ဂျပန်မှာ စက်ဘီးစီးတဲ့ အချိန်မှာ သိထားရမယ့် အချက်တွေအများကြီးရှိပါတယ်။ စက်ဘီးကို ကျောင်းသွားဖို့ ဖြစ်စေ၊ အလုပ်သွားဖို့ဖြစ်စေ၊ အနီးအနားပတ်ဝန်းကျင်ကို ပေါ့ပေါ့ပါးပါးသွားလာဖို့ဖြစ်စေအသုံးပြုလေ့ရှိကြပါတယ်။ နောက်ပြီးတော့ ကျန်းမာရေးအတွက် စက်ဘီးစီးတဲ့ သူတွေလဲရှိကြပါတယ်။ မြန်မာနိုင်ငံမှာနဲ့ မတူဘဲ ဂျပန်မှာ စက်ဘီးစီးတဲ့ အချိန်မှာ သိထားသင့်တဲ့ စည်းမျဥ်းစည်းကမ်းတွေနှင့် အချက်တွေ အများကြီးရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်မှာ စက်ဘီးစီးတဲ့ အချိန်မှာ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။
မာတိကာ
- ဂျပန်မှာ အသုံးများတဲ့ စက်ဘီး။
- ဂျပန်မှာ စက်ဘီးဝယ်နည်းနှင့် စက်ဘီးနှင့်ပတ်သက်တဲ့ ရှင်းလင်းချက်။
- စက်ဘီးပိုင်ရှင်တွေရဲ့ တာဝန်နှင့် ဂျပန်နိုင်ငံရဲ့ စက်ဘီးမှတ်ပုံတင်နှင့် စက်ဘီးအာမခံ
- ဂျပန်ရဲ့ အငှားစက်ဘီးနှင့် မျှသုံးစက်ဘီးတွေအကြောင်း။
- စက်ဘီးမစီးခင် သိထားရမယ့် စည်းမျဥ်းစည်းကမ်းများ။
- အကျဥ်းချုပ်။
ဂျပန်မှာ အသုံးများတဲ့ စက်ဘီး။
ဂျပန်မှာတော့ စက်ဘီးကို အသုံးများကြပြီးတော့ ကလေး၊ အသက်ကြီးရွယ်အို၊ အိမ်ရှင်မ၊ ကုမ္ပဏီဝန်ထမ်း အစရှိတဲ့သူတွေ အသုံးပြုလေ့ရှိကြပါတယ်။
ဂျပန်နိုင်ငံရဲ့ ဆက်သွယ်သွားလာရေးဝန်ကြီးဌာနကတော့ စက်ဘီးအသုံးပြုတဲ့ အခြေအနေကို စစ်တမ်းကောက်ယူခဲ့ရာမှာတော့ ၂၀၁၉ ခုနှစ်မှာ ဂျပန်ပြည်တွင်းမှာ လက်ရှိအသုံးပြုလျက်ရှိတဲ့ စက်ဘီး အစီးရေပါင်း ၆၇ သန်းကျော်ရှိတယ်လို့သိရှိရပါတယ်။
※ 国土交通省 『自転車の活用に関する現状について』
စက်ဘီးဖြင့် ကျောင်းသွားခြင်း။ အလုပ်သွားခြင်း။
အိမ် နှင့် ကျောင်း သို့မဟုတ် အလုပ်နဲ့နီးတဲ့ သူတွေကတော့ အများအားဖြင့် စက်ဘီးကိုအသုံးပြုပြီးတော့ ကျောင်းနှင့် အလုပ်ကိုသွားလေ့ရှိကြပါတယ်။ နောက်ပြီးတော့ အလုပ်ကနေပြီးတော့ လမ်းစာရိတ်ပြန်မပေးတဲ့ သူတွေအတွက်ဆိုလဲ စက်ဘီးက အရမ်းကိုကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက နေပြီးတော့ ကောက်ယူထားတဲ့ စစ်တမ်းမှာဆိုရင်တော့ ဂျပန် တစ်နိုင်ငံလုံးမှာရှိတဲ့ ဂျပန်လူမျိုး ၁၂ ရာခိုင်နှုန်းက အဓိက စက်ဘီးကိုအသုံးပြုပြီးတော့ သွားလာနေကြပြီးတော့ ၁ ရာခိုင်နှုန်းကတော့ ဘူတာအထိကို စက်ဘီးနဲ့ သွားကြတယ်လို့ သိရပါတယ်။ နောက်ပြီးတော့ ကိုဗစ်ရောဂါပြန့်ပွားပြီးနောက်ပိုင်းမှာလဲ စက်ဘီးကိုအသုံးပြုကြတဲ့ လူဦးရေ ပိုပြီးတော့ များပြာလာကြတယ်လို့ ဆိုကြပါတယ်။ မြို့ကြီးတစ်ခုမှာ စက်ဘီးကိုအဓီက အသုံးပြုပြီးတော့ သွားလာနေတဲ့ သူ ၅၀၀ ကို စစ်တမ်းကောက်ခဲ့စဥ် ကိုဗစ်ရောဂါ ပြန့်ပွားပြီးနောက်မှာ ၄ ဦးမှာ ၁ ဦးက စက်ဘီးကို အသုံးပြုခဲ့တယ်လို့ ဖြေဆိုခဲ့ ပါတယ်။ စက်ဘီးကို ပြောင်းစီးခဲ့တဲ့ အကြောင်းအရင်းကို မေးမြန်းကြည့်တဲ့ အချိန်မှာတော့ အများပြည်သူသုံး ပို့ဆောင်ရေးတွေကို မသုံးပြုချင်လို့ ဆိုပြီးဖြေဆိုခဲ့ပါတယ်။
စက်ဘီးကိုအသုံးပြုပြီး ကျောင်း သို့မဟုတ် အလုပ်ကိုသွားတဲ့ အချိန်မှာ ကျောင်း သို့မဟုတ် အလုပ်ကိုအန္တာရာယ်ကင်းရှင်းရေးအတွက် အကြောင်းကြာစာပို့ဆောင်ရတာမျိုးတွေရှိတတ်ကြပါတယ်။
စက်ဘီးကိုတခြား ဘယ်လိုပြောပြသေးလဲ။
အင်္ဂလိပ်လိုပြောရင်တော့ စက်ဘီးကို (Bike:バイク) လို့ခေါ်ကြပေမယ့် ဂျပန်လိုဆိုရင်တော့ အော်တိုဘိုက်ကိုခေါ်ကြပါတယ်။ ဒါကြောင့်မို့လို့ ဂျပန်မှာနေထိုင်နေတဲ့ နိုင်ငံခြားသားတွေကတော့ နည်းနည်း နားမလည်တာမျိုးတွေရှိပါတယ်။ ဥပမာ 「バイク通行禁止」Bike မဝင်ရလို့ရေးထားရင် စက်ဘီးမဝင်ရဆိုပြီးတော့ အထင်လွဲတာမျိုးတွေလဲရှိပါတယ်။
နောက်ပြီးတော့ စက်ဘီးကိုတော့ チャリンコ ကိုအတိုကောက်အနေနဲ့ (チャリ:chari) လို့လဲခေါ်ကြပါတယ်။စက်ဘီးရဲ့ ဘဲလ်ကရဲ့ အသံကနေ ဆင်းသက်လာတယ်လို့လဲ ဆိုကြပါတယ်။
ママチャリ - mamachari ဆိုတာ
ママチャリ - mamachari ဆိုတာကတော့ ဂျပန်မှာ အသုံးများတဲ့စကားလုံးဖြစ်ပြီးတော့ အမေ့ရဲ့ စက်ဘီးလို့အဓိပ္ပာယ်ရပါတယ်။ စက်ဘီးရဲ့ အရှေ့မှာ ကလေးကိုတင်ပြီးတော့ စက်ဘီးအနောက်မှာ ကလေးနောက်တစ်ယောက်ကိုတင်ပြီးတော့ သွားတဲ့ စက်ဘီးဖြစ်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
ဂျပန်မှာ စက်ဘီးဝယ်နည်းနှင့် စက်ဘီးနှင့်ပတ်သက်တဲ့ ရှင်းလင်းချက်။
