ဂျပန်အိုင်ဒေါများအကြောင်း

K-pop အိုင်ဒေါတွေဟာ ကမ္ဘာနှင့်ချီပြီး အောင်မြင်မှုရနေပေမယ့် K-pop အိုင်ဒေါတွေနဲ့ အတူတူလောက်သက်တမ်းရှိတဲ့ J-pop အိုင်ဒေါတွေကရော ဘယ်လိုအခြေအနေရှိပါလိမ့်။ ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံက အိုင်ဒေါ တွေအကြောင်းနဲ့ ပရိတ်သတ်တေါကြားရှိတဲ့ Culture အကြောင်းအပြင် သိထားသင်တဲ့ ဂျပန် အိုင်ဒေါအဖွဲ့တွေကို မိတ်ဆက်ပေးသွားပါ့မယ်။

မာတိကာ

ဂျပန်အိုင်ဒေါက ဘယ်လိုမျိုးလဲ

ဂျပန်အိုင်ဒေါ အမျိုးအစားများနှင့် အိုင်ဒေါ အဖွဲ့များ

  1. တစ်ကိုယ်တော် အိုင်ဒေါ

  2. မိန်းကလေး အိုင်ဒေါအဖွဲ့ 

  3. ယောကျာ်းလေး အိုင်ဒေါအဖွဲ့

  4. Chika Idol

  5. အသံသရုပ်‌ဆောင် အိုင်ဒေါ

  6. Anime အိုင်ဒေါ 

ဂျပန်အိုင်ဒေါ ပရိတ်သတ်တယောက် အနေနဲ့ သိထားသင့်တဲ့အရာများ

ကျော်ကြားသော ဂျပန် အိုင်ဒေါ အဖွဲ့များ

ဂျပန်အိုင်ဒေါက ဘယ်လိုမျိုးလဲ

ဂျပန် အိုင်‌ဒေါတွေကတော့ ကေပေါ့ အိုင်ဒေါတွေနဲ့ အရမ်းမကွဲပြားဘဲ သီချင်းဆို၊ အကလဲ ကကြတဲ့ ပရိတ်သတ်တွေနဲ့လဲအရမ်း ရင်းနှီးမှုရှိကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ တီဗီအစီအစဥ်တွေ၊ ဂိမ်းအစီအစဥ်တွေ၊ သရုပ်ဆောင် အစသဖြင့် အမျိုးမျိုးလုပ်ကိုင်လေ့လဲရှိကြပါတယ်။ ဂျပန်အိုင်ဒေါတွေဟာ ဂျပန်ရဲ့ ဂီတ လောက ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ‌‌‌ဂျေပေါ့ ရဲ့ အရေးပါးတဲ့ အစိတ်အပိုင်းတွေလဲဖြစ်ကြပါတယ်။ 

ဂျပန်နိုင်ငံရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုက သူတို့တွေဟာ အနုပညာလောကတထဲ စတင်ဝင်ရောက်တဲ့ အချိန်ကတည်းက လုံးဝ Perfect ဖြစ်နေတာမျိုးမဟုတ်ဘဲ ပရိတ်သတ်တွေအားပေးရင်းနဲ့ ပိုပြီး တော်လာကြတဲ့အချက်ပါ။ ထရိန်နင်ကာလ အတွင်းမှာလဲ အရမ်းကြိုးစားလေ့ရှိကြပါတယ်။ ပြီးတော့ ထရိန်နင်ကာလ အတွင်းမှာတောင် ပရိတ်သတ်တွေနဲ့အထိအတွေ့ ရှိပြီး ပရိတ်သတ်ကိုယ်စီ ရှိနေကြပါတယ်။ J - popလောက ထဲစဝင်ပြီဆိုတာနဲ့ အရည် အချင်းတိုးတက်လာအောင်ဆက်လက် ကြိုးစားလေ့ရှိပါတယ်။ ပရိတ်သတ်တွေအနေနဲ့ကလဲ မိမိအိုင်ဒေါရဲ့ တိုးတက်မှုတွေကိုကြည့်ပြီး အားရပျော်ရွှင်ပြီး အားပေးရကျိုးနပ်တယ်လို့ခံစား လေ့ရှိကြပါတယ်။ 

ဂျပန်အိုင်‌ဒေါတွေ လူသိတာကြာပြီလား?

