Unagi လို့ခေါ်တဲ့ ငါးရှဥ်ကတော့ ဂျပန်လူမျိုးတွေနှင့် နိုင်ငံခြားသားတွေကြားထဲမှာပါ လူကြိုက်များတဲ့ အစားစာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်စျေးကြီးပြီးတော့ အဆင့်မြင့်တဲ့ အစားစာမျိုးဖြစ်ပါတယ်။ အများအားဖြင့် နွေရာသီမှာနာမည်ကြီးတဲ့ အစားအသောက်ဖြစ်ပြီးတော့ အစာစာချင်စိတ်ရှိစေပြီးတော့ အင်အားတွေကို ပြန်လည်ပြည့်ဝစေတဲံ အစားစာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလိုဂျပန်နိုင်ငံရဲ့နာမည်ကြီး အစားအသောက်ဖြစ်တဲ့ Unagi အကြောင်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။
ဂျပန်ငါးရှဥ့်အကြောင်း။

Unagi ဆိုတာဘာလဲ။
Unagi (うなぎ / 鰻) ဆိုတာကတော့ ရေချိုငါးရှဉ့်ကိုဆိုလိုတာဖြစ်ပြီးတော့ ဂျပန်နိုင်ငံမှာတော့ တစ်နှစ်ပတ်လုံးရနိုင်ပါတယ်။ အပေါဆုံးရာသီကတော့ နွေရာသီဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နွေရာသီလို့ပြောလိုက်ရင်တော့ ငါးရှဥ့်ကိုပြေးမြင်ကြပြီးတော့ အင်တာပြည့်စေတဲ့ အစားအသောက်အဖြစ် လူသိများကြပါတယ်။ အများအားဖြင့် ရေချို ငါးရှဥ့်တွေကိုတော့ ကင်ခြင်း၊ ချက်ပြုတ်ခြင်းတို့ဖြင့် ပြုလုပ်လေ့ရှိကြပါတယ်။
Unagi သမိုင်းကြောင်း။
နှစ်ပေါင်း ၅ ထောင်ကျော်ကတည်းက ဂျပန်နိုင်ငံမှာ ကျော်ကြားတဲ့ အစားစာတစ်မျိုးဖြစ်ပါတယ်။ Unagi ကို Jomon ခေတ်၊ Nara ခေတ်တို့မှာကတည်းက စားသုံးခဲ့ကြကြောင်း အထောက်အထားတွေကိုလဲ တွေ့ရှိရပြီးသားဖြစ်ပါတယ်။
Unagi ရဲ့ အကြီးမားဆုံးအပြောင်းလဲကတော့ Edo ခေတ်မှာ စတင်ပြီးတော့ ပြုလုပ်ခဲ့တဲ့ ဟင်းလျာကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ်။ အဲဒီမတိုင်ခင်တုန်းကတော့ ငါးရှဥ့်ကို ကင်တာနှင့် ဆားပေါ့ပေါ့ ဖုတ်တာမျိုးတွေပဲရှိပါတယ်။ မူလအတိုင်ချက်တဲ့ kabayaki နည်းလမ်း
ကတော့ ငါးအပိုင်းတွေကို မီးသွေးပေါ်မှာ တင်လိုက်တာနဲ့ အဆင်ပြေပြီဖြစ်ပါတယ်။ Muromachi ခက်မှာတော့ မကင်ခင်မှာ အရသာကြိုနယ်ပြီးမှ ကင်လေ့ရှိပါတယ်။ ယနေ့ခေတ်မှာတော့ ပဲအချိရည်နဲ့ ငါးရှဥ့်ကိုလူးပြီးတော့မှ ကင်လေ့ရှိပါတယ်။
နာမည်ကြီးတဲ့ ငါးရှဥ့်အစားစာများ။
ဒါဆို နာမည်ကြီးတဲ့ ငါးရှဥ့်အစားအသောက်ပွဲတွေကို မိတ်ဆက်ပေးသွားပါ့မယ်။
Unagi Kabayaki

