ဂျပန်တက္ကသိုလ်မှာ သူငယ်ချင်းဘယ်လိုရှာမလဲ။

ယခုဆိုရင် လူငယ်တော်တော် များများ မြန်မာနိုင်ငံရဲ့ လူငယ်တော်တော် များများက ဂျပန်နိုင်ငံရဲ့ တက္ကသိုလ် တွေကို ဝင်ခွင့်ရဖို့ကြိုးစားနေကြတာ မြင်တွေ့ရမှာပါ။ တက္ကသိုလ်မှာ ပညာသင်တယ် ဆိုတာက ပညာတသ်ခုတည်းမဟုတ်ဘဲ မိတ်ဆွေ တွေ ရှာဖွေတဲ့ နေရာ လဲ ဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံမှာ ပညာတော်သင်သွားနေတုန်း ဂျပန်လူမျိုးတွေနဲ့ သူငယ်ချင်း ဘယ်လိုဖြစ်အောင် လုပ်ရမလဲ ဆိုတြံ မေးခွန်းတွေ၊ဂျပန်နိုင်ငံတက္ကသိုလ်တွေမှာ ကျောင်းသားအဖွဲ့တွေအကြောင်းတွေနဲ့ပတ်သက်ပြီးမေးခွန်းတွေလြ တော်တော်များများမေးလေ့ရှိတဲ့မေးခွန်းတွေ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်မှာ လက်တွေ့ ပညာတော်သင် သွားခဲ့တဲ့ သူတွေရဲ့ အတွေအကြုံကို အခြေခံပြီးတော့ ဂျပန်တက္ကသိုလ်မှာ ဘယ်လိုမျိုးသူငယ်ချင်းရှာရမလဲ ဆိုတဲ့ အကြောင်းအရာတွေ ကိုမျှဝေသွားပါ့မယ်။ 

မာတိကာ

တက္ကသိုလ်မှာ ဘာလို့ ဂျပန်လူမျိုးတွေနဲ့ မိတ်ဆွေဖွဲ့သင့်တာလဲ။

  • တက္ကသိုလ် မှာ သူငယ်ချင်းရှာဖွေတာက ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို ပိုပြီးလာစေနဲ့အပြင်၊ ကိုယ်ရဲ့ ဂျပန်စာအရည်အချင်းကိုလဲ ပိုပြီးတော့ တိုးလာစေပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ သူငယ်ချင်းအချင်းချင်း စာတွေနဲ့ပတ်သက်ပြီး အပြန်အလှန် ကူညီနိုင်ပါသေးတယ်။ ဥပမာ အောက်ပါ အကြောင်းအရာ ၂ ခုကို နှိုင်းယှဥ် ကြည့်လိုက်ကြရအောင်။ 

 တက္ကသိုလ်မှာ သူငယ်ချင်းများတဲသူဆို အဖွဲ့အလိုက် အိမ်စာတွေ အဖွဲ့အလိုက်လှုပ်ရှားမှုတွေမှာ လွယ်ကူစွာပါဝင်နိုင်မှာပါ။ နောက်တစ်ခုက အရေးကြီးတဲ့ အချက်အလက် တစ်ခုခု လွှတ်သွားပါက သူငယ်ချင်းတွေ ဆီကတေ ပြန်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ဂျပန်နိုင်ငံအကြောင်း၊ ဂျပန်ရိုးရာ ယဥ်ကျေးမှုအကြောင်းတွေကိုလဲ သင်ယူလေ့လာနိုင်မှာပါ။ ဒါကြောင့် နေထိုင်မှုပူံစံ အမျိုးမျိုးနဲ့ ထိတွေ့ပြီး ပိုပြီးတော့ အမြင်တွေကျယ်လာမှာ ဖြစ်ပါတယ်။ 

  • အကယ်၍ သူငယ် ချင်းတယောက်မှမရှိပါက အပေါ်မှာပြောခဲ့ တဲ့ အရာတွေကို သင်ယူရရှိနိုင်ဖို့ ဆိုတာ တော်တော်ခက်ခဲ မှာ ဖြစ်ပါတယ်။ 

