နွေရာသီမှာ တိုကျိုမြို့အတွင်းသွားရောက် အပန်းဖြေနိုင်မယ့် Water Park နှင့် ရေကူးကန်များ (၂၀၂၄ ခုနှစ်)

ဂျပန်နွေရာသီမှာပျော်စရာအကောင်းဆုံးတစ်ခုကတော့ နွေရာသီမှာ သီးသန့်ဖွင့်လှစ်တဲ့ Water Park နွေနဲ့ရေကန်တွေကို သွားလည်တာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ တိုကျိုမှာ လည်ပတ်လို့ရမယ့် နွေရာသီအစီအစဥ်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ 

မာတိကာ 

  1. Water Park နှင့်နွေရာသီရေကူးကန်များ။
  2. တိုကျိုမျို့အတွင်းဖွင့်လှစ်ထားတဲ့ Water Parkနှင့် ဖွင့်တဲ့ အချိန်ဇယားများ။
  3. တိုကျိုမြို့အတွင်းဖွင့်လှစ်ထားတဲ့ ရေကူးကန်များနှင့် ဖွင့်တဲ့ အချိန်ဇယားများ။
  4. ဂျပန်မှာရေကူးတဲ့ အချိန်တက်တူးနဲ့ဆိုရလား?
  5. အကျဥ်းချုပ် 

Water Park နှင့်နွေရာသီရေကူးကန်များ။

နွေရာသီမှာဆိုရင်တော့ outdoor water park တွေနှင့်ရေကူးကန်တွေမှာပျော်ဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီလိုနေရာတွေကတော့ နွေရာသီမှာသီးသန့်ဖွင့်တဲ့ နေရာတွေလဲဖြစ်ပါတယ်။ ဂျပန်မှာတော့ ရာသီ ၄ မျိုးစလုံးရှိတဲ့ အထဲမှာမှ နွေရာသီကပဲ ရေကူးဖို့သင့်တော်တဲ့ အပူချိန်ဖြစ်ပါတယ်။ outdoor ရေပူရေချိုးကန်တွေရှိပေမယ့် ရေကူးတဲ့ အချိန်မှာတော့ ရေအေးအေးလေးကိုချိုးချင်ကြတာတော့ လူတိုင်းဖြစ်ပါတယ်။ ပိုပြီးတော့လဲ သဘာဝနဲ့ နီးစပ်လို့ရလို့ဖြစ်ပါတယ်။

outdoor water park တွေနှင့်ရေကူးကန်တွေကတော့ ဇွန်လကနေပြီးတော့ စက်တင်ဘာလအထိဖွင့်ပေမယ့် ရာသီဥတုနဲ့ ဒေသ အပေါ်မူတည်ပြီးတော့ အချိန် အနည်းအငယ် အပြောင်းအလဲရှိနိုင်ပါသေးတယ်။ ပုံမှန်အားဖြင့် ရာသီဥတု စပြီးတော့ နွေးလာပြီးဆိုတာနဲ့ ရေကူးကန်တွေလဲ ဖွင့်လှစ်တာမျိုးဖြစ်ပါတယ်။ နောက်ပြီနွေရာသီကျောင်းပိတ်ရက်ဖြစ်တဲ့ ဇူလိုင်နဲ့ သြဂုတ်လတွေမှာတော့ ကျောင်းသားတွေနဲ့ ပြည့်နေတဲ့ အတွက်ကြောင့်မို့လို့ လူများလေ့ရှိကြပါတယ်။ ရေကူးကန်ကိုသွားတဲ့ အချိန်မှာတော့ အပူရှုပ်တိာကို သတိထားဖို့ လိုအပ်ပါတယ်။ ‌အမြဲတမ်းရေသေချာသောက်ပြီးတော့ sunscreen ကိုလဲ အသုံးပြုဖို့မမေ့ပါနဲ့။ဂျပန်နိုင်ငံက နွေရာသီက ပူအိုက်လွန်းပြီး မြန်မာပြည်နဲ့ မတူဘဲ စိုထိုင်အရမ်းမြင့်မားတဲ့ အတွက်ကြောင့်မို့လို့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ 