ပထမဆုံးတစ်ခုကတော့ ရိုးရာ ငါးရှဉ့်အကင် ဖြစ်တဲ့ Unagi Kabayaki ဖြစ်ပြီးတော့ ခောတ်အဆင့်အဆင့်အလိုက် ကင်ပုံကင်နည်းကတော့ အမျိုးမျိုး ပြောင်းလဲလာခဲ့ပြီးဖြစ်ပါတယ်။ အရင်ဆုံးအရိုးတွေကို ထုတ်ပြီးတော့ ငါးရှဥ့်တွေကို လေးထောင့်ပုံစံ ပိုင်းပြီးတော့ မီးသွေးပေါ်မှာကင်ရမှာဖြစ်ပါတယ်။
Shirayaki
Shirayaki ကတော့ အပေါ်ကကင်နည်းအတိုင်းကင်ပြီးတော့ ဆော့မပါတဲ့ ကင်နည်းဖြစ်ပါတယ်။ အရသာကို အနည်းဆုံးဆားအရသာကိုသာထည့်ပြီးတော့ ကင်တဲ့ အကင်လဲဖြစ်ပါတယ်။ ဒီပုံစံကတော့ သူရဲ့ပုံမှန်ပုံစံနဲ့ပိုပြီးတော့ နီးစပ်ပါတယ်။
Unadon

unagi donburi လို့လဲခေါ်ပြီးတော့ ဂျပန်ရိုးရာ ငါးရှဉ့်ကင်ဇလုံထမင်း ဖြစ်ပါတယ်။ unagi ကိုတော့ kabayaki ပုံစံဖြင့်ကင်ပြီးတော့ ငါးကင်က ဆော့စ်နဲ့ ထမင်းကလဲ လိုက်ဖက်လွန်းလှပါတယ်။
Unagi Nigiri

Unagi Nigiri ကိုတော့ unagi sushi လို့လဲခေါ်ပြီးတော့ sushi ဆိုင်တွေမှာ အများအားဖြင့်တွေ့လေ့ရှိပါတယ်။ kaiten sushi ဆိုင်တွေမှာလဲ မှာယူစားသောက်နိုင်ပါတယ်။ kaiten sushi ဆိုင်မှာဆိုရင်တော့ anago နှင့် unagi မှားနိုင်ပါတယ်။ ခွဲခြားနည်းကတော့ anago အရောင်ကတော့ နည်းနည်းဖျော့ပြီးတော့ unagi ကတော့ ပိုပြီးတော့ အရောင်ပိုပြီးတော့ နက်ပါတယ်။ နောက်ပြီးတော့ စျေးနှုန်းအနေအထားအရဆိုရင်လဲ anago ကပိုပြီးတော့ စျေးသက်သာပါတယ်။
Hitsumabushi

Hitsumabushi ကတော့ နာဂိုရာမြို့ ရဲ့နာမည်ကြီးအစားအသောက်ဖြစ်ပြီးတော့ unadon နဲ့မတူဘဲနဲ့ ပိုပြီးတော့ စျေးကြီးပြီးတော့ စားသောက်ပုံစားသောက်နည်းကတော့ ပိုပြီးတော့လဲ ထူးခြားပါတယ်။
ဒါဆိုရင် Hitsumabushi စားပုံစားနည်းကိုကြည့်လိုက်ကြရအောင်။
-
အရင်ဆုံး ထမင်းနှင့် ငါးရှဥ့်ကို ၄ ပုံခွဲလိုက်ပါတယ်။
-
ပထမဆုံး ၁ပုံကို ဒီအတိုင်းစားပါ။
-
ဒုတိယ ပုံကိုတော့ ကြက်သွန်မြိတ်၊ ရေညှိ၊ wasabi တို့နဲ့ အချိုးကျကျေရောလိုက်ပါ။
-
တတိယပုံကိုတော့ chazuke ပုံစံပေးထားတဲ့ အရည်တဲ့ ရောပြီးသောက်လိုက်ပါ။
-
နောက်ဆုံးအပိုင်းကိုတော့ ဒီနည်းလမ်းသုံးခုထဲက အကြိုက်ဆုံးနည်းလမ်းတစ်ခုကိုအသုံးပြုပြီးတော့ စားလိုက်ပါ။
Kimoyaki

Kimo 肝 ကတော့ အသည်းကိုဆိုလိုတာဖြစ်ပြီးတော့ Unagi kimoyaki ဆိုတာကတော့ ငါးရှဉ့်အသည်းကင်ဖြစ်ပါတယ်။ unagi စားသောက်ဆိုင်တွေမှာ တွေ့ရများတဲ့ အစားအသာက်ဖြစ်ပြီးတော့ အများအားဖြင့် ၆ချောင်းရှိတတ်ပြီးတော့ ဘီယာနဲ့ အမြည်းအနေနဲ့စားလေ့ရှိကြပါတယ်။
Kabutoyaki
Kabutoyaki ကတော့ ငါးခေါင်းကင်နှင့် ငါးရှဥ့် ခေါင်းကင်တွေဖြစ်ပြီးတော့ စားနေကျမဟုတ်တဲ့ သူတွေအတွက်ကတော့ သိပ်ပြီးတော့ အဆင်မပြေလောက်ပါဘူး။ Kabutoyaki ကတော့ kimoyaki နဲ့ ပုံစံချင်းအတူတူဖြစ်ပါတယ်။
Unagi pie