ဒါကြောင့် တက္ကသိုလ်များ သူငယ်ချင်းရှာဖွေတဲ့ အကြောင်းအရာကတော့ တော်တော် လေးကိုအ‌ရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်ကျောင်းသားဘဝ 

ဂျပန်နိုင်ရဲ့ တက္ကသိုလ် ကျောင်းသားဘဝရဲ့ တနေတာ အကြောင်းကို ဂျပန်နိုင်ငံမှာ လက်ရှိ ပညာသင်နေတဲ့ ကျောင်းသားတယောက်ရဲ့ တနေတာ ကိုပြောပြသွားပါ့မယ်။ ကျောင်းအပေါ်မူတည်ပြီးလူအပေါ် မူတည်ပြီကွာခြားချက်တွေ တော့ရှိနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဂျပန်တက္ကသိုလ်အများစုမှာက လူအပ်တဲ့ Credit တွေအတွက် တချို့ ယူမနေရ အတန်းတွေကလွဲ လို့ ကိုယ်တက်ချင်တဲ့အတန်းတွေ ကို တက်နိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်တက္ကသိုဘ်တွေမှာဆိုရင် ကိုယ်လိုချင်တဲ့ အချိန်နဲ့ တိုက်ပြီး ကိုယ်ဘာသာကိုယ် အချိန်ဇယားကို ညှီယူနိုင်ပါတယ်။ 

မနက်ပိုင်း

အများအားဖြင့် နေ့တိုင်းလိုလို မနက်ပိုင်းက စာသင်ချိန်တွေ ဖြစ်ပါတယ်။ စသင်ချိန်တွေက အများအားဖြင့် ၉ နာရီကနေ စတတ်ကြပါတယ်။ တက္ကသိုလ် အပေါ်လိုက်ပြီးသင်ခန်းစာ စတဲ့အချိန်ကွာခြားမှုတွေလဲရှိနိုင်ပါတယ်။ 

အတန်းတွေ ရွေးတဲ့ အချိန်မှာ ကိုယ်နဲ ကိုက်တဲ့အချိန် ဖြစ်မဖြစ်၊ အတန်းရဲ့ အကဲဖြတ်ပုံ၊ သူငယ် ချင်းရှိမရှိ စတဲ့ အချက်တွေအပြင် ကိုယ်လိုချင်တဲ့ အချက်တွေ ကိုကြည့်ပြီးရွေးချယ်နိုင်ပါတယ်။ 

ညနေပိုင်း 

စာသင်ချိန်ပြီးတဲ့အချိန်မှာတော့ နေ့လည်စာ စားချိန်ဖြစ်ပါတယ်။ နေ့လည်စာကို ထမင်းဘူးနဲ့ ဖြစ်စေ၊ ကန်တင်းမှာ ဖြစ်စေ စားပါတယ်။ တက္ကသိုလ် က ကန်တင်းတွေက ပူံမှန်ဆိုင်တွေ ထက် ပိုပြီးစျေးသက်သာလေ့ရှိပါတယ်။ 

ထမင်းစားပြီးနောက်မှာတော့ အချိန်ပိုင်းအလုပ်ကို သွားပြီး အချိန်ပိုင်းအလုပ် စလုပ်ပါတယ်။ ဂျပန်မှတော့ အချိန်ပိုင်းအလုပ် အများပြားရှိပြီး ဂျပန်စာအရည်အချင်းအပေါ် မူတည်ပြီးတော့ အချိန်ပိုင်းအလုပ်တွေကို ရှာဖွေနိုင်ပါတယ်။ သို့သော် ကျောင်းသားဗီဇာ ဖြစ်ပါက အချိန်ပိုင်းအလုက်ကို တပတ် ၂၈ နာရီသာလုပ်နိုင်ပါတယ်။ ဒါကြောင့် အလုပ်အချိန်နဲ့ စာလေ့လာတဲ့အချိန်တွေကို သေချာ ခွဲခြားပြီး စီမံခန့်ခွဲတတ်ရပါတယ်။ 