တိုကျိုမျို့အတွင်းဖွင့်လှစ်ထားတဲ့ Water Park နှင့် ဖွင့်တဲ့ အချိန်ဇယားများ။

ဒီနေရာမှာတော့ တိုကျိုတွင်းမှာရှိတဲ့ Water Parkတွေရဲ့ဖွင့်တဲ့ အချိန်တွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။

1. [Tokyo] Tokyo Summerland

ဓာတ်ပုံ - PR Times.

Tokyo Summerland (東京サマーランド) ကတော့ Akiruno မြို့၊ တိုကျို မှာဖြစ်ပြီးတော့ Shinjuku ဘူတာကနေပြီဂတော့ ၁နာရီခွဲလောက်နဲ့ ရောက်နိုင်တဲ့နေရာမှာရှိပါတယ်။ ဒီနေရာမှာတော့ဂျပန်နိုင်ငံရဲ့ အရှည်ဆုံး လျောစီးကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ နာမည်ကြီးပါတယ်။ ပြီးတော့ အတွင်းဘက်မှာဆိုရင်လဲ indoor လိပ်ခုံးပန်းခြံကြီးလဲရှိပြီးတော့ ဒီနေရာမှာဆိုရင်တော့ ရာသီမရွေး ပျော်ရွှင်ခံစားနိုင်ပြီး ရိုရာကိုစတာတွေနှင့် စီးစရာတွေအများကြီးပါဝင်ပါတယ်။

Tokyo Summerland မှာကလဲ စီးစရာတွေအများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ အရွယ်အစားကြီးမားမှုနှင့် စီးစရာတွေ အများကြီးရှိတဲ့ အတွက်ကြောင့် ကျော်ကြားပါတယ်။ ရေလွှာလျောစီးစုစုပေါင်း ၈ ခုရှိပြီးတော့ လူကြိုက်အများဆုံးတစ်ခုကတော့ “DEKASLA”ဖြစ်ပါတယ်။ でかい (Dekai) လို့ခေါ်တဲ့ ကြီးမားတယ်ဆိုတဲ့ အဓိပ္ပာယ်နှင့် スライダー (Suraida-) လို့ခေါ်တဲ့ “slide”ဆိုတဲ့ စကားလုံး နှစ်လုံးပေါင်းထားခြင်းဖြစ်ပါတယ်။ 

ဓာတ်ပုံ - PR Times.

ဒီနှစ်မှာတော့ ဇွန်လ ၂၉ ရက်နေ့မှာ MONSTER STREAM လို့ခေါ်တဲ့ ရေကန်အကြီးကြီးကို စတင်ဖွင့်လှစ်အုံးမှာဖြစ်ပါတယ်။ သဘာဝပုံစံဖန်တီးထားတဲ့‌ရေကန်ကြီးဖြစ်ပါတယ်။ 

ဖွင့်လှစ်မယ့် ရက်စွဲ - ဇွန် (စနေ၊တနင်္ဂနွေ)၊ဇူလိုင်မှ စက်တင်ဘာအထိ။

တရားဝင်ဝက်ဘ်ဆိုက်။ 

※ လက်မှတ်တွေကိုတော့ ကြိုတင်ဝယ်ယူစနစ်နဲ့ဝယ်ယူနိုင်ပါတယ်။ ကစားကွင်းရောက်မှဝယ်လို့မရပါဘူး။ လက်မှတ်တွေကိုတော့ တပတ်ကြိုပြီးတော့ဝယ်ယူနိုင်ပါတယ်။

※ နွေရာသီရောက်လို့ရှိရင်တော့ လက်မှတ်တန်ဖိုးတွေကွာခြားသွားပြီးတော့ စျေးနှုန်းတန်ဖိုးကတော့ ၃၆၀၀ ယန်းကနေ ၅၄၀၀ အတွင်းရှိပါတယ်။

