ကျောင်းသားဗီဇာကနေပြီးတော့ တိုကုတေးဂိနိုးဗီဇာကိုပြောင်းနည်း။

ဂျပန်ကိုကျောင်းသားဗီဇာ နဲ့ရောက်နေပြီးတော့ တိုကုတေးဂီနိုးဗီဇာကိုပြောင်းပြီးတော့ အလုပ်လုပ်မယ့် သူတွေ အတွက် ကြိုတင်ပြီးတော့ ပြင်ဆင်ရမယ့် အချက်တွေရှိပါတယ်။ ဖြေထားရမယ့် စာမေးပွဲတွေနှင့် အလုပ်ဝင်တဲ့ အချိန်အထိ လိုအပ်တဲ့ အဆင့်တွေ ကိုသေချာ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကျောင်းသားဗီဇာကနေပြီးတော့ တိုကုတေးဂိနိုးဗီဇာပြောင်းဖို့ အတွက်ပြင်ဆင်ရမယ့် အချက်တွေ၊ သိထားသင့်တဲ့ အချက်တွေကို အားလုံးပေါင်းပြီးတော့ ဖော်ပြသွားမှာဖြစ်ပါတယ်။

မာတိကာ

  1. တိုကုတေးဂိနိုးဆိုတာဘယ်လိုဗီဇာလဲ 
  2. ‌ကျောင်းသားဗီဇာကနေပြီးတော့ တိုကုတေးဂိနိုးဗီဇာကိုပြောင်းလို့ရလား၊
  3. ဘယ်လို စာမေးပွဲတွေကိုဖြေထားဖို့လိုမလဲ။
  4. လိုအပ်ချက်တွေပြည့်စုံရင်တော့ အလုပ်ရှာပါ။
  5. အလုပ်ရှာပြီးရင် ဘယ်လို အဆင့်တွေကိုပြင်ဆင်ထားဖို့ လိုအပ်လဲ။
  6. အကျဥ်းချုပ်။
ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ နိုင်ငံခြားသားတွေကို အလုပ်ခန့်တဲ့ ကုမ္ပဏီတွေကိုသိချင်တယ် ဂျပန်မှာ အနာဂါတ်အသက်မွေးဝမ်းကြောင်းအတွက် စိုးရိမ်ပူပန်နေပါသလား လက်ရှိဗီဇာနှင့် ဘယ်လိုအလုပ်မျိုး လုပ်နိုင်လဲ သိချင်ပါသလား။
ဂျပန်မှာ အလုပ်ရှာဖို့အတွက် WeXpats Agent မှအစအဆုံး Support ပေးပါမည်။ အခမဲ့ WeXpats Agentဆွေးနွေးကြည့်နိုင်ပါသည်။

တိုကုတေးဂိနိုးဆိုတာဘယ်လိုဗီဇာလဲ။

တိုကုတေးဂိနိုး ဗီဇာဆိုတာကတော့ ကျွမ်းကျင် လုပ်သားဗီဇာလို့ မြန်မာလိုခေါ်လေ့ရှိကြပြီးတော့ ဂျပန်နိုင်ငံရဲ့ သတ်မှတ်ထားတဲ့ နယ်ပယ်တွေမှာ နိုင်ငံခြားသားအလုပ်သမားတွေကို ဒီဗီဇာနဲ့ တရားဝင်လုပ်ခွင့်ပေးထားတဲ့ဗီဇာ အမျိုးအစားလဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံတွင် အလုပ်သမားမလုံလောက်မှုကိုကြုံတွေ့ နေရတဲ့ လုပ်ငန်းအမျိုးအစားများတွင် အလုပ်သမားအင်အားဖြည့်ပေးရန်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီ လမှာစတင်ပြီး အသက်သွင်းခဲ့တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ တိုကုတေးဂိနိုးဗီဇာ-၁ဖြင့်အလုပ်လုပ်ရန်ခွင့်ပြုထားသောလုနယ်ပယ် ၁၂ မျိုးဖြစ်ပါတယ်။ 

  1.  介護業(ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း)

  2. 外食業(စားသောက်ဆိုင်လုပ်ငန်း)

  3. 宿泊業(ဟိုတယ်လုပ်ငန်း)

  4. 建設(ဆောက်လုပ်ရေးလုပ်ငန်း)

  5.  ビルクリーニング業(အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း)

  6.  飲食料品製造業(စားသောက်ကုန်ထုပ်လုပ်ရေးလုပ်ငန်း)

  7.  造船・舶用工業 (သင်္ဘောတည်ဆောက်ရေးလုပ်ငန်း)

  8. 自動車整備  (ကားတပ်ဆင်ရေးလုပ်ငန်း)

  9. 航空 (လေယဉ်လုပ်ငန်း)

  10.  農業 (လယ်ယာလုပ်ငန်း)

