မာတိကာ
- လိုင်စင်ဓာတ်ပုံတွေ ဘာကြောင့်အရေးကြီးလဲ။
- လိုင်စင်ဓာတ်ပုံရိုက်ဖို့ အတွက် နည်းလမ်းများ။
- အော်တို လိုင်စင်ဓာတ်ပုံရိုက်စက်တွေကို အသုံးပြုနည်း။
- အော်တို လိုင်စင်ဓာတ်ပုံရိုက်စက်တွေမှာ တွေ့ရှိရတဲ့ စကားလုံးများ။
လိုင်စင်ဓာတ်ပုံတွေ ဘာကြောင့်အရေးကြီးလဲ။
အလုပ်လျှောက်တဲ့ အချိန်မှာတော့ လိုင်စင်ဓာတ်ပုံတွေက အရမ်းကိုအရေးကြီးပါတယ်။ အလုပ်လျှောက်တဲ့ အချိန်မှာတင်မဟုတ်ဘဲနဲ ကျောင်းလျှောက်တဲ့ အချိန်မှာဖြစ်စေ၊ တခြား ဗီဇာ၊ အလုပ် အစရှိတဲ့ မျက်နှာပါတဲ့ ပုံကိုကပ်ရတဲ့ ဖောင်တွေမျိုးမှာဆိုရင်တော့ လိုင်စင်ပုံ သေချာလေးရှိထားဖို့ လိုအပ်ပါတယ်။
ကိုယ့်မျက်နှာအစား လိုင်စင်ပုံကိုကြည့်ပြီးတော့ ပုံဖော်တဲ့ အတွက်ကြောင့်မို့လို့ ဓာတ်ပုံကိုသေချာလေးရိုက်ဖို့လိုအပ်ပါတယ်။
နောက်ပြီးတော့ ပတ်စပို့မှာဖြစ်စေ၊ နေထိုင်ခွင့် ကတ်ပြားနှင့် My number ကတ်တွေ၊ ကျောင်းသားကတ်တွေ လိုမျိုး အမြဲတမ်း နီးပါးအသုံးပြုရတဲ့ သက်သေကတ်ပြားတွေမျိုးမှာဆိုရင်တော့ ဓာတ်ပုံသေချာ ရိုက်ထားပြီး ဓာတ်ပုံလှနေဖို့ အရေးကြီးပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
လိုင်စင်ဓာတ်ပုံရိုက်ဖို့ အတွက် နည်းလမ်းများ။
ဒါဆိုရင် ဂျပန်နိုင်ငံမှာ လိုင်စင်ဓာတ်ပုံရိုက်နိုင်တဲ့ နည်းတွေကိုကြည့်လိုက်ကြရအောင်။ ဓာတ်ပုံရိုက်နိုင်တဲ့ နည်းလမ်းတွေ အပေါ်မူတည်ပြီးတော့ ကုန်ကျစာရိတ်၊ အချိန်ရွေးချယ်နိုင်ခြင်း အစရှိတဲ့ အရာတွေကွာခြားမှုရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီလိုအချက်တွေကို ထည့်သွင်းပြီးဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Studio မှာရိုက်ခြင်း။
ပထမဆုံး လိုင်စင်ဓာတ်ပုံရိုက်ဖို့နည်းလမ်းတစ်ခုကတော့ ဓာတ်ပုံစတူဒီယိုတွေမှာ ရိုက်တဲ့ နည်းဖြစ်ပါတယ်။ ဒီနည်းကတော့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဂျပန်မှာတော့ ပုံမှန်အတိုင်း ဓာတ်ပုံစတုဒီယိုတွေကိုသွားပြီးတော့ သွားနိုင်ပါတယ်။ ဓာတ်ပုံဆရာကိုယ်တိုင် ရိုက်ပေးတဲ့ အတွက်ကြောင့်မို့လို့ အဆင်ပြေပြေထွက်ပါတယ်။ ဒါပေမယ့် စျေးတော့ နည်းနည်းကြီးနိုင်ပါတယ်။ နောက်ပြီးတော့ စတူဒိယိုပေါ်ကိုမူတည်ပြီးတော့ ကြိုတင် ဘိုကင်တင်ဖို့လိုအပ်တာမျိုးတွေတော့ရှိပါတယ်။ ဒါကြောင့်မို့လို့ အနီးနားမှာရှိတဲ့ စတိုဒီယိုတွေရဲ့ အွန်လိုင်းပေါ်ကနေ ပြီးတော့ ဝက်ဘ်ဆိုက် ကိုရှာပြီးတော့ ကြိုတင်ပြီးတော့ အချိန်နှင့် စျေးနှုန်း ကိုကြိုတင်ပြီးတော့ ကြည့်ရှုနိုင်ပါတယ်။ ကြိုတင်ကြည့်ပြီးတော့ လိုအပ်ရင် ဘိုကင်အရင်တင်ပါ။ နောက်ပြိးတော့ တချို့ စတူဒိယိုတွေကတော့ ရိုက်ချင်တဲ့ ဓာတ်ပုံအမျိုးအစားကိုမူတည်ပြီးတော့ စျေးနှုန်းတွေ ကွာခြားပါတယ်။ ဒါကြောင့်မိူ့လို့ ကိုယ်ရိုက်ချင်တဲ့ ပုံအမျိုးအစားကို သေချာရွေးချယ်ဖို့ လိုအပ်ပါတယ်။ ပိုက်ဆံ ပေးနည်းကတော့ ငွေသားနဲ့လဲပေးနိုင်သလို တခြားငွေပေးချေနည်းတွေလဲ အများကြီးရှိပါတယ်။
အော်တိုလိုင်စင်ဂာတ်ပုံရိုက်စက်တွေမှာရိုက်ခြင်း။
နောက်တစ်နည်းကတော့ အောက်တိုလိုင်စင်ဓာတ်ပုံရိုက်စက်တွေမှာ ရိုက်ခြင်းဖြစ်ပါတယ်။ အော်တိုလိုင်စင်ပုံတွေကတော့ ငွေကြေးအကုန်ကျသက်သာပြီးတော့ အချိန်လဲ သက်သာတဲ့ နည်းလမ်းလဲဖြစ်ပါတယ်။
အော်တို ဓာတ်ပုံရိုက်စက်တွေကတော့ ဂျပန်မှာ ကွန်ဘီနီ အနီးနားမှာဖြစ်စေ၊ ကျောင်းတွေနှင့် ဘူတာတွေ စူပါမားကတ်တွေ အနီးနားတွေမှာ ရှိတတ်ကြပါတယ်။ ပုံမှန်အားဖြင့် ၂၄ နာရီလုံး အသုံးပြုနိုင်တဲ့ အတွက်ကြောင့်မို့လို့ ကိုယ်အားနဲ့ အချိန်မှာ သွားရောက်ပြီးတော့ ရိုက်နိုင်ပါတယ်။ စျေးနှုန်းအားဖြင့် လဲ သက်သာပြီးတော့ ယန်း ၁၀၀၀ လောက်ကနေ စတင်ပြီးတော့ ရိုက်ကူးနိုင်ပါတယ်။ ရိုက်တဲ့ အချိန်မှာလဲ အလင်းအမှောင်ချိန်တာတို့ကိုလဲ စိတ်ကြိုက်လုပ်နိုင်ပါသေးတယ်။ နောက်ပြီးတော့ ဓာတ်ပုံ အရွယ်အစားတွေကလဲ ကိုယ်အဆင်ပြေတဲ့ အရွယ်အစားတွေကိုရွေးချယ်နိုင်ပါတယ်။ နောက်ပြီးတော့ ဒီလို ဓာတ်ပုံဒေတာကိုလဲ ဖုန်းနဲ့ ယူနိုင်တာမျိုးတွေရှိပါတယ်။
ဒါဆိုရင် အော်တို လိုင်စင်ဓာတ်ပုံ ရိုက်စက်တွေကိုအသုံးပြုနည်းနဲ့ အသုံးပြုတဲ့ ဂျပန်စာတွေကိုကြည့်လိုက်ကြရအောင်။
အော်တို လိုင်စင်ဓာတ်ပုံရိုက်စက်တွေကို အသုံးပြုနည်း။
အော်တို လိုင်စင်ဓာတ်ပုံရိုက်စက်တွေကတော့ ကွန်ဘီနီ၊ ဘူတာ၊ ကျောင်းