ဂျပန်ရိုးရာ အရက်ဆိုင် Izakaya မှာ ဘယ်လိုအစားအသောက်တွေရရှိနိုင်မလဲ။

Izakaya (居酒屋) ဆိုတာကတော့ ဂျပန်ရိုးရာ ဘားအမျိုးအစားဖြစ်ပြီးတော့ လူစုဝေးပြီးသောက်ကြတဲ့ အပြင် ဂျပန်ရိုးရာအစားအသောက်တွေကိုပါ ရရှိနိုင်တဲ့ နေရာတစ်နေရာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒီလို ဂျပန်နိုင်ငံရဲ့ ရိုးရာဘားတွေမှာရရှိနိုင်တဲ့ အစားစာတွေနှင့် နာမည်ကြီးတဲ့နေရာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

မာတိကာ 

  1. Izakaya (居酒屋) ရဲ့အဓိပ္ပာယ်။
  2. Otoshi ဆိုတာဘာလဲ။
  3. Nomikai ဆိုတာဘာလဲ။
  4. ဂျပန်နိုင်ငံရဲ့ အဝစားနှင့် အဝသောက်စနစ်များ။
  5. Izakaya မှာတွေ့ရတဲ့ အစားအသောက်များ။
  6. Izakaya မှာတွေ့ရတဲ့ သောက်စရာများ။
  7. ဂျပန်နိုင်ငံမှာ နာမည်ကြီးတဲ့ အရက်ဆိုင်များ။

Izakaya (居酒屋) ရဲ့အဓိပ္ပာယ်။

izakaya (居酒屋) ဆိုတာကတော့ ဂျပန်စတိုင်လ် ဂျပန်ရိုးရာဘားကိုဆိုလိုတာဖစ်ပြီးတော့ လူတွေစုဝေးပြီးတော့ ပျော်ပါးသောက်စားလေ့ရှိကြတဲ့ နေရာဖြစ်ပါတယ်။ ဂျပန်မှာတော့ အများအားဖြင့် အလုပ်အပြန် သူငယ်ချင်းတွေ အလုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူဝိုင်းပြီးတော့ သောက်လေ့ရှိတဲ့ အလေ့အထရှိပါတယ်။ နောက်ဘက်အပြင်ထွက်ပြီးတော့ izakaya (居酒屋) မှာ အရက်သောက်တဲ့ အလေ့အထလဲရှိကြပါတယ်။ 

izakaya (居酒屋) ကတော့ ဂျပန်လို အောက်ပါအတိုင်း အဓိပ္ပာယ်ခွဲခြားနိုင်ပါတယ်။ 

居 (i) ဆိုတာကတော့ နေထိုင်တယ် တည်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီးတော့ 居酒屋 ဆိုတာကတော့ လူတွေ အတူတူရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်တာဖြစ်ပါတယ်။ 

酒 (sake) ကတော့ အရက်၊ ဂျပန်ရိုးရာအရက်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

屋 (ya) ဆိုတာကတော့ ဆိုင် သိုမဟုတ် အိမ်ကို အဓိပ္ပာယ်ဖော်ပါတယ်။ 

ဒိစကားလုံး ၃ လုံးပေါင်းပြီးတော့ အရက်ဆိုင်၊ ဘားဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်သွားတာဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံမှာတော့ အရက်ဆိုင်တွေကို နေထိုင်သက်သာအဆင်ပြေပြီးတော့ ကြိုဆိုကောင်းမွန်တဲ့ နေရာတစ်ခုအနေနဲ့ လူငိကြပြီးတော့ အများအားဖြင့် သစ်သားနှင့် ပြုလုပ်ထားတဲ့ ဆိုင်တွေဖြစ်ပါတယ်။ နောက်ပြီးတော့ တချို့ဆိုင်တွေမှာတော့ ဖျာခင်းပြီးတော့ ထိုင်ရတဲ့ နေရာတွေလဲရှိပြဂီတော့ ကြမ်းပြင်ပေါ်မှာတိုက်ရိုက်ထိုင်နိုင်ပါတယ်၊ တချို့ဆိုင်တွေကတော့ စားပွဲအသေးစားလေးတွေနဲ့ ပြထားတာကိုလဲတွေ့နိုင်ပါတယ်။ အမြဲတမ်းအရက်ဆိုင်တွေကတော့ စည်းကားနေလေ့ရှိပြီးတော့ စကားပြောသံရယ်သံတွေနှင့် ဆူညံနေလေ့ရှိပါတယ်။ 