ညဘက် 

ညဘက် အချိန်ပိုင်းအလုပ်ပြီးတဲ့ အချိန်မှာဆိုရင် အိမ်ပြန်ပြီး စာလုပ်ဖို့ အချိန်ပေးရပါတယ်။ကျောင်းမှာ သင်တဲ့ စာတွေကို တနေပြန်လည် လေ့လာတာက ၁ နာ၇ီ ကနေ ၂ နာရီ လောက်အထိအချိန်ယူရပါတယ်။ 

အပေါ် မှာ ဖော်ပြခဲ့ တာကတော့ ဂျပန်နိုင်ငံမှာ ပညာသင်ယူနေတဲ့ ကျောင်းသားတယောက်ရဲ့ နေ့စဥ်ဘဝဖြစ်ပါတယ်။ 

မြန်မာ နိုင်ငံမှာတော့ တက္ကသိုလ် ကျောင်းသားဘဝအထိ ကိုယ်တိုင်ဝင်ငွေရှာစရာမလိုဘဲ အိမ်ကနေ ထောက်ပံ့ပေးတာ များလေ့ရှိပါတယ်။ ဒါကြောင့် တက္ကသိုလ် ကျောင်းသားဘဝမှာတော့ စိတ်ပူစရာမလိုဘဲ အေးဆေးဖြတ်သန်းနိုင်ပါတယ်။ သို့သော် ဂျပန်နိုင်ငံမှာတော့ တက္ကသိုယ် ကျောင်းသားဘဝ ရောက်တာနဲ့ ကိုယ့်ဘာသာကို ရပ်တည်နိုင်ဖို့ အချိန်ပိုင်းအလုပ်လုပ်ရင်းကျောင်းတက်တဲ့သူတွေ များပြားပါတယ်။ ဒါကြောင့် နေစရိတ် ထိုင်စာရိတ် ကနေ အစ၊ စာလုပ်တဲ့အချိန်ရော ကိုယ်ဘာသာကိုယ် စီမံခန့်ခွဲရပါတယ်။ 

ဂျပန်လူမျိုးတွေနဲ့ သူငယ်ချင်းဖြစ်အောင်ဘယ်လိုလုပ်မလဲ။

ဂျပန်လူမျိုးတွေနဲ့ သူငယ်ချင်းဖွဲ့ နည်းနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အတွေ့အကြုံကနေ တဆင့် ရှင်းပြသွားပါ့မယ်။

တက္ကသိုလ်မှာ 

  • ကျောင်းသား အဖွဲ့တွေမှာပါဝင်ပါ 

  • ကျောင်းဝင်ခွင့် ပွဲမှာ စကားပြောကြည့်ပါ

  • အဖွဲ့လိုက်လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနေပါ။

  • ကျောင်းပွဲတော်တွေမှာ ပါဝင်ပါ

  • ထမင်းအတူတူစားတာတို့ စကားစမြည်ပြောတဲ့ အခွင့်အလမ်းတွေကိုဖန်တီးပါ

နေ့စဥ်ဘဝမှာ 

  • တက်တက်ကြွကြွ ပေါင်းသင်းဆက်ဆံပါ

  • အလုပ်အားပေးအဖွဲ့တွေမှာ ပါဝင်လှုပ်ရှားပါ

  • ပညာတော်သင် ကျောင်းသားအချင်းချင်း နှီးနှောဖလှယ်ကြပါ။

  • အားကစား စင်တာတွေမှာ အားကစားလုပ်ပါ

တက္ကသိုလ် မျာ Club ရွေးတဲ့ အချိန်မှာ သတိထားရမယ့် အချက်များ။

ဂျပန်မှာ တော့ စာသင်ချိန်ပြင်ပ မှာလဲ ကျောင်းသားအချင်းချင်းဖွဲ့စည်းထားကြတဲ့ အဖွဲ့တွေ ရှိပါတယ်။ အများအားဖြင့် Club နဲ့ Circle နှစ်မျိုးရှိပါတယ်။ 