ဟုတ်ပါတယ်။ အိုင်ဒေါ ဆိုတဲ့စကားလုံးကို ဂျပန်မှာ ၁၉၅၀ - ၁၉၆၀ လောက်ကတည်းက စတင် အသုံးပြလာကြပြီး ၁၉၈၀ အထိကတော့ တစ်ကိုယ်တော် အိုင်ဒေါတွေ ပိုပြီး လူကြိုက်များလာကြပါတယ်။ အဖွဲ့ အိုင်ဒေါတွေကလဲ ၁၉၈၀ နောက်ပိုင်းမှာ တစ်စစ လူကြိုက်များလာခဲ့ပါတယ်။ 

ဂျပန်အိုင်ဒေါတွေ ရည်းစားထားလို့မရဘူးဆိုတာ အမှန်လား?

 အေဂျင်စီ တွေ ကုမ္ပဏီအပေါ် မှာမူတည်ပါတယ်။ အထူးသဖြင့် AKB 48 က ဒီလိုစည်းမျဥ်းနဲ့ပတ်သက်ပြီး နာမည်ကြီးပါတယ်။ ဒီလိုမျိုး ရည်းစားထားပြီဆိုတဲ့သတင်းထွက်တာနဲ့ ချက်ချင်း အလုပ်ဖြုတ်ခံရနိုင်ပါတယ်။ ပြီးတော့ မိန်းကလေး အဖွဲ့ တွေက ယောကျာ်းလေးအဖွဲ့တွေက ပိုပြီးတော့ သမီးရည်းစားကိစ္စတွေနဲ့ပတ်သက်တဲ့ စည်းမျဥ်းစည်းကမ်းတွေ ပိုပြီးတင်းကြပ်ပါတယ်။

သို့သော် ‌‌အေဂျင်စီနဲ့အိုင်‌ဒေါတွေကြားက ဆက်ဆံရေးကို တော်တော် အလေးထားတာကြောင့် သတင်းတွေကို မထုတ်ပြန်ပဲဖုံးကါဘ်ထားလေ့ရှိပါတယ်။တချို့ အိုင်ဒေါတွေက တော့ လက်ထပ်လိုက်ရင် အိုင်ဒေါ အဖြစ်ကနေ အနားယူလိုက်ကြတာမျိုးတွေလဲရှိကြပါတယ်။

အိုင်ဒေါတွေရဲ့ ပျှမ်းမျှသက်တမ်းကဘယ်လောက်လဲ?

ဂျပန်က အိုင်ဒေါတွေက အသက်ငယ်တဲ့သူတွေများပါတယ်။ ဒါပေမယ့် အသက်အရွယ်ကလဲ အေဂျင်စီအ‌ပေါ်တော်တော်မူတည်ပါတယ်။ ဥပမာ အလယ်တန်း၊ အထက်တန်းလောက်ကတည်းက ထရိန်နင် စပြီး လုပ်ပါတယ်။ အထူးသဖြင့် မိန်းကလေး အဖွဲ့ဝင်တွေကတော့ ငယ်ငယ်ရွယ်ရွယ် ကောင်မလေးတွေ များပြားပါတယ်။ အိုင်ဒေါ အများစုက အသက်၃၀ မတိုင်ခင်မှာ အိုင်ဒေါအဖြစ်ကနေ ရပ်နားကြပါတယ်။

 ယောကျာ်းလေးအဖွဲ့ အများစုကတော့ အသက်နည်းနည်းပိုကြီးပြီး အသက်အရွယ်အားဖြင့် လည်း တော်တော် စုံလင်ကြပါတယ်။ အသက်၄၀၊ ၅၀ အရွယ်အထိ အိုင်ဒေါအဖြစ် အသက်မွေး ဝမ်းကြောင်းပြုတဲ့သူတွေရှိကြပါတယ်။ တစ်ကိုယ်တော် အိုက်‌ဒေါတော့ ကျားရောမရော အသက်ကြီးတဲ့အထိ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်လေ့ရှိပါတယ်။ 

အိုင်ဒေါတွေက အဖွဲ့ဝင် အဖြစ်ကနေ ရပ်နားခွင့်ရှိလား?