[Tokyo] Yomiuriland WAI

Yomiuriland Water Amusement Island (WAI) ကတော့ နွေရာသီအတွင်းမှာသာဖွင့်လှစ်တဲ့နေရာဖြစ်ပြီးတော့ Inagi မြို့ Tokyo မှာရှိတဲ့ ရေကူးကန်ဖြစ်ပါတယ်။ဒီနေရာကတော့ ရှင်းဂျုကုဘူတာကနေပြီးတော့ ၂၅ မိနစ်အကြာမှာရှိပါတယ်။ ကမ်းခြေတွေ အုန်းပင်တွေနဲ့ အလှဆင်ထားပြီးတော့ အပူပိုင်းဒေသရဲ့ အားလပ်ရက်ပုံစံကို ဖန်တီးထားခြင်းဖြစ်ပါတယ်။ တိုကျိုမှာရှိတဲ့ နာမည်အကြီးဆုံးထဲက ‌ရေအားကစားကွင်းတစ်ခုဖြစ်ပြီးတော့ ရေကူးကန်၅ခုနှင့် ရေလွှာလျှောစီး ၈ ခုရှိပါတယ်။ 

၂၀၂၃ ခုနှစ်မှာတော့ “Wai Wai Jungle” လို့ခေါ်တဲ့ အပေါ်ကဓာတ်ပုံ ပုံစံနှင့်ဖန်တီထားခြင်းဖြစ်ပါတယ်။ လူကြီးတွေအတွက် သီးသန့် night pool ပွဲတွေကျင်းပလေ့ရှိပါသေးတယ်။

ဖွင့်ရက် - ဇွန်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၁၆ ရက်အထိ။

တရားဝင် ဝက်ဘ်ဆိုက် 

※ အွန်လိုင်းကနေတဆင့် လက်မှတ်တွေဝယ်ရင် လျှော့စျေးရပါတယ်။

※ လက်မှတ်အမျိုးအစားတွေ အမျိုးမျိုးရှိပြီးတော့ စျေးနှုန်းတွေလဲ အများကြီးရှိပါတယ်။ 

[Chiba] Hasunuma Water Garden

Hasunuma Water Garden (蓮沼ウォーターガーデン) ကတော့ Sammu မြို့၊ Chiba ခရိုင်မှာရှိပြီးတော့ Tokyo Dome ထက် 1.5 ဆအရွယ်အစားကြီးပါတယ်။ တိုကျိုကနေပြီးတော့လံ ၁နာရီခွဲအတွင်းမှာရောက်ရှိနိုင်တဲ့နေရာမှာရှိပါတယ်။ နောက်ပြီးတော့ Kujukuri ကမ်းခြေ (九十九里浜, Kujuukurihama) ရဲ့ အနီးအနားမှာရှိပါတယ်။ Kujukuri ကမ်းခြေကတော့ ဂျပန်မှာ အရှည်ဆုံးကမ်းခြေတစ်ခုဖြစ်ပြီးတော့ ကမ်းခြေပါ water park ပါ တစ်ခါတည်းပျော်ရွှင်ခံစားနိုင်ပါတယ်။ 

Hasunuma Water Garden မှာတော့ ဆွဲဆောင်တဲ့နေရာတွေ အများကြီးရှိပြီးတော့ ၁၉ ခုရှိပြီးတော့ မိသားစုအလိုက်ပျော်ရွှင်ဖို့ကောင်းတဲ့နေရာတစ်နေရာဖြစ်ပါတယ်။ “Splash Shaker (スプラッシュシェイカー)”လို့ခေါ်တဲ့ 182 မီတာခန့်ရှည်တဲ့ ရေလွှာလျှောစီးကြီးဖြစ်ပါတယ်။

