ဂျပန်မှာ တက္ကစီဘယ်လိုစီးမလဲ။

ဂျပန်မှာ တက္ကစီစျေးကအရမ်းကြီးသလား? ဘယ်လိုနှုန်းထားလောက်ရှိလဲ? တက္ကစီဘယ်နေရာမှာဘယ်လိုစီးရမလဲ ? ဒီဆောင်းပါးမှာတော့ ဒီလိုအချက်တွေကို ရှင်းလင်းဖော်ပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တက္ကစီခေါ်တဲ့အချိန်မှာ အသုံးဝင်မယ့် ဂျပန်စကားလုံးတွေနဲ့ လိုအပ်တဲ့စကားစုတွေကိုပါဖော်ပြသွားမှာဖြစ်ပါတယ်။

မာတိကာ

  1. တက္ကစီ ဘယ်လိုခေါ်မလဲ။
  2. တက္ကစီစျေးနှုန်း ဘယ်လောက်ရှိနိုင်လဲ။
  3. တက္ကစီစီးတဲ့အချိန်မှာ သိထားသင့်တဲ့ အမူအရာများ။

တက္ကစီ ဘယ်လိုခေါ်မလဲ။

ပထမဆုံးတက္ကစီစျေးနှုန်းတွေအကြောင်းမပြောခင်တက္ကစီဘယ်လိုခေါ်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်။ တက္ကစီ ခေါ်ဖို့နည်းလမ်းတွေအများကြီးရှိပါတယ်။ အများအားဖြင့် ဖုန်းနဲ့ခေါ်မလား၊ တက္ကစီ အက်ပလီကေးရှင်းနဲ့ခေါ်မလား၊ ဒီအတိုင်း လမ်း သို့မဟုတ် မှတ်တိုင်မှာ လက်တားပြီးခေါ်မလား အစသဖြင့်နည်းလမ်းတွေများပါတယ်။ ဂျပန်လိုပြောဖို့ခက်ခဲပါက ကက္ကစီခေါ်တဲ့ အက်ပလီကေးရှင်းကိုအသုံးပြုရင် ပိုပြီးအဆင်ပြေပါတယ်။ ဘာသာစကားအမျိုးမျိုးနဲ့ အသုံးပြုနိုင်တဲ့ အတွက်ကြောင့်မို့လို့ အဆင်ပြေပါတယ်။ 

လာကြိုရမယ့် နေရာနဲ့ သွားရမယ့် နေရာကိုရိုက်ထည့်လိုက်ရုံနဲ့ အဆင်ပြေတဲ့ အတွက်ကြောင့်မို့လို့ ကားဆရာနဲ့ စကားပြောရမှာတွေလဲ နည်းပါးသွားပါတယ်။ နောက်ပြီးတော့ အက်ပလီကေးရှင်းမှာ  credit card ကိုတခါတည်းမှတ်ပုံတင်ထားမယ်ဆိုရင် ပိုက်ဆံကိုလဲ ကိုယ်ဘာသာကို ပေးစရာမလိုပါဘူး။ နောက်ပြီးတော့ အိတ်အကြီးတွေပါလာပါက တက္ကစီကိုသေချာ ဆိုက်ကိုသေချာရွေးဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ဂျပန်စာတွေကိုဖော်ပြသွားပါ့မယ်။ 

Call Taxi (迎車 geisha), Radio Dispatch Taxi (無線配車 musen haisha)

「迎車 geisha」ဆိုတာကတော့ တက္ကစီ ကိုခေါ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီးတော့ 「今すぐ呼ぶ ima sugu yobu」ဆိုတဲ့စကားလုံးနဲ့လဲ အသုံးပြုလေ့ရှိပါတယ်။ နောက်ပြီးတော့ ဘိုကင်တင်တဲ့ အချိန်ဆိုရင်တော့ (予約 yoyaku) ဆိုတဲ့စကားလုံးဖြစ်ပြီးတော့ တိတိကျကျအချိန်နဲ့နေရာတွေရွေးချယ်နိုင်ပါတယ်။ နေရာအပေါ်မူတည်ပြီးတော့ 「迎車 geisha」 တက္ကစီခေါ်တာနဲ့ (予約 yoyaku) ကြိုတင်ဘိုကင်တင်ဖို့အတွက်တော့ စျေးပိုပြီးတော့‌ပေးရတာမျိုးတွေလဲ ရှိပါတယ်။

