ဂျပန်ရဲ့နှစ်နဲ့ပတ်သက်ပြီးေဟုသုတရစရာအကြောင်းအရာများ(Japanese Era Name)

ဂျပန်မှာကနှစ်နဲ့ပတ်သက်ပြီးနာမည်များသတ်မှတ်ထားခြင်းရှိပါတယ်။နှစ်အလိုက်သတ်မှတ်ထားတဲ့အဓိပ္ပာယ်များစွာရှိပြီး၊နာမည်များမတူညီဘဲကွဲပြားခြားနားပါတယ်။ခေတ်ကိုလည်းနာမည်တွေမတူညီဘဲစိတ်ဝင်စားစရာ၊အဓိပ္ပာယ်များပြည့်နှက်နေပါတယ်။ဂျပန်လူမျိုးများဟာနှစ်အပေါ်မှာစိတ်ဝင်စားမှုရှိပြီး၊သက်ဆိုင်ရာတာဝန်ရှိသူများကနှစ်အလိုက်နာမည်ကိုစနစ်တကျထုတ်ပြန်ပေးရပါတယ်။အရင်ခေတ်တုန်းကဘယ်နှစ်ခုနှစ်ကနေဘယ်နှစ်ခုနှစ်အထိဆိုပြီးသတ်မှတ်ပါတယ်။အခုနောက်ပိုင်းခေတ်များကတော့နှစ်တစ်နှစ်ပြီးတိုင်းနာမည်အသစ်သတ်မှတ်ပြီးထုတ်ပြန်လေ့ရှိပါတယ်။နှစ်တစ်နှစ်ကုန်လည်းဘုရားကျောင်းများသွားရောက်ကြပြီး၊အဓိပ္ပယ်နဲ့ပြည့်စုံတဲ့အစားအသောက်များစားသောက်ကြပါတယ်။ဂျပန်ရဲ့ဘုရင်ခေတ်မှစတင်ပြီး၊အခုချိန်ထိပြောင်းလဲတဲ့နှစ်တွေရဲ့နာမည်တွေရဲ့အဓိပ္ပယ်များကလေးနက်ပြီးစိတ်ဝင်စားစရာကောင်းလှပါတယ်။

ပြောင်းလဲလာတဲ့နှစ်များနဲ့ပတ်သက်ပြီး

နှစ်အလိုက်ပြောင်းလဲလာတဲ့နာမည်နဲ့အဓိပ္ပာယ်များစွာရှိနေပါတယ်။(嘉永)ခေတ်က၁၈၄၈ကနေ၁၈၅၅ခုနှစ်အထိသတ်မှတ်ထားပါတယ်။ဂျပန်ဘုရင်အုပ်ချုပ်တဲ့ခေတ်ဖြစ်ပါတယ်။အင်ဒိုခေတ်ရဲ့အုပ်ချုပ်မှုပုံစံနဲ့၊နှစ်အလိုက်နံပါတ်စဥ်နဲ့သတ်မှတ်ပါတယ်။နံပါတ်များနဲ့သတ်မှတ်ခဲ့ပါတယ်။အင်ဒိုခေတ်ကတော့စီးပွားရေးအင်အားရောအစစအရာရာတောင့်တင်းတဲ့ခေတ်အဖြစ်နာမည်ကြီးပါတယ်။(明治)မဲအိဂျီခေတ်ကတော့၁၈၆၈ခုနှစ်ကနေ၁၉၁၂ခုနှစ်အထိကြာမြင့်ခဲ့ပါတယ်။(大正)နှစ်ကတော့၁၉၁၂ခုနှစ်ကနေ၁၉၂၆ခုနှစ်အထိဖြစ်ပါတယ်။(昭和)ခုနှစ်ကတော့၁၉၂၆ကနေ၁၉၈၉ခုနှစ်အထိဖြစ်ပါတယ်။(平成)နှစ်ကတော့၁၉၈၉ကနေ၂၀၁၉အထိသတ်မှတ်ခဲ့တာဖြစ်ပါတယ်။နှစ်အလိုက်ပြောင်းလဲသွားတဲ့ပုံစံတွေနဲ့၊ယဥ်ကျေးမှုပုံစံကသိသာစွာပြောင်းလဲလာမှာဖြစ်ပါတယ်။ယဥ်ကျေးမှုပွဲတော်များနဲ့ဝတ်စားဆင်ယင်မှုပုစံတွေကလည်းစိတ်ဝင်စားစရာကောင်းလှပါတယ်။တစ်နိုင်ငံလုံးဘုရားကျောင်းများစွာရှိပြီး၊ထင်ရှားတဲ့ဖူဂျီတောင်ရဲ့အလှကလည်းနာမည်ကြီးလှပါတယ်။ကျိုတိုကလည်းဂျပန်ရဲ့ယဥ်ကျေးမှုတွေစုစည်းထားတဲ့နေရာများစွာထဲကနေရာတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။လက်ရှိအခုနှစ်ကိုတော့(令和)လို့ခေါ်ပါတယ်။ဒီနှစ်ကို၂၀၁၉ခုနှစ်၅လပိုင်း၁ရက်နေ့မှာပြဌာန်းခဲ့ပါတယ်။အဓိပ္ပာယ်ကယဥ်ကျေးမှုကိုစနစ်တကျတကျနဲ့ထိန်းသိမ်းရအောင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အခုလက်ရှိအတိုးတက်ဆုံးခေတ်ဖြစ်ပါတယ်။

