ဂျပန်ခရီးသွားမယ်ဆိုရင်သိထားသင့်သောအရာများ(Japan Travel)

ဘယ်နိုင်ငံဘဲခရီးသွားသွားစတင်ရင်ဆိုင်မှာကဘာသာစကားအခက်အခဲဖြစ်ပါတယ်။ခရီးသွားတဲ့ခဏဂျပန်စကားအလုံးစုံတတ်စရာမလိုဘဲလွယ်ကူတဲ့စကားလုံးများကိုအသုံးပြုလို့ရပါတယ်။အခုနောက်ပိုင်းဂျပန်စာနဲ့ပက်သက်လို့သင်ယူမှုတွေပိုများလာပြီး၊ဂျပန်စာကျောင်းတွေလည်းအများကြီးပေါ်ပေါက်လာပြီး၊ဂျပန်အကြောင်းစိတ်ဝင်စားမှုများပြားလာပါတယ်။ဂျပန်စာအုပ်ဆိုင်များလည်းများစွာပေါ်ပေါက်လာပြီး၊အလွယ်တကူလေ့လာလို့ရမယ့်စာအုပ်တွေထုတ်ဝေထားပါတယ်။ထိုထဲကမှခရီးသွားဖို့အတွက်လိုအပ်တဲ့လွယ်လွယ်ကူကူမှတ်လို့ရမည့်စာအုပ်(သို့မဟုတ်)အဘိဓာန်စာအုပ်လေးတွေဆောင်သွားသင့်ပါတယ်။

ခရီးသွားရာတွင်သိလိုသည့်အချက်များမေးမြန်းခြင်း

ဂျပန်လေဆိပ်ကနေထွက်ပြီးဆိုတာနဲ့စတင်မြင်ရမယ့်ဂျပန်စာ၊ခန်းဂျိတွေကိုနေရာစုံမှာမြင်ရမှာဖြစ်ပါတယ်။ဂျပန်စာတွေရဲ့အောက်မှာEnglishစာတမ်းလေးတွေရေးထားတတ်ပေမယ့်၊ကားစီး၊ရထားစီးနေရာတော်တော်များများမှာဂျပန်စာအသုံးပြုရမှာဖြစ်တာကြောင့်လွယ်လွယ်ကူကူဂျပန်စကားအတိုလေးတွေသိဖို့လိုအပ်ပါတယ်။နေရာအပေါ်လိုက်ပြီးမေးတာတွေ၊ရထားချိန်နဲ့ပတ်သက်လို့မေးတာတွေအတွက်ကိုယ်ယူလာတဲ့ခရီးသွားစာအုပ်လေးမှကြည့်ပြီးပြောဆိုနိုင်ပါတယ်။ဂျပန်မှာအချိန်ကိုလေစားတဲ့နိုင်ငံဖြစ်တာကြောင့်တစ်မိနစ်၊တစက္ကန့်နောက်ကျလို့မရပါဘူး။ဘူတာရုံထမ်းအနေနဲ့လည်းအမြဲတစေကူညီတတ်ပြီး၊တတ်နိုင်သလောက်ဂျပန်စာကိုအသုံးပြုပြီးမေးမြန်းနိုင်ပါတယ်။ မိမိတို့နေထိုင်မယ့်နေရာမေးကြည့်ချင်တဲ့အခါ၊ ကိုယ်သွားမယ့်နေရာအတွက်အခဲအခက်ဖြစ်နေတဲ့အချိန်အကူအညီတောင်းပြီးမေးလို့ရပါတယ်။

တိုကျိုရောက်ရင်သွားရောက်လည်ပတ်သင့်သောနေရာများ

တိုကျိုမှာလည်းသွားစရာနေရာအများကြီးရှိပြီး၊ရှင်ဂျူခု၊ရှိဘူယတို့လိုလူငယ်အကြိုက်နေရာများနှင့်ကျိုတိုမှာရှိတဲ့ဘုရားကျောင်းများသို့လည်းမြန်မာများသွားရောက်လည်ပတ်ကြပါတယ်။ဖူဂျီတောင်ကတော့မသွားမဖြစ်သွားသင့်တဲ့နေရာတစ်ခုဖြစ်ပြီး၊ဂျပန်အွန်စမ်းကခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့အတွက်သွားရောက်သင့်ပါတယ်။ဂျပန်စားစရာများမှာလည်းအရသာရှိလှပြီး၊ဆူရှီကဲ့သို့အစားအစာများကိုလည်းစားသင့်ပါတယ်။ရိုလာကိုစတာစတဲ့ကစားစရာနေရာအများကြီး၊ကန်းခြေများသို့လည်းသွားရောက်သင့်ပါတယ်။

လိုက်နာရမယ့်စည်းကမ်းများ

ဂျပန်မှာရထားစီးမယ်ဆိုရင်လူအများကတန်းစီပြီး၊အလှည့်ကြရထားထဲဝင်ရောက်ရပါမယ်။ကိုယ်ဝင်ချင်သလိုဝင်ရောက်ပါကလူအများရဲ့အထင်သေးများနဲ့ကြည့်ခြင်းခံရမည်။အမှိုက်ပစ်ရင်လည်းအမှိုက်ပုံးထဲထိရောက်အောက်ပစ်ရမှာဖြစ်ပြီး၊အမှိုက်များကိုစနစ်တကျခွဲပြီးပစ်ရမှာဖြစ်ပါတယ်။ရထားထဲမှာဖုန်းပြောခြင်းနဲ့စားသောက်ခြင်းကိုရှောင်ကြည်ရမှာဖြစ်ပါတယ်။ဆေးလိပ်ကိုသောက်ရမည့်နေရာကန့်သတ်ထားပြီး၊ဓါတ်လှေကားစီးတဲ့နေရာမှာလည်းတိုကျိုမှာဆိုရင်ဘယ်ဘက်ကနေစီးလေ့ရှိကြပြီး၊အိုဆာကာမှာညာဘက်ကနေစီးလေ့ရှိပါတယ်။လမ်းကူးတဲ့နေရာမှာလည်းစနစ်ကျလှပြီး၊လူကူးမျဥ်းကျားကနေစနစ်တကျကူးတတ်ကြပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ဂျပန်ခရီးသွားမယ်ဆိုရင်သိထားသင့်သောအရာများ(Japan Travel)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