ဂျပန်မှာ စက်ဘီးကိုဘယ်မှာ ဝယ်ရမလဲ၊ ဘယ်လိုဝယ်ရမလဲဆိုတဲ့ အချက်တွေကိုဖော်ပြလိုက်ပါတယ်။ ဂျပန်မှာ တော့ ၃ မျိုးရှိပါတယ်။ ဝယ်မလား၊ ငှားမလား၊ မျှစီးမယ် ဆိုတဲ့ ၃မျိုးရှိပါတယ်။ ဒီနေရာမှာကို ကိုယ်တိုင်သုံးမယ့် စက်ဘီးဝယ်နည်းကို ဖော်ပြလိုက်ပါတယ်။ နောက်ပြီးတော့ ဝယ်ပြီးတဲ့ အချိန်မှာ လိုအပ်တဲ့ အချက်တွေကိုပါ ဖော်ပြလိုက်ပါတယ်။
ဂျပန်မှာ စက်ဘီးဝယ်နည်း
ဂျပန်မာစက်ဘီးဝယ်မယ်ဆိုရင်တော့ サイクルショップ လို့ခေါ်တဲ့ စက်ဘီးအရောင်းဆိုင်တွေမှာဝယ်ယူတာကတော့ အကောင်းဆုံးဖြစ်ပါတယ်။ တက်ဆင်ပြီးသားစက်ဘီးကိုလဲရယူနိုင်ပြီးတော့ 防犯登録 လို့ခေါ်တဲ့သူခိုးတားတဲ့ မှတ်ပုံတင်ကိုတင်ရမှာဖြစ်ပါတယ်။
Amazon တို့ Rakuten တို့မှာဝယ်ယူနိုင်ပေမယ့် ကိုယ်တိုင်တပ်ဆင်ရတာမျိုးတွေရှိနိုင်ပါတယ်။ နောက်ပြီးတော့ စက်ဘီးပျောက်ရှုခြင်း မှတ်ပုံတင်ကိုလဲ ကိုယ်တိုင်တင်ရတာမျိုးတွေရှိပါတယ်။ ဒါကြောင့်မို့လို့ နည်းနည်းတော့ အချိန်ပိုကုန်တာမျိုးတွေရှိနိုင်ပါတယ်။
ဂျပန်မှာရှိတဲ့ စက်ဘီးအရောင်းဆိုင်များ
- Asahi
- Seocycle
- Aeon Bike
- Cycle Sopt
စက်ဘီးအဟောင်းဝယ်နည်း
အကုန်အကျသက်သာချင်ရင်တော့ စက်ဘီးအဟောင်းကိုဝယ်တာလဲ ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ နောက်ပြီးတော့ အချိန်အတိုတွင်းမှာ ဂျပန်မှာနေမယ်ဆိုရင်လဲ အဟောင်းဆိုင်တွေကိုဝယ်ကြည့်သင့်ပါတယ်။ ဒါဆိုရင် စက်ဘီးအဟောင်းတွေကို ဘယ်မှာဝယ်ရမလဲဆိုတာကိုကြည့်လိုက်ကြရအောင်။
စက်ဘီးဆိုင်တွေမှာ ဝယ်နည်း
အပေါ်မှာ ဖော်ပြတဲ့ စက်ဘီးဆိုင်တော်တော်များများမှာလဲ စက်ဘီးအဟောင်းတွေကို ရောင်းလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်နဲ့ အနီးဆုံး စက်ဘီးဆိုင်ကိုကိုယ်တိုင် သွားကြည့်ပြီးဖြစ်စေ ဝက်ဘ်ဆိုက်ကနေ ဝင်ကြည့်ပြီးဖြစ်စေ ဝယ်ယူနိုင်ပါတယ်။
အဟောင်းအရောင်းဆိုင်တွေမှာဝယ်နည်း