နှစ်အလိုက်ပြောင်းလဲမှုနဲ့ယဥ်ကျေးမှု

ခါအဲအိခေတ်မှာဘုရင်စနစ်နဲ့အုပ်ချုပ်ပြီး၊အင်အားတောင့်တင်းတဲ့အချိန်အခါဖြစ်ပါတယ်။မဲအိဂျိခေတ်ကခေတ်ပြောင်းလဲထဲမှာအထင်ရှားဆုံးခေတ်ဖြစ်ပြီး၊တိုကျိုရဲ့အတွင်းပိုင်းကိုဖွဲ့စည်းခဲ့တဲ့ခေတ်ဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့မြို့တော်ကျိုတိုကိုတိုကျိုအဖြစ်ပြုပြင်ပြောင်းလဲခဲ့ပါတယ်။မဲအိဂျိခေတ်ပြီးနောက်တိုးတက်ပြောင်းလဲစပြုလာတဲ့ခေတ်ဖြစ်ပါတယ်။ရှောဝခေတ်ကတော့မဲအိဂျိခေတ်ရဲ့ပြုပြင်တိုးတက်မှုကိုထိန်းသိမ်းပြီး၊အနေအထိုင်၊ယဥ်ကျေးမှုပြောင်းလဲလာတဲ့ခေတ်ဖြစ်ပါတယ်။ဟဲအိဆဲခေတ်ကတော့သိသိသာသာတိုးတက်ပြောင်းလဲလာပြီး၁၉၉၂ခုနှစ်မှာရှင်ခန်ဆန်လို့ခေါ်တဲ့အမြန်ရထားတွေကအစပြောင်းလဲမှုသိသာလာပြီး၊တရှိန်ထိုးတိုးတက်လာပါတယ်။အဆောက်အဦးပုံစံတွေကအစ၊နည်းပညာတွေပါဖွဲ့ဖြိုးတိုးတက်လာတာဖြစ်ပါတယ်။ကားအစရှိတဲ့စက်ပစ္စည်းများလည်းခေတ်မှီလာပြီးတိုးတက်ပြောင်းလဲမှုများသိသာခဲ့ပါတယ်။အသိသာဆုံးကရှောဝအလယ်ခေတ်ေလာက်ဖြစ်ပါတယ်။ရှောဝအစပိုင်းလောက်မှာထင်သလောက်စီးပွားရေးမဖြစ်ထွန်းခဲ့ဘဲတစ်ချို့ဘဏ်တွေဒေဝဒီခန့်တဲ့အထိဖြစ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဟဲအိဆဲကတော့အသိသာဆုံးပြောင်းလဲတိုးတက်ခဲ့ပါတယ်။

အခုလက်ရှိပြောင်းလဲတိုးတက်မှုများ

စီးပွားရေးကအစနည်းပညာပိုင်းမှာပြောင်းလဲမှုများသိသားခဲ့ပြီး၊ကမ္ဘာ့အမြန်ဆုံးရထားတွေ၊အဆောက်အဦး၊မိုးမျှော်စင်အစရှိသဖြင့်တိုးတက်မှုများနဲ့ပြည့်နှက်နေပါတယ်။၁၉၈၀ခုနှစ်လောက်မှာအသိသာဆုံးစီးပွားရေးပြောင်းလဲတိုးတက်ခဲ့ပါတယ်။ဂျပန်ရဲ့အစားအစာ၊ယဥ်ကျေးမှု၊စိတ်ဝင်စားစရာကောင်းတဲ့နေရာများကြောင့်ခရီးသွားများစွာလာရောက်လည်ပတ်ကြပါတယ်။လူဦးရေးများပြားပြီး၊အချမ်းသာဆုံးနိုင်ငံထဲမှာပါဝင်နေပါတယ်။ဂျပန်ပြုပြင်ပြောင်းလဲမှုများမှာတိုးတက်မှုများသိသာပြီး၊ဆယ်စုနှစ်တစ်ခုအတွင်းမှာတင်ပြောင်းလဲမှုများတွေ့မြင်နိုင်ပါတယ်။အခုနောက်ပိုင်းနိုင်ငံခြားသားဦးရေပါများပြားလာပြီး၊ဂျပန်ဟာကမ္ဘာ့အသက်အရှည်ဆုံးနိုင်ငံထဲမှာပါဝင်နေပါတယ်။ရှေးယခင်ကတည်းကယဥ်ကျေးမှုအမွေအနှစ်များကိုယခုထိထိထိန်းသိမ်းထားပြီး၊ကမ္ဘ့ာအမွေအနှစ်အသိအမှတ်ပြုနေရာများထဲမှဖူဂျီတောင်ဟာလည်းဂျပန်လို့ပြောရမယ်ဆိုရင်တစ်ပါတည်းသိမြင်လောက်တဲ့ဂျပန်ရဲ့ယဥ်ကျေးမှုအမွေအနှစ်ထဲကတစ်ခုဖြစ်ပါတယ်။

နှစ်သစ်ကူးအချိန်မှာအသုံးပြုတဲ့ဂျပန်စကား(New Year greeting Japanese words)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်သမိုင်း/ ဂျပန်ရဲ့နှစ်နဲ့ပတ်သက်ပြီးေဟုသုတရစရာအကြောင်းအရာများ(Japanese Era Name)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