Omikuji လို့ခေါ်တဲ့ ဂျပန်ရိုးရာ ဗေဒင်တွေကို ဘယ်လိုဖတ်မလဲ။ (Omikuji - 御神籤 )

Omikuji ဆိုတာကတော့ ဂျပန်ရိုးရာ ဗေဒင်ဖြစ်ပြီးတော့ နတ်ကွန်းတွေနဲ့ ဘုရားကျောင်းတွေမှာ ပိုက်ဆံပေးပြီးဝယ်ယူနိုင်ပါတယ်။ ဗေဒင်ကတော့ စာရွက်ပေါ် မှာ ကံဇာတာကိုရေးထားလေ့ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ‌‌‌‌ဂျပန်ရိုးရာ ဗေဒင်တွေကို ဘယ်လိုဝယ်မလဲဆိုတာနဲ့ ဘယ်လိုမျိုးနားလည်အေင်လုပ်ရမလဲဆိုတဲ့ အချက်တွေကို လွယ်လွယ်ကူကူနဲ့ ရှင်းပြသွားမှာဖြစ်ပါတယ်။ 

မာတိကာ 

  1. Omikuji (おみくじ) ဆိုတဲ့ ဂျပန်ရိုးရာဗေဒင်များ။
  2. နတ်ကွန်းနဲ့ ဘုရားကျောင်းမှာရှိတဲ့ ဗေဒင်များရဲ့ကွာခြားချက်။
  3. Omikuji (おみくじ) ဗေဒင်အမျိုးအစားများနဲ့ ဝယ်ပုံဝယ်နည်း။
  4. ကိုယ်ဆွဲခဲ့တဲ့ Omikuji (おみくじ) ကိုဘယ်လိုလုပ်ရမလဲ။

Omikuji (おみくじ) ဆိုတဲ့ ဂျပန်ရိုးရာဗေဒင်များ။

おみくじ (Omikuji) ကတော့ ဂျပန်ရိုးရာဗေဒင်ဖြစ်ပြီးတော့ 御神籤 လို့ရေးလေ့ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ဘုရားကျောင်းတွေနဲ့ နတ်ကွန်းတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Omikuji ကတော့ 御 (O) နှင့် 神籤 (Mikuji) နှစ်လုံးပေါင်းစပ်ထားပြီးတော့ ဗေဒင်စာရွက်လို့ အဓိပ္ပာယ်ရပါတယ်။ စာရွက်တစ်ခုစီမှာတော့ ဗေဒင်နှင့် ကံဇာတာဟောကြားမှုတွေကို ရေးသားထားလေ့ရှိပါတယ်။ ဗေဒင်ကိုတော့ ကံကောင်း၊ကံဆိုးအစသဖြင့် ကံကိုဖော်ပြထားပြီးတော့ အကြောင်းအရာအသေးစိတ်ကိုရေးထားလေ့ရှိပါတယ်။ နောက်ပြီးတော့ အကြောင်းအရာတွေအမျိူးမျိုးခွဲထားလေ့ရှိပြီးတော့ အများအားဖြင့် အချစ်ရေး၊ ပညာရေး၊ အလုပ်အကိုင် အစသဖြင့် အကြောင်းအရာတွေကိုပါဝင်လေ့ရှိပါတယ်။

Omikuji ကို တစ်နှစ်ပတ်လုံးဝယ်ယူနိုင်ပါတယ်။ ဂျပန်လူမျိုးတွေကတော့ အများအားဖြင့် နှစ်တစ်နှစ်ရဲ့ အစဖြစ်တဲ့ နှစ်သစ်ကူးအချိန်မှာ ဝယ်ယူလေ့ရှိပါတယ်။ 初詣 (Hatsumode) လို့ခေါ်တဲ့ နှစ်သစ်မှာ ဘုရားကျောင်း နှင့် နတ်ကွန်းတွေကို ပထမဆုံးလည်ပတ်တဲ့ အချိန်မှာ おみくじ (Omikuji) ကိုနှိုက်လေ့ရှိကြပါတယ်။ 

