ကျောင်းဖြင့်ဂျပန်လာမည့်ကျောင်းသား/သူများစီအိုအီးအောင်ပြီးနောက်ပိုင်းဂျပန်လာဖို့ပြင်ဆင်ရာတွင်သိထားသင့်တာတွေကိုဗဟုသုတအဖြစ်ပြောပြပေးပါမယ်။ဗီဇာရရှိပါကမိမိလျှောက်ထားသောကျောင်းမှကျောင်းလခကျသင့်ငွေတောင်းခံလွှာနဲ့စီအိုအီးအောင်သည့်အချက်အလက်များကိုမြန်မာနိုင်ငံဘက်ကတာဝန်ခံဆီအကြောင်းကြားပါလိမ့်မယ်။၁ပတ်အတွင်းကျောင်းလခသွင်းပေးရပါမယ်။မြန်မာဘက်ကကျောင်းလျှောက်ထားပေးသူတာဝန်ခံများကဆောင်ရွက်ပေးတာများပါတယ်။အနည်းစုကတော့မိမိဘာသာပေးချေမယ့်သူများကတော့ဘဏ်ကတိုက်ရိုက်ပေးချေလို့လည်းရပါတယ်။
မြန်မာဘက်ကနေဂျပန်ဘက်သို့မသွားခင်ပြင်ဆင်ရမယ့်အရာများ
မြန်မာပြည်ကနေဂျပန်လာဖို့ပြင်ဆင်ရမှာကတော့မြန်မာပြည်မှာကျောင်းလခတစ်နှစ်စာ(သို့မဟုတ်)ခြောက်လစာသွင်းရမှာဖြစ်ပါတယ်။ကျောင်းအဆောင်နေမယ်ဆိုရင်လည်းကြိုတင်ပိုက်ဆံသွင်းပေးရမှာဖြစ်ပါတယ်။အနည်းဆုံးသုံးလကနေခြောက်လအထိအခန်းဌားခကိုပေးချေရမှာဖြစ်ပါတယ်။ပြီးတော့ဂျပန်မှာသုံးဖို့အတွက်ပိုက်ဆံဆောင်သွားရမှာဖြစ်ပါတယ်။အလုပ်မရခင်သုံးစရာမြန်မာပိုက်ဆံနဲ့ဆယ်သိန်းလောက်အထိယူသွားတာကောင်းပါတယ်။ကျောင်းလခသွင်းပြီးပါက ကျောင်းမှ Certificate of Eligibility(COE) ကို EMS နဲ့ဂျပန်ကျောင်းဘက်ကနေပို့ပေးမှာဖြစ်ပါတယ်။ဒီလိုပိုပေးတဲ့အခါမှာ COE နဲ့အတူဂျပန်ကျောင်းသို့ဝင်ခွင့်အောင်မြင်သွားပြီဖြစ်ကြောင်းအသိပေးစာပါ ကျောင်းက တစ်ပါတည်းတွဲပြီးထည့်ပေးလိုက်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
သံရုံးသို့ဗီဇာတင်ရာတွင်လိုအပ်သောစာရွက်စာတမ်းများ
မိမိမှတ်ပုံတင်/ကျောင်းဝင်ခွင့်စီအိုအီး/ပတ်စ်ပို့မှာရေးထားတဲ့အချက်အလက်တွေမွေးသက္ကရာဇ် တူညီမှူရှိရန်လိုအပ်ပါသည်။အချက်အလက်အားလုံးမှန်ကန်လျှင်လေယာဉ်လက်မှတ်ဘိုကင်တင်ရမည်ဖြစ်ပြီးဂျပန်သံရုံးမှာဗီဇာသွားတင်ရပါမယ်။မိမိဘက်ကပြင်ဆင်ရမှာတွေကတော့
1.ပတ်စ်ပို့ မူရင်း
2.လိုင်စင် ဓာတ်ပုံ(45mmx45mm)
3.အိမ်ထောင်စုစာရင်းမူရင်း+ ဘာသာပြန်
4.မှတ်ပုံတင်မူရင်း+ ဘာသာပြန်
5.စီအိုအီးမူရင်း
6.လေယာဉ်လက်မှတ်ဘိုကင်
ဗီဇာတင်ပြီးနောက်ပိုင်းပြင်ဆင်ရမယ့်အကြောင်းအရာများ
ဗီဇာတင်ရာတွင်မိမိယူဆောင်သွားသည့်အထောက်အထားစာရွက်များကိုသံရုံးတွင်ပေးခဲ့ရမည်ဖြစ်သောကြောင့်အပိုတစ်စုံရှိအောင်မိတ္တူဆွဲထားပါ။ယူဆောင်သွားသည့်စာရွက်စာတမ်းများထဲကအိမ်ထောင်စုစာရင်းမူရင်း/မှတ်ပုံတင်မူရင်းကိုပြန်ပေးမည်ဖြစ်သော်လည်းပတ်စ်ပို့နှင့်အခြားစာရွက်များကိုပေးခဲ့ရပါမည်။ဗီဇာထုတ်ယူရမည့်ရက်ကိုသတ်မှတ်ပြီးကဒ်ပြားလေးတစ်ခုပြန်လည်ထုတ်ပေးပါလိမ့်မည်။လေယာဉ်လက်မှတ်ဖိုးကိုဗီဇာထုတ်ယူရရှိမည့်နေ့မှာဗီဇာထုတ်ပြီးမှလေယာဉ်လက်မှတ်ဖိုးပေးချေရပါမယ်။လေယာဥ်လက်မှတ်ဖိုးငွေပေးချေပြီးမှရက်ချိန်းလျှင်ဒဏ်ကြေးပေးဆောင်ရပါမယ်။ထိုကြောင့်လေယာဉ်လက်မှတ် ဘိုကင်သည်သံရုံးသို့ဗီဇာမလျှောက်ခင်စာရွက်စာတမ်းအစုံအလင်ပြင်ဆင်ပြီး၊သံရုံးမဝင်ခင်ရှေ့ရက်မှာဘိုကင်တင်လျှင်ပိုမိုသင့်တော်ပါသည်။ပြီးတော့မြန်မာပြည်ကနေကိုယ်ကြိုက်တဲ့အစားသောက်နဲ့ဆေးဝါးတွေကိုသေချာပြင်ဆင်သွားသင့်ပါတယ်။ဂျပန်စာသင်ကြားမှုကိုလည်းအချိန်ရသလောက်သေချာလေ့လာသွားသင့်ပါတယ်။
ဂျပန်တက္ကသိုလ်မဝင်ခင်ပြင်ဆင်ရမယ့်စာမေးပွဲများ(Study abroad in japan)