ဂျပန်ရဲ့ခေတ်အဆက်ဆက်မှာထင်ရှားတဲ့ပုဂ္ဂိုလ်များစွာရှိပါတယ်။ခေတ်အဆက်ဆက်မှတိုက်ပွဲများမှထင်ရှားတဲ့သူရဲကောင်းများ၊ဆာမူရိုင်းအစရှိသဖြင့်များစွာရှိပါတယ်။အဓိကသူရဲကောင်းများကအဲဒိုခေတ်မှပုဂ္ဂိုလ်များကပိုပြီးထင်ရှားခဲ့ပါတယ်။အဲအထဲကဘုရင်ဧကရာဇ်မင်း၏မင်းသားများအစရှိသဖြင့်ထင်ရှားတဲ့သူအများအပြားပေါ်ပေါက်ခဲ့ပါတယ်။ခေတ်ထဲကမှဟိအိယန်ခေတ်နဲ့ကာမကုရခေတ်များမှာလည်းထင်ရှားတဲ့သူရဲကောင်းများစွာပေါ်ပေါက်ခဲ့ပါတယ်။အဲအထဲကမှအမျိုးသားသူရဲကောင်းများအပြင်၊အမျိုးသမီးသူရဲကောင်းများအစရှိသဖြင့်ပေါ်ထွန်းခဲ့ပါတယ်။ယခင်ထိတောင်သမိုင်းဝင်စာအုပ်များ၊ပြတိုက်များမှာတလေးတစားဖော်ပြခြင်းခံရပါတယ်။ယဥ်ကျေးမှု၊ဓလေ့ထုံစံများကလည်းလေ့လာစရာကောင်းမွန်ပြီး၊ဂျပန်ရဲ့သမိုင်းမှာလည်းထင်ရှားတဲ့သူရဲကောင်းများစွာရှိပါတယ်။
ထင်ရှားတဲ့သူရဲကောင်းများနဲ့ပတ်သက်ပြီး
ထိုအထဲကမှထင်ရှားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့(豊臣秀吉)(とよとみ ひでよし)ဖြစ်ပါတယ်။အဆွတ်ချိမိုမိုရာမခေတ်အထိစစ်မှုတာဝန်ထမ်းဆောင်ခဲ့ပါတယ်။၁၉၃၇ခုနှစ်မှာမွေးဖွားခဲ့ပြီး၊၁၅၉၈ခုနှစ်မှာသေဆုံးခဲ့တာဖြစ်ပါတယ်။တိုက်ပွဲများစွာမှာဝင်ရောက်ဆင်နွဲခဲ့ပြီးအောင်မြင်မှုများစွာရရှိစေခဲ့တာဖြစ်ပါတယ်။အခုနောက်ပိုင်းသူ့အကြောင်းရုပ်ရှင်များလည်းထွက်ပေါ်လာခဲ့ပါတယ်။နောက်တစ်ယောက်ကတော့(徳川家康)(とくがわ いえやす)ဖြစ်ပါတယ်။စစ်ကာလကနေအင်ဒိုခေတ်အစောပိုင်းခေတ်အထိနာမည်ကြီးကျော်ကြားခဲ့ပါတယ်။၁၅၄၃ခုနှစ်မှာမွေးဖွားခဲ့ပြီး၁၆၁၆ခုနှစ်မှာသေဆုံးခဲ့ပါတယ်။မိခဝါကိုအုပ်စိုးခဲ့ပြီးဆဲခိဂဟာရတိုက်ပွဲကိုအောင်မြင်ခဲ့ပါတယ်။နှစ်ပေါင်းနှစ်ရာခြောက်ဆယ်တည်တန့်ခဲ့တဲ့အင်ဒိုခေတ်ကိုအုတ်မြစ်ချခဲ့လည်းသူလည်းဖြစ်ပါတယ်။ထင်ရှားတဲ့သူများအနက်မှ(坂本龍馬)(さかもと りょうま)ဖြစ်ပါတယ်။၁၈၃၆ခုနှစ်မွေးဖွားခဲ့ပြီး၊ဂျပန်ရဲ့သယ်ယူပို့ဆောင်ရေး၊ကုန်သွယ်ရေးများကိုပြုလုပ်ဆောင်ရွက်ပေးတဲ့နေရာမှာအများကြီးအထောက်အကူပြုခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
နောက်ထပ်ကျော်ကြားတဲ့ပုဂ္ဂိုလ်များနဲ့ပတ်သက်ပြီး