ဟုတ်ကဲံရှိပါတယ်။ သို့သော် လူတိုင်းတော့မဟုတ်ပါဘူး။မိန်းကလေးအဖွဲ့ဝင်အဖြစ်ကနေ ထွက်လိုက်တာကို 卒業 sotsugyoဖြစ်တယ်လို့ ခေါ် ကြပါတယ်။ အဲ့အခါကျရင် ပရိတ်သတ်တွေကို တိုက်ရိုက်အသိပေးပြီး 卒業 sotsugyo concert တွေ ပြုလုပ်လေ့ရှိပါသေးတယ်။အဖွဲ့ဝင်အဖြစ်ကနေ ရပ်နားခြင်းရြ့နောက်ကွယ်မှာ တစ်ကိုယ်တော် လှုပ်ရှားချင်၊ ဒါမှမဟုတ် အသက်မွှေးဝမ်းကြောင်းလုပ်ငန်းပြောင်းတာတွေ လက်ထပ်ချင်လို့၊ အဖွဲ့ပြိုကွဲသွားလို့ စတဲ့အကြောင်းပြချက်တွေ က တွေ့ရများပါတယ်။ 

ဂျပန်အိုင်ဒေါ အမျိုးအစားများနှင့် အိုင်ဒေါ အဖွဲ့များ

 ၂၀၀၀ ပြည့်နှစ်ကတည်းက ဂျပန်မှာ အိုင်ဒေါ အဖွဲ့တေါနာမည်ကြီးလာတာနဲ့အမျှ အိုင်ဒေါ အဖွဲ့တွေ တော်တော် များလာပါတယ်။ ပုံစံအမျိုးမျိုး၊ conceptsအမျိုးမျိုးကြပြီး လူကြိုက်များမှု ၊ လက်ခံအသိမှတ်ပြုမှုတွေကို အကြိုက်အနယ်ယှဉ်ပြိုင်လေ့ရှိကြပါတယ်။ တချို့အိုင်ဒေါတွေဆိုပုံစံအမျိုးမျိုး နဲ့ အနုပညာလှုပ်ရှားမှုတွေပြူလုပ်လေ့ရှိကြပါတယ်။ ဒီဆောင်းပါးမှာတော့ အိုင်ဒေါ အမျိုးအစားအများကြီး ထဲမှ အဓိကကျတဲ့ အမျိုးအစားတွေကို ဖော်ပြသွားပါ့မယ်။

တစ်ကိုယ်တော် အိုင်ဒေါ 

တစ်ကိုယ်တော် အိုင်‌ဒေါတွေကတော့ ဂျပန်ဂျေပေါ့လောက ရဲ့ ဦးဆောင်သူတေါလိူ့တောင်ပြောလို့ရပါတယ်။နာမည်ကြီးအဆိုတော်တွေအနေနဲ့ကတော့ Yamaguchi Momoe, Matsuda Seiko, Go Hiromi,Matchy တို့ပါဝင်ပါတယ်။ 

မိန်းကလေးအဖွဲ့ 

မိန်းကလေးအဖွဲ့တွေက အဖွဲ့ဝင်အများကြီး ပါဝင်လေ့ရှိကြပါတယ်။ ဒီလို အဖွဲ့ဝင်အများကြီး နဲ့ စတင်ပြီး ပွဲဦးထွက်တာကို Morning Musume အဖွဲ့က ၁၉၉၀ ပြည့်နှစ်မှာစတင်ခဲ့ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ AKB48 က ပိုပြီးနာမည်ကြီးလာပါတယ်။ ပြီးတော့ အလ်ဘမ်တွေဝယ်ရင် မိမိကြိုက်တဲ့ မင်ဘာနဲ့တွေ့ခွင့်ရတဲ့ လက်မှတ်တွေလက်ဆောင်ပေးတာမျိုးတွေလုပ်ဆောင်လာကြပါတယ်။