Unagi pie ကတော့ မု့န်ချို ဖြစ်ပြီးတော့ ဂျုံမှုန့်နှင့် ထောက်ပတ်၊ သကြားတို့နဲ့ ပြုလုပ်တဲ့ မုန့်ဖြစ်ပါတယ်။ အကြွပ်ပုံစံမျိုးဖြစ်ပြီးတော့ ဂျပန်ကိုလာတဲ့ သူတွေအတွက် နာမည်ကြီးတဲ့ ဒေသထွက်လက်ဆောင်မျိုးဖြစ်ပါတယ်။ duty-free ဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
Unagi စားနိုင်တဲ့ နေရာများ။
Unagi စားနိုင်တဲ့နေရာတွေကိုကြည့်လိုက်ကြရအောင်။ ဂျပန်တစ်နိုင်ငံလုံးမှာရရှိနိုင်ပေမယ့် ဂျပန်နိုင်ငံရဲ့ အထူးနာမည်ကြီးတဲ့ နေရာတွေကိုဖော်ပြလိုက်ပါတယ်။
Hamamatsu
Hamamatsu ကတော့ ဂျပန်နိုင်ငံရဲ့ Shizuoka ခရိုင်မှာနာမည်အကြီးဆုံးအစားစာဖြစ်ပါတယ်။ နောက်ပြီးတော့ ငါးရှဉ့်တွေအများကြီးထွက်ရရှိရာနေရာလဲဖြစ်ပါတယ်။ နောက်ပြီးတော့ အထူးစပယ်ရှယ် ငါးရှဥ့် စားသောက်တွေ အများကြီးရှိပါတယ်။
Nagoya
Nagoya မြို့ကတော့ Hitsumabushi ဟင်းလျာတွေကိုရရှိနိုင်တဲ့ နေရာဖြစ်ပါတယ်။ နာမည်ကြီးဆိုင်တွေအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
-
Houraiken, အကောင်းဆုံးဆိုင်ဖြစ်ပါတယ်။
-
Maruya, တိုကျိုဆိုင်ခွဲလဲရှိပြီးတော့ Akasaka area မှာရရှိနိုင်ပါတယ်။
-
Bincho, တိုကျိုဆိုင်ခွဲလဲရှိပြီးတော့ Ginza, Ikebukuro, Marunouchi, Skytree, တို့မှာရရှိနိုင်ပါတယ်။
Nodaiwa
One Michelin-star unagi စားသောက်ဆိုင်ဖြစ်တဲ့ Nodaiwa ကတော့ နှစ်ပေါင်း ၂၀၀ ကျော်သမိုင်းရှိတဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်။ မိသားစု အလိုက်တည်ထောင်ထားတဲ့ စားသောက်ဆိုင်ဖြစ်ပြီးတော့ လက်ရှိမှာတော့ ၅ ဆက်မြောက်မိသားစုကနေပြီးတော့ ဦးဆောင်ပြီးဖွင့်လှစ်လျက်ရှိပါတယ်။ Nodaiwa မှာတော့ ရိုးရာ ငါးရှဥ့်ဟင်းချက်နည်းအတိုင်းကို ထိန်းသိမ်းထားပါတယ်။
အကျဥ်းချုပ်။
Unagi ကတော့ ရိုးရာအစားအသောက်ဖြစ်ပြီးတော့ သမိုင်းဝင် ဂျပန်အစားအသောက်လို့ပြောရင်လဲ မမှားပါဘူး။ ပထမဆုံးစားမယ့် သူတွေအနေနဲ့ကတော့ စားရတာ သိပ်ပြီး အသားမကျတာတွေရှိနိုင်ပေမယ့် အသားကျသွားရင်တော့ အကြိုက်ဆုံးအစားစာတောင်ဖြစ်လာနိုင်ပါတယ်။ စျေးသက်သက်သာသာနဲ့ စားမယ်ဆိုရင်လဲ ဆူရှိဆိုင်တွေမှာ တစ်လုတ်စာ စျေးသက်သက်သာသာနဲ့ဝယ်ယူစားသောက်နိုင်ပါတယ်။