  11. 漁業 (ရေထွက်လုပ်ငန်း)

  12. 素形材・産業機械製造・電気・電子情報関連産業(သတ္တုစက်မှု(လျှပ်စစ်နှင့် ဓါတ်အားလုပ်ငန်း)

တို့ပဲဖြစ်ပါတယ်။

တိုကုတေး ဂိနိုးဗီဇာ မှာတော့ တိုကုတေးဂိနိုး အမှတ် ၁ နှင့် တိုကုတေးဂိနိုးဗီဇာ အမှတ် ၂ ဆိုပြီးတော့ ၂ ပိုင်းရှိပြီးတော့ အမှတ် ၁ ဆိုရင်တော့ အများဆုံး ၅ နှစ်အထိ လုပ်ကိုင်နိုင်ပြီးတော့ အလုပ်သင်လုပ်သားဗီဇာ နဲ့ မတူညီတဲ့ အချက်ကတော့ အလုပ်ပြောင်းနိုင်ခွင့်ရှိတဲ့ အချက်ဖြစ်ပါတယ်။ အသေစိတ်ကိုတော့ တိုကုတေး ဗီဇာဆိုတာ ဘယ်လိုဗီဇာမျိုးလဲ ဆိုတဲ့ ဆောင်းပါးမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

‌ကျောင်းသားဗီဇာကနေပြီးတော့ တိုကုတေးဂိနိုးဗီဇာကိုပြောင်းလို့ရလား။

အဲဒါဆိုရင် ဒီဆောင်းပါးရဲ့ အဓိက အကြောင်းအရာဖြစ်တဲ့ ကျောင်းသားဗီဇာကနေပြီးတော့ တိုကုတေးဂိနိုးဗီဇာကိုပြောင်းလို့ရလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ နိဂုံးကနေပြီးတော့ ပြောရမယ်ဆိုရင်တော့ လိုအပ်ချက်တွေကိုက်ညီရင် ကျောင်းသားဗီဇာကနေပြီးတော့ တိုကုတေးဂိနိုးဗီဇာကိုပြောင်းလို့ရပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေကိုတော့ သေချာပြည့်နေဖို့လိုအပ်ပါတယ်။ သတ်မှတ်ထားတဲ့ ဂျပန်စာအရည်အချင်းနှင့် သတ်မှတ်ထားတဲ့ နယ်ပယ်မှာ စာမေးပွဲအောင်ထားဖို့လိုအပ်ပါတယ်။ အသေးစိတ်ကိုတော့ အောက်ပါအတိုင် ဆက်ပြီးကြည့်လိုက်ကြရအောင်။ 

ဘယ်လို စာမေးပွဲတွေကိုဖြေထားဖို့လိုမလဲ။

ပထမဆုံး လိုအပ်တဲ့ စာမေးပွဲ နှစ်ခုကို အရင်ဖြေထားဖို့လိုအပ်ပါတယ်။ စာမေးပွဲနှစ်ခုကတော့ ဂျပန်စာစာမေးပွဲနှင့် ကိုယ်အလုပ်လုပ်မယ့် နယ်ပယ် က စာမေးပွဲကိုအောင်ထားဖို့လိုအပ်ပါတယ်။ 

ကိုယ့်အလုပ်လုပ်မယ့် နယ်ပယ်ကစာမေးပွဲကို အောင်အောင်ဖြေဆိုခြင်း၊

အပေါ်မှာလဲဖော်ပြခဲ့သလို တိုကုတေးဂိနိုးမှာနယ်ပယ် ၁၂ ခုရှိပြီးတော့ ဒီနယ်ပယ် ၁၂ မျိုးထဲကနေပြီးတော့ ကိုယ်အလုပ်လုပ်မယ့် နယ်ပယ်နဲ့ ပတ်သက်တဲ့ စာမေးပွဲကိုဖြေဆိုအောင်မြင်ထားဖို့လိုအပ်ပါတယ်။

  1.  介護業(ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း)

  2. 外食業(စားသောက်ဆိုင်လုပ်ငန်း)

  3. 宿泊業(ဟိုတယ်လုပ်ငန်း)

  4. 建設(ဆောက်လုပ်ရေးလုပ်ငန်း)

  5.  ビルクリーニング業(အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း)

  6.  飲食料品製造業(စားသောက်ကုန်ထုပ်လုပ်ရေးလုပ်ငန်း)

  7.  造船・舶用工業 (သင်္ဘောတည်ဆောက်ရေးလုပ်ငန်း)

  8. 自動車整備  (ကားတပ်ဆင်ရေးလုပ်ငန်း)

  9. 航空 (လေယဉ်လုပ်ငန်း)

  10.  農業 (လယ်ယာလုပ်ငန်း)

  11. 漁業 (ရေထွက်လုပ်ငန်း)