Otoshi ဆိုတာဘာလဲ။

Otoshi (お通し) ဆိုတာကတော့ အရက်ဆိုင်တွေမှာ မှာထားတဲ့ အစားစာတွေ မလာခင် appetizer အနေနဲ့ လာချပေးလေ့ရှိတဲ့ ဂျပန်ရိုးရာဖြစ်ပါတယ်။ အများအားဖြင့် Otoshi (お通し) တွေကတော့ ပိုက်ဆံပေးရလေ့ရှိပါတယ်။Otoshi (お通し) ရဲ့ ရည်ရွယ်ချက်ကတော့ မှာထားတဲ့ အစားအသောက်တွေကိုစောင့်နေတဲ့ အချိန်မှာ စားရင်းစောင့်နိုင်ဖို့ဖြစ်ပါတယ်။ ဆိုင်အပေါ်မူတည်ပြီးတော့ အမျိုးအစားတော့ကွာခြားနိုင်ပါတယ်။ အများအားဖြင့် အရွက်သုပ်အသေးစားလေးနှင့် ဟင်းရွက်ချဥ်နှင့်တိုဖူး တို့ပဲဖြစ်ပါတယ်။ နောက်ပြီးတော့ Otoshi ဆိုတာတော့ စားသုံးသူက မယူဘူးဆိုပြီးတော့ ရွေးချယ်ခွင့်ရှိတာမျိုးမဟုတ်ဘဲနဲ့ ဆိုင်ဘက်ကတော့ တိုက်ရိုက်လာပြီးတော့ချပေးတာဖြစ်ပါတယ်။ Otoshi ကိုငြင်းဆန်တာကလဲ မယဥ်ကျေးရာရောက်ပါတယ်။ ကျသင့်တဲ့ ငွေပမာဏလဲ ဆိုင်မပေါ်မူတည်ပြီးတော့ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် အများအားဖြင့် ယန်း ၃၀၀ နှင့် ၅၀၀ ကြားဖြစ်ပါတယ်။ 

Nomikai ဆိုတာဘာလဲ။

Nomikai (飲み会) ဆိုတာကတော့ လူမှုပေါင်းသင်းဆက်ဆံရေးအတွက် အလုပ်ဖော်ကိုင်ဖက်တွေနဲ့ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေ သွားရောက်ပြီးတော့ စုဖွဲ့ပြီးသောက်လေ့ရှိတဲ့ ယဥ်ကျေးမှုဖြစ်ပါတယ်၊ 

Nomikai (飲み会) ကတော့ သူငယ်ချင်းနဲ့ ဖြစ်စေ၊ အလုပ်ဖော်ကိုင်ဖက်တွေနဲ့ဖြစ်စေ ဆက်ဆံရေးတစ်ခုကို ထူထောင်နိုင်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုလေ့ရှိကြပါတယ်။ Nomikai မှာဆိုရင်တော့ စိတ်ပြေလက်ပျောက်နဲ့ ကြားမှာရှိတဲ့ ဆက်ဆံရေးတံတိုင်းတွေကိုဖြိုချပြီးတော့ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အခွင့်အရေးတရပ်ကိုလဲ ဖန်တီးနိုင်ပါသေးတယ်။ ဥပမာ ကိုယ့်ထက်ရာထူးကြီးတဲ့ သူတွေနဲ့ သွားတဲ့ အချိန်ဖြစ်စေ ဒီလိုရာထူးတွေကိဘေးချိတ်ပြီးတော့ အားလုံးနဲ့ တန်းတူဆက်ဆံနိုင်မှာဖြစ်ပါတယ်။ 