 Club

Club တွေကတော့ ကျောင်းက တရားဝင်ဖွဲ့ထားတဲ့ အဖွဲ့တွေ ဖြစ်ပြီး အားကစားဖြစ်စေ၊ ယဥ်ကျေးမှု တဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ကိုပိုပြီးတော့ စွမ်းရည်မြှင့်တင်နိုင်ဖို့အတွက် လေ့ကျင့်ပျိုးထောင်ကြရင်း တခြားကျောင်းတွေနဲ့ ပြိုင်ပွဲ ကျင်းပတာတို့ လုပ်လေ့ရှိကြပါတယ်။ 

Circle

Circle ကတော့ ဝါသနာ တူတဲ့ ကျောင်းသားတွေ အချင်းချင်းဖွဲ့ ထားတဲ့ အဖွဲ့ ဖြစ်ပြီး ကိုယ်ရဲ့ အရည်အချင်းတွေကို မြှင့်တင်နိုင်ဖို့တစ်ခုတည်းမဟုတ်ဘဲ ကျောင်းသားတွေအချင်းချင်း နှီးနှော ဖလှယ်နိုင်တဲ့ နေရာ အနေနဲ့လဲ လူသိများကြပါတယ်။

ကျောင်းသားတွေ ကြားတဲ့ လူကြိုက်များတဲ့ အဖွဲ့များ

တက္ကသိုလ်မှာ လူကြိုက်များတဲ့ အဖွဲ့တွေ ကိုဖော်ပြသွားပါ့မယ်။

  • တင်းနစ်ကလပ်
  • သီချင်းကလပ် 
  • အလုပ်အားပေးကလပ် 
  • ဘောလုံးကလပ်
  • ဘေ့ာစဘောကလပ်
  • ခရီးသွားကလပ် 
  • ဟင်းချက်ကလပ် 
  • အင်နီမေးရှင်းကလပ် 

ပညာတော်သင် ကျောင်းသား ကလပ် 

 ဂျပန်တက္ကသိုလ် အများစုမှာတော့ ဂျပန်ကျောင်းသားတွေကို ပညာတော်သင်ကျောင်းသားတွေနဲ့ နှီးနှောဖလှယ်နိုင်အောင် အတူတူ ကလပ်မှာ ပါဝင်ဆင်နွဲ ခိုင်းလျက်ရှိပါတယ်။ သိူ့သော် ပညာတော် သင်ကျောင်းသားတွေအတွက် သီးသန့် ကလပ်မှာ ပါဝင်ချင်တယ် ဆိုရင်တော့ ကျောင်းက တာဝန်ရှိတဲ့ သူတွေနဲ့ တိုင်ပင်ကြည့်ဖို့အကြံပေးချင်ပါတယ်။ 

ကလပ်ရွေးတဲ့အချိန်မှာ သတိထားရမယ့် အချက်များ

 ကလပ်ရွေးတဲ့အချိန်မှာ သတိထားရမယ့် အချက်အနေနဲ့တော့ အတတ်နိုင်ဆုံး ကျောင်းက စီမံခန့်ခွဲတဲ့ ကလပ်တွေိကု ပါဝင်ဆင်နွဲ ဖို့ပါ။ ပြင်ပ ကလပ်တွေ ကတော့ သင့်အတွက် အန္တာရယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ကျောင်းပြင်ပ က ကလပ်တွေကိုပါဝင်မယ်ဆိုရင် ကျောင်းနဲ့ သေချာ တိုင်ပင်ပြီး ဆုံးဖြတ်ဖို့ အကြံပေးချင်ပါတယ်။ 

ဂျပန်နိုင်ငံလူမျိုးတွေနဲ့ သူငယ်ချင်းဖြစ်ဖို့ ခက်ခဲပါသလား။

အခြေအနေတွေအပေါ်မူတည်ပြီးတော့ ဂျပန်လူမျိုးတွေနဲ့ သူငယ်ချင်းဖွဲ့ဖို့ ခက်ခဲတဲ့ အချိန်တွေလဲရှိနိုင်ပါတယ်။ ဥပမာ ကိုယ်စကားပြောတာကိုပြန်မပြောတာတို့၊ ခွဲခြားဆက်ဆံ ခံရတာတို့ရှိနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဂျပန်လူမျိုးတိုင်းက နိုင်ငံခြားသားတွေ နဲ့ ပတ်သက်ပြီးအကောင်းမြင်တဲ့သူတွေမဟုတ်လို့ပါ။ တနည်းအားဖြင့် ဂျပန်လူမျိုးတွေထဲမှာလဲ နိင်ငံခြားသားတွေကို မကြိုက်တဲ့သူတွေလဲရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ဒါတွေကိုကြိုသိပြီး စိတ်မပျက်ဖို့တော့ လိုအပ်ပါတယ်။ 

