တိုကျို အနီးနားမှာရှိတဲ့ ဆိပ်ကမ်းမြို့ Yokohama မြို့ကို တစ်နေရာခရီးစဥ်။

ဂျပန်နိုင်ငံရဲ့ နာမည်ကြီးပြီး လူကြိုက်များတဲ့ မြို့တစ်မြို့ဖြစ်တဲ့ Yokohama မြို့ကတော့ ဂျပန်လူမျိုးတွေကြားထဲမှာသာမက ဂျပန်ကိုလာရောက်လည်ပတ်တဲ့နိုင်ငံခြားသားခရီးသွားတွေနှင့် ဂျပန်နိုင်ငံမှာနေထိုင်တဲ့ နိုင်ငံခြားသားတွေကြားထဲမှာလဲ နာမည်ကြီးပါတယ်။ နောက်ပြီးတော့ အပန်းဖြေစရာနေရာတွေလဲ အများကြီးရှိပါတယ်။ ဒီနေ့မှာတော့ ဒီ Yokohama မြို့ကို တစ်နေတာ လည်ပတ်နိုင်မယ့် အစီအစဥ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

မာတိကာ 

  1.  Yokohama မြို့။
  2.  Yokohama ရဲ့ မနက်ဘက်အစီအစဥ်။
  3.  Yokohama ရဲ့ နေ့ခင်းဘတ်အစီအစဥ်။
  4.  Yokohama ရဲ့ ညဘက်အစီအစဥ်။
  5.  Yokohama ရဲ့ နာမည်ကြီးအစားစာများ။
  6. အကျဥ်းချုပ်။ 

Yokohama မြို့ဆိုတာ။

 Yokohamaမြို့ကတော့ ဂျပန်မှာ ဒုတိယ လူဦးရေအများဆုံးမြို့ဖြစ်ပါတယ်။ တိုကျိုမြို့ကနေ တစ်နာရီကြာသွားရပြီးတော့ Kanagawa ခရိုင်မှာတည်ရှိတဲ့ မြို့ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ စတင်ဖွင့်လှစ်တဲ့ အချိန်မှာ Yokohama ဆိပ်ကမ်းကတော့ ပထမဆုံးဖွင့်လှစ်ခဲ့တဲ့နေရာဖြစ်ပြီးတော့ ကုန်သွယ်ရေးအတွက် အရေးပါးခဲ့တဲ့ ဆိပ်ကမ်းထဲကတစ်ခု ဖြစ်ပါတယ်။ ယနေ့ခေတ်အထိတိုင်အောင်လဲ Yokohama မြို့ကတော့ နိုင်ငံခြားသားတွေကြားထဲမှာလူကြိုက်များပြီးတော့ ဂျပန်မှာ အကြီးဆုံး တရုတ်တန်းကြီးရှိတဲ့ နေရာလဲဖြစ်ပါတယ်။ 

Yokohama ရဲ့ မနက်ဘက်အစီအစဥ်။

Yokohama Ramen ပြတိုက်

 Yokohama လို့ပြောလိုက်တာနဲ့ Yokohama Ramen ပြတိုက်ကတော့မသွားမဖြစ်သွားရမယ့်နေရာဖြစ်ပါတယ်။Yokohama Ramen ပြတိုက်မှာတော့ ကမ္ဘာ့တစ်ဝှမ်းလုံးနဲ့ချီပြီးတော့ နာမည်ကြီးတဲ့ ရာမင်အကြောင်းကိုအသေးစိတ်လေ့လာနိုင်မယ့်နေရာဖြစ်ပါတယ်။ မြေအောက်ထပ်မှာဆိုရင်တော့ အသင့်စားခေါက်ဆွဲ စတင်တည်ထွင်ခဲ့တဲ့ ၁၉၅၈ ခုနှစ်ကို ပုံဖော်ထားပါတယ်။ ဒီနေရာမှာဆို ရင်တော့ ဂျပန်နိုင်ငံဒေသ အနှံ့က ရာမင်ဆိုင်တွေကို တွေ့နိုင်ပါတယ်။ 

