နွေရာသီ မက်မန်းသီးများအကြောင်း : Ume, Umeshu, Umeboshi

ဂျပန်နိုင်ငံရဲ့ နွေရာသီရောက်ရင်တော့ ume (梅) လို့ခေါ်တဲ့ မက်မန်းသီးတွေ ပေါ်တဲ့ အချိန်ဖြစ်ပြီးတော့ ဒီအချိန်ရောက်ရင် ume (梅) မက်မန်းသီးတွေကို ပုံစံအမျိုးစုံနဲ့ စားသုံးလေ့ရှိကြပါတယ်။

မာတိကာ 

  1. ume (梅) ဆိုတာ။
  2. ဂျပန်မှာ ume (梅) ရာသီ။
  3. umeshu (梅酒) မက်မန်းအရက်။
  4. umeboshi (梅干し) မက်မန်းသီးချဥ်ဖောက်။
  5. အကျဥ်းချုပ်။

ume (梅) ဆိုတာ။

Ume (梅) ဆိုတာကတော့ ဂျပန် မက်မန်းသီးတွေဖြစ်ကြပါတယ်။ တရုတ်နိုင်ငံ မျိုးစိတ်ဖြစ်ပြီးတော့ Asuka ခေတ် (592 to 710 A.D.) မှာစတင်ပြီးတော့ တရုတ်ရိုးရာဆေး Uba အဖြစ်စတင်ပြီးတော့ ဝင်ရောက်လာခဲ့ပါတယ်။ 

မက်မန်းပင်တွေကတော့ သေးပြီးတော့ ဝိုင်းပါတယ်။ အသီးမှည့်လာပါက အဝါရောင်းသန်းလာပါတယ်။ ဂျပန်မှာတော့ အချဥ်ဖောက်ပြီးဖြစ်စေ၊ အရက်အနေနဲ့ဖြစ်စေ ပြုလုပ်ပြီးစားသောက်လေ့ရှိကြပါတယ်။ နာမည်ကြီးလူလိုက်များတာကတော့ umeboshi (梅干し) မက်မန်းသီး ချဉ်ဖောက်နှင့် umeshu (梅酒) မက်မန်းသီးအရက်တို့ဖြစ်ပါတယ်။ 

ဒီလိုမျိုးအစားစာတွေတင်မက မက်မန်းပန်းတွေကလဲ ချယ်ရီပန်းမပွင့်ခင်ပွင့်ကြပြီးတော့ လူကြိုက်များတဲ့ ပန်းဖြစ်ပါတယ်။ မက်မန်းပန်းတွေကြည့်တာကိုတော့ 梅見 (Umemi) သို့မဟုတ် 観梅 (Kanume) လို့ခေါ်ပြီးတော့ အများအားဖြင့် ဖေဖော်ဝါရီလ (ဆောင်းရာသီ) ကနေပြီးတော့ မတ်လ အလယ်လောက်(နွေဦးအစောပိုင်း)ထိ ပွင့်လေ့ရှိကြပါတယ်။ မက်မန်းပန်းကြည့်ရှုနိုင်တဲ့ နေရာတွေကိုတော့ မက်မန်းပန်းပွင့်တဲ့ နေရာများ ဆောင်းပါးမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဂျပန်မှာ ume (梅) ရာသီ။

မက်မန်းသီးရာသီကတော့ ဇွန်လနှင့် ဇူလိုင်လတို့မှာဖြစ်ပါတယ်၊ ဒီအချိန်ရောက်ရင် စတင်ပြီးတော့ မက်မန်းသီးတွေကို စတင်ပြီးတော့ စတင်ပြီးတော့ ခူးကြပါတယ်။ အချိန်အတိအကျကတော့ နေရာအပေါ်လဲ မူတည်ပါတယ်။ ဒါပမယ့် ဇွန်လဝင်တာနဲ့ မက်မန်းသီးတွေကို စတင်ပြီးတော့ စူပါမားကတ်တွေမှာရောင်းချတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ 

