ဂျပန်နိုင်ငံသို့သွားရောက်ပညာသင်မည်ဆိုပါကဂျပန်စာပြင်ဆင်မှုများနဲ့အတူတစ်ယောက်တည်းရပ်တည်မှုအတွက်စိတ်ဓါတ်အတွေ့အကြုံများပါပြင်ဆင်သင့်ပါတယ်။ဂျပန်စာကိုလည်းတော်ရုံသင်တာမျိုးနဲ့လာတာမဟုတ်ဘဲဂျပန်စာLevelမြင့်နိုင်သလောက်သင်လာတာအကောင်းဆုံးပါ။ဂျပန်ကိုရောက်ပြီဆိုတာနဲ့စစချင်းရင်ဆင်ရမှာကဂျပန်စကားကိုဂျပန်လူမျိုးနဲ့ကိုယ်တိုင်ပြောရမှာဖြစ်တဲ့အတွက်မြန်မာဘက်ကနည်းနည်းပါးပါးသင်လာသူအဖို့အခက်အခဲတွေ့နိုင်ပါတယ်။
ဂျပန်စာပြင်ဆင်မှု
ဂျပန်စာမှာအနိမ့်ဆုံးlevelမှာN5ကနေစတင်ပြီးအမြင့်ဆုံးlevel N1အထိရှိပါတယ်။N5,N4ကဂျပန်မှာမူလတန်းအခြေခံလောက်သာရှိပြီးဒီlevelသင်ရုံလောက်နဲ့ဂျပန်စကားသေချာနားမလည်နိုင်၊စကားမပြောနိုင်သေးပါဘူး။မြန်မာမှာရှိတဲ့ဂျပန်စာသင်ကျောင်းတွေမှာများသောအားဖြင့်စကားအပြောပိုင်းအားနည်းပါတယ်။အဲဒီလိုဆိုရင်မေးစရာရှိလာပါမယ်။စကားပြောကိုဘယ်လိုလေ့လာရမလဲဆိုရင်သီချင်းတွေနားထောင်မယ်။ဂျပန်ရုပ်ရှင်များကိုကြည့်ရမယ်။ဂျပန်ကိုရောက်နေတဲ့သူငယ်ချင်းနဲ့ဘဲဖြစ်ဖြစ်၊ဂျပန်လူမျိုးသူငယ်ချင်းကိုရှာဖွေပြီးလေ့ကျင့်သင့်ပါတယ်။ဂျပန်စာလေ့လာရာမှာလည်းlevelသတ်မှတ်တာမျိုးမဟုတ်ဘဲလေ့လာနိုင်သလောက်များများလေ့လာခဲ့တာအကောင်းဆုံးဖြစ်ပါမယ်။အနည်းဆုံးN3/N2 level လောက်ပြင်ဆင်သွားသင့်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
ဂျပန်သို့မသွားခင်လေ့လာသင့်သောအကြောင်းအရာများ
ဂျပန်သို့သွားဖို့အကြောင်းကြားစာရောက်ပြီဆိုတာနဲ့ဂျပန်မှာကိုယ်နေသွားမယ့်ကျောင်းရဲ့တည်နေရာဘယ်နေရာမှာရှိတာလဲဆိုတာGoogleမှာရှာကြည့်လို့ရပါတယ်။ဂျပန်နိုင်ငံရဲ့ဂျပန်စာသင်ကျောင်းများမှာ သူတို့ရဲ့ဝက်ဆိုက်တော်တော်များများရှိတဲ့အတွက်မိမိတက်မယ့်ကျောင်းတစ်ကယ်ရှိမရှိလေ့လာနိုင်ပါတယ်။ပိုက်ဆံအနေနဲ့လည်း၁/၂လစာအနည်းဆုံးယူဆောင်သွားသင့်ပါတယ်။မြန်မာပိုက်ဆံအနေနဲ့ဆယ်သိန်းဝတ်ကျင်လောက်ယူဆောင်သွားသင့်ပါတယ်။ဂျပန်ရောက်ရောက်ချင်းအလုပ်မရသေးခင်သုံးဖို့အတွက်ယူသွားသင့်ပါတယ်။မသောက်ဖြစ်သောက်ရမယ့်ဆေးများရှိပါကရောက်ရောက်ချင်းအခက်အခဲရှိနိုင်တဲ့အတွက်တပါတည်းယူဆောင်သွားသင့်ပါတယ်။
ဂျပန်မသွားခင်ဂျပန်နဲ့ပက်သက်ပြီးသိသင့်တဲ့အချက်များ
ဂျပန်မှာရထားစီးမယ်ဆိုရင်အမြဲအချိန်မှန်ဖို့လိုအပ်ပါမယ်။ရထားကလည်းအချိန်မှန်ရောက်လာမှာဖြစ်ပြီး၊ကိုယ့်ကိုတိုင်ကနောက်ကျခဲ့မယ်ဆိုရင်ကျောင်းတွေ၊အလုပ်တွေနောက်ကျနိုင်ပါတယ်။ရထားစီးမယ်ဆိုရင်တန်းစီစီးရမှာဖြစ်ပြီး၊ရထားထဲဖုန်းပြောခြင်းနဲ့စားသောက်ခြင်းရှောင်ကျဥ်ရမှာဖြစ်ပါတယ်။အမှိုက်များကိုလည်းအမှိုက်ပုံးထဲထိသေချာပစ်ရမှာဖြစ်ပြီး၊စည်းကမ်းမဲ့အမှိုက်ပစ်မိပါကအထင်သေးခြင်းအကြည့်များနဲ့ကြည့်ခံရနိုင်ပါတယ်။
ဂျပန်စာလေ့လာမှုနဲ့ပတ်သက်ပြီးလေ့လာစရာ(Japanese study)