ဂျပန်ဘာသာစကားမှာတော့ ကြိယာတွေကို ၃ မျိုးခွဲခြားနိုင်ပါတယ်။ ဒီလို ခွဲခြားပုံတွေအပေါ်မူတည်ပြီးတော့ ကြိယာတွေ ကိုပုံစံပပြောင်းတဲ့အတွက်ကြောင့် ကြိယာခွဲပုဲခွဲနည်းကိုသိထားဖို့ တော်တော် အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်ဘာသာစကား N5 မှာပါဝင်တဲ့ ကြိယာတွေနဲ့ ပုံစံ ခွဲပုံတွေကိုရှင်းပြသွားပ့ါမယ်။
မာတိကာ
ကြိယာများအကြောင်း
အပြုအမု၊ အမူအရာတွေကို ဖော်ပြဖို့ အတွက် ကြိယာတွေက အင်မတန်အရေးကြီးပါတယ်။ နောက်ပြီး ဂျပန်ဘာသာစကားမှာတော့ ကြိယာတွေကိုလေ့လာတဲ့အချိန်မှာ အရေးကြီးဆုံးက ကြိယာတွေကိုဘယ်လို Conjugate လုပ်ရမလဲဆိုတာပဲ ဖြစ်ပါတယ်။
ကြိယာတွေကို Conjugate လုပ်ဖို့အတွက် ပထမဆုံး အမျိုးအစားဖွဲခြားဖို့လိုအပ်ပါတယ်။
ကြိယာတွေကို အများအားဖြင့် ၃ မျိုးခွဲခြားနိုင်ပါတယ်။
-
Ru - Verb များ
-
U - Verb များ
-
Suru Verb နှင့် ပုံမှန်မဟုတ်သော Verb များ
ပုံခွဲနည်းနဲ့ နာမည်ပေးပုံပေးနည်းကတော့ စာအုပ်အပေါ်၊ သင်တဲ့ဆရာ၊ ဆရာမအပေါ်မူတည်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အများအားဖြင့် Group 1,2,3 ဆိုပြီး ခွဲခြားပြီးမှတ်သားကြလေ့ရှိပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
Ru - Verb များ
る動詞 (ru-doushi) သို့မဟုတ် Ru-verbs တွေကတော့ る နဲ့ဆုံးသတ်တဲ့ ကြိယာတွေ ဖြစ်ပါတယ်။ ဥပမာ わたしはパンを食べる (watashi wa pan wo taberu) ပေါင်မုန့်ကိုစားသည်။ る動詞 (ru-doushi) သို့မဟုတ် Ru-verbs တွေကတော့ Group 2 လို့ခွဲခြားလေ့လဲရှိကြပါတယ်။ る動詞 (ru-doushi) တွေကတော့ အများအားဖြင့် Conjugate လုပ်ရလဲ လွယ်ကူပါတယ်။ る動詞 (ru-doushi) တွေကို Conjugate လုပ်တဲ့အခါမှာ る နေရာမှာ အစားထိုးလိုက်ရုံပဲ ဖြစ်ပါတယ်။
အောက်ပါဇယားကတော့ る動詞 (ru-doushi) တွေကို Conjugate လုပ်ထားတဲ့ ဇယားဖြစ်ပါတယ်။
ဒါကြောင့် わたしはパンを食べる (watashi wa pan o taberu) ကနေပြီးတော့
-
わたしはパンを食べた (~ tabeta) - စားခဲ့တယ်။
-
わたしはパンを食べない (~tabenai) - မစားဘူး။
-
わたしはパンを食べなかった (~tabenakkata) - မစားခဲ့ဘူး။
-
わたしはパンを食べている (~tabeteiru) - စားနေတယ်။
Ru - Verb ဇယား
あびる |
浴びる |
ရေချိုးသည်။ |
あげる |
上げる |
မြှင့်တင်သည်။ |
あける |
開ける |
ဖွင့်သည်။ |
でかける |
出かける |
ထွက်ခွါသည်။ |
できる |
出来る |
ပြီးမြောက်သည်။ |
でる |
出る |
ထွက်ခွါသည်။ |
はれる |
晴れる |
နေသာသည်။ |
いれる |
入れる |
ထည့်သည်။ |
いる |
居る |