  12. 素形材・産業機械製造・電気・電子情報関連産業(သတ္တုစက်မှု(လျှပ်စစ်နှင့် ဓါတ်အားလုပ်ငန်း)

စာမေးပွဲအချိန်ဇယားတွေကတော့ နယ်ပယ်အလိုက် ကွာခြားတဲ့ အတွက်ကြောင့်မိုလို့ ကြိုတင်ပြီးတော့သိထားဖို့လိုအပ်ပါတယ်။ လမ်းညွှန်စာအုပ် မှာ စာမေးပွဲ‌နေ့စွဲတွေကိုရေးထားတဲ့ အတွက်ကြောင့်မို့လို့ ဝင်ပြီးကြည့်ထားဖို့ တိုက်တွန်းအပ်ပါတယ်။ 

အသိမှတ်ပြုထားတဲ့ ဂျပန်စာစာမေးပွဲ ကို N4/ A2 အဆင့်အောင်မြင်ထားဖို့လိုအပ်ပါတယ်။

နောက်စာမေးပွဲကတော့ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲကိုအောင်ထားဖို့ ဖြစ်ပါတယ်။ တိုကုတေးဂိနိုး အလုပ်အတွက်အသိမှတ်ပြုထားတဲ့ စာမေးပွဲ ၂ ခုကတော့ JLPT စာမေးပွဲနှင့် JFT စာမေးပွဲတို့ဖြစ်ပါတယ်။ 

  1. JLPT ဆိုရင်တော့ N4 နှင့် အထက် လိုအပ်ပါတယ်။

  2. JFT ဆိုရင်တော့ A2 အဆင့်ကို အောင်ထားဖို့လိုအပ်ပါတယ်။

JLPT ဆိုရင်တော့ တစ်နှစ်မှာ ၂ကြိမ်သာကျင်းပပေမယ့် JFT ဆိုရင်‌တော့ တစ်နှစ်မှာ ၆ကြိမ် ကျင်းပတဲ့ အတွက်ကြောင့်မို့လို့ ဖြေရတာပိုပြီးတော့ အဆင်ပြေပါတယ်။ 

လိုအပ်ချက်တွေပြည့်စုံရင်တော့ အလုပ်ရှာပါ။

 

ဒီနေ့မှာတော့ အလုပ်ဗီဇာ တစ်ခုဖြစ်တဲ့ တိုကုတေးဂိနိုး အလုပ်အမျိုးအစားတွေဖြစ်တဲ့ စားသောက်ဆိုင်၊ ခိုင်းဂေါ့နှင့် ဟိုတယ်...

Posted by WeXpats Myanmar on Monday, July 8, 2024

အပေါ်စာမေးပွဲတွေ အောင်ထားပြီးပြီဆိုရင်တော့ အလုပ်ရှာဖို့ ပြင်ဆင်ရမှာဖြစ်ပါတယ်။ တိုကုတေးဂိနိုး အလုပ်တွေကို မိတ်ဆက်ပေးတဲ့ ကုမ္ပဏီကိုရှာပြီးတော့ အလုပ်ရှာရမှာဖြစ်ပါတယ်။ တိုကုတေးဂိနိုးရဲ့ လူကြိုက်များတဲ့ အလုပ်တွေဖြစ်တဲ့ ခိုင်းဂေါ့၊စားသောက်ဆိုင်နှင့် ဟိုတယ် အလုပ်တွေကို နှိုင်းယှဥ်ပြီးတော့ ကြည့်မယ်ဆိုရင်တော့ အပေါ်ကပို့စ်မှာဝင်ဖတ်ကြည့်ပါ။ 

အလုပ်ရှာပြီးရင် ဘယ်လို အဆင့်တွေကိုပြင်ဆင်ထားဖို့ လိုအပ်လဲ။

အလုပ်ရှာပြီး အလုပ်ရသွားပြီဆိုရင်တော့ လိုအပ်တဲ့ပြင်ဆင်မှုတွေကိုပြုလုပ်ရမှာဖြစ်ပါတယ်။ လုပ်ရမယ့် အဆင့်တွေကို သေချာကြည့်လိုက်ကြရအောင်။ 

တိုကုတေးဂိနိုး စာချုပ်ချုပ်ဆိုပါ။

တိုကုတေးဂိနိုးဗီဇာနဲ့ အလုပ်လုပ်တဲ့ အချိန်မှာတော့ တိုကုတေးဂိနိုးအတွက်သီးသန့် အသုံးပြုတဲ့ စာချုပ်ကိုချုပ်ဆိုဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ စာချုပ်မှာလဲ ဂျပန်ဘာသာစကားတစ်မျိုးတည်းမဟုတ်ဘဲ မြန်မာဘာသာစကားဖြင့်ပါဖော်ပြထားဖို့လိုအပ်ပါတယ်။ စာချုပ်မှာတော့ အဓိကအားဖြင့် သဘောတူညီကြောင်းစာချုပ်ရယ်နှင့် စာချုပ်ပါ အချက်အလက်တွေ၊ အလုပ်အကြောင်းအရာနှင့်ပတ်သက်တဲ့ အချက်အလက်တွေကို အဓိကဖော်ပြထားတာကိုတွေ့နိုင်မှာပါ။ 