Nomikai မှာတော့ အဓိကကတော့ အရက်ဖြစ်ပြီးတော့ အစားအသောက်တွေကလဲ အရမ်းကိုအရသာရှိလှပါတယ်။ ပါဝင်တဲ့သူတွေကတော့ အစားအသောက်အမျိုးမျိုးကိုမှာယူလေ့ရှိကြပြီးတော့ ဒီဟာတွေကို အားလုံးနဲ့အတူတူ မျှလေ့ရှိကြပါတယ်။ 

Nomikai ပြီးသွားရင်လဲ အဖွဲ့ အလိုက်အတူတူထွက်သွားလေ့ရှိကြပါတယ်။ ဒါမှမဟုတ် 二次会 (Nijikai) ဆိုပြီးတော့ ဒုတိယမြောက်ပွဲကို ဆက်ပြီးတော့ သွားတဲ့သူတွေလဲရှိကြပါတယ်။ 

ဂျပန်နိုင်ငံရဲ့ အဝစားနှင့် အဝသောက်စနစ်များ။

ဂျပန်က  izakaya တချို့မှာတော့ Tabehoudai (食べ放題) အဝစားနှင့် Nomihoudai (飲み放題) အဝသောက်စနစ်တွေနာမည်ကြီးကျော်ကြားပါတယ်။ 

Tabehoudai ဆိုတာကတော့ သတ်မှတ်ထားတဲ့ အစားစာတွေကိုတော့ အချိန်တစ်ခုသတ်မှတ်ထားပြီးတော့ ဒီသတ်မှတ်ချိန်အတွင်းမှာ စားရတဲ့ စနစ်မျိုးဖြစ်ပါတယ်။ Nomihoudai (飲み放題) အဝသောက်စနစ်ကလဲ ပုံစံတူပဲ သတ်မှတ်ထားတဲ့ ချိုရည်၊ အရက်တို့ကို အဝသောက်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ နောက်ပြီးတော့ コース (Ko-su) ဆိုတဲ့ မီနူးပုံစံမျိုးလဲရှိပါသေးတယ်။ コース (Ko-su) ဆိုတာကတော့ အစားအသောက်နှင့် သောက်စရာတွေကို တွဲထားပေးတဲ့ ပူံစံမျိုးဖြစ်ပြီးတော့ အများအားဖြင့် အမြည်း၊ အဓိကအစားစာ၊ အရံဟင်း၊ အချိုပွဲတွေပါဝင်လေ့ရှိပါတယ်။ 

Izakaya မှာတွေ့ရတဲ့ အစားအသောက်များ။

 izakaya မှာတော့ မျှပြီးတော့ စားသောက်လို့ရတဲ့ ဂျပန်ရိုးရာ အစားစာတွေအများကြီးရှိပါတယ်။ အဲဒီထဲက တချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

