တခြားနိုင်ငံတွေနှင့်မတူတဲ့အလုပ်ရှာဖွေမှုပုံစံ ရှိတဲ့ဂျပန်နိုင်ငံမှာအလုပ်စရှာမယ်ဆိုရင်တော့ တက္ကသိုလ်၊ဆန်းမွန်းကျောင်းပြီးမည့်သူများအနေဖြင့်ဂျပန်နိုင်ငံရဲ(JobFair)တွေကဘယ်အချိန်မှာဘယ်လိုကျင်းပနေလဲဆိုတဲ့日本の就職活動の流れ (အလုပ်ရှာပုံအဆင့်ဆင့်)ကိုအရင်ဆုံးသိထားရမှာဖြစ်ပါတယ်။ဂျပန်လူမျိုးကျောင်းသားကျောင်းသူတွေကကျောင်းမပြီးခင်တစ်နှစ်လောက်၊တချို့ဆိုတနှစ်ခွဲလောက်အချိန်ယူပြီးကြိုတင်ပြင်ဆင်အလုပ်ရှာလေ့ရှိပါတယ်။တကယ်လို့အလုပ်ကိုကြိုတင်မရှာထားခဲ့ဘူးဆိုရင်ဗီဇာကုန်ခါနီးအလုပ်မရဘဲကိုယ့်နိုင်ငံပြန်ရမှာဖြစ်ပါတယ်။
ကုမ္မဏီများမှအလုပ်ခန့်ပုံအဆင့်ဆင့်
企業(ကုမ္ပဏီ)တွေက ကုမ္ပဏီ၏ လုပ်ငန်းတိုးတက်နှုန်းများနှင့်လုပ်သားလိုအပ်မှုများကို HP ဌာနမှ နှစ်စဉ်အစီအစဥ် ဆွဲပြီး ကျောင်းပြီးမယ့်ကျောင်းသား တွေကို အလုပ်ခန့်ဖို့လုပ်ကြပါတယ်။ထို့ကြောင့်အလုပ်ခန့်မည့် အစီအစဥ် အရ တစ်နှစ်လောက်ကြိုပြီး ကုမ္ပဏီ 説明会(ရှင်းလင်းပွဲ) များလုပ်ခြင်း၊JobFairပွဲကြီးများတွင်ပါဝင်ဆင်နွှဲပြီးည့်ကျောင်းပြီးမယ့်သူများကိုအလုပ်ခေါ်ကြပါတယ်။ဒီလိုevents/seminarတွေကတစ်ဆင့်အလုပ်လျှောက်လွှာများကိုရွေးချယ်ပြီးInterviewအဆင့်ဆင့်(အနည်းဆုံး၂ခါမှ၃ခါ)ပြုလုပ်ကာသင့်တော်သည့်သူများအလုပ်ကြိုတင်ခန့်ကြောင်းစာရွက်ကိုပေးပို့ပေးပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
အလုပ်လျှောက်ပုံအဆင့်ဆင့်နဲ့ကိုယ်လုပ်မယ့်အလုပ်သတ်မှတ်ထားခြင်း
ကျောင်းသားတွေအနေနဲ့လည်းကျောင်းမပြီးခင်တစ်နှစ်လောက်ကြိုပြီး အလုပ်ရှာထားရပါတယ်။ နောက်ဆုံးနှစ် ကျောင်းမဖွင့်ခင် 3လပိုင်း4လပိုင်းမှာ Job Fiar/Company Seminarတွေတက် ကြပါတယ်။မိမိစိတ်ဝင်စားတဲ့အလုပ်တွေကို 5လပိုင်း6လပိုင်းမှCV Form တွေတင်၊Web Test များ၊ Interviewများဖြေ ကြပါတယ်။အဆင့်ဆင့်Interviewများ(အနည်းဆုံး ၂ခါမှ ၃ခါ)ဖြေပြီး 7လပိုင်း8လပိုင်း(နောက်ဆုံးနှစ် ပထမ semester )မပြီးခင်ကထဲက内定(အလုပ်ကြိုတင်ခန့်စာ)ရယူကြပါတယ်။ကုမ္မဏီ တွေရှင်းလင်းပွဲSeminar တွေ အခု၅၀လောက်သွားပြီး CV Form အစောင်၁၀၀လောက်တင်မှ ၄၀%လောက်ပဲ Interview