နာမည်ကြီးအဖွဲ့ဝင်တွေနဲ့ ကုမ္ပဏီတွေ ထဲကတော့ 

  •  Hello Project ကတော့ Morning Musume ဆိုတဲ့ အဖွဲ့နဲ့ နာမည်ကြီးလာခဲ့ပါတယ်။

  • AKB48 နဲ့ သူရဲ့ ပြည်ပမှာရှိတဲ့ အဖွဲ့ခွဲဖြစ်တဲ့ JKT48 (Jakarta)ကလဲတော်‌တော်နာမည်ကြီးပါတယ်။သူတို့ကတော့ Akimoto Yasushi ဆီကနေ ပွဲဦးထွက်ပါတယ်။

  • Sakamichiနဲ့ Nogizaka46 တို့ကလဲ Akimoto Yasushi ဆီကနေ ပွဲဦးထွက်ပါတယ်။

ယောကျာ်းလေး အိုင်ဒေါအဖွဲ့

 Johnny’s and Associatesကတော့ ယောကျာ်းလေး အိုင်ဒေါအဖွဲ့တွေရဲ့ နာမည်ကြီး ထုတ်လုပ်ရေး ကုမ္ပဏီပဲဖြစ်ပါတယ်။ ၁၉၆၀ ကတည်းက စတင်ပွဲဦးထွက်ပြီး ယနေ့အထိတိုင်က‌ကျော်ကြားနေဆဲပါ။ နာမည်ကြီးအဖွဲ့တွေထဲမှာတော့ 

  • Hikaru Genji

  • SMAP

  • Kinki Kids

  • V6

  • Arashi

  • KAT-TUN

  • Hey Say JUMP

  • King & Prince

  • Snow Man တို့ပါဝင်ပါတယ်။အသစ်ဦး ထွက်ထားတဲ့ Naniwa Danshi လဲနာမည်ကြီးပါတယ်။ 

တခြားထုတ်လုပ်ရေးကုမ္ပဏီတွေထဲမှာတော့ LDH ဆိုတဲ့ ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး 

  • EXILE

  • Sandaime J-soul Brothers

  • Generations

တို့ကနာမည်ကြီးပါတယ်။ 

နောက်ထပ်နာမည်ကြီးတစ်ခုကတော့ EBiDAN ဖြစ်ပြီး DISH// နဲ့ M!lkက အထူးသဖြင့် နာမည်ကြီးပါတယ်။ 

 chika idol

「地下アイドル chika idol] တွေကို “live idols”လို့လဲခါ်ကြပြီး သူတို့က live-houses တွေမှာဖျော်ဖြေလေ့ရှိကြပါတယ်။ တီဗီတွေမှာ ပါဝင်‌လေ့မရှိကြဘဲ live ‌ဖျော်ဖြေမှုတွေကနေတဆင့် ပရိတ်သတ်ရကြပါတယ်။chika ဆိုတာဂျပန်လို ဘာသာပြန်ရင် မြေအောက်ဆိုတဲ့ အဓိပ္ပာယ်ရပြီး မြေအောက် အိုင်ဒေါလို့ တိုက်ရိုက်အဓိပ္ပာယ်ပြန်လို့ရပါတယ်။ယောကျာ်းလေးအဖွဲ့ဆိုရင်လဲ “men-chika”လို့ခေါ်ကြပါတယ်။ AKB48, Momoiro Clover Zတို့က chika idol”အဖွဲ့တွေအဖြစ် နာမည် ကြီးကြပါတယ်။ လက်ရှိမှာတော့ ババババンビ (babababambi)、神宿 (kamiyado)、နဲ့ 虹のコンキスタドール (Niji no Conquistador)ကနာမည်ကြီး chika idol” အဖွဲတွေ ဖြစ်ပါတယ်။ သူတို့အဖွဲ့တေါနာမည်ကြီးဖို့ လက်ကမ်းစာစောင်ဝေတာတို့ ဆိုရှယ်ိမီဒီယာတွေကနေတစ်ဆင့် နာမည်ကြီးလာအောင်အစသဖြင့် ပြုလုပ်လေ့ရှိကြပါတယ်။