  • Yakitori (焼き鳥) : ကတော့ ကြက်သားကင်ဖြစ်ပြီးတော့ အရသာအနေနဲ့တော့ ဆားအရသာ (shio) သို့မဟုတ် ဆော့စ်အရသာတို့ရှိပါတယ်။ နောက်ပြီးတော့ ကြက်သားအစိတ်အပိုင်းတွေဖြစ်တဲ့ ပေါင် (momo), အတောင်ပံ (tebasaki), နှလုံး (hatsu), တို့ကို အများဆုံးတွေ့မြင်နိုင်ပါတယ်။ 
  • Karaage (唐揚げ) : ဂျပန်ရိုးရာ ကြက်သားကြော်ကလဲ ဂျပန်ရိုးရာ အရက်ဆိုင်တွေမှာ နာမည်ကြီးတဲ့ အစားစာတစ်မျိုးဖြစ်ပါတယ်။ အများအားဖြင့် သံပရိုသီညစ်ပြီးတော့ စားသောက်လေ့ရှိကြပါတယ်။ 
  • Edamame (枝豆): ပြုတ်ပြီးတော့ ဆားအရသာအနည်းငယ်ပါဝင်နေတဲ့ ပဲစိမ်းတွေကတော့ အရက်ပွဲတွေကို မပါမဖြစ်ဖြစ်ပါတယ်။ ရိုးရှင်းပြီးတော့ ကျန်းမာရေးနဲ့ ညီတဲ့ အတွက်ကြောင့်မို့လို့လဲ လူကြိုက်များကြပါတယ်။ 
  • Tempura (天ぷら) : အကြော်စုံတွေကလဲ ဂျပန်ရိုးရာအရက်ဆိုင်တွေမှာ နာမည်ကြီးတဲ့ အစားစာတစ်ခုဖြစ်ပါတယ်။ နာမည်ကြီးတဲ့ အကြော်တွေထဲမှာတော့ ပုဇွန်ကြော်၊ ကန်စွန်းဥကြော်၊ ခရမ်းသီးကြော်တို့ပါဝင်ပါတယ်။ 
  • Gyoza (餃子) : ဂျပန်စတိုင်လ် ဖက်ထုပ်တွေကလဲ နာမည်ကြီးအစားအသောက်တစ်မျိုးဖြစ်ကြပါတယ်။ အများအားဖြင့် ဖက်ထုပ်ကိုတော့ ပဲ ငံပြာရည်၊ ဗီနီကာ၊ ငရုတ်သီအဆီတို့နဲ့ တွဲ စားလေ့ရှိကြပါတယ်။ 
  • Oden (おでん) : ဂျပန်ရိုးရာ ဆောင်းရာသီအစားစာကလဲ အရက်ဆိုင်တွေမှာ နာမည်ကြီးတဲ့အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ 
  • Sashimi (刺身) : လတ်ဆတ်ပြီး အသားစိမ်းငါးစိမ်းတွေကလဲ အရက်နဲ့ မြည်းဖို့ မပါမဖြစ်တွေပဲဖြစ်ပါတယ်။ 
  • ငါးကင် (焼き魚, Yakizakana) :ငါးကင်တွေကလဲ အမြည်းအနေနဲ့ လိုက်ဖက်လွန်းလှပြီးတော့ အရသာရှိလှပါတယ်။ 
  • Tsukemono (漬物) :ချဥ်ဖတ်လို အစားစာမျိုးတွေကလဲ ဂျပန်ရိုးရာအရက်ဆိုင်တွေမှာ အတွေ့များပြီးတော့ အများအားဖြင့် သခွါးသီးနှင့် မုန်လာဥအဖြူတွေ အတွေ့များပါတယ်။ 
  • Nabe (鍋) : ဂျပန်စတိုင်လ်‌ဟော့ပေါ့ကိုလဲ အရက်ဆိုင်မှာတွေရပြီးတော့ အများအားဖြင့် မျှပြီးစားသောက်လေ့ရှိကြပါတယ်။ 

Izakaya မှာတွေ့ရတဲ့ သောက်စရာများ။

 izakaya မှာတော့ ဂျပန်ရိုးရာအရက်တွေကို အဓိကတွေ့နိုင်ပေမယ့် အမျိုးအစားတွေလဲ အများကြီးရှိပြီး အရက်အပြင် တခြားအချိုရည်တွေလဲ အများကြီးရရှိနိုင်ပါတယ်။ အသေးစိတ်ကိုကြည့်လိုက်ကြရအောင်။ 

