Togakushi ခရိုင် သည်တိုကျိုအနောက်ဘက်ရှိ Nagano စီရင်စုတွင်တည်ရှိသည်။Nagano စီရင်စု၏မြို့တော်Nagano မြို့မှကားဖြင့်တစ်နာရီခန့်အကွာအဝေးတွင်တည်ရှိသည့်တောင်တန်းရွာတစ်ရွာဖြစ်သည်။
Togakushiဆိုတာက
ဂျပန်ဒဏ္ဌာရီတွင် ကောင်းကင်ဘုံမှကျရောက်လာသောကျောက်တုံးမှကျောက်တောင်ဖြစ်လာသည့် Togakushi တောင် ကိုဗဟိုပြုသောShugendoအစပြုရာကျေးရွာတစ်ရွာအဖြစ်တည်ရှိသည်။
နက်ရှိုင်းသောတောင်တန်းဒေသတွင်ရှိသော Togakushi soba ခေါက်ဆွဲထွက်ရှိရာနေရာလဲဖြစ်သည်။ဒဏ္ဌာရီအရTogakushiတောင် အနီးတွင်နတ်ဘုရားများကိုကိုးကွယ်ရန်နတ်ကွန်းများကိုတည်ဆောက်ခဲ့ပုံရသည်။ထို့နောက်မှာတော့တောထွက်သူများအတွက် Shugendo တရားကျင့်ရာနေရာတစ်ခုအဖြစ်ပေါ်ပေါက်လာပြီး Kamakura အချိန်ကာလတွင်၎င်းသည် Sansenbo Sanzan ဟုခေါ်သောတောထွက်သူများ၊တရားကျင့်သူများအားဆွဲဆောင်ခဲ့သည်။ Shugendoဆိုသည့်ပြင်းထန်စွာတရားလေ့ကျင့်ခြင်းသည်နောက်ဆုံးတွင် Togakuryu ninja အဖြစ်သို့ရောက်ရှိသွားသည်။
စာရေးသူရွေးချယ်သောဆောင်းပါး
Togakushi နတ်ကွန်း
ဒဏ္ဌာရီအရTogakushiတောင် တွင်နတ်ဘုရားများနေထိုင်နေသည်ဟုအယူရှိပြီးနတ်ကွန်းများလဲအများအပြားတည်ဆောက်ထားသည်။ Okusha, Chusha နှင့် Hokosha တို့ကို Togakushi Sansha ဟုခေါ်ကြသည်။ နှစ်ပေါင်း ၂,၀၀၀ ကျော်သမိုင်းကြောင်းရှိနတ်ကွန်းလည်းတည်ရှိပြီး၎င်းသည် Togakushi ခရိုင်၏ဗဟိုအဖြစ်တည်ရှိသည်။
Togakushi Ninja
ninjutsu နှင့် Shugendo အကြားရှိအဆက်အစပ်သည်နက်ရှိုင်းပြီး Shugendo အတွက်မြင့်မြတ်သောနေရာတစ်ခုအဖြစ်အောင်မြင်ခဲ့သော Togakushi နေရာသည် Ninja ၏မူလအစဟုလည်းလူသိများသည်။
Togakushi ရိုးရာပြတိုက် Ninja ပြတိုက်
Okusha နတ်ကွန်းရှေ့တွင်Togakushi ရိုးရာပြတိုက် Ninja ပြတိုက်ရှိသည်။
တစ်ဦးချင်းစီသော်၎င်း၊ မိသားစုဝင်များနှင့်သော်၎င်း၊မိတ်ဆွေသူငယ်ချင်းများနှင့်အိမ်ကြီးအတွင်းသို့၀င်ရောက်ကာ နင်ဂျာတို့၏နည်းပညာများကိုလေ့လာနိုင်သည်။
Kagamiike မှန်ရေကန်
နာမည်တွင်ဖော်ပြသည့်အတိုင်း Kagamiike မှန်ရေကန်သည်တိတ်ဆိတ်သောရေမျက်နှာပြင်ပေါ်တွင်ပတ်ဝန်းကျင်ရှိတောင်များကိုရောင်ပြန်ဟပ်နေသည်။Okusha နတ်ကွန်းမှ ၁၅ မိနစ်ခန့်ကားမောင်းလျှင်ရောက်သည်။ ရာသီပေါ် မူတည်၍ မျက်နှာအသွင်အပြင်အမျိုးမျိုးကိုတွေ့ရသော်လည်းဆောင်း ဦး မိုမိဂျိအရွက်များအရောင်းပြောင်းချိန်နှင့်ဆောင်းရာသီတွင်နေထွက်သည့်အချိန်သည်အလွန်လူကြိုက်များကာတစ်နိုင်ငံလုံးမှဓာတ်ပုံဆရာများစွာသည်ထိုရာသီတွင်လာစုဝေးကြသည်။
Togakushi soba
Togakushi sobaသည် ဂျပန်ရှိအဓိက Soba ခေါက်ဆွဲများထဲမှတစ်ခုဖြစ်သည်။ ၎င်းကိုရိုးရာနည်းလမ်းဖြင့်ပြုလုပ်ထားပြီး ရှေးခေတ်ကလက်ဆင့်ကမ်းသင်ခဲ့သောတုတ်တစ်ချောင်းဖြင့်ခေါက်ဆွဲမျှင်ဖြစ်အောင်လုပ်ထားသည်။Soba ခေါက်ဆွဲပြုလုပ်နည်းနှင့်“ botchimori” ဟုခေါ်သည့်ထူးခြားစွာတန်ဆာဆင်ထားပုံကနာမည်ကျော်ကြားသည်။စပါးမစိုက်ပျိုးနိုင်သည့်တောင်တန်းများတွင်ထွက်ရှိသည့် ခေါက်ဆွဲဟာလဲပဲTogakushi soba ဟုလူသိများလာသည်။