိုငယ်စဥ်ကတည်းကလေ့ကျင့်ထားတာဖြစ်ပါတယ်။နောက်တစ်ခုကတော့တက္ကသိုလ်များမှာတော့မိမိကြိုက်နှစ်သက်ရာဝတ်စုံကိုဝတ်ဆင်လို့ရပါတယ်။ခေတ်အဆက်ဆက်ကတည်းကဂျပန်ရဲ့ကျောင်းသားအကျီပုံစံပြောင်းလဲလာပြီး၊ရာသီဥတုပေါ်လိုက်ပြီးလည်းပြောင်းလဲဝတ်ဆင်တာမျိုးလည်းရှိပါတယ်။ဥပမာဆောင်းဦးလိုရာသီမျိုးမှာဆွယ်တာခံပြီးဝတ်သလိုမျိုးပြောင်းလဲဝတ်ဆင်ကြပါတယ်။
ကျောင်းသားဝတ်စုံနဲ့ပတ်သက်ပြီး
ယောက်ျားများအနေနဲ့အပေါ်ကကုတ်အကျီလိုပုံစံတူလက်ရှည်ပုံစံဝတ်ဆင်ရပြီး၊အောက်ကဘောင်းဘီအရှည်ဝတ်ဆင်ရတာဖြစ်ပါတယ်။ကော်လံမပါဘဲလည်ကတုံးလိုကုတ်အကျီပုံစံဖြစ်ပါတယ်။မူလတန်းလောက်မှာဦးထုတ်ပါဆောင်းရတာဖြစ်ပါတယ်။အရောင်အနေနဲ့အနက်ရောင်နဲ့အပြာရောင်ပုံစံကများပါတယ်။မိန်းကလေးများအနေနဲ့များသောအားဖြင့်အကျီလက်ရှည်အဖြူရောင်ပေါ်မှာကုတ်အကျီနဲ့နက်ကတိုင်စီးရပြီး၊အောက်ကစကတ်ကိုဒူးခေါင်းဖုံးတဲ့အထိဝတ်ဆင်ရပါတယ်။နောက်တမျိုးကတော့အောက်ကစကတ်နဲ့အပေါ်မှာအကျီလက်ရှည်ပေါ်မှာအကျီထဲကကော်လံပုံစံမျိုးကိုဘေးနှစ်ဖက်ခွဲထားပြီး၊အောက်ကဖဲပွင့်ပုံစံဖော်ထားပါတယ်။ဂျပန်ကျောင်းတွေမှာအားကစားပွဲများနှစ်စဥ်ကျင်းပကြပါတယ်။အသင်းအဖွဲ့များနဲ့အားကစားလုပ်ရတာပျော်ရွင်စရာကောင်းလှပါတယ်။မူလတန်းကလေးအရွယ်ကလေးများအနေနဲ့လည်းချစ်စရာလွယ်အိတ်လေးများနဲ့အကျီဆင်တူနဲ့ချစ်စရာကောင်းလှပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
ကျောင်းဝင်ခွင့်နဲ့ဆင်းပွဲများနဲ့ပတ်သက်ပြီး
ဂျပန်မှာကျောင်းဝင်ခွင့်ရဖို့လည်းအများကြီးကြိုးစားရပါတယ်။ကျောင်းကောင်းကောင်းကိုဝင်ခွင့်ရရှိဖို့လည်းမလွယ်ကူလှပါဘူး။တက္ကသိုလ်တွေကပိုမိုခက်ခဲပါတယ်။ဂျပန်မှာရှိတဲ့အထက်တန်းကျောင်းသားများကကျောင်းမပြီးခင်ကတည်းကကျောင်းကောင်းကောင်းရရှိဖို့ကြိုးစားရပါတယ်။ကျောင်းကောင်းကောင်းပြီးမှအလုပ်ကောင်းကောင်းရရှိမှာဖြစ်ပါတယ်။ဂျပန်ရဲ့ကျောင်းဝင်ခွင့်၊ကျောင်းဆင်းပွဲမှာလည်းပုံမှန်ကျောင်းသွားနေတဲ့ပုံစံကိုပိုပြီးသပ်သပ်ရပ်ရပ်ဝတ်ဆင်ရပြီး၊ရင်ဘတ်မှာပန်းပွင့်ရင်ထိုးသို့မဟုတ်ဖဲပြားပုံစံချိတ်ထားပါတယ်။ကျောင်းဝင်ခွင့်၊ဆင်းပွဲအတွက်သီချင်းများရှိပြီး၊အတူတူတစုတစည်းတည်းသီဆိုရတာဖြစ်ပါတယ်။အခမ်းအနားအတွက်အလှည့်ကျတက်ယူရပြီး၊မူလတန်းအနေနဲ့အရှေ့ဆုံးမှအတန်းပိုင်ဆရာမမှဦးဆောင်ပြီးလုပ်ဆောင်ပေးပါတယ်။အလယ်တန်း၊အထက်တန်းကတော့ကျောင်းသားများကစီတန်းပြီးတက်ယူရပါတယ်။ကျောင်းဝင်ခွင့်၊ကျောင်းဆင်းပွဲများသာမိဘများကတက်ရောက်ချီးမြှင့်ပေးတာဖြစ်ပါတယ်။
ကျောင်းရဲ့စာသင်နှစ်နဲ့ပြောင်းလဲလာတဲ့ပုံစံများ
မူလတန်းကိုတစ်ကနေလေးအထိသတ်မှတ်ထားပြီးခြောက်နှစ်လောက်မှာစတက်ရပြီးမူလတန်းရဲ့အမှတ်စဥ်လေးအထိကိုအသက်အရွယ်ကိုးနှစ်လောက်အထိတက်ရောက်ရပြီးလေးနှစ်လောက်မူလတန်းကိုတက်ရောက်ရတာဖြစ်ပါတယ်။ငါး၊ခြောက်အထိဆက်လက်တက်ရပြီးအသက်အရွယ်အားဖြင့်ဆယ့်တစ်နှစ်၊ဆယ့်နှစ်နှစ်ဝန်းကျင်ဖြစ်သွားမှာဖြစ်ပါတယ်။အလယ်တန်းကတော့တစ်၊နှစ်၊သုံးအထိသတ်မှတ်ထားပြီးဆယ့်သုံးနှစ်ကဆယ့်ခြောက်နှစ်ဝန်းကျင်အထိတက်ရောက်ရမှာဖြစ်ပါတယ်။အထက်တန်းကတော့တစ်ကနေငါးအထိရှိပြီး၊ပုံမှန်အထက်တန်းစာသင်နှစ်ပုံစံနဲ့တက္ကသိုလ်အတွက်ပြင်ဆင်တဲ့အထက်တန်းစာသင်နှစ်ပုံစံဖြင့်သင်ကြားရပါတယ်။အသက်အရွယ်အနေနဲ့ဆယ့်ခြောက်နှစ်ကနေဆယ့်ကိုးနှစ်အထိသင်ကြားရမှာဖြစ်ပါတယ်။အဲဒီကနေမှဆန်းမွန်းလို့ခေါ်တဲ့ကောလိပ်၊တက္ကသိုလ်တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ကျောင်းပြီးသွားရင်နှစ်ဆယ့်သုံးနှစ်လောက်ဖြစ်သွားပြီးအဲဒီကနေမှလုပ်ငန်းခွင်ဝင်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။