BOOKOFF SUPER BAZAAR တို့လိုမျိုးဆိုင်ကြီးတွေမှာလဲ စက်ဘီးအဟောင်းတွေကိုရောင်းချပေးလေ့ရှိပါတယ်။ နောက်ပြီးတော့ Second Hand ပစ္စည်းတွေ အရောင်းအဝယ်လုပ်နိုင်တဲ့ အက်ပလီကေးရှင်းတွေမှာလဲ စက်ဘီးဟောင်းတွေကိုဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် အွန်လိုင်းကနေ ဝယ်တဲ့ အချိန်မှာတော့ အပြင်မှာကြည့်သလိုမျိုးသေချာမကြည့်နိုင်တဲ့ အတွက်ကြောင့်မို့လို့ ဒီတချက်ကိုတော့ သေချာစဥ်းစားရမှာဖြစ်ပါတယ်။
Recycle စင်တာ
မူရင်း - ©公益社団法人 杉並区シルバー人材センター
နောက်တစ်ခုကတော့ Recycle စင်တာ Recycle လုပ်ဖို့ ပစ်ထားတဲ့ အမှိုက်အကြီးအစားအမျိုးအစား စက်ဘီးတွေကိုလဲ ပြန်လည်ပြင်ဆင်ပြီးတော့ ရောင်းချတာမျိုးတွေရှိပါတယ်။ နောက်ပြီးတော့ စည်းကမ်းမလိုက်နာဘဲ သိမ်းထားတဲ့ စက်ဘီးတွေကို ပိုင်ရှင်က ပြန်လာယူခြင်းမရှိပါကလဲ အုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့ သိမ်းထားလေ့လဲရှိပါတယ်။ リサイクル自転車販売 ဆိုပြီးတော့ စက်ဘီးတွေကိုပြန်လည်ရောင်းချတဲ့ အချိန်တွေလဲရှိပါတယ်။
စက်ဘီးပိုင်ရှင်တွေရဲ့ တာဝန်နှင့် ဂျပန်နိုင်ငံရဲ့ စက်ဘီးမှတ်ပုံတင်နှင့် စက်ဘီးအာမခံ
စက်ဘီးဝယ်စီးတော့မယ်ဆိုရင်တော့ မှတ်ပုံတင်နှင့် စက်ဘီးကြောင့် မတော်တဆမှုတွေဖြစ်လာရင် ကာကွယ်နိုင်ဖို့ အာမခံဝင်ထားဖို့လိုအပ်ပါတယ်။ တစ်ခုချင်းစီကို ဘယ်လိုလုပ်ရမလဲ ဆိုတာကိုတချက်ချင်းကြည့်လိုက်ကြရအောင်။
自転車の防犯登録 - စက်ဘီးမှတ်ပုံတင်။
自転車の防犯登録 ဆိုတာကတော့ စက်ဘီးအခိုးခံရတာတွေကို အတတ်နိုင်ဆုံးကာကွယ်ပေးနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ စက်ဘီးရဲ့အခြေအနေနဲ့ စက်ဘီးပိုင်ရှင်ရဲ့ အချက်အလက်တွေကို မှတ်ပုံတင်ထားရပြီးတော့ တကယ်လို့ အခိုးခံရတဲ့ အချိန်မှာတော့ ပြန်ရနိုင်ချေလဲ ပိုပြီးတော့ မြှင့်တင့်လာနိုင်ချေရှိပါတယ်။နောက်ပြီးတော့ စက်ဘီးဝယ်တဲ့ သူတိုင်းမဖြစ်မနေလုပ်ရမယ့် အချက်ဖြစ်ပြီးတော့ မှတ်ပုံတင်ကြေးကတော့ ယန်း ၆၆၀ ကျသင့်ပါတယ်။ စက်ဘီးဆိုင်မှာဝယ်မယ်ဆိုရင်တော့ စက်ဘီဆိုင်မှာ ပဲ တခါတည်း မှတ်ပုံတင်လို့ရပါတယ်။ လိပ်စာကို ကြည့်နိုင်တဲ့ ကတ်ပြား (My Number Card, နေထိုင်ခွင့်ကတ်ပြား၊ အာမခံကတ်ပြား၊ ကားမောင်းလိုင်စင်) အစရှိတဲ့အရာတွေကို ပြပြီးတော့ မှတ်ပုံတင်စာရွက်မှာ နာမည်နှင့်ဆက်သွယ်ရမယ့် လိပ်စာကိုရေးပြီးတော့ ကျသင့်ငွေ ၆၆၀ ယန်းပေးချေရမှာဖြစ်ပါတယ်။