မြေညီထပ်မှာဆိုရင်တော့ Muromachi ခေတ်ကနေပြီးတော့ ဂျပန်နိုင်ငံအတွင်းကို ရာမင် စတင်ဝင်ရောက်လာတဲ့ သမိုးအကြောင်းတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ မြေညီ ဒုတိယခေတ်မှာဆိုရင်လဲ ရှောဝခေတ်ရဲ့ ပုံစံအတိုင်းပုံဖော် ထားတဲ့ ရာမင်ဆိုင်တွေလဲရှိပါသေးတယ်။ 

နေရာကတော့ Shin-Yokohama ဘူတာကနေလမ်းလျှောက်ပြီး ၃ မိနစ်အကြာမှာ ရောက်ရှိတဲ့နေရာဖြစ်ပါတယ်။ ဖွင့်ရက်တွေကတော့ မနက် ၁၁ နာရီကနေပြီး ည ၁၀ နာရီအထိဖြစ်ပါတယ်။ နှစ်သစ်ကူးပိတ်ရက်တွေမှာတော့ ပြတိုက်ကိုပိတ်ထားပါတယ်။ ဝင်ကြေးကတော့ လူကြီး ၃၈၀ ယန်း၊ ကလေး ၁၀၀ ယန်းဖြစ်ပါတယ်။

စီနီယာအရွယ်ဆိုရင် ယန်း၁၀၀ အသက် ၆ နှစ်အောက်ဆိုရင်တော့ အခမဲ့ဖြင့်ဝင်ရောက်နိုင်ပါတယ်။

Sankeien ပန်းခြံ 

  • နေရာ - 58-1, Honmoku Sannotani, Naka-ku, Yokohama, 231-0824
  • ဝင်ကြေး - လူကြီး (၁၅ နှစ်နှင့်အထက်) ယန်း ၉၀၀၊ ကလေး ယန်း ၂၀၀။
  • ဖွင့်ချိန် - 9:00am-5:00pm

နောက်ထပ် နေရာတစ်နေရာကတော့ Sankeien ပန်းခြံ ဖြစ်ပါတယ်။ 175,000 စတုရန်းမီတာကျယ်ဝန်းပြီးတော့ တစ်နှစ်ပတ်လုံးမှာ ရာသီလေးမျိုးအလိုက်အလှအပတွေနဲ့ ပြည့်နှက်နေတဲ့ နေရာဖြစ်ပါတယ်။ ပန်းခြံထဲမှာဆိုရင် အစိုးရ အသိမှတ်ပြုသမိုင်းအဆောက်အအုံတွေလဲ အများကြီးရှိပါတယ်။ ပန်းခြံကြီးတစ်ခုလုံးကတော့ Sankei Hara လို့ခေါ်တဲ့ အရမ်းချမ်းသာကြွယ်ဝတဲ့ ကုန်သည်ကြီးရဲ့ အိမ်ဖြစ်ပြီးတော့ အများပြည်သူအတွက် ၁၉၀၆ ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ ခြံကြီးကကျယ်ဝန်းလှပြီးတော့ ခြံအတွင်းမှာဆိုရင် ရေပန်းအသေးစားလေးတွေ၊ ဝါးရုံတောတွေနှင့် ရေကန်လေးတွေလဲ ရှိပါတယ်၊ 

Yokohama ဂိုဒေါင်အနီ 

နောက်ထပ် လည်ပတ်စရာနေရာကတော့ Yokohama ဂိုဒေါင်အနီ ဆိုတဲ့နေရာလေးဖြစ်ပါတယ်။ ဒီနေရာမှာဆိုရင်တော့ Yokohama ဆိပ်ကမ်းကြီးကို တစ်မျှော်တခေါ်ကြည့်ရှုနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒီအဆောက်အအုံကြီးကတော့ မူလမှာတော့ သင်္ဘော အဝင်အထွက်အတွက် စစ်ဆေးနဲ့နေရာအနေဖြင့် အသုံးပြုခဲ့ကြပါတယ်။ အနီးဆုံးဘူတာကတော့ Bashamichi ဘူတာ နှင့် Nihon-Odori ဘူတာတို့ကနေ နီးပြီးပါတယ် ။ ယနေ့ခေတ်မှာတော့ Yokohama ဂိုဒေါင်အနီ ကြီးကို ဒေသတွင်း အဖွဲ့ အစည်းနှင့် စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အသုံးပြုလေ့ရှိကြပါတယ်။ ဒါကြောင့်မို့လို့ အ‌ဆောက်အအုံအတွင်းမှာတော့ စျေးဝယ်ဖို့နေရာတွေ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ စျေးဝယ်ချင်တဲ့ သူတွေအတွက် သင့်တော်ပါတယ်။ 

