ဂျပန်မှာကမ္ဘာမှတ်တမ်းဝင်နေရာများနှင့်နာမည်ကြီးတဲ့နေရာများစွာရှိပါတယ်။နှစ်စဥ်နှစ်စဥ်တိုးပွားလာတဲ့သဘာဝအမွေအနှစ်နဲ့ကမ္ဘာအမွေအနှစ်များစွာထဲက၂၀၁၁ခုနှစ်ဇူလှိုင်လတွင်အသစ်စက်စက်မှတ်ပုံတင်ထားပြီး၊ယခုအခါကမ္ဘာအမွေအနှစ်နေရာ၁၉ခုနှစ်နဲ့သဘာဝအမွေအနှစ်နေရာ၂၃ခုရှိပါတယ်။ဂျပန်မှာနောက်ထပ်ကျန်ရှိနေတဲ့နေရာများကိုလည်းထပ်မံစရင်းထပ်သွင်းထားပါတယ်။ကမ္ဘာအမွေအနှစ်နေရာများမှတ်တမ်းဝင်ခြင်းဖြင့်ကမ္ဘာလှည့်ခရီးသွားများကိုလာရောက်လည်ပတ်ဖို့ဆွဲဆောင်နိုင်ပြီး၊ခရီးသွားဝန်ဆောင်မှုနေရာများမှဝင်ငွေအများအပြားရရှိနိုင်ပါတယ်။
金閣寺 Kinkakujiဘုရားကျောင်း
၁၉၉၄ ခုနှစ်တွင်မှတ်ပုံတင်ထားသောကမ္ဘာ့အမွေအနှစ်နေရာဖြစ်ပြီးကျိုတို၊ ယူဂျီနှင့်အူဆူတို့တွင်ရှိသောဘုရားကျောင်းများနှင့်နတ်ကွန်း ၁၇ ခုနှင့်ရဲတိုက်များပါဝင်သည်။ Kinkaku-ji ဘုရားကျောင်းသည် Kiyosu-ji ဘုရားကျောင်းပြီးလျှင်ဒုတိယနှင့် Kiyomizu-dera ဘုရားကျောင်းသည်ကျိုတိုရှိလူကြိုက်များသည့်ခရီးသွား list ည့်ဆွဲဆောင်စာရင်းတွင်တတိယဖြစ်သည်။ ရာသီဥတုအေးပြီး၊နှင်းကျသောရာသီတွင်ကမ္ဘာလှည့်ခရီးသည်များသည် Kinkakuji ကိုကြည့်ရှုရန်လာရောက်ကြသည်။မြန်မာများဂျပန်သို့လာရောက်လျှင်အသွားများသောနေရာတစ်ခုဖြစ်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
白川郷 Shirakawago,Gokayamaကျေးရွာ
ဆယ့်နှစ်လရာသီပတ်လုံးနှင်းကျလေ့ရှိပြီး၊အိမ်လေးတွေမှာလည်းသက်ငယ်အိမ်ဓိနိများဖြင့်မိုးထားလေ့ရှိပါတယ်။Gifuစီရင်စုမှာရှိပြီးတော့နှင်းတွေအမြဲကျသောနေရာလေးအဖြစ်စိတ်ဝင်စားကြပါတယ်။ဂျပန်ရောက်လာရင်သွားရောက်သင့်သောနေရာတစ်ခုဖြစ်ပြီး၊တိုကျိုကနေသွားမယ်ဆိုရင်အချိန်တော်တော်ကြာသွားရမှာဖြစ်ပြီး၊အဖွဲ့လိုက်သွားမယ်ဆိုရင်ကားဌားပြီးသွားသင့်ပါတယ်။ရှေးဟောင်းရိုးရာပုံစံအိမ်တည်ဆဆောက်များနဲ့ဆောက်လုပ်ထားပြီး၊၁၉၉၅ခုနှစ်တွင်မှတ်တမ်းဝင်ရောက်ခဲ့ပါတယ်။
平泉 Hiraizumi(ဘုရားကျောင်း)
ဘိုင်ယန်ခေတ်ပြီးကတည်းကတည်ဆောက်ပြီးကတည်းကဆောက်လုပ်ထားတဲ့ဘုရားကျောင်းဖြစ်ပါတယ်။၂၀၁၁ခုနှစ်တွင်ကမ္ဘာ့မှတ်တမ်းအဖြစ်ဖော်ပြခြင်းခံရပြီး၊ဖူဂျီဝါခေတ်မှရှေးဟောင်းဘုရားကျောင်းများစွာရှိပါတယ်။ဘုရားကျောင်းသို့Ichinosekiနေကားနဲ့သွားပေမယ့်ရထားနဲ့ဘတ်စကားနဲ့အလွယ်တကူသွားနိုင်တဲ့ကမ္ဘာအမွေအနှစ်နေရာဖြစ်တယ်။GWအချိန်တွင်ချယ်ရီပန်းပွင့်မှုနှင့်သွားရောက်လည်ပတ်ကြပါတယ်။အိဝတဲစီရင်စုမှာရှိပြီးတော့၊ဂျပန်ကိုလာရောက်တဲ့သူများအနေနဲ့ကားဌားပြီးသွားရောက်လည်ပတ်သင့်ပါတယ်။ဂျပန်မှာနာမည်ကြီးဘုရားကျောင်းများစွာထဲမှထင်ရှားတဲ့ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။
石見銀山 Iwami Ginzan(ရှေးယခင်တုန်းငွေသတ္တုတွင်း)
IwamiGinzanသည်Shimaeစီရင်စုမှာရှိပြီးတော့၊ရှေးယခင်တုန်းကသတ္တုတူးဖော်ရာနေရာဖြစ်ခဲ့ပါတယ်။နှစ်ပေါင်းလေးရာခန့်အသုံးပြုခဲ့သောသတ္တုတွင်းဖြစ်ပြီးတော့၁၉၂၃ခုနှစ်မှာဖျက်သိမ်းခဲ့ပါတယ်။၁၆/၁၇ရာစုများတွင်ကမ္ဘာရဲ့သုံးပုံတစ်ပုံငွေသတ္တုများကိုထိုနေရာမှထုတ်လုပ်ခဲ့ပါတယ်။၂၀၀၇ခုနှစ်ကမ္ဘာ့မှတ်တမ်းမှာဖော်ပြခြင်းခံရပါတယ်။ကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်နိုင်သောနေရာလေးတစ်ခုဖြစ်ပါတယ်။
ဂျပန်ဘုရားကျောင်းများအကြောင်းမိတ်ဆက်ပေးခြင်း(Famous shrine in japan)
ဂျပန်နိုင်ငံမှ ယူနစ်စကိုရဲ့ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းဝင် ဘုရားကျောင်းများ