  • ဖွင့်လှစ်တဲ့ရက် - ဇူလိုင် ၇ ရက်နေ့မှ စက်တင်ဘာလ ၁၆ ရက်နေ့အထိ။
  • လက်မှတ် - လူကြီး ၁၉၀၀ ယန်း၊ သပ်သပ်ဝင်ကြေး (300~600 Yen)။

ဝက်ဘ်ဆိုက် 

တိုကျိုမြို့အတွင်းဖွင့်လှစ်ထားတဲ့ ရေကူးကန်များနှင့် ဖွင့်တဲ့ အချိန်ဇယားများ။

 [Saitama] Seibuen Amusement Park Pool

Seibuen Amusement Park Pool (西武園ゆえんちプール) ကတော့ Seibu ပန်းခြံမှာရှိပြီးတော့ နွေရာသီမှာသာဖွင့်လှစ်တဲ့ water park နှင့် poolတွေကိုဖွင့်လှစ်ထားပါတယ်။ Tokorozawa မြို့ Saitama စီရင်စုမှာရှိပြီးတော့ ရှင်ဂျူကုကနေပြီးတော့ ၁ နာရီအတွင်းရောက်နိုင်ပါတယ်။ ဒီတစ်ခုကတော့ အပေါ်မှာမိတ်ဆက်ခဲ့တဲ့ အရာတွေထက် ပိုပြီးတော့ သေးပါတယ်။ ဒါပေမယ့် Seibuen ဆိုတဲ့ အားကစားကွင်းကိုပါသေချာခံစားနိုင်တဲ့ အတွက်ကြောင့်မို့လို့ အဆင်ပြေပါတယ်။နောက်ပြီးတော့ မီးပန်းပွဲတော်ပါကြည့်နိုင်မယ့်အခွင့်အရေးလဲရှိပါသေးတယ်။ 

  • ဖွင့်လှစ်တဲ့ ရက် - ဇူလိုင် ၆ ရက်မှ စက်တင်ဘာလ ၈ ရက်။
  • လက်မှတ် - လူကြီး ၄၉၀၀ ယန်း၊ ကလေး ၃၆၀၀ ယန်း။

※ တရားဝင်ဝက်ဘ်ဆိုက် 

 Kawagoe Aquatic Park

Kawagoe Aquatic Park (川越水上公園) ကတော့  Saitama စီရင်စု၊ Kawagoe မြိ့မှာရှိပြီတော့ outdoor activities တွေကိုလဲ ပြုလုပ်လို့ရမယ့်နေရာတွေ အများကြီးရှိပါတယ်။ ရေကူးရင်းလုပ်လို့ရတဲ့ activities တွေလဲရှိသလို၊ တခြား ဘောလုံးကန်၊ ဖူဆယ်၊ တင်းနစ် အစရှိတဲ့ ပျော်စရာတွေကိုလဲ လုပ်နိုင်ပါသေးတယ်။ နောက်ပြီး ရှုခင်းကလဲ အလွန်လှပြီးတော့ အရမ်းကိုစိတ်ပန်းဖြေနိုင်ပါသေးတယ်။ 

  • ဖွင့်လှစ်တဲ့ ရက် - ဇူလှိုင်လ ၁၃ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အထိ။
  • လက်မှတ် - လူကြီး ၇၃၀ ယန်း။

တရားဝင်ဝက်ဘ်ဆိုက် 

လက်မှတ်တွေကိုတော့ ကြိုတင်ဝယ်ယူစနစ်နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။

မိသားစုအလိုက် လက်မှတ်ကိုလဲ ဝယ်ယူလို့ရမှာဖြစ်ပြီးတော့ လူကြီး ၂ယောက်၊ကလေး ၂ ယောက် ပေါင်းပြီးတော့ ၁၆၇၀ ယန်းနဲ့ဝယ်ယူနိုင်ပါတယ်။