မူရင်း - ©香川県自転車軽自動車商協同組合
မူရင်း - © 一般社団法人 東京都自転車商防犯協力会
မှတ်ပုံတင်ပြီးပါက မှတ်ပုံတင်နံပါတ်ကိုစတေကာလိုစာရွက်နဲ့ ထုတ်ပေးပြီးတော့ စတေကာကိုစက်ဘီးမှာကပ်ထားလိုက်ပါ။ တကယ်လို့ ပျောက်သွားလို့ တိုင်ချက်ဖွင့်တဲ့ အချိန်ဖြစ်စေ၊ ပိုင်ရှင်ပြောင်းတဲ့ အချိန်မှာဖြစ်စေ လိုအပ်လာတာကတော့ 防犯登録カード ဖြစ်ပြီးတော့ ဒီကတ်ကိုလဲ တခါတည်းထုတ်ယူသွားရမှာဖြစ်ပါတယ်။ ဒီကတ်ပြားကိုတော့ အမြဲတမ်းကိုင်ဆောင်ထားတာမျိုးမဟုတ်ဘဲနဲ့ဖုန်းထဲမှာ သိမ်းထားရင် ရပါပြီ။
အွန်လိုင်းကနေတဆင့်ဝယ်တဲ့ စက်ဘီးတွေကိုတော့ မှတ်ပုံတင်ချင်ရင် 自転車防犯登録所 - စက်ဘီးမှတ်ပုံတင်ဌာနကိုသွားပြီးတော့မှတ်ပုံတင်နိုင်ပါတယ်။ မိမိရဲ့ ကိုယ်ပိုင်ကတ်ပြားတွေကိုပြီးတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုဖြည့်ပြီးတော့ ပိုက်ဆံပေးချေလိုက်ပါကပြီးပြီဖြစ်ပါတယ်။ ဒါပေမယ့် စက်ဘီးအသစ်ကိုဝယ်တဲ့ အချိန်မှာတော့ ဘောင်ချာ လိုအပ်သလို တကယ်လို အဟောင်း သို့မဟုတ် တခြားလူတစ်ယောက်စီကနေ ဝယ်ယူထားတဲ့ စက်ဘီးဆိုရင်တော့ အရင်ယူရဲ့ မှတ်ပုံတင်ကတ်ပြားလိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တစ်ယောက်ယောက်ဆီကနေ စက်ဘီးဝယ်ယူတော့မယ်ဆိုရင်တော့ မဖြစ်မနေ မှတ်ပုံတင်ကတ်ပြားကိုတောင်းယူဖို့လိုအပ်ပါတယ်။
ဂျပန်မှာစက်ဘီခိုးယူခံရမှုများ
ဂျပန်မှာတော့ စက်ဘီဠိုယူခံရမှုတွေကတော့ အတွေ့ရများတဲ့ အရာတစ်ခုဖြစ်ပါတယ်။ au ပစ္စည်းဆုံးရှုံးမှုအာမခံ ကုမ္ပဏီကနေပြီးတော့ ကောက်ခံခဲ့တဲ့ စစ်တမ်းတွေအရ တိုကျိုအတွင်းမှာ စက်ဘီးအခိုးခံရမှုအရေအတွက်ကိုကြည့်လိုက်တဲ့ အချိန်မှာ လူဦးရေ ၁၂၀၀ဦးမှာ ၄၀.၉ ရာခိုင်နှုန်းက စက်ဘီးအခိုးခံရဖူးတယ်ဆိုပြီးတော့ ဖြေဆိုခဲ့ကြပါတယ်။ နောက်ပြီးတော့ (၄၉၁ ဦး) ထဲမှာ ၆၆.၈ ရာခိုင်နုျန်းကတော့ စက်ဘီးကို သော့တစ်ထပ် သာခံထားပါတယ်လို့ဖြေဆိုကြပြီးတော့ သော့လုံးဝ မခတ်ထားဘူးလို့ဖြေဆိုကြတဲ့သူကတော့ ၂၄.၂ ရာခိုင်နှုန်းရှိပါတယ်။ ၉ ရာခိုင်နှုန်းကတော့ သော့ကို ၂ ထပ်ခပ်ထားကြတယ်လို့ဆိုကြပါတယ်။ ဒါကြောင့်မို့လို့ အခိုးမခံရအောင်ဆိုရင် သော့ကို ၂ ကြိမ်ခပ်ထားသင့်တယ်လို့ တွေ့ရမှာဖြစ်ပါတယ်။