「無線配車 musen haisha」ဆိုတာကတော့ 「無線 musen」ဆိုတာကတော့ ဝိုင်ယာမဲ့ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီးတော့ တက္ကစီဒရိုင်ဘာကနေပြီးတော့ ရောက်လာမယ့် အချိန်နဲ့ နေရာတွေကို သိနိုင်ဖို့အတွက် ဖုန်းလှမ်းဆက်နိုင်တဲ့ တက္ကစီမျိုးကိုခေါ်ပါတယ်။ 

တက္ကစီကုမ္ပဏီ ကိုခေါ်ခြင်း။

တက္ကစီကုမ္ပဏီကိုတော့ တိုက်ရိုက်ဖုန်းခေါ်ပြီးတော့တက္ကစီကို ငှားနိုင်ပါတယ်။ ခေါ်နည်းကလဲ အရမ်းကို လွယ်ကူပါတယ်။ ရှာပုံရှာနည်းကတော့ ဧရီယာနဲ့ တက္ကစီကုမ္ပဏီဆိုပြီး ရိုက်ရှာလိုက်ရင် အဆင်ပြေပါတယ်။ ဖုန်းနံပါတ်ကျလာရင်တော့ ဒီဖုန်းနံပါတ်ကိုတိုက်ရိုက်ခေါ်လိုက်ရင်အဆင်ပြေပါတယ်။ တချို့နေရာတွေမှာတော့ အင်္ဂလိပ်ဘာသာစကားနဲ့ လက်ခံပြောကြားတာမျိုးတွေလဲရှိပါတယ်။

 (ဥပမာ. Fukuoka 福岡) +တက္ကစီကုမ္ပဏီ (タクシー会社) လို့ရိုက်ရှာပါ။

တက္ကစီ အက်ပလီကေးရှင်းကိုအသုံးပြုခြင်း။

တကယ်လို့ ဝိုင်ဖိုင်အသုံးပြုလို့ရမယ်ဆိုရင်တော့ တက္ကစီအက်ပလီကေးရှင်းကိုအသုံးပြုကြည့်ပါ။ နေရာအပေါ်မူတည်ပြီးတော့ အသုံးပြုလို့ရတဲ့ အက်ပလီကေးရှင်းတွေကွဲပြားတဲ့ အတွက်ကြောင့်မို့လို့ ကြိုတင်ပြီးတော့ ကိုယ်နေမယ့်နေရာ သို့မဟုတ် ကိုယ်ခရီးသွားမယ့်နေရာမှာ ဘယ်လိုအက်ပလီကေးရှင်းကိုအသုံးပြုလို့ရလဲဆိုတာကိုကြိုတင်ပြီတော့ ကြည့်ထားတာပိုပြီးတော့အဆင်ပြေပါတယ်။ နောက်ပြီးတော့ တချိုအက်ပလီကေးရှင်းတွေကတော့အွန်လိုင်းကနေ ငွေပေးချနနိုင်တဲ့ စနစ်တွေလဲရှိတဲ့ အတွက်ကြောင့်မို့လို့ အရမ်းကိုအဆင်ပြေပါတယ်။ အက်ပလီကေးရှင်အပေါ်မူတည်ပြီးတော့ အသုံးပြုနိုင်တဲ့ နေရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • Go : Miyagi, Ibaraki, Gunma, Saitama, Chiba, Tokyo, Kanagawa, Toyama, Ishikawa, Gifu, Aichi, Kinki, Saga, Kyoto, Osaka, Hyogo, Nara, Hiroshima, Fukuoka
  • Uber Taxi : Aomori, Awaji Island, Fukuoka, Fukuyama, Hiroshima, Koriyama, Kochi, Kyotango, Kyoto, Nagoya, Nakatonbetsu, Osaka, Sendai, Tokyo, Yokohama
  • DiDi : Hokkaido, Miyagi, Tokyo, Saitama, Chiba, Kanagawa, Shizuoka, Osaka, Hyogo, Kyoto, Fukuoka, Nagasaki, Okinawa