ဂျပန်လူမျိုးတွေနဲ့ သူငယ်ချင်း ဖြစ်ခဲ့တဲ့ သူတွေရဲ့ အတွေ့အကြုံနဲ့ အချက်များ။

ကိုယ်တိုင်အတွေ့အကြုံနှင့် အကြံပေးချက် ၁

လက်ရှိ တိုကျိုမှာရှိတဲ့ တက္ကသိုလိမှာ ပညာသင်ကြားနေဲ့ပညာတော်သင် ကျောင်းသားဖြစ်ပါတယ်။ တက္ကသိုလ် ပထမ နှစ်ကနေ စပြီးတော့ အလုပ်အားပေး ကလပ်မှာ ပါဝင်ပြီး လှုပ်ရှားချက်ရှိပါတယ်၊ ကလပ်မှာ ပါဝင်တဲ့ ကျေးဇူးကြောင့် အလွယ်တကူ ဂျပန်လူမျိုးတွေနဲ့ သူငယ်ချင်း ဖြစ်ခဲ့ပါတယ်။ ဂျပန်လူမျိုးသူငယ်ချင်းတွေက တကယ်ကို ကြင်နာ တတ်ကြပြီး ဂျပန်စာ၊ ဂျပန်ယဥ်ကျေးမှုနဲ့ ပတ်သက်ပြီး အမြဲတမ်းသင်ကြားပြသပေးလေ့ရှိပါတယ်။

ကိုယ်တိုင်အတွေ့အကြုံနှင့် အကြံပေးချက်၂

ဂျပန်ကိုရောက်တာ ၅ နှစ်ရှိပါပြီ။ ယခုလက်ရှိတဲ့ ဂျပန်တက္ကသိုလ်တစ်ခုမှာ စာလေ့လာလျက်ရှိပါတယ်။ လက်ရှိမှာတော့ အလုပ်အကိုင်မိတ်ဆက်တဲ့ ကုမ္ပဏီတစ်ခူမှာ လုပ်ကိုင်လျက်ရှိပြီး အဓိကအားဖြင့်တော့ ဂျပန်စာ သင်ကြားတဲ့ ‌ဗီဒီယိုတွေ ကို ပြုလုပ်လျက်ရှိပါတယ်။ ဒီအလုပ်ကြောင့် လူမှုဆက်ဆံရေးလဲ ပိုကောင်းမွန်လာပြီးသူငယ်ချင်းတွေလဲ ပိုပြီးတော့ တိုးလာခဲ့ပါတယ်။ အလုပ် ပြင်ပမှာလဲ လုပ်ဖော်ကိုင်ဖက် ဂျပန်လူမျိုးတွေက ဒုက္ခတွေ၊နဲ့ ကြုံတွေတဲ့အခါမှာ အမြဲတမ်းကူညီပြီး အကြံညဏ်ပေးလေ့ရှိကြပါတယ်။ 