Yokohama ရဲ့ နေ့ခင်းဘက်အစီအစဥ်။

Yamashita ပန်းခြံ 

  • နေရာ - 279 Yamashita-cho, Naka-ku, Yokohama 231-0023
  • ဝင်ကြေး - အခမဲ့။
  • ဖွင့်ချိန် - လွတ်လွတ်လပ်လပ်ဝင်ရောက်နိုင်။

နေ့ခင်းဘတ် အစီအစဥ်ရဲ့ ပထမဆုံးနေရာကတော့ Yamashita ပန်းခြံ ဖြစ်ပါတယ်။ Yokohama ကိုကိုယ်စားပြုတဲ့ ပန်းခြံလို့ဆိုနိုင်ပြီးတော့ ပင်လယ်ဘက်ကိုမျက်နှာမူထားတဲ့ ပန်းခြံဖြစ်ပါတယ်။ အနီးနားမှာရှိတဲ့ ဆိုင်တွေကတော့ နေ့လည်စာကိုယူဆောင်ပြီးတော့ ပန်းခြံထဲမှာ စားရင်း ပင်လယ်ကိုကြည့်ကြတဲ့ သူတွေလဲ အများကြီးရှိကြပါတယ်။ ပန်းခြံကတော့ ပင်လယ်ကမ်းတစ်လျှောက် ၇၅၀ မီတာခန့် ရှိပြီးတော့ Hikawa Maru လို့ခေါ်တဲ့ နာမည်ကြီးသင်္ဘောကြီးကို ဆိုက်ကမ်းကပ်ထားတာကိုလဲတွေ့မြင်နိုင်ပါတယ်။ 

Yamashita ပန်းခြံကိုလာရောက်လည်ပတ်တဲ့ သူတွေကလဲ များပြားလှပြီးတော့ အများအားဖြင့် နှင်းဆီပန်းပွင့်တဲ့ ရာသီမှာ လာရောက်လည်ပတ်တဲ့သူတွေ ပိုမိုများပြားပါတယ်။ နှင်းဆီပန်းပွင့်တဲ့ရာသီကတော့ မေလမှာဖြစ်ပါတယ်။

Yokohama တရုတ်တန်း

 Yokohama တရုတ်တန်း (横浜中華街, Yokohama Chūkagai) ကတော့ ဂျပန်မှာ အကြီးဆုံးတရုတ်တန်းဖြစ်ပြီးတော့ Yokohama ရဲ့ အလယ်မှာတည်ရှိပါတယ်။ တရုတ်တန်းမှာတော့ တရုတ်စတိုးဆိုင်တွေနှင့် တရုတ်ရိုးရာစား‌သောက်ဆိုင်တွေ အများကြီးတည်ရှိပြီးတော့ တရုတ်ရိုးရားအစားသောက်ကုန်တွေကိုလဲ ဝယ်ယူနိုင်ပါတယ်။ နောက်ပြီးတော့ တရုတ်ရိုးရာပွဲတော်တွေကိုလဲ ဒီနေရာမှာ ကျင်းပလေ့ရှိကြပါတယ်။ 

တရုတ်ရိုးရာအစားအသောက်တွေကလဲ မြန်မာလူမျိုးတွေကြားထဲမှာ ပေါ်ပြူလာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီနေရာရောက်ရင်လဲ အစားအသောက်တွေကို မြည်းစမ်းကြည့်ဖိူ့ အဓိကဖြစ်ပါလိမ့်မယ်။ တိုကျိုမှာနေတဲ့ မြန်မာလူမျိုးအများစုကလဲ Yokohama တရုတ်တန်းကို မဖြစ်မနေ သွားရောက်လေ့ရှိကြပါတယ်။ 