တက္ကစီအက်ပလီကေးရှင်းတွေကို အသုံးပြုဖို့အတွက် ဝိုင်ဖိုင် သို့မဟုတ် ဆင်းကတ်ရှိထားဖို့လိုအပ်ပါတယ်၊ နောက်ပြီးတော့ အပေါ်မှာဖော်ပြထားတဲ့ နေရာတွေ အပြင်အသုံးပြုနိုင်တဲ့ ဧရိယာတွေလဲ ထပ်ပြီးတိုးလာနိုင်ချေရှိပါတယ်။ 

လက်တားပြီး တက္ကစီငှားခြင်း။

တက္ကစီ အနီးအနားကိုကပ်လာပြီးဆိုရင် ဒီအတိုင်းလက်တားပြီးငှားလိုက်ရုံပဲဆိုပေမယ့် တချို့စကားလုံးတွေကိုသေချာသိထားဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ သိထားသင့်တဲ့ စကားလုံးတွေကို ဖော်ပြသွားပါ့မယ်။ 

  • 空車 / 空車 VACANT -  “kuusha” လို့ဖတ်ပြီးတော့ ငှားလို့ရတယ်၊ လွတ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ 
  • 割増 - “warimashi” ဆိုတာကတော့ အပိုဆောင်းတိုးငွေလို့ခေါ်ပြီးတော့ ညဘက် သို့မဟုတ် မနက်စောစောတွေမှာ ပုံမှန်ထက်ပိုပြီးတော့ တက္ကစီစျေးပိုကျသင့်ပါတယ်။ 

ငှားလို့မရတဲ့ တက္ကစီများ 

  • 賃送 (chinsou) / 実車 (jissha) - ငှားပြီးသား တက္ကစီ။ 
  • 支払 (shiharai) - ငွေပေးချေခြင်း။ ငွေပေးချေတာကတော့ စထွက်တဲ့ နေရာကနေပြီးတော့ ရောက်တဲ့ နေရာအထိ ပိုက်ဆံကို တွက်ပြီးပေးရပါတယ်။ ပေးချေရမယ့် ပိုက်ဆံကလဲ တက္ကစီထဲမှာ တခါတည်းကြည့်နိုင်ပါတယ်။ 
  • 賃切 (kashikiri) - ငှားပြီးသားတဲ့ တက္ကစီ။
  • 予約 (yoyaku) -ဘိုကင်တင်ထားတဲ့ တက္ကစီဖြစ်ပြီး ဧည့်သည်ကိုကြိုမယ့်တက္ကစီ။
  • 迎車 (geisha) - ဧည့်သည်ကိုကြိုမယ့်တက္ကစီ။
  • 回送 (kaisou) - ရထားမှာဆိုရင်တော့ လူမတင်ဘဲ ဘူတာကိုပြန်တဲ့ ရထားဖြစ်ပြီးတော့ တက္ကစီဆိုရင်တော့ လူမတင်တော့တဲ့ တက္ကစီကိုခေါ်ပါတယ်။ 

တက္ကစီစျေးနှုန်း ဘယ်လောက်ရှိနိုင်လဲ။

ဂျပန်မှာတော့ တက္ကစီစျေးနှုန်းကတေ့ နေရာအပေါ်မူတည်ပြီးတော့ အပြောင်းအလှဲရှိပါတယ်။ နောက်ပြီးတော့ တက္ကစီတွေတော့ အခြေခံစျေးနှုန်း၊ ထပ်တိုးစျေးနှုန်းတွေအကြောင်းကိုလဲ သေချာနားလည်ထားဖို့လိုအပ်ပါတယ်။ 

ဂျပန်နိုင်ငံရဲ့ တက္ကစီ စျေးနှုန်းနဲ့ စျေးနှုန်းစနစ် (တိုကျို ၂၃ ရပ်ကွက်)

