အဲ့ဟိုးမခိ (Ehomaki)ကိုဘယ်အချိန်ကစစားခဲ့ကြတာလဲနဲ့ပတ်သက်ပြီး အကြောင်းအရာအမျိုးမျိုးရှိပါတယ်။ စစ်ပြီးခေတ်ကာလတွင်အိုဆာကာမှနေပြီး အစပြုခဲ့ပုံရပါတယ်။စစ်ပြီးခေတ် ရုတ်တရက်စီးပွားရေးတိုးတက်လာခြင်း၏ခေတ်ရေစီးကြောင်း အရ ယဥ်ကျေးမှုတစ်ရပ်အနေနဲ့စားလာကြတာဟုလဲဆိုကြပေမယ့်အဲဒိုခေတ်ကတည်းကရှိပြီးဖြစ်သည်ဟုလဲဆိုကြပါတယ်။ အဲ့ဟိုးမခိ (Ehomaki)ကိုဘယ်လိုစားရမှန်းသင်သိပါသလား။ ကံကောင်းခြင်းတွေကိုသယ်ဆောင်လာမယ့်စားပုံစားနည်းကိုလေ့လာကြည့်ကြရအောင်။
နံပါတ်(၁)အဲ့ဟိုးမခိ (Ehomaki)ကိုထိုနှစ်၏ကံကောင်းရာအရပ်သို့မျက်နှာမူပြီးစားရန်ဖြစ်သည်
ဆဲ့ဆုဘွန်းပွဲတော်(Setsubun)တွင် ehomaki ကိုစားသုံးချိန်တွင်မျက်နှာမူရမည့်နိမိတ်ကောင်းသည့်အရပ်မှာနှစ်စဉ်ပြောင်းလဲနေသည်။ eho နိမိတ်ကောင်းသည့်အရပ်သည် သည် Totokujin ဟုခေါ်သောလက်ရှိနှစ်ကိုစောင့်ရှောက်နေသည့်နတ်ဘုရားရှိရာအရပ်ကိုရည်ညွှန်းသည်။ လက်ရှိကျရောက်နေသောနှစ်ကိုစောင့်ရှောက်နေတဲ့နတ်ဘုရားရှိရာအရပ်သို့မျက်နှာမူပြီးစားရန်ဖြစ်သည်။အရှေ့ - အရှေ့မြောက်၊ အနောက် - အနောက်တောင်၊ တောင် - အရှေ့တောင်နှင့်မြောက်အနောက်မြောက်ဖြစ်သည်။ ဘေးဘီကြည့်၍မရပါ။အဲဒီလိုမလုပ်ရင်အကျိုးရရှိမည်မဟုတ်ပါ ။
၂၀၂၁ ခုနှစ်အတွက်ကိုတော့”တောင် -အရှေ့တောင်”ဘက်သို့ ဦး တည်၍စကားစမြည်မပြောဆိုပဲEhomaki ကိုစားသုံးရန်ဖြစ်သည်။
စာရေးသူရွေးချယ်သောဆောင်းပါး
နံပါတ်(၂)အဲ့ဟိုးမခိ (Ehomaki)ကိုထိုတိတ်ဆိတ်စွာစားသင့်သည်
စားပြီးသည်အထိတိတ်ဆိတ်စွာမစားပါကမည်သည့်အကျိုးကျေးဇူးကိုမျှရရှိမည်မဟုတ်ပါ။ အကုန်လုံးကိုစားပြီးသည်အထိ စကားမပြောပါနဲ့။၊ အဲ့ဟိုးမခိ (Ehomaki)ကိုစားတာပြီးရင်တေ့ာ မိသားစု၊ သူငယ်ချင်းတွေနဲ့စကားပြောပြီးကျန်တဲ့အစာကိုစားလို့ရပါပြီ။
နံပါတ်(၃)အဲ့ဟိုးမခိ (Ehomaki)ကို တခါတည်းကုန်အောင်ချက်ချင်းစားသင့်သည်
အဲ့ဟိုးမခိ (Ehomaki)ကို စားသည့်အခါစားကောင်းတယ်၊မကောင်းဘူးအပိုင်းကိုမခွဲခြားပဲစားသုံးရန်ဖြစ်သည်။
စားနေတုန်းနားလိုက်လျှင်ရမည့်အကျိုးမှာဆုံးရှုံးသွားမည်ဖြစ်သည်။
အဲ့ဟိုးမခိ (Ehomaki)ကိုစားခြင်းမပြုမီ ကံကောင်းမည့်အရပ်သို့လှည့်ကာအသက်ပြင်းပြင်းရှူပါ။
ထိုအရပ်သို့မျက်နှာမူပြီးတခါတည်းကုန်အောင် အဲ့ဟိုးမခိ (Ehomaki)ကို စားပါ။ အားလုံးချက်ချင်းစားရန်အရေးကြီးသည်။
ထို့ကြောင့်ကလေးငယ်များအတွက်အနည်းငယ်သေးတဲ့အဲ့ဟိုးမခိ (Ehomaki)ကပိုအဆင်ပြေပါလိမ့်မယ်။