[Kanagawa] Oiso Long ကမ်းခြေ 

Oiso Long ကမ်းခြေ (⼤磯ロングビーチ)ကတော့ Oiso Prince Hotel ကနေပြီးတော့ ဖွင့်လှစ်ထားတဲ့ နေရာတစ်ခုဖြစ်ပြီးတော့ နွေရာသီမှာ ဖွင့်လှစ်လေ့ရှိတဲ့နေရာဖြစ်ပါတယ်။ Oiso Prince Hotel အနီးနားမှာဆိုရင်တော့ Sagami ပင်လယ်အော်ကြီးရှိပါတယ်။ 

Oiso Long ကမ်းခြေ ကတော့ ရေကူးကန် ၁၀ ရှိပြီးတော့ အမျိုးအစားတွေ အများကြီးရှိပါတယ်။ ဒီရေကန်ထဲက ၈ ခုကိုတော့ ဟိုတယ်မှာမတည်းလဲ ကူးလို့ရပြီးတော့ ကျန်တဲ့ ၂ ခုကိုတော့ ဟိုတယ်မှာတည်းတဲ့သူတွေအတွက်သီးသန့်ဖြစ်ပါတယ်။

※ လက်မှတ်စျေးနှုန်းတွေကလဲ ယန်း ၄၃၀၀ ကနေပြီးတော့ ယန်း ၄၇၀၀ အထိအမျိုးမျိုးရှိပါတယ်။

ဂျပန်မှာရေကူးတဲ့ အချိန်တက်တူးနဲ့ဆိုရလား?

တက်တူးတွေကိုလက်ခံတဲ့နေရာတွေအများကြီးရှိလာနေပြီဖြစ်ပေမယ့် တချို့နေရာတွေမှာတော့ တက်တိုးထိုးထားရင်ဝင်ခွင့်မရှိတဲ့နေရာတွေလဲ အများပြားရှိပါသေးတယ်။ အများအားဖြင့် တက်တူးတွေကိုတော့  gyms, water parks, pools,နှင့် ကမ်းခြေတွေမှာတော့ ဝင်လို့မရပါဘူး။ သို့ပေမယ့် စည်းမျဥ်းစည်းကမ်းတွေအပေါ်မူတည်ပြီးတော့ သွားလို့ရတဲ့နေရာတွေရှိသလို ဝင်လို့မရတဲ့နေရာတွေလဲရှိနိုင်ပါတယ်။ဒါကြောင့်မို့လို့ သွားရောက်လည်ပတ်မယ့်နေရာရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကိုသွားကြည့်ပြီးတော့ စည်းမျဥ်းစည်းကမ်းတွေကိုသေချာဖတ်ကြည့်ပါ။နောက်ပြီးတော့ ဒီလိုနေရာတွေမှာတော့ အရက်သောက်တာကိုလဲတားမြစ်ထားလေ့ရှိကြပါတယ်။

အကျဥ်းချုပ် 

တိုကျိုမှာနွေရာသီရောက်ရင် ပူလာပြီဆိုတော့ ရေကူးကန်တို့ရေလျာ့စီးတို့အစသဖြင့်ပျော်ရွှင်စရာတွေနဲ့ သွားရောက်လည်ပတ်နိုင်မယ့်နေရာတွေကိုဖော်ပြလိုက်ပါတယ်။ တချို့နေရာတွေကတော့ လက်မှတ်တွေကိုကြိုတင်ဝယ်ယူရမှာဖြစ်ပြီး တချို့နေရာတွေမှာတော့ တက်တူးထိုးထားတဲ့ ဝင်ခွင်မပြုတဲ့ စည်းမျဥ်းစည်းကမ်းတွေလဲရှိပါတယ်။ ဒါကြောင့်မို့လို တရားဝင်ဝက်ဘ်ဆိုက်ကိုသေချာကြည့်ပြီးမှသွားဖို့ အကြံပေးလိုက်ပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ နွေရာသီမှာ တိုကျိုမြို့အတွင်းသွားရောက် အပန်းဖြေနိုင်မယ့် Water Park နှင့် ရေကူးကန်များ (၂၀၂၄ ခုနှစ်)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