※ စစ်တမ်း မူရင်း - PR TIMES 『~東京都における自転車の盗難に関する調査~都内自転車利用者の4割以上が盗難経験あり 盗まれた自転車の約7割は施錠あり 盗難防止には補助錠などで二重ロックを』
စက်ဘီးအာမခံ
自転車保険 လို့ခေါ်တဲ စက်ဘီးအာမခံကတော့ ဒေသအပေါ်မူတည်ပြီးတော့ မဖြစ်မနေလုပ်ရမယ်ဆိုပြီးတော့ ပြဌာန်းထားပါတယ်။ ၂၀၂၃ ခုနှစ်စစ်တမ်းအရ မဖြစ်မနေ စက်ဘီးအာမခံ ဝင်ထားရမယ်ဆိုတဲ့ နေရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Miyagi ken, Akita ken, Yamagata ken, Fukushimaken, Tochigi ken, Gunma ken, Saitama ken, Chiba ken, Tōkyōto, Kanagawa ken, Nīgata ken, Fukui ken, Yamanashi ken, Nagano ken, Gifu ken, Shizuoka ken, Aichi ken, Mie ken, Shiga ken, Kyōtofu, Ōsakafu, Hyōgo ken, Nara ken, Kagawa ken, Ehime ken, Fukuoka ken, Kumamoto ken, Ōita ken, Miyazaki ken, Kagoshima ken
ဒီမှာဖော်ပြထားတဲ့ နေရာတွေအပြင် တချို့စီရင်စုနှင့် ခရိုင်ရဲ့ မြို့နယ်၊ ရပ်ကွက်တွေမှာလဲ မဖြစ်မနေ ဝင်ရမယ့် နေရာတွေလဲရှိပါတယ်။
မူရင်း -ဂျပန်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနhttps://www.mlit.go.jp/road/bicycleuse/promotion/index.html
အာမခံဝင်ဖို့အတွက်ကတော့ အောက်ပါနေရာတွေမှာ ဝင်ရောက်နိုင်ပါတယ်။
- စက်ဘီးရောင်းဆိုင်။
- အာမခံ ကုမ္ပဏီ။
- ကွန်ဘီနီ။
စက်ဘီးအာမခံကတော့ စျေးနှုန်းသက်သာပြီးတော့ တစ်နှစ်ကို ယန်း ၅၀၀၀ ဖြစ်ပါတယ်။ လချင်းပေးလို့ရတဲ့ နေရာတွေလဲ ရှိသလို တစ်နှစ်တာလုံးစာပေါင်းပေးရတာမျိုးတွေလဲရှိပါတယ်။
ဂျပန်ရဲ့ အငှားစက်ဘီးနှင့် မျှသုံးစက်ဘီးတွေအကြောင်း။
နေ့တိုင်းစက်ဘီးမလိုအပ်ဘူးဆိုရင်တော့ အငှားစက်ဘီးနှင့် မျှသုံးစက်ဘီးတွေကိုအသုံးပြုသင့်ပါတယ်။ ဒီနေရာမှာတော့ အငှားစက်ဘီးနှင့် မျှသုံးစက်ဘီးတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာကိုဖော်ပြသွားပါမယ်။