ကြိုတင်ပြီးတော့ လမ်းညွှန်ချက်တွေကိုနားထောင်ပါ။

တိုကုတေးဂိနိုးဗီဇာနဲ့ အလုပ်ဝင်တော့မယ်ဆိုရင်တော့ 事前ガイダンス (Jizen gaidansu )ကြိုတင်လမ်းညွှန်ချက်ကို နားထောင်ဖို့လိုအပ်ပါတယ်။ တာဝန်ခံဘက်ကနေပြီးတော့ နားလည်ထားရမယ့် အချက်တွေနှင့် စာချူပ်ပါအကြောင်းအရာတွေကို သေချာပြန်လည်ပြီးတော့ ရှင်းပြပါတယ်။ 

တိုကုတေးဂိနိုးဗီဇာကိုပြောင်းဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပါ။

ဒီအရာတွေအားလုံး အသင့်ဖြစ်ပြီးဆိုရင်တော့ ကျောင်းသားဗီဇာကနေပြီးတော့ တိုကုတေးဂိနိုးဗီဇာပြောင်းဖို့ အတွက်လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ဒီလိုပြောင်းဖို့အတွက်ကတော့ မိမိနှင့် အနီးဆုံးမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနကိုသွားပြီးတော့ စာရွက်စာတမ်းတွေကိုတင်ရမှာဖြစ်ပါတယ်။ စစ်ဆေးတဲ့ကာလကတော့ ၂ လကနေ ၃လ အထိကြာမြင့်နိုင်ပါတယ်။ 

လိုအပ်တဲ့ စာရွက်စာတမ်းများ

ကျောင်းသားဗီဇာကနေပြီးတော့ တိုကုတေးဂိနိုးဗီဇာကိုပြောင်းဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

  1. 在留資格変更許可申請書 - နေထိုင်ခွင့် ပြောင်းလဲချက်လျှောက်လွှာ။
  2. 顔写真 - ဓာတ်ပုံ။
  3. パスポート - ပတ်စပို့။
  4. 在留カード - နေထိုင်ခွင့်လက်မှတ်။
  5. 卒業証明書 - ကျောင်းပြီးကျောင်းလက်မှတ်။
  6. 特定技能試験の合格証明書の写し(就職する業界のもの)- တိုကုတေးဂိနိုးစာမေးပွဲအောင်လပ်မှတ် မိတ္တူ
  7. 日本語試験の合格証明書の写し - ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအောင်လက်မှတ် မိတ္တူ
  8. 健康診断個人票 - ကျန်းမာရေးစစ်ဆေးလက်မှတ် (လဝကရဲ့ သတ်မှတ်ချက်အတိုင်းထပ်ရမှာဖြစ်ပါတယ်၊ ဆေးရုံရဲ့ ပုံစံအတိုင်းထပ်လဲရပါတယ်၊ ဂျပန်)
  9. 受診者の申告書 - ဆေးစစ်မယ့် သူရဲ့လျှောက်လွှာ 
  10. အခွန်ဆောင်ထားကြောင်းသက်သေစာရွက်များ (တစ်နှစ်စာ)
  11. ကျန်းမာရေးအာမခံစာရွက်နှင့် အာမခံဆောင်ထားကြောင်းသိနိုင်သောစာရွက်များ
  12. ပင်စင်ဆောင်ထားကြောင်းစာရွက်များ

အကျဥ်းချုပ်

ဒီတခေါက်မှာတော့ ကျောင်းသားဗီဇာကနေပြီးတော့ တိုကုတေးဂိနိုးဗီဇာကိုပြောင်းတဲ့ အချိန်မှာလိုအပ်တဲ့ အချက်တွေနဲ့ ပြုလုပ်ရမယ့် အဆင့်တွေကို တစ်ဆင့်ချင်းစီဖော်ပြခဲ့တာဖြစ်ပါတယ်။ တိုကုတေးဂိနိုးဗီဇာကိုပြောင်းဖို့အတွက် ပြင်ဆင်နေတဲ့ သူတွေအတွက် အသုံးဝင်ဖို့မျှော်လင့်ပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ အလုပ်ရှာဖွေခြင်း (အင်တာဗျူး၊ ကိုယ်ရေးရာဇဝင်၊ စာမေးပွဲ)/ ကျောင်းသားဗီဇာကနေပြီးတော့ တိုကုတေးဂိနိုးဗီဇာကိုပြောင်းနည်း။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