ပြန်လှည့်သည်။ |
かける |
掛ける |
ချိတ်ဆွဲသည်။ |
かりる |
借りる |
ချေးယူသည်။ |
きえる |
消える |
ပျောက်ကွယ်သည်။ |
きる |
着る |
ဝတ်ဆင်သည်။ |
こたえる |
答える |
ဖြေဆိုသည်။ |
みる |
見る |
ကြည့်သည်။ |
みせる |
見せる |
ပြသသည်။ |
ならべる |
並べる |
တန်းစီသည်။ |
ねる |
寝る |
အိပ်သည်။ |
おぼえる |
覚える |
မှတ်သားသည်။
|
おきる |
起きる |
အိပ်ယာထသည်။ |
おりる |
降りる |
ဆင်းသည်။ (ဘတ်စကား၊ပေါ်မှ) |
おしえる |
教える |
သင်ကြားသည်။ |
しめる |
締める |
ချည်နှောင်သည်။ |
しめる |
閉める |
ပိတ်သည်။ |
たべる |
食べる |
စားသည်။ |
つかれる |
疲れる |
ပင်ပန်းသည်။ |
つける |
付ける |
ချိတ်သည်။ |
つける |
ဖွင့်သည် (လျှပ်စစ်ပစ္စည်း) |
|
つとめる |
勤める |
အလုပ်လုပ်သည်။ |
うまれる |
生まれる |
မွေးဖွားသည်။ |
わすれる |
忘れる |
မေ့သည်။ |
အောက်မှာတော့ N5 မှာ ပါဝင်တဲ့ る動詞 (ru-doushi) တွေကို ဇယားတဲ့ ဖော်ပြထားပါတယ်။ N5 မှာသိထားသင့်တဲ့ စကားလုံးတွေကိုအနက်ရောက်စကားလုံးနဲ့ဖော်ပြထားပါတယ်။
U - Verb များ
う動詞 (u-doushi) သို့မဟုတ် U-verbs ကတော့ U လိုင်းတဲ့ ဆုံးတဲ့ ကြီယာတွေဖြစ်ပါတယ်။ ဒီ ကြိ ယာတွေကတော့ တော်တော် ရှပ်ထွေးပြီး စည်းမျဥ်းစည်းကမ်းတွေလဲ တော်တော်ရှုပ်ထွေးပါတယ်။ နောက်တစ်ခုကတော့ る動詞 (ru-doushi) တွေနဲ့ ရောထွေးလေ့ရှိတဲ့အချက် ဖြစ်ပါတယ်။
အများအားဖြင့် る နဲ့ဆုံးတဲ့ verbs တွေက る動詞 (ru-doushi) ဆိုပေမယ့် ခြွင်းချက်တွေရှိပါတယ်။ ဒီလိုမျိုး るနဲ့ဆုံးတဲ့ る動詞 (ru-doushi) နဲ့ るနဲ့ဆုံးတဲ့ う動詞 (u-doushi) တွေကိုခွဲဖို့ နည်းလမ်းမရှ်တာကြောင့် အလွတ်မှတ်သားဖို့အကြံပေးချင်ပါတယ်။
ဥပမာ 着る (kiru) ဝတ်သည် နှင့် 切る (kiru) ဖြတ်သည် ဆိုတဲ့ ကြိယာ တွေကို ပြောင်းတဲ့အခါ
着る (kiru) က 着ます ဖြစ်ပြီးတော့ 切る (kiru) 切ります ဖြစ်လာပါတယ်။ 着る (kiru) က る動詞 (ru-doushi) ဖြစ်ပြီး 切る (kiru)う動詞 (u-doushi) ဖြစ်တာမို့လို့ပါ။ အောက်ပါဇယားကတော့ ကြိယာပြောင်းပုံပြောင်းနည်းတွေကို ဖော်ပြထားတဲ့ ဇယားဖြစ်ပါတယ်။ う動詞 (u-doushi) တွေကို Tense ပြောင်းတဲ့ အချိန်မှာ အကုန်လုံး ပြောင်းပုံက အတူတူဖြစ်ပါတယ်။
たForm နဲ့ てForm ပြောင်းတဲ့အချိန်မှာသာ အောက်ပါ အတိုင်း သုံးမျိုးခွဲခြားနိုင်ပြီး ပြောင်းပုံပြောင်းနည်းလဲ ကွာခြားနိုင်ပါတယ်။
-
u,tsu,ru
-
mu,nu,bu
-
ku,gu,su
အသေးစိတ်ကိုအောင်ပါ ဇယားမှာကြည့်ရှုနိုင်ပါတယ်။