ကိုယ်တိုင်အတွေ့အကြုံနှင့် အကြံပေးချက် ၃

ကျွန်တော့်အတွေအကြုံအရပြောရမယ်ဆိုရင် ဂျပန်ကျောင်းသားတွေ တော်တော် များများက နိုင်ငံခြားသားကျောင်းသားတွေနဲ့ စကားပြောချင်လေ့ ရှိကြပါတယ်၊။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် ပြောတဲ့ သူနဲ့ လာပြောတဲ့ သူဆေိုြီး ၂ မျိုးရှိတယ် လို့ထင်ပါတယ်။ ဒါကြောင့် ဘာပဲ ဖြစ်ဖြစ် ကိုယ့်ဘက်ကနေ စကားစ ပြောဖို့ ဝန်မလေးနေဘဲ တက်တက်ကြွကြွနေဖို့အကြံပေးချင်ပါတယ်။ ဒါပေမယ့် တယောက်နဲ့ တယောက်ကြား အပြန်အလှန်အလေးထားမှု၊ တူညီတဲ့ ဝါသနာတွေကိုရှာဖွေရင်း ပိုပြီးတော့ ရင်းနှီးအောင်လုပ်သင့်ပါတယ်။ 

ကိုယ်တိုင်အတွေ့အကြုံနှင့် အကြံပေးချက် ၄ 

ကိုယ်တိုင်တွေ့အကြုံအရပြောရရင် ဂျပန်လူမျိုး တွေနဲ့ သူငယ်ချင်းဖြစ်ဖို့ တော်တော်အချိန်ယူရပါတယ်။ အသေးစိတ်ပြောရရင် ဂျပန်တွေနဲ့ ထမင်းစားဖို့ ဖိတ်ခေါ်တဲ့အချိန်မှာ အမြဲတမ်း အငြင်းခံရပါတယ်။ ဒီလို အတွေ့အကြုံတွေကနေပြီးတော့ ပိုပြီးတော့ အစီစဥ် ဆွဲ ပြီးတော့မှ ဂျပန်လူမျိုးတွေကို ဖိတ်ခေါ် ပါတော့တယ်။ ဂျပန်လူမျိုးတွေနဲ့ သူငယ်ချင်း ဖြစ်ပြီး အတွေးအခေါ်တွေလဲပြောင်းပြီး ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်လာပါတယ်။ 

ဂျပန်လူမျိုးတွေနဲ့ သူငယ်ချင်း ဖြစ်ဖို့အတွက် အရေးကြီးတဲ့ အချက်များ

အပေါ်ကအတွေ့အကြုံတွေကိုမူတည်ပြီး ဂျပန်လူမျိုးတွေနဲ့ သူငယ်ချင်းဖြစ်ဖိူ့အတွက် အချက်တွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။ 

  • တက်တက်ကြွကြွပါဝင်လှုပ်ရှားပါ 

  • ပျော်ရွှင်တက်ကြွပြီး တဖက်လူကို လေးစားပါ

  • အမြဲတမ်း ပတ်ဝန်းကျင်ကို ဂရုစိူက်ပြီး 

  • တဖက်လူစကားကို သေချာနားထောင်ပါ

  • တဖက်သတ် အရမ်းမဆန်ပါနဲ့

  • သီးခံတတ် ရမည်

နိဂုံး

ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံ တက္ကသိုလ်တွေမှာ တက်တဲ့အချိန်မှာ ဂျပန်လူမျိုးတွေနဲ့ သူငယ်ချင်းဖြစ်နည်းကို ‌ရေးသားဖော်ပြလိုက်ပါတယ်။ ဂျပန်လူမျိုးတွေနဲ့ သူငယ်ချင်းဖြစ်ရာကနေတဆင့် ရလာမယ့် ကောင်းကျိုးတွေကလဲ အများကြီးရှိပါတယ်။ မိမိကိုယ်ကိုရဲ့ ပေါင်းသင်းဆက်ဆံရေးကို ကောင်းမွန်လာစေခြင်း၊ ဂျပန်လူမျိုးတွေရဲ့ စိတ်အနေအထားကို ဖတ်တတ်လာစေခြင်း စတဲ့ အချက်တွေ ကို ရရှိနိုင်မှာပါ။ မကောင်းတဲ့ အချက်တွေလဲရှိနိူင်ပေမယ့် နည်းလမ်းကိုသေချာသိထားရင် ဂျပန်လူမျိုးတွေနဲ့သူငယ်ချင်း အလွယ်တကူဖြစ်နိုင်ပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ ကျောင်းသားဘဝ/ ဂျပန်တက္ကသိုလ်မှာ သူငယ်ချင်းဘယ်လိုရှာမလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