ရှေးယခင်တုန်းက တော့ Omikuji ကိုတော့ နတ်ဘုရားရဲ့ဆန္ဒတွေကို နားလည်ဖို့အတွက် အသုံးပြုလေ့ရှိပါတယ်။ အရေးကြီးတဲ့ ပွဲတော်ကို ကျင်းပတဲ့ အချိန်မှာ အဓိက ကိုယ်စားပြုဖို့အတွက် လူတစ်ယောက်ကိုရှာတဲ့ အချိန်မှာ နတ်ဘုရားရဲ့ဆန္ဒကို သိရဖို့အတွက် Omikuji နဲ့ရွေးချယ်လေ့ရှိပါတယ်။ ဒီနေ့မှာတော့ Omikuji ကိုသာမန်လူတွေကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူပြီးအသုံးပြုတဲ့ အလေ့အထ ဖြစ်လာပါတယ်။ 

နတ်ကွန်းနဲ့ ဘုရားကျောင်းမှာရှိတဲ့ ဗေဒင်များရဲ့ကွာခြားချက်။

Omikuji ကိုတော့ အဓိကအားဖြင့် နတ်ကွန်း 神社 (Jinja) နှင့် ဘုရားကျောင်း お寺 (Otera) တို့မှာ အဓိကတွေ့နိုင်ပါတယ်။ နောက်ပြီးတော့ လက်ဆောင်ပစ္စည်းအရောင်းဆိုင်နှင့် နတ်ကွန်းနှင့်ဘုရားကျောင်းပေါများတဲ့နေရာတွေမှာ အတွေ့များပါတယ်။ ဥပမာ Kamakura’s Komachi-dori နှင့် Asakusa ရဲ့ Nakamise စျေးဆိုင်တန်းတို့မှာတွေ့နိုင်ပါတယ်။ 

ဒါဆိုရင် နတ်ကွန်းမှာတွေ့ရတဲ့ Omikuji နှင့် ဘုရားကျောင်းမှာတွေ့ရတဲ့ Omikuji ကဘယ်လိုမျိုးကွာခြားမှုရှိပါသလဲ။ 

အဲဒိုခေတ်အထိတော့ နတ်ကွန်းမှာရော ဘုရားကျောင်းမှာရော Omikuji ကိုပုံစံအတူတူပဲအသုံးပြုလေ့ရှိကြပါတယ်။ ဒါပေမယ့် အစိုးရကနေပြီးတော့ ရှင်တိုဘာသာနဲ့ ဗုဒ္ဓဘာသာကို ကွဲကွဲပြားပြားကိုးကွယ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်ကို ထုတ်ခဲ့တဲ့ အတွက်ကြောင့်မို့လို့  ဘုရားကျောင်းနဲ့ နတ်ကွန်းတို့မှာတော့ Omikuji အမျိုးအစားတွေကွာခြားသွားပါတယ်။ 

ဘုရား‌ကျောင်းမှာတွေ့ရတဲ့ ဗေဒင်။

ဘုရားကျောင်းက Omikuji ကတော့ တရုတ်နိုင်ငံက ဗုဒ္ဓဘာသာဝင်ရောက်ကတည်းက စတင်မိတ်ဆက်ခဲ့တယ်လို့ဆိုကြပြီးတော့ အများအားဖြင့် တရုတ်ရိုးရာကဗျာတွေပါဝင်လေ့ရှိပါတယ်။ နောက်ပြီးတော့ ဘုရားကျောင်းက Omikuji တွေကိုတော့ 漢文 (Kanbun) လို့ခေါ်တဲ့ တရုတ်ရိုးရာစာလုံးတွေနဲ့ရေးသားထားလေ့ရှိပါတယ်။

နတ်ကွန်းမှာတွေ့ရတဲ့ ဗေဒင်။

မေဂျီအလယ်ခေတ်ကနေစပြီးတော့ ရှင်တိုနတ်ကွန်းဘုရားကျောင်းတွေက Omikuji တွေမှာ 和歌 (Waka) လို့ခေါ်တဲ့ ဂျပန်ရိုးရာ ကဗျာတွေကိုထည့်သွင်းဖော်ပြလာခဲ့ပါတယ်။ ဘာလို့ ဒီလို ထည့်သွင်းရလဲဆိုတော့ နတ်ဘုရားတွေက ကဗျာတွေရေးသားဖန်တီးတယ်ဆိုတဲ့ ယုံကြည်မှုကြောင့်ဖြစ်ပါတယ်။