  • ဘီယာ (ビール Bi-ru, 生 Nama) : ဘီယာကတော့ လူကြိုက်အများဆုံးသောက်စရာလို့ဆိုနိုင်ပြီး Asahi နှင့် Sapporo အစသဖြင့် ဘရန်းတွေကိုတွေ့ရှိနိုင်ပါတယ်။ ‌နောက်ပြီးတော့ "nama beer" (生ビール)ကလဲ လူကြိုက်များကျော်ကြားပါသေးတယ်။
  • Sake (酒) : အရက်ဆိုင်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အရက်သောက်လို့ရတာကတော့ သမာရိုးကျဖြစ်ပေမယ့် အရက်ကိုတော့ အပူနှင့် အအေး နှစ်မျိုးတဲ့ သောက်နိုင်ပါတယ်။ 
  • Highball (ハイボール) : ဂျပန်မှာနာမည်ကြီးတဲ့ cocktail အမျိုးအစားတစ်မျိုးဖြစ်ပြီးတော့ ဝီစကီနှင့် ဆိုတာ၊ ရေခဲတို့ကို အချိုးကျကျရောထားတဲ့ သောက်စရာဖြစ်ပါတယ်။ နောက်ပြီးတော့ အရက်ဆိုင်မှာရှိတဲ့ အစားအသောက်တွေနဲ့ လဲ အရမ်းကိုလိုက်ဖက်ပါတယ်။ 
  • Chuhai (酎ハイ) : "shochu highball,"ရဲ့ အတိုကောက်ဖြစ်ပြီးအရော သောက်စရာတစ်မျိုးဖြစ်ပါတယ်။ အများအားဖြင့် ကာဗွန်နိတ်ရေနှင့် shochu ကိုရောထားတဲ့ သောက်စရာဖြစ်ပါတယ်။
  • Sour (サワー) : chuhai နဲ့ ပုံစံတူတဲ့ cocktail တစ်မျိုးဖြစ်ပါတယ်။ lemon sour, grapefruit sour, နှင့် ume sour တို့လိုမျိုး ပုံစံတွေရှိပါတယ်။ 
  • Umeshu (梅酒) : မက်မွန်အရက်ကလဲ ချန်ထားလို့မရတဲ့ အစားအသောက်တွေထဲမှာ ပါဝင်ပါတယ်။ 
  • Hoppy (ホッピー) : ကတော့ အယ်လ်ကိုဟော ပါဝင်မှုနည်းပါးတဲ့ ဘီယာဖြစ်ပါတယ်။ ဘီယာ အရသာထက် နည်းနည်းပေါ့တဲ့ အရသာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့တွေ့ရမှာတော့ အယ်လိုကိုဟောမဟုတ်တဲ့ အချိုရည်ဖြစ်ပါတယ်။ ဥပမာ - လိမ္မော်ဖျော်ရည်နှင့် ဗွန်ကာ၊ နွားနို့ အစရှိတဲ့ အချိုရည် အမျိုးမျိုးကိုတွေ့နိုင်ပါသေးတယ်။ 

ဂျပန်နိုင်ငံမှာ နာမည်ကြီးတဲ့ အရက်ဆိုင်များ။

နောက်ဆုံးအနေနဲ့ ကတော့ ဂျပန်မှာရှိတဲ့ နာမည်ကြီးတဲ့ အရက်ဆိုင် တွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။ ဒီနေရာတွေကတော့ ဆိုင်ခွဲတွေ အများကြီးရှိပြီးတော့ စျေးနှုန်းလဲသက်သာပါတယ်။ 