တက္ကစီစျေးနှုန်းကိုတော့ အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။ 

  1. အခြေခံစျးနှုန်း (အချိန်အပေါ်အခြေခံခြင်း၊ အကွာအဝေးအပေါ်အခြေခံခြင်း၊ စနစ်အရသတ်မှတ်ထားခြင်း)
  2. အပိုဆောင်းစျေးနှုန်း (ညနက်နှင့် မနက်ပိုင်း၊ ဆောင်းရာသီ)
  3. လျှော့စျေး (အများပြည်သူဝန်ဆောင်မှုများ၊ အကွာအဝေးအရှည်၊ ကြေညာများ)
  4. တခြား

၁-၁ အကွာအဝေးအပေါ်အခြေခံခြင်း

ပုံမှန်အားဖြင့် အကွာအဝေးအပေါ်မူတည်ပြီးတော့ ‌တက္ကစီခကိုတွက်‌လေ့ရှိပေမယ့် တစ်နာရီကို ၁၀ ကီလိုမီတာနှုန်းနဲ့မောင်းမယ်ဆိုရင်တော့ အချိန်စနစ်နဲ့တက်လေ့ရှိပါတယ်။ နောက်ပြီးတော့ မီးပွိုင့်စောင့်နေတဲ့ အချိန်နဲ့ ခရိးသည်ရဲ့ တောင်းဆိုမှုကြောင့် ကားရပ်ထားရတဲ့အချိန်မျိုးမှာဆိုရင်တော့ အချိန်စနစ်နဲ့ တွက်ချက်‌လေ့ရှိပါတယ်။ 

အကွာအဝေးအပေါ်မူတည်တဲ့ အတွက်အချက်ကတော့ တိုကျို ၂၃ရပ်ကွက်နေရာတွေမှာဆိုရင်တော့ ၁.၀၅၂ ကီလိုမီတာခရီးသွားတိုင်း ယန်း ၅၀၀ ကျသင့်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ ပိုဆောင်းစျေးအနေနဲ့ကတော့ ၂၃၃ မီတာတိုင်းကို ယန်း ၈၀ ကျသင့်မှာဖြစ်ပါတယ်။ အချိန်နဲ့တွက်ချက်တဲ့စျေးဆိုရင်တော့ ၁မိနစ်နှင် ၃၅ စက္ကန့်တိုင်းကို ယန်း ၁၀၀ နဲ့ တွက်ချက်မှာဖြစ်ပါတယ်။

၁-၂ အချိန်အပေါ်အခြေခံတဲ့ စျေးနှုန်း

အကွာအဝေးအပေါ်အခြေခံပြီးတော့ တွက်ချက်ပြီးတော့ ခက်ခဲတဲ့ အချိန်မျိုးမှာဆိုရင်တော့ အချိန်အပေါ်မူတည်ပြီးတော့ တွက်ချက်‌လေ့ရှိပါတယ်။ အများအားဖြင့် အထူးအခမ်းအနားတွေမှာ အသုံးပြုလေ့ရှိပါတယ်။ 

အချိန်အပေါ်အခြေခံတာကတော့ အများအားဖြင့် တစ်နာရီကို ယန်း ၅၃၆၀ ဖြစ်ပြီးတော့ နောက်ထပ် မိနစ် ၃၀ တိုင်းကို ယန်း ၂၄၅၀ နဲ့တွက်ချက်လေ့ရှိပါတယ်။ 

၁-၃ စနစ်အရ ကြိုတင်သတ်မှတ်စျေးနှုန်း 

ကြိုတင်သတ်မှတ်စျေးနှုန်းစနစ်ကိုတော့ ဧရိယာ တစ်ခုနှင့် တစ်ခု ကိုအသွားအပြန်လုပ်တဲ့ အချိန်မျိုးမှာ သတ်မှတ်အသုံးပြုလေ့ရှိပါတယ်။ ဥပမာ - ဘူတာကနေပြီးတော့ လေဆိပ် အစသဖြင့် သတ်မှတ်အကွာအဝေးကို သွားတဲ့ အချိန်မျိုးတွေမှာ အသုံးပြုလေ့ရှိပါတယ်။ 