အငှားစက်ဘီး
အငှားစက်ဘီးဆိုင်တွေကတော့ ပုံမှန်မြို့ရွာတွေမှာ သိပ်ပြီးတော့ မတွေ့ရပေမယ့် ခရီးသွားဖွံ့ဖြိးတဲ့ နေရာတွေမှာတွေ့နိုင်ပါတယ်။ အများအားဖြင့် ခရီးသွားဒေသတွေရဲ့ ဘူတာတွေရဲ့ အရှေ့မှာတွေ့နိုင်ပါတယ်။ နောက်ပြီးတော့ အင်တာနက်ကနေပြီးတော့ ရှာဖွေနိုင်ပါသေးတယ်။ ဆက်သွယ်ရေးလဲ ကောင်းပြီးတော့ စျေးနှုန်းလဲကောင်းမွန်တဲ့ ဆိုင်တွေထားရင်တော့ ကြိုတင်ပြီးတော့ ဘိုကင်လုပ်ထားသင့်ပါတယ်။
အငှားစက်ဘီးတွေကို အသုံးပြုဖို့ဆိုရင်တော့ အောက်ပါစာရွက်စာတမ်းတွေကိုလိုအပ်ပါတယ်။
- ငွေသား
- မှတ်ပုံတင်ကတ်ပြား
- ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာ
စက်ဘီးမျှစီးခြင်း။
မျှသုံးစက်ဘီးတွေကတော့ ဂျပန်မှာရေား တခြားနိုင်ငံမှာရောစနစ်အတူတူဖြစ်ပါတယ်။ စက်ဘီးတွေကိုတော့ စက်ဘီးပါကင်မှာတန်းစီထားတာတွေ့နိုင်ပါတယ်။ စက်ဘီးသော့ဖြည်ဖို့အတွက်ဆိုရင်တော့ အရင်ဆုံး အက်ပလီကေးရှင်းကနေပြီးတော့ ကြိုတင်ပြီးတော့ မှတ်ပုံတင်ထာူဖို့လိုအပ်ပါတယ်။ ပြန်အပ်တဲ့ အချိန်မှာလဲ စက်ဘီးပါကင်က လွတ်နေမယ်ဆိုရင် မူလနေရာမှာမဟုတ်လဲရပါတယ်။
ဂျပန်မှာ စက်ဘီးမျှသုံးဝန်ဆောင်မှု တချို့ကိုဖော်ပြလိုက်ပါတယ်။
စက်ဘီးမစီးခင် သိထားရမယ့် စည်းမျဥ်းစည်းကမ်းများ။
ဂျပန်နိုင်ငံ ရဲဌာန - HOW TO RIDE A BICYCLE THE RIGHT WAY
စက်ဘီးလဲရလာပြီးဆိုရင်တော့ စည်းမျဥ်းစည်းကမ်းတွေကိုသိထားဖို့လိုအပ်လာပြီးဖြစ်ပါတယ်၊ နောက်ပြီးတော့ ဂျပန်က တချို့စက်ဘီးစည်းမျဥ်းစည်းကမ်းတွေကတော့ မြန်မာနဲ့ မတူတဲ့ အချက်တွေလဲရှိတြံ အတွက်ကြောင့်မို့လို့ သေချာလေးဖတ်ပြီးမှ စက်ဘီးစီးဖို့ လိုအပ်ပါတယ်။
-
ဂျပန်ကတော့ ဘယ်ကပ်မောင်းတဲ့စနစ်ဖြစ်ပါတယ်၊ တတ်နိုင်သလောက် လမ်းနံဘေးကိုကပ်ပြီတော့ မောင်းပါ။
-
အရက်သောက်ပြီး စက်ဘီးစီးလိူ့မရပါ။
-
စက်ဘီးကို ၂ ယောက်စီးခွင့်မပြုပါ။ သို့သော် ကလေးတင်စီးတာကတော့ ခြွင်းချက်ဖြစ်ပါတယ်။
-
ညဘက်စီးတဲ့ အချိန်မှာတော့ လုံးဝ မီးဖွင့်ပြီးမောင်းရမှာဖြစ်ပါတယ်။
-
ရပ်ရမယ့်နေရာမှာသေချာရပ်ဖို့လိုအပ်ပါတယ်၊