  • Torikizoku (鳥貴族) :ကတော့ အများအားဖြင့် ကြက်သားကင်ကိုအဓိကအနေနဲ့ ရရှိနိုင်တဲ့ အရက်ဆိုင်ဖြစ်ပြီးတော့ နိုင်ငံတစ်ဝှမ်းမှာ ဆိုင်ခွဲတွေအများကြီးရှိတဲ့ ဆိုင်လဲဖြစ်ပါတယ်။စျေးနှုန်းလဲ သက်သာပြီးတော့ အများဆုံးအနေနဲ့ တစ်ခုချင်းစီကို 350 yen လောက်သာကျသင့်ပါတယ်။ အများအားဖြင့် လူငယ်တွေကြားထဲမှာနာမည်ကြီးတဲ့ ဆိုင်လဲဖြစ်ပါတယ်။
  • Watami (和民) : ကတော့ sushi, sashimi အစရှိတဲ့ဟင်းပွဲတွေပါအများကြီးရရှိနိုင်တဲ့ အရက်ဆိုင်ဖြစ်ပါတယ်။ ဆိုင်ခွဲတွေလဲအများကြီးရှိပြီးတော့ ဂျပန်မှာ ဆိုင်ခွဲ အများကြီးရှိတဲ့ အရက်ဆိုင် တစ်ဆိုင်လဲဖြစ်ပါတယ်။ ဆိုင်မှာရောင်းချတဲ့ မီနုးတွေကလဲ စျေးနှုန်းချိုသာပြီး အရသာရှိပါတယ်။
  • Doma-Doma (土間土間) : ဒီဆိုင်မှာတော့ တမူထူးခြားနဲ့ ဟင်းလျာတွေနဲ့ အရက်သောက်နိုင်မှာဖြစ်ပြီးတော့ အများအားဖြင့် ဂျပန်စတိုင်လ်နှင့် အနောက်တိုင်းစတိုင်လ်ကို အချိုးကျကျပေါင်းစပ်ပေးထားတဲ့ ဆိုင်လို့လဲ ဆိုနိုင်မှာဖြစ်ပါတယ်။ 
  • Uotami (魚民) : မှာတော့ အဓီအားဖြင့် ပင်လယ်စာကိုတွေ့ရမှာဖြစ်ပြီးတော့ အများအားဖြင့် sashimi၊ ကားကင် နှင့် တခြားပင်လယ်စာ မီနုးတွေကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ပင်လယ်စာကြိုက်တဲ့ သူတွေအတွက်တော့ အရမ်းကိုအဆင်ပြေတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ 
  • Kushikatsu Tanaka (串カツ田中) : ကတော့ တုတ်ထိုးအကြော်ကို အဓိက ရရှိနိုင်တဲ့ နေရာဖြစ်ပြီးတော့အသား၊ ဟင်းသီးဟင်းရွက်နှင့် ပင်လယ်စာ တို့ကိုအဓိက အနေနဲ့ တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ အမြဲတမ်းစည်ကားနေပြီးတော့ ညဘက် အပြင်ထွက်ဖို့အတွက်အရမ်းကောင်းမွန်တဲ့ ဆိုင်လဲဖြစ်ပါတယ်။

ဆိုင်တွေအပြင် တခြား သောက်လို့ကောင်းတဲ့နေရာတွေကို ကြည့်လိုက်ကြရအောင်။ Yokochos (横丁) လို့ခေါ်တဲ့ လမ်းကျဥ်းလေးတွေကတော့ ကိုယ်ပိုင်ဘားတွေနဲ့ ပြည့်နေတဲ့ နေရာဖြစ်ပြီးတော့ သူငယ်ချင်းတွေနှင့် အလုပ်ဖော်ကိုင်ဖက်တွေနှင့် သောက်စားဖို့အတွက် အဆင်ပြေတဲ့နေရာတွေဖြစ်ပါတယ်။ နာမည်ကြီးတဲ့ Yokochos (横丁) တွေကိုတော့ အောက်ပါအတိုင်းတွေ့နိုင်မှာဖြစ်ပါတယ်။ 

  • Omoide Yokocho (思い出横丁) Shinjuku
  • Golden Gai (ゴールデン街) Shinjuku
  • Nonbei Yokocho (のんべえ横丁)  Shibuya
  • Shibuya Yokocho (渋谷横丁)  Shibuya
  • Ebisu Yokocho (恵比寿横丁)  Ebisu
  • Harmonica Yokocho (ハーモニカ横丁) Kichijoji
  • Ameyokocho (アメ横丁) Ueno
  • Asakusa Hoppy Street (浅草ホッピー通り)  Asakusa

ဂျပန်နိုင်ငံမှာတော့ ဂျပန်ရိုးရာ အရက်ဆိုင်တွေကိုအများကြီးတွေ့နိုင်မှာဖြစ်ပြီးတော့ ဒီဆောင်းပါးမှာတော့ ဂျပန်ရိုးရာ အရက်ဆိုင်တွေမှာ ရရှိနိုင်တဲ့ အရာတွေနှင့် နာမည်ကြီးဆိုင်တွေ နှင့် သောက်ဖို့နေရာတွေ အကြောင်းကို အသေးစိတ်ဖော်ပြလိုက်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ ဂျပန်ရိုးရာ အရက်ဆိုင် Izakaya မှာ ဘယ်လိုအစားအသောက်တွေရရှိနိုင်မလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