 COVID-19 ကြောင့် ပွဲ တွေသိပ်မလုပ်ဖြစ်တော့တဲ့အချိန်မှာ chika idol အဖွဲ့တွေ ပရိတ်သတ်တွေအရှေ့ ကနေ ပျောက်ကွယ်လာကြပါတော့တယ်။

အသံသရုပ်‌ဆောင် အိုင်ဒေါ

ဂျပန်လိုဆို 「アイドル声優 idol seiyu」ဖြစ်ပြီး တခါတလေဆို 「声優アイドル seiyu idol」လို့လဲခေါ်လေ့ရှိကြပါတယ်။ ဒီနှစ်ခုရဲ့ အခေါ် အဝေါ် ကလဲ အခြေအနေအပေါ်မူတည်ပြီး ကွဲပြားပါတယ်။ အခြေအနေနှစ်မျိုးရှိပြီး တစ်မျိုးကတော့ နာမည်ကြီးပြီးသား အိုင်ဒေါက အသံသရုပ်ဆောင်အနေနဲ့သရုပ်ဆောင်တဲ့အခါမှာသုံးပြီး နောက်တမျိုးကတော့ပြောင်းပြန်ပုံစံဖြစ်ပါတယ်။ 

Anime အိုင်ဒေါ 

ယခုနှစ်ပိုင်းမှာ Anime အိုင်ဒေါ အများကြီးပေါ်‌ပေါက်လာပါတယ်။ 

  • ove Live! (and its many sequels and spinoffs)

  • IDOLiSH7

  • Uta No Prince-Sama

  • If My Favorite Pop Idol Made It to the Budokan, I Would Die

  • The Idolmaster, etc.တို့က ဥပမာတွေ ဖြစ်ပြီး အိုင်ဒေါ ကာရိုက်တာတွေက ပရိတ်သတ်တွေ ကြားလူကြိုက်များပါတယ်။ 

ပရိတ်သတ်တွေက သူတို့ကြိုက်တဲ့ကာရိုက်တာ ရဲ့ပစ္စည်းတွေကို ဝယ်လေ့ရှိကြပါတယ်။ ဒီလိုမျိုးအနေအထားတွေဟာ အပေါ် မှာဖော်ပြခဲ့တဲ့ အသံသရုပ်ဆောင်တွေပေါ် ပေါက်လာရခြင်းရဲ့အကြောင်းအရင်းတွေလဲဖြစ်ပါတယ်။

ဂျပန်အိုင်ဒေါ ပရိတ်သတ်တယောက် အနေနဲ့ သိထားသင့်တဲ့အရာများ

 ပရိတ်သတ်နဲ့ အိုင်ဒေါတွေကြားထိတွေ့မှုက အေဂျင်စီတွေအပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဒီတခေါက်မှာတော့ တွေ့ရများတဲ့ပုံစံတွေကိုဖော်ပြသွားပါ့မယ်။

CDအခွေနဲ့ ပစ္စည်းတွေဝယ်ခြင်း

စီဒီအခွေတွေဝယ်ရင် အမြဲတမ်းလက်ဆောင်လေးတွေပါဝင်တတ်ကြပါတယ်။ ပြီးတော့ တွေ့ဆုံပွဲတွေ နှုတ်ဆက်ပွဲတွေကိုပါ ကျင်းပလေ့ရှိကြပါတယ်။ တခါတလေရှိုးပွဲကြည့်ဖို့အတွက် စီဒီအခွေ အများကြိးကိုဝယ်ရတဲ့အချိန်တွေလဲရှိပါတယ်။ 

Handshake Events

握手会 akushu kai တွေကိုတခါတလေ ပရိတ်သတ်နဲ့အိုင်‌ဒေါတေါကြား ကျင်းပလေ့ရှိကြပါတယ်။ မိမိအိုင်‌ဒေါနဲ့ စကားတောင်ပြောခွင့်ရပြီး လက်မှတ်တောင်ရနိုင်ပါသေးတယ်။ 