Cosmo World 

  • နေရာ - 2-8-1 Shinko, Naka-ku, Yokohama
  • ဝင်ကြေး - စီးတဲ့ ယာဥ်တွေအပေါ်လိုက်ပြီးကွာခြား။
  • ဖွင့်ချိန် - တနင်္လာကနေ သောကြာ မနက် ၁၁ နာရီမှ ည ၉ နာရီအထိ။ စနေ/တနင်္ဂနွေ - မနက် ၁၁ နာရီမှ ည ၁၀ နာရီအထိ။

 (※ကြာသတေးနေ့ ပိတ်သော်လည် ရာသီအပေါ်မူတည်တဲ့ အတွက်ကြောင့်ဝက်ဘ်ဆိုက်ကိုကိုးကားပါ။)

ကစားကွင်းတွေကိုသွားရတာကြိုက်နှစ်သက်ပါသလား။ ဒါဆိုရင်တော့ Cosmo World ကိုရောက်အောင်သွားဖို့တိုက်တွန်းချင်ပါတယ်။ Cosmo World ကတော့ လူကြီးလူငယ်မရွေးပျော်ရွှင်နိုင်မယ့် ကစားကွင်းဖြစ်ပြီး ညဘက်ရောက်ရင် ရောင်စုံကစားကွင်းနှင့် Yokohama ဆိက်ကမ်းအလှကို အပြည့်အဝ ခံစားနိုင်ပါတယ်။ အမှတ်တရ အပြည့်နဲ့ နေ့လည်ခင်းကိုဖန်တီးနိုင်ဖို့အတွက်  Cosmo World မှာ ကုန်ဆုံဖို့ထိုက်တန်တဲ့ နေရာတစ်ခုလဲဖြစ်ပါတယ်။ 

Yokohama ရဲ့ ညဘက်အစီအစဥ်။

Yokohama Osanbashi 

ညဘက်မှာသွားဖို့အတွက် ညွှန်းပေးချင်တဲ့ နေရာကတော့ Yokohama Osanbashi ဆိုတဲ့နေရာဖြစ်ပါတယ်။ Yokohama Osanbashi ဆိုတာကတော့ အပြည်ပြည်ဆိုင်ရာ သင်္ဘောဆိပ်ကမ်းကြီးဖြစ်ပါတယ်။ အကြီးစား တာမီနယ်ကြီးဖြစ်ပြီးတော့ စားသောက်ဆိုင်၊ လက်ဆောင်ပစ္စည်းဆိုင်၊ နားနေရာနှင့် ပွဲကျင်းပရာနေရာတွေ အများကြီးရှိပါတယ်။ လေ့လာကြည့်ရှုစရာအများကြီးရှိပေမယ့် လာရောက်တဲ့ သူတွေအားလုံးအတွက် ပျော်ရွှင်စရာတစ်ခုကတော့ Yokohama ဆိပ်ကမ်းရဲ့ ညဘက်မြင်ကွင်းကြီးကို ကြည့်ဖို့ဖြစ်ပါတယ်။ Date လုပ်ဖို့အတွက်လဲ အရမ်းကိုသင့်တော်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ညဘက်သွားဖို့ကို ညွှန်းပေးချင်ပါတယ်။ 

Landmark Tower 

  • နေရာ - 2-2-1 Minatomirai, Nishi-ku, Yokohama
  • ဝင်ကြေး - လူကြီး ယန်း ၁၀၀၀။ စီနီယာနှင့် အထက်တန်းကျောင်း - ၈၀၀ ယန်း။မူလတန်းနှင့် အလယ်တန်း - ၅၀၀ ယန်း။ ၄ နှစ်အောက် ၂၀၀ ယန်း။
  • ဖွင့်ချိန် - မနက် ၁၀ နာရီမှ ည ၉ နာရီအထိ။ 