မက်မန်းသီးရာသီကလဲ မိုးရာသီနဲ့ အချိန်ကိုက်နေပြီးတော့ မိုးရာသီကို 梅雨 (Tsuyu) လို့ဂျပန်လိုခေါ်ကြပါတယ်။ ume (梅) ဆိုတဲ့ မက်မွန်သီးဆိုတဲ့ စကားလုံးက မိုးရာသီ ဆိုတဲ့ စကားလုံးထဲမှာ တစ်လုံးအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီစကားလုံးအပြင် "入梅 (Nyubai)" လို့ခေါ်တဲ့ မိုးရာသီစဝင်တဲ့ စကားလုံးမှာလဲ မက်မန်းသီးဆိုတဲ့ စကားလုံးကိုတွေ့နိုင်ပြီးတော့ အများအားဖြင့် ဇွန်လ ၁၀ ရက်နေ့ သို့မဟုတ် ၁၁ ရက်နေ့ဖြစ်ပါတယ်။ နောက်ပြီးတော့ ဂျပန်မှာ ဒီနေ့ကို Umeshu Day (梅酒の日)” မက်မန်းအရက်နေ့လို့လဲခေါ်ကြပါတယ်။ 

umeshu (梅酒) မက်မန်းအရက်။

Umeshu (梅酒) ကတော့ ဂျပန်ရိုးရာ မက်မန်းအရက်ဖြစ်ပါတယ်။ မက်မန်းသီးရာသီရောက်ရင် နိုင်ငံတစ်ဝှမ်းလုံးမှာ မက်မန်းသီးအစိမ်းတွေရောင်းချပြီးတော့ ဒီလို မက်မန်းသီး အစိမ်းတွေကနေပြီးတော့ မက်မန်းအရက်ကိုပြုလုပ်ပါတယ်။ မိုးရာသီမှာ ဒီလို မက်မန်းအရက်ကို အိမ်မှာထိုင်ပြီးသောက်ရတာကလဲ ဇိမ်တစ်မျိုးဖြစ်ပါတယ်။ 

※ ဂျပန်မှာတော့ အသက် ၂၀ ပြည့်မှ တရားဝင်အရက်သောက်ခွင့်ရှိပါတယ်။

မက်မန်းအရက်လုပ်ပုံလုပ်နည်း

လိုအပ်တဲ့ ပစ္စည်းများ

  • သန့်ရှင်းတဲ့ ဖန်ပုလင်း တစ်လုံး။ 

  • ဝါးတုတ်အတိုလေးများ။

ပါဝင်ပစ္စည်းများ

  • မက်မန်းသီး ၁ ကီလိုဂရမ်

  • အရက်ဖြူ ၁.၈ လီတာ 

  • သကြားခဲ ၁ ကီလို (ပျားရည်နှင့်သကြားနီ)

※ လိုအပ်သလို ညှိပါ။

လုပ်ရမယ့် အဆင့်များ - 

  1. မက်မန်းသီးတွေကို ပြင်ဆင်ပါ။ မက်မန်းသီးတွေကို ရေဆေးပြီးတော့ ဝါးတံလေးတွေထဲ မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားပါ။ အသီးတွေကို မထိခိုက်အောင် ဒီအဆင့်မှာ ဂရုစိုက်ရမှာဖြစ်ပါတယ်။ 
  2. သကြားနှင့် မက်မန်းသီးတွေကို အလွှာပြုလုပ်ပြီး ထည့်ပါ။ ဖန်ပုလင်းထဲမှာ သကြားခဲနှင့် မက်မန်သီးတွေကို တစ်လွှာချင်း အဆင့်လိုက်ထည့်လိုက်ပါ။ 
  3. အရက်ကို လောင်ထည့်ပါ။ ပြင်ဆင်ထားတဲ့ အရက်ကိုလောင်းထည့်ပါ။
  4. သိုလောင်ထားပါ။ အဖုံးကိုသေချာဖုံးထားပြီးတော့ အေးပြီးတော့ မှောင်တဲ့နေရာမှာ သိုလှောင်ထားပါ။ အနည်းဆုံး ၆ လကနေ တစ်နှသ် အတွင်းသီမ်းထားပါ။ တကယ်လို့ တစ်နှစ်ကျော်သိုထားချင်ပါက တစ်နှစ်ပြည့်တာနဲ့ မက်မန်းသီးတွေကို ဖယ်ပြီး အရည်ကို ဒီအတိုင်သိမ်းထားပါ။