အိုင်ဒေါ ပရိတ်သတ် တွေကြားထဲ အသုံနှုန်းများ 

ဂျပန်မှာတော့ အိုင်ဒေါ ပရိတ်သတ်တွေကြား အသုံးနှုန်း တော်တော် လေးကိုများပြားပါတယ်။

ဥပမာ၊ 「推し oshi」ဆိုတဲ့ စကားလုံးဖြစ်ပြီး မိမိအနှစ်သက်ဆုံး အဖွဲ့ဝင် သို့မဟုတ် အိုင်ဒေါတစ်စုံတယောက်ကို ရည်ညွှန်းပါတယ်။ ဒါကြောင့် ပရိတ်သတ်တယောက်အနေနဲ့ အားပေးခဲ့တဲ့အရာတွေကို 「推し活 oshikatsu」or 「推し事 oshigoto」လို့ခေါ်ပါတယ်။ဥပမာ စီဒီတို့ ပစ္စည်းတို့ဝယ်တာတွေကိုလဲ 「推し活 oshikatsu」or 「推し事 oshigoto」လို့ပြောလို့ရပါတယ်။ 「メンバーカラー member color」သိုမဟုတ် 「メンカラ menkara」ကတော့ ဂျပန်မှာတော့ အိုင်ဒေါတွေကိုယ်စီမှာ အရောင်တွေရှိပြီ မိမိကြိုက်တဲ့ မန် ဘာရဲ့အရောင်ကို「メンバーカラー member color」 လိုခေါ် ပါတယ်။ တချို့ ကုမ္ပဏီတွေဆို မန် ဘာတွေ နဲ့ အရောင်တွေနဲ့ စုံနေအောင်ပစ္စည်းတွေ ထုတ်လေ့ရှိကြပါတယ်။ 

concertsရောက်ရင် မိမိအားပေးတဲ့ အိုင်ဒေါရဲ့ အရောင်နဲ့ penlights တွေ ဝယ်ပြီး အားပေးလေ့ရှိကြပါတယ်။ penlights အရောင်ကလဲ ပြောင်းလို့ရတော့ အဆင်ပြေပါတယ်။ပြီးတော့ မိမိနှစ်သက်တဲ့ အိုင်‌‌‌ဒေါ မျက်နှာနဲ့ ယပ်တောင်တွေကိုလဲဝယ်လေ့ရှိကြပါတယ်။ ပြီးတော့ မိမိနှစ်သက်တဲ့ အိုင်‌‌ဒေါတွေတဆီကနေ fanserviceရအောင်စာတမ်းတွေအကြီးကြီး ယူသွားပြီး အားပေလေ့ရှိကြပါတယ်။ 

ကျော်ကြားသော ဂျပန် အိုင်ဒေါ အဖွဲ့များ

နောက်ဆုံးမှာ သိထားသင့်တဲ့ ဂျပန်အိုင်ဒေါ အဖွဲ့ ၁၀ ဖွဲ့နဲ့မိတ်ဆက်ပေးပါ့မယ်။ဒီအဖွဲ့တွေက ဂျပန်မှာဆိုလူတိုင်းနီးပါးသိကြပါတယ်။ 

  1. Nogizaka46

  2. AKB48

  3. Momoiro Clover Z

  4. Morning Musume

  5. Babymetal

  6. SMAP (disbanded but still famous)

  7. Arashi (on indefinite hiatus but individual members still active)

  8. Kinki Kids

  9. EXILE

  10. AAA 

ဒီဆောင်းပါးကနေ ဂျပန်အိုင်ဒေါတွေအကြောင်း အကြမ်းအဖျင်း နားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်။မိမိအားပေးချင်တဲ့ အဖွဲ့ကိုရှာကြည့်ပြီး ပိုပြီး လေ့လာကြည့်နော်။

 

 

 

 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ဂီတ/ ဂျပန်အိုင်ဒေါများအကြောင်း

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