နောက်ထပ် ညဘက်ထွက်လည်ဖို့ အဆင်ပြေတဲ့နေရာကတော့ Landmark Tower ဖြစ်ပါတယ်။ Landmark Tower ကတော့ Yokohama မှာ အမြင့်ဆုံးတာဝါဖြစ်ပြီးတော့ အထပ်ပေါင်း ၇၀ ရှိပါတယ်။ ၆၉ လွှာမှာတော့ ‌မျှော်စင်တည်ရှိရာနေရာဖြစ်ပါတယ်။ မျှော်စင်ကနေပြီးတော့ တိုကျို တခွင်ကို ကြည့်ရှုနိုင်တဲ့ အပြင် ရာသီဥတုသာယာတဲ့နေ့မှာဆိုရင် ဖူဂျီတောင်ကိုပါမြင်နိုင်ပါသေးတယ်။

Yokohama ရဲ့ နာမည်ကြီးအစားစာများ။

လည်စရာတွေပြီးသွားပြီဆိုရင် စားသောက်ချိန်ရောက်လာပြီဖြစ်ပါတယ်။ Yokohama ကတော့ လည်ပတ်စရာတွေသာမက အရသာရှိတဲ့ အစားသောက်တွေနဲ့လဲ ပြည့်နှက်နေတဲ့ နေရာလဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တစ်နေရာ အလည်အပတ်အစီစဥ်မျာ စားသောက်နိုင်မယ့် အစားအသောက်တွေကိုဖော်ပြသွားပါ့မယ်။ 

Iekei Ramen

Yokohama လို့ပြောလိုက်ရင် Yokohama Iekei Ramen ဖြစ်ပါတယ်။ Iekei Ramen

ကတော့ နာမည်ကြီးပြီးတော့ နေရာတိုင်းအလိုလိုမှာရရှိနိုင်ပေမယ့် စတင်ပေါ်ပေါ်က်ရာနေရာဖြစ်တဲ့ Yokohama မှာ မူလအရသာကို ခံစားစားသောက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါကြောင့်မို့လို့ Yokohama Iekei Ramen ကတော့ Ramen ကြိုက်တဲ့သူတွေအတွက် Yokohama သွားရင် စားသင့်တဲ့ အစားစာတစ်ခုဖြစ်ပါတယ်။

Sanma-men

Sanma-men ကလဲ Ramen အမျိုးအစားတစ်မျိုးဖြစ်ပြီးတော့ ဂျပန်နိုင်ငံ တဝှမ်းလုံးမှာပါကျော်ကြားတဲ့ ရာမင် အမျိုးအစားဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေနှင့် အရည်၊ အစားတို့ကို ရောထားတ့ ရာမင် အမျိုးအစားဖြစ်ပါတယ်၊။ Sanma-men ကိုတော့ အများအားဖြင့် တရုတ်ရိုးရာစားသောက်ဆိုင်တွေမှာသာမကာ ဒေသတွင်းရာမင်ဆိုင်တွေမှာပါ ဝယ်ယူစားသုံးနိုင်ပါတယ်။ 

တရုတ်ရိုးရာ အစားစာများ

Yokohama မှာဂျပန်မှာ အကြီးဆုံးတရူတ်တန်းကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ တရုတ်ရိုးရာ အစားစာတွေကို သေချာ စားခဲ့ဖို့တိုက်တွန်းချင်ပါတယ်။ ဘဲကင်၊ ဒင်းဆမ်း အစရှိတဲ့ တရုတ်ရိုးရာအစားစာတွေကို မူလ အရသာအတိုင်းစားသုံးနိုင်တဲ့ နေရာဖြစ်ပါတယ်။

အကျဥ်းချုပ်။ 

ဒီနေ့မှာတော့ တိုကျိုနဲ့ နီးတဲ့ လူကြိုက်များတဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Yokohama ကို တစ်နေတာခရီးစဥ်ကိုလည်ပတ်နိုင်မယ့်နေရာတွေနဲ့ အစားအသောက်တွေကိုဖော်ပြခဲ့ပါတယ်။ Yokohama တစ်နေ့တာ ခရိးစဥ်ကို ပျော်ပျော်ပါးပါးဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ တိုကျို အနီးနားမှာရှိတဲ့ ဆိပ်ကမ်းမြို့ Yokohama မြို့ကို တစ်နေရာခရီးစဥ်။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