Omikuji (おみくじ) ဗေဒင်အမျိုးအစားများနဲ့ ဝယ်ပုံဝယ်နည်း။

ဂျပန်မှာတော့ Omikuji အဓိကအမျိုးအစား ၂ မျိုးရှိပြီးတော့ အမျိုးအစားအပေါ်မူတည်ပြီးတော့ ဆွဲပုံဆွဲနည်းကွာခြားပါတယ်။ တစ်နည်းကတော့ ဝါးချောင်းတွေကို ဗူးထဲကနေယူရတဲ့နည်းဖြစ်ပြီး နောက်တစ်နည်းကတော့ ဗေဒင်စာရွက်ကို ဗူးထဲကနေ နှိုက်ရတဲ့ပုံစံဖြစ်ပါတယ်။

စလင်ဒါဗူးထဲက ဗေဒင်အမျိုးအစား

ဝန်ထမ်းကနေပြီးတော့ စလင်ဒါပုံသေတ္တာကို ကမ်းပေးမှာဖြစ်ပြီးတော့ ဗူးထဲမှာ နံပါတ်တပ်ထားတဲ့ တုတ်ချောင်းတွေ အများကြီးပါပါတယ်။ဗူးကို လှုပ်ပြီးတော့ သစ်သားချောင်း တစ်ချောင်းကိုရွေးချယ်ပါ။ ရွေးချယ်ပြီးတော့ Omikuji လှဲဖို့အတွက် ဝန်ထမ်းကို ပေးလိုက်ပါ။ တချို့နေရာတွေမှာတော့ ကိုယ်တိုင်လုပ်ရတာမျိုးတွေရှိပါတယ်။ ကျသင့်ငွေကိုလဲ ရှင်းဖို့မမေ့ပါနဲ့။

သေတ္တာဗူးထဲက ဗေဒင် 

Omikuji တွေကိုတော့ အလည်မှာ အပေါက်ပါတဲ့ သေတ္တာထဲမှာ ထည့်ထားလေ့ရှိပြီးတော့ အပေါ်ကနေပြီးတော့ လက်မဲ့နှိုက်ပြီး ယူနိုင်ပါတယ်။ ပိုက်ဆံထည့်ရမယ့် ပုံးကလဲ နံဘေးမှာ အတူရှိတတ်ပါတယ်။ Omikuji စျေးကလဲ ယန်း ၁၀၀ ကနေ ၅၀၀ အတွင်းအမျိုးမျိုးရှိပါတယ်။

Omikuji (おみくじ) ဗေဒင်ကိုဘယ်လိုဖတ်မလဲ 

Omikuji ရဲ့ ပျော်စရာတစ်ခုကတော့ နှိုက်ပြီး ဘယ်လိုရလာဒ်မျိုးရလာမလဲဆိုတာကို သိနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ကံကိုလဲ ကံအကောင်းဆုံးကနေ ကံအညံ့ဆုံးအထိ အဆင့်လိုက်ဖော်ပြလေ့ရှိပါတယ်။ ကံအဆင့်တွေက်ုကြည့်လိုက်ကြရအောင်။

  • ကံကောင်းတာကိုတော့ 吉 (Kichi) နဲ့ဖော်ပြပြီးတော့ 
  • ကံဆိုးတာကိုတော့ 凶 (Kyou) နဲ့ဖော်ပြလေ့ရှိပါတယ်။ 

Omikuji ကိုဖတ်တဲ့ အချိန်မှာလဲ ကိုယ့်စိတ်ထားတဲ့ သေချာမှတ်ထားရမယ့် အချက်တွေရှိပါတယ်။ အဲဒါကတော့ ကံဆိုးတဲ့ ရလာဒ် ထွက်လာရင်မှာ အကောင်းဆုံးလုပ်ရင် အကောင်းဆုံးဖြစ်မှာဖြစ်ပြီး ကံကောင်းတဲ့ ရလဒ်ထွက်လဲ အကောင်းဆုံးလုပ်မှ အကောင်းဆုံးဖြစ်မှာဖြစ်ပါတယ်။