ကြိယာတွေကို て ပုံစံပြောင်းတဲ့ အခါမှာ ဒီအတိုင်ဆို လက်ရှိဖြစ်ပျက်နေတဲ့ အဓိပ္ပာယ် ကိုမသက်ရောက်ပါဘူး။ て ပုံစံပြောင်းပြီး သူ့နောက်ပြီး いる (iru) ကိုပြောင်းရမှာပါ။ ဒါမှ 飲んでいる (nondeiru) သောက်နေတယ် ဆိုတဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားကိုပြနိုင်မှာ ဖြစ်ပါတယ်။ ပိုပြီး ယဥ်ယဥ်ကျေးကျေး ပြောချင်ရင်တော့ 飲んでいます (nondeimasu) လို့ပြောင်းရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ください (kudasai) ပေါင်းတဲ့ ပုံစံဖြစ်ပြီး 飲んでください (nondekusai) ဆိုပြီး ပိုပြီးတော့ ယဥ်ကျေးတဲ့ ပုံစံဖြစ်ပါတယ်။
U - Verb ဇယား
အောက်ပါဇယားကတော့ U-verb ၇၆ လုံးကို တစ်စုတစည်းတည်း ဖော်ပြထားပါတယ်။ N5 Level မှာသိထားတဲ့မယ့် ခန်းဂျိတွေကို အနက်ရောင်နဲ့ဖော်ပြထားပါတယ်။
あく |
開く |
ဖွင့်သည်။ |
あらう |
洗う |
ဆေးကြောသည်။ |
ある |
ရှိသည်။ (အသက်ရှိ) |
|
あそぶ |
遊ぶ |
ကစားသည်။ |
あう |
会う |
တွေ့သည်။ |
ちがう |
違う |
ခြားနားသည်။ |
だす |
出す |
ထုတ်သည်။ |
ふく |
吹く |
မှုတ်သည်။ |
ふる |
降る |
ရွာသည်။ (မိုး၊ နှင်း) |
はいる |
入る |
ဝင်ရောက်သည်။ |
はじまる |
始まる |
စတင်သည်။ |
はく |
履く |
ဝတ်ဆင်သည်။ |
はなす |
話す |
စကားပြောသည်။ |
はる |
貼る |
ကပ်သည်။ |
はしる |
走る |
ပြေးသည်။ |
はたらく |
働く |
အလုပ်လုပ်သည်။ |
ひく |
引く |
ဆွဲသည်။ |
ひく |
弾く |
တီးခတ်သည်။ (ကြိုးတပ်တူရိယာများ) |
いく |
行く |
သွားသည်။ |
いる |
要る |
လိုအပ်သည်။ |
いう |
言う |
ပြောသည်။ |
かえる |
帰る |
ပြန်သည်။ |
かえす |
返す |
ပြန်ပေးသည်။ |
かかる |
掛かる |
ကုန်ကျသည်။ (ပိုက်ဆံ၊ အချိန် ) |
かく |
書く |
ရေးသည်။ |
かす |
貸す |
ချေးသည်။ ငှားသည်။ |
かう |
買う |
ဝယ်သည်။ |
けす |
消す |
ဖျက်သည်။ |
きく |
聞く |
နားထောင်သည်။ မေးသည်။ |
きる |
切る |
ဖြတ်သည်။ |
こまる |
困る |
ဒုက္ခရောက်သည်။ |
くもる |
曇る |
တိမ်ထူထပ်သည် |
まがる |
曲がる |
ကွေ့သည်။ |
まつ |
待つ |
စောင့်သည်။ |
みがく |
磨く |
တိုက်သည်။ |
もつ |
持つ |
ကိုင်ထားသည်။ ပိုင်ဆိုင်သည်။ |
もっていく |
持って行く |
ယူသွားသည်။ |
なく |
鳴く |
အသံမြည်သည်။ |
なくす |
無くす |
ဖျောက်သည်။ |
ならぶ |
並ぶ |
တန်းစိသည်။ |
ならう |
習う |
သင်ယူသည်။ |
なる |
成る |
ဖြစ်လာတယ်။ |
のぼる |
登る |
တက်သည် |
のむ |
飲む |
သောက်သည် |
のる |
乗る |
စီးသည် (ယာဥ်များ) |
ぬぐ |
脱ぐ |
ချွတ်သည် |
おく |
置く |
ထားသည် |
おす |
押す |
တွန်းသည် |
おわる |
終わる |
ပြီးဆုံးသည်။ |
およぐ |
泳ぐ |
ရေကူးသည်။ |
さく |
咲く |
ပွင့်သည်။ |
さす |
差す |
ဆောင်းသည်။ ထီးဆောင်းသည်။ |
しまる |
閉まる |
ပိတ်သည်။ |
しぬ |
死ぬ |
သေသေည်၊ |
しる |