၂-၁ ညနက်တွေနှင့် မနက်စောစောတွေမှာ အပိုဆောင်စျေးနှုန်း 

အပိုဆောင်းစျေးနှုန်းတွေကတော့ အများအားဖြင့် ၂၀ ရာခိုင်နှုန်းထပ်ဆောင်းရတာများပြီးတော့ ညဘက် ၁၀ နာရီကနေပြီးတော့ မနက်ပိုင်း ၅ နာရီအထိ မှာအကျုံးဝင်ပါတယ်။

၂-၂ ဆောင်းရာသီ အပိုဆောင်စျေးနှုန်း 

ဟိုကိုင်းဒိုးနဲ့ Tohoku ဒေသတွေလို နှင်းအရမ်းကျတဲ့နေရာတွေမှာဆိုရင်တော့ ဆောင်းရာသီဆို အထပ်ဆောင်း‌ငွေကိုပေးရတာပါတယ်၊ အချိန်ကတော့ ဒီဇင်ဘာလ ကုန်ကနေပြီးတော့ ဖေဖော်ဝါရီလအကုန်အထိဖြစ်ပါတယ်။ 

၃-၁ လျော့စျေး - အများပြည်သူဝန်ဆောင်မှု 

တက္ကစီလျှော့စျေးကိုတော့ အသုံးပြုသူကတော့ အသိညဏ် သို့မဟုတ် ခန္ဓာကိုယ် ကျိုးယွင်းမှုရှိနေပါက လျော့စျေးအသုံးပြုနိုင်ပါတယ်။ ဒီလျော့စျေးကို အသုံးချဖို့အတွက်ကတော့ (障害者手帳 shougaisha tecchou) ဆိုတဲ့ ထောက်ခံချက်ရှိထားဖို့လိုအပ်ပါတယ်။ 

၃-၂ လျော့စျေး - အကွာအဝေးရှည် ခရီး 

သတ်မှတ်ထားတဲ့ အနှုန်းထားအပေါကျော်လွန်သွားမယ်ဆိုရင်တော့ ခရီးဝေးရှည် လျော့စျေးရရှိနိုင်ပါတယ်။ တိုကျိုမှာဆိုရင်တော့ ယန်း ၉၀၀၀ ကျော်တိုင်းကို ၁၀ ရာခိုင်နှုန်းရရှိနိုင်ပါတယ်။ 

တက္ကစီစီးတဲ့အချိန်မှာ သိထားသင့်တဲ့ အမူအရာများ။

ပထမဆုံး တက္ကစီတံခါးကတော့ အလိုအလျှောက်ပွင့်တဲ့ တံခါးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တံခါးကို ကိုယ်တိုင်ဖွင့်စရာမလိုတဲ့ အတွက်ကြောင့်မို့လို့ တက္ကစီ ကိုယ့်အနားကိုရောက်လာရင်တော့ ဒီအတိုင်း တံခါးပွင့်တာကိုစောင့်ပြီးတော့ ဒီအတိုင်းဝင်လိုက်ရုံဖြစ်ပါတယ်။ 

နောက်ပြီးတော့ လက်ဆွဲအိတ်ပါ ပါနေမယ်ဆိုရင်တော့ ဒရိုင်ဘာထွက်လာပြီးတော့ လာပြီးတော့ လာကူပေးပါတယ်။ မိုးရွာနေရင်လဲ ဒရိုက်ဘာကနေပြီးတော့ ထီးနဲ့မိုးပြီးတော့ တက္ကစီအထဲထိလာခေါ်မှာဖြစ်ပါတယ်။တက္ကစီရဲ့ အရှေ့တံခါးကိုတော့ ဒရိုင်ဘာက ထိန်းချုပ်ထားတာမျိုးမရှိတဲ့ အတွက်ကြောင့်မို့လို့ လူ ၄/၅ ယောက်မဟုတ်ဘူးဆိုရင်တော့ အနောက်ဘက်ကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ တက္ကစီပေါ်မှာတော့ ဆေးလိပ်သောက်တာကိုလဲ ရှောင်ကြဥ်သင့်ပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ လမ်းပန်းဆက်သွယ်ရေး/ ဂျပန်မှာ တက္ကစီဘယ်လိုစီးမလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