Omikuji ရဲ့ ကံအကောင်းဆုံးနဲ့ ကံအဆိုးဆုံး အစီအစဥ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

  • 大吉 (Daikichi) / ကံအကောင်းဆုံး။
  • 吉 (Kichi) / ကံကောင်း။
  • 中吉 (Chuukichi) / ကံအသင့်တင့်ကောင်း။
  • 小吉 (Shokichi) / ကံအနည်းငယ်ကောင်း။
  • 末吉 (Suekichi) / ကံမကောင်း။
  • 凶 (Kyou) / ကံညံ့။
  • 大凶 (Daikyou) / ကံအရမ်းညံ့။

တချို့ ဘုရားကျောင်းနှင့် နတ်ကွန်းတွေမှာတော့ တခြားစကားလုံးတွေကိုအသုံးပြုတတ်လေ့ရှိကြပါတယ်။

Omikuji (おみくじ) ဗေဒင်ကို ဘယ်လိုဘာသာပြန်မလဲ။

ကံဇာတာ အနိမ့်အမြင့်အပေါ်မူတည်ပြီးတော့ အကြောင်းအရာ အမျိုးမျိုးကိုဖတ်ရမှာဖြစ်ပါတယ်။ အကြောင်းအရာတွေကိုတော့ အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

  • 願望 (Ganbou) - ဆန္ဒ၊ မျှော်မှန်းချက်။
  • 縁談 (Endan) - ဖူးစာရှင်း။
  • 恋愛 (Renai) - အချစ်ရေး။
  • 病気 (Byouki) - ရောဂါ။
  • 健康 (Kenkou) - ကျန်းမာရေး။
  • 出産 (Shussan) - မီးဖွားခြင်း။
  • 転居 (Tenkyo) - အပြောင်းအရွေ့။
  • 仕事 (Shigoto) - အလုပ်အကိုင်။
  • 学問 (Gakumon) - ပညာရေး။
  • 旅立 (Tabitatsu) - ခရီး။

ယနေ့ခေတ်မှာတော့ ဖုန်းကင်မရာကိုအသုံးပြုပြီးတော့ ဘာသာပြန်လို့လဲရပါတယ်။ နောက်ပြီးတော့ အွန်လိုင်းပေါ်မှာ transcript အသေးစိတ်ကိုရှာပြီးဖတ်နိုင်ပါတယ်။ ဂျပန်လိုနတ်ကွန်းနာမည် နှင့် おみくじ လို့ရိုက်ရှာနိုင်ပြီးတော့ ဘုရားကျောင်းဆိုရင်လဲ おみくじ +ဂျပန်လိုရေးထားတဲ့ နံပါတ် လို့ရှာနိုင်ပါတယ်။ 

ကိုယ်ဆွဲခဲ့တဲ့ Omikuji (おみくじ) ကိုဘယ်လိုလုပ်ရမလဲ။

ဘုရားကျောင်းတွေနှင့် နတ်ကွန်းတွေမှာတော့ တိုင် သို့မဟုတ် ကြိုးတွေရှိပါတယ်။ ဒီနေရာမှာ Omikuji ကိုချည်ထားလို့ရပါတယ်။ တကယ်လို့ကိုယ့်ရဲ့ ဗေဒင်မှာ ကံဇာတာကောင်းမယ်ဆိုရင်တော့ ကိုယ်တဲ့ အတူတကွ သိမ်ထားလို့ရပါတယ်။ ကံဇာတာမကောင်းဘူဆိုတဲ့ ဗေဒင်စာရွက်တွေကိုတော့ တိုင်နှင့်ကြိုးတွေမှာ ချည်ထားလို့ရပါတယ်။ တချို့လူတွေကလဲ ကိုယ့်ဘာသာကို သိမ်းသွားလေ့လဲရှိပါတယ်။ လူအမျိုးမျိုး ယုံကြည်မှုလဲ အမျိုးမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ မိမိယုံကြည်မှုအတိုင်း ယူသွားမလား၊ ချည်ထားမလားဆိုတာကိုတော့ ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ Omikuji လို့ခေါ်တဲ့ ဂျပန်ရိုးရာ ဗေဒင်တွေကို ဘယ်လိုဖတ်မလဲ။ (Omikuji - 御神籤 )

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