umeboshi (梅干し) မက်မန်းသီးအချဥ်ဖောက်။

Umeboshi (梅干し) ကတော့ မက်မန်းသီးအချဥ်ဖောက်ထားတာဖြစ်ပြီးတော့ ချဥ်ပြီးတော့ ငံတဲ့ အရသာဖြစ်ပါတယ်။ Umeboshi (梅干し) ကတော့ ဂျပန်ရိုးရာ အစားအသောက်တွေမှာ အရမ်းကိုနာမည်ကြီးပြီးတော့ မပါမဖြစ်ဖြစ်ပါတယ်။ နောက်ပြီးတော့ onigiri လို့ခေါ်တဲ့ ဂျပန်ထမင်းဆုပ်မှာလဲ အသုံးပြုလေ့ရှိကြပါတယ်။ ထမင်းဘူးတွေထဲမှာလဲ ထည့်လေ့ရှိကြပါတယ်။

Umeboshi (梅干し) ကိုဘယ်လိုလုပ်မလဲ။

လိုအပ်တဲ့ ပစ္စည်းများ

  • အဖုံးနှင့်ပတ်လို့ရတဲ့ သန့်ရှင်းဆေးကြောထားတဲ့ထည့်စရာတစ်ခု။

  • ဝါတုတ်ချောင်းသေးသေးလေးများ။

  • ဝိတ်တုံးကြီး

လိုအပ်တဲ့ ပါဝင်ပစ္စည်းများ။

  • မက်မန်းသီး ၁ ကီလိုဂရမ်။

  • ဆား ၂၀၀ ဂရမ်။

လုပ်ရမယ့် အဆင့်များ - 

  1. မက်မန်းသီးတွေကို ပြင်ဆင်ပါ။ မက်မန်းသီးတွေကို ရေဆေးပြီးတော့ ဝါးတံလေးတွေထဲ မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားပါ။ အသီးတွေကို မထိခိုက်အောင် ဒီအဆင့်မှာ ဂရုစိုက်ရမှာဖြစ်ပါတယ်။ 

  2. ဆားနှင့် မက်မန်းသီးတွေကို အလွှာလိုက်အချိုးကျကျထည့်ပါ။ ခွက်အောက်ပိုင်းကနေပြီးတော့ ဆားနှင့် မက်မန်းသီးကို အချိုးကျကျ တစ်လှည့်စီထည့်ရမှာဖြစ်ပါတယ်။

  3. အချဥ်ဖောက်လိုက်ပါ။ အဖုံးဖုံးထားပြီးတော့ အပေါ်ကနေပြီးတော့ ဝိတ်တုံးကြီးတဲ့ ဖိထားလိုက်ပါ။ တစ်လလောက် အချဥ်ဖောက်ထားလိုက်ပါ။

  4. အခြောက်ခံလိုက်ပါ။ ထည့်စရာထဲကနေ ထုတ်ပြီးတော့ အခြောက်ခံလိုက်ပါ။ ၃ ရက်ဆက်တိုက် နေရောင်အောက်မှာ အခြောက်ခံထားဖို့လိုအပ်ပါတယ်။

※ ဒီနည်းကတော့ မက်မန်းသီး အချဥ်ဖောက်လုပ်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါ့အပြင် တခြားနည်းလမ်းတွေအနေနဲ့ vinegar, shiso တို့ကိုပေါင်းထည့်လို့လဲရပါတယ်။ 

အကျဥ်းချုပ်။

Ume (梅) ကတော့ ဂျပန်နိုင်ငံမှာ မိုးရာသီရောက်ရင် ရာသီပေါ်အသီးအနေနဲ့ နာမည်ကြီးပြီးတော့ ပုံစံ အမျိုးမျိုးနဲ့ ဂျပန်လူမျိူးတွေ စားသုံးလေ့ရှိတဲ့ အသီးအနှံလဲဖြစ်ပါတယ်။အသီးပါသမာ မက်မန်းပန်းလေးတွေကလဲ လူကြိုက်များတဲ့ ပန်းဖြစ်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ နွေရာသီ မက်မန်းသီးများအကြောင်း : Ume, Umeshu, Umeboshi

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