知る |
သိသည်။ |
すむ |
住む |
နေထိုင်သည်။ |
すう |
吸う |
သောက်သည်။ (ဆေးလိပ်) |
すわる |
座る |
ထိုင်သည်။ |
たのむ |
頼む |
တောင်းဆိုသည်။ |
たつ |
立つ |
ရပ်သည်။ |
とぶ |
飛ぶ |
ပျံသန်းသည်။ |
とまる |
止まる |
ရပ်နားသည်။ |
とる |
撮る |
ရိုက်သည်။ (ဓာတ်ပုံ ) |
とる |
取る |
ယူသည်။ |
つかう |
使う |
အသုံးပြုသည်။ |
つく |
着く |
ရောက်ရှိသည်။ |
つくる |
作る |
ပြုလုပ်သည်။ |
うる |
売る |
ရောင်းသည် |
うたう |
歌う |
သီချင်းဆိုသည် |
わかる |
分かる |
နားလည်သည် |
わたる |
渡る |
ဖြတ်သန်းသည် |
わたす |
渡す |
လှမ်းပေးသည် |
やる |
လုပ်သည် |
|
やすむ |
休む |
အနားယူသည်။ |
よぶ |
呼ぶ |
ခေါ်သည်။ |
よむ |
読む |
ဖတ်သည်။ |
Suru Verb နှင့် ပုံမှန်မဟုတ်သော Verb များ
する動詞 (suru-doushi) သိုမဟုတ် Suru-verbsဆိုတာကတော့ နာမ်တွေကို する ပေါင်းထားတဲ့ ကြိယာတွေ ဖြစ်ပါတယ်။
する (suru) တစ်လုံးတည်းဆိုရင် ပြုလုပ်တယ်ဆိုတဲ့ အဓိပွာယ် ရပါတယ်။ သူ့အနောက်မှာ နာမ်တစ်ခုခု ပေါင်းထည့်ပြီး ကြိယာတွေ ကိုဖန်တီးနိုင်ပါတယ်။ ဥပမာ 電話 (denwa) ဆိုတာ ကတော့ တယ်လီဖုန်း ဖြစ်ပြီး 電話する (denwasuru) ဆိုတာကတော့ ဖုန်းဆက်တယ်ဆိုတဲ့ အဓိပွာယ်ရပါတယ်။する動詞 (suru-doushi)တွေကို ပုံစံပြောင်းတာကတော့ တော်တော် လွယ်ကူပါတယ်။ အသေးစိတ်ကို အောက်ပါဇယားကနေ ကြည့်ရှုနိုင်ပါတယ်။နောက်ထပ် ပူံမှန်မဟုတ်တဲ့ ခြွင်းချက် ကြိယာကတော့ 来る (kuru) လာသည် ဆိုတဲ့ ကြိယာ နှင့် 行く(iku)လာသည်ဆိုတဲ့ ကြိယာ ဖြစ်ပါတယ်။ ဒီခြွင်းချက်ကြိယာတွေကို ပြောင်းပုံပြောင်းနည်း တွေကို အောက်ပါဇယားမှာဖော်ပြလိုက်ပါတယ်။
Suru Verb ဇယား
べんきょう |
勉強 |
စာလေ့လာသည်။ |
でんわ |
電話 |
ဖုန်းခေါ်သည်။ |
じゅぎょう |
授業 |
စာသင်သည်။၊ |
かいもの |
買い物 |
စျေးဝယ်သည်။ |
けっこん |
結婚 |
လက်ထပ်သည်။ |
コピー |
ကော်ပီကူးသည်။ |
|
れんしゅう |
練習 |
လေ့ကျင့်သည်၊ |
りょこう |
旅行 |
ခရီးသွားသည်။ |
りょうり |
料理 |
ဟင်းချက်သည်။ |
さんぽ |
散歩 |
လမ်းလျှောက်သည်၊။ |
せんたく |
洗濯 |
အဝတ်လျှော်သည်။ |
しごと |
仕事 |
အလုပ်လုပ်သည်။ |
しつもん |
質問 |
မေးခွန်းမေးသည်။ |
そうじ |
掃除 |
သန့်ရှင်းရေးလုပ်သည် |
テスト |
စမ်းသပ်သည်။ |
နေ့စဥ်ဘဝမှာ အသုံးများတဲ့ Suru Verb ၁၆ လုံးကို အောက်ပါဇယားမှာ ဖော်ပြထားပါတယ်။ N5 level မှာတော့ သိပ်ပြီးတော့ မများဘူး။ N5 level မှာသိထားရမယ့် ခန်းဂျိတွေကိုတော့ အောက်ပါ ဇယားမှာ ဖော်ပြထားပါတယ်။ပြီးပြည့်စူံတဲ့ စာကြောင်းဖြစ်ဖို့အတွက် いる (iru),います (imasu)တို့ကိုပေါင်းထည့်ပါ။