ကျော်ကြားတဲ့ပုဂ္ဂိုလ်များကများစွာရှိတဲ့အထဲမှသင့်တော်တဲ့သူရဲကောင်းများကိုဖော်ပြလိုက်ပါတယ်။အဲအထဲကမှ(明智光秀)(あけち みつひで)ဖြစ်ပါတယ်။၁၅၂၈ခုနှစ်မှာမွေးဖွားခဲ့ပြီး၊၁၅၈၂ခုနှစ်မှာသေဆုံးခဲ့တာဖြစ်ပါတယ်။သူသည်အဲဒိုအလယ်ခေတ်မှာထင်ရှားတဲ့စစ်သူကြီးဖြစ်ပြီး၊ဆယ့်ငါးယောက်မြောက်ဗိုလ်ချုပ်ဖြစ်လာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။သူ့ကိုဂုဏ်ပြုသောအားဖြင့်ရဲတိုက်များတည်ဆောက်ထားပြီး၊ကျိုတိုမှာတည်ရှိပါတယ်။အဲအထဲကမှအမျိုးသမီးသူရဲကောင်းများလည်းရှိပါတယ်။(卑弥呼)(ひみこ)ဖြစ်ပါတယ်။၁၆၉၂ခုနှစ်မှာမွေးဖွားခဲ့ပြီး၊၁၉၆၈ခုနှစ်မှာသေဆုံးခဲ့ပါတယ်။မဲအိဂျိခေတ်မှာကျော်ကြားတဲ့အမျိုးသမီးသူရဲကောင်းဖြစ်ပါတယ်။ထင်ရှားတဲ့ဧကရာဇ်အဖြစ်နာမည်ကြီးပြီး၊အခုနောက်ပိုင်းရေးသားထုတ်ဝေတဲ့စာအုပ်များထဲမှာရေးသားရလောက်အောင်ထင်ရှားကျော်ကြားတဲ့ဘုရင်မဖြစ်ပါတယ်။နောက်ထပ်ထင်ရှားတဲ့သူကတော့(大隈重信)(おおくま しげのぶ)ဖြစ်ပါတယ်။၁၈၃၈ခုနှစ်မှာမွေးဖွားပြီး၊၁၉၂၂ခုနှစ်မှာသေဆုံးခဲ့ပါတယ်။သူကတော့ဂျပန်ဆာမူရိုင်းအဖွဲ့ဝင်ဖြစ်ပြီး၊နိုင်ငံရေးနဲ့ပညာရေးဘက်မှာပါကျော်ကြားတဲ့သူရဲကောင်းဖြစ်ပါတယ်။နောက်ပိုင်းခေတ်ကာလများမှာလည်းဝန်ကြီးချုပ်ရာထူးအထိပါတာဝန်ယူခဲ့ရပါတယ်။
သူရဲကောင်းများနဲ့သမိုင်းဗဟုသုတများနဲ့ပတ်သက်ပြီး
ဂျပန်ရဲ့ခေတ်ကာလများထဲမှခေတ်အဆက်ဆက်ကျော်ကြားခဲ့တဲ့သူရဲကောင်းများကိုအခုထိတိုင်မှတ်တမ်းတင်ထားပါတယ်။ထိုအထဲကမှနောက်တစ်ယောက်အနေနဲ့(吉田松陰)(よしだ しょういん)ဖြစ်ပါတယ်။၁၈၃၀ခုနှစ်မှာမွေးဖွားပြီး၊၁၈၅၉ခုနှစ်မှာသေဆုံးခဲ့ပါတယ်။ဂျပန်ဆာမူရိုင်းအဖွဲ့ဝင်ဖြစ်ပြီး၊အတွေးအခေါ်ပညာရှင်ဖြစ်ပါတယ်။အဓိကအားဖြင့်မဲအိဂျိခေတ်ပြန်လည်ထူထောင်ရေးကာလများတွင်ထင်ရှားသောပညာရှင်ဖြစ်ပါတယ်။မဲအိဂျိခေတ်ရဲ့နောက်ထပ်ပညာရှင်တစ်ယောက်ကတော့(木戸孝允)(きど たかよし)ဖြစ်ပါတယ်။၁၈၃၃ခုနှစ်မှာမွေးဖွားခဲ့ပြီး၊၁၈၇၇ခုနှစ်မှာသေဆုံးခဲ့ပါတယ်။အဲဒိုခေတ်ကုန်ဆုံးချိန်မဲအိဂျိခေတ်ကိုပြန်လည်ထူထောင်ခြင်းမှာပါဝင်ခဲ့တဲ့ထင်ရှားတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင်တစိုက်မတ်မိတ်ပါဝင်ခဲ့တဲ့နိုင်ငံရေးခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။အဲအချိန်ကာလများကနိုင်ငံရဲ့ပြောင်းလဲရေးအချိန်ကာလများတွင်ပါဝင်ပြီးဖြစ်ထွန်းအောင်မြင်အောင်ပြုလုပ်ပေးတဲ့သရဲကောင်းများဖြစ်ပါတယ်။အထူးသဖြင့်အဲဒိုခေတ်နဲ့မဲအိဂျိခေတ်များရဲ့အထင်ကရပုဂ္ဂိုလ်များဖြစ်ကြပါတယ်။