-
မီးပွိုင့်ကိုလဲ သေချာလိုက်နာရမှာဖြစ်ပါတယ်။
-
လမ်းလျှောက်စင်္ကြာပေါ်ကနေမောင်းလို့မရပါဘူး။ စက်ဘီးသီးသန့်လမ်းမရှိလို့ လူသွားလမ်းကနေမောင်းမယ်ဆိုရင်တော့ လမ်းလျှောက်နေတဲ့ သူကို ဦးစားပေးရမှာဖြစ်ပြီး အရှိန်ကိုလဲလျှော့မောင်းရမှာဖြစ်ပါတယ်။
-
လူကူးမျဥ်းကြားကနေ ဖြတ်ကူးမယ်ဆိုရင်တော့ စက်ဘီးကိုတွန်းပြီးတော့ဖြတ်ကူးရမှာဖြစ်ပါတယ်။
-
ဦးထုပ်ကို စနစ်တကျစီးပြီးမောင်းပါ။
-
လမ်းလေးဆုံးကိုဖြတ်ကူးတဲ့ (ညာဘက်ကွေ့တဲ့ အချိန်မှာ) နှစ်ဆင့်အသုံးပြုပြီးဖြတ်ပါ။
ဒီအချက်အလက်တွေကိုသေချာဖတ်ပြီးတော့ စည်းမျဥ်းစည်းကမ်းလိုက်နာပြီးတော့ စက်ဘီးစီးရမှာဖြစ်ပါတယ်။
စက်ဘီးပါကင်ရဲ့ စည်းမျဥ်းစည်းကမ်းများ
စူပါမားကတ်တွေနှင့် တချို့စျေးတန်းတွေ၊ ကွန်ဘီနီနှင့် ခရိးသွားဒေသ၊ ပန်းခြံတွေမှာ အခမဲ့ စက်ဘီးရပ်လို့ရတဲ့နေရာတွေရှိပါတယ်။ တချို့နေရာမှာတော့ စက်ဘီးပါကင်တွေမှာပိုက်ဆံပေးပြီးရပ်ရပြီးတော့ တနာရိ သို့မဟုတ် တစ်နေ့တာ စျေးတွေနဲ့ အသုံးပြုနိုင်ပါတယ်။ တချို့စာချုပ်ချုပ်ပြီးတော့ သတ်မှတ်ကာလအတွင်းရပ်နိုင်တာမျိုးတွေလဲရှိပါတယ်။
စက်ဘီးသေချာမရပ်ပါက ဒဏ်များ
「駐輪禁止」လို့ရေးထားတဲ့ စက်ဘီးမရပ်ရလို့ရေးထားတဲ့နေရာတွေမှာ လုံးဝစက်ဘီးရပ်လို့မရပါဘူး။
မတရားဝင်နေရာတွေမှာ စက်ဘီးရပ်ထားမယ်ဆိုရင်တော့ စက်ဘီးတွေကိုဒီအတိုင်း သိမ်းသွားမှာဖြစ်ပြီးတော့ သိမ်းထားတဲ့နေရာအထိသွားပြီးတော့ သွားထုတ်ဖို့လိုအပ်ပါတယ်။ နေရာအပေါ်မှာမူတည်ပြီးတော့ ထိန်းသိမ်းထားတဲ့ အချိန်ကာလ ကွာခြားပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ကာလကျော်သွားမယ်ဆိုရင်တော့ ထုတ်ယူလို့မရတော့ပါဘူး။
အကျဥ်းချုပ်။
ဂျပန်မှာတော့ စက်ဘီးကိုအသုံးပြုတဲ့ သူတွေလဲ များပြားသလို စည်းမျဥ်းစည်းကမ်းတွေ အများကြီးရှိပါတယ်။ နောက်ပြီးတော့ စက်ဘီးပိုင်ရင်တော့ ဒီစက်ဘီးအပေါ်မှာထားတဲ့ တာဝန်ယူမှုတေလဲ လိုအပ်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလို အချက်တွေကို သေချာသိအောင်လုပ်ပြီးမှ စက်ဘီးစီးဖို့ လိုအပ်ပါတယ်။