အဆင့်ဆင့်ပြုလုပ်နိုင်ပြီး ကြိုတင်အလုပ်ခန့်စာ(内定)ကို အနည်းဆုံး ၃ခု /၄ ခုရယူထားကြပါတယ်။ လုံးဝမရတဲ့သူတွေလည်းရှိပါတယ်။ ကိုယ့်အရည်အချင်းနှင့်ကြိုးစားမှုအပေါ်မှာဘဲမူတည်ပါတယ်။အလုပ်ခန့်စာ内定များများရလေ ကိုယ့်အတွက် ရွေးချယ်စရာအခွင့်ရေးများတဲ့ အတွက်内定အများကြီးရထားတာပိုအဆင်ပြေပါတယ်။10လပိုင်းလောက်ရောက်ရင်တော့ ရထားတဲ့内定တွေထဲက ကိုယ်အကြိုက်ဆုံးတစ်ခုတည်းကို သာရွေးပြီး Companyမှာအလုပ်၀င်မည့်အကြောင်း လက်ခံထားတဲ့ 内定အလုပ်ခန့်စာ စာရွက်မှာလက်မှတ်ထိုး၊စာတိုက်ကနေတဆင့် ပို့ပေးပြီးအကြောင်းကြားရပါတယ်။10လပိုင်းလောက်ရောက်ရင်တော့ မိမိဝင်မယ့်ကုမ္ပဏီကိုသေချာနောက်ဆုံးရွေးပြီးအလုပ်၀င်မယ့်အကြောင်း အကြောင်းကြားရပါတယ်။ထို့နောက်နောက်နှစ်ရဲ့3လပိုင်းရောက်ရင့်ယူပြီး၄လပိုင်းရောက်ရင်အလုပ်စ၀င်ရပါတယ်၊၊။အလုပ်ရှာ ရတဲ့ အချိန်တွေဟာအရမ်းကိုကြိုးစားရပြီးကျောင်းသားဘ၀ရဲ့ အပင်ပန်းဆုံးအချိန်ပါပဲ၊၊ ဒါဂျပန်နိုင်ငံရဲ့တက္ကသိုလ်၊ဆန်မွန်းကျောင်းသားတွေရဲ့ကျောင်းပြီးမယ့်အချိန်အလုပ်ရှာဖွေမှုဖြစ်ပါတယ်။
အလုပ်မဝင်ခင်ပြင်ဆင်မှုများ
ကျောင်းပြီးလို့အလုပ်မဝင်ခင်ပြင်ဆင်မှုများစွာပြုလုပ်ဖို့လိုအပ်ပါတယ်။လုပ်ငန်းခွင်မှာသုံးဖို့ဂျပန်စာအရည်အချင်းပိုပြည့်ဝဖို့လိုအပ်သလို၊လုပ်ငန်းခွင်မှာလည်းလူမှုဆက်ဆံရေးကောင်းဖို့လည်းလိုအပ်ပါတယ်။အထက်လူကြီးရဲ့စကားကိုလည်းလေးစားလိုက်နာဖို့လိုအပ်သလို၊အတူတူအလုပ်လုပ်မယ့်စီနီယာသင်ပေးမှုကိုလည်းလိုက်နာတတ်ဖို့လိုအပ်ပါတယ်။ကုမ္မဏီမှချမှတ်ထားတဲ့စည်းကမ်းတွေနဲ့လည်းအံ့ဝင်ခွင်ကြဖြစ်အောင်နေတတ်ရမှာဖြစ်ပြီး၊အချိန်ကိုလည်းလေးစားတတ်ဖို့လိုအပ်ပါတယ်။လိုအပ်သောအရည်အချင်းများဂျပန်စာအပြင်Englishရောကွန်ပြုတာပိုင်းပါပြင်ဆင်ထားတဲ့သူကတော့အရည်အချင်းများလေအလုပ်ရဖို့ပိုများလေဖြစ်ပါတယ်။အဲဒါကြောင့်ဂျပန်မှာရပ်တည်နိုင်ဖို့အရည်အချင်းအပြင်စည်းကမ်းကိုလေးစားလိုက်နာတတ်တဲ့သူတစ်ယောက်ဖြစ်ဖို့လည်းလိုအပ်ပါတယ်။
ဂျပန်မှာ အလုပ်လျှောက်ဖို့ Japan CV Form (履歴書) ကို ဘယ်လိုရေးကြမလဲ။
ကုမ္ပဏီများတွင် အလုပ်လျှောက်ရာတွင် သိသင့်သောအဆင့်များ(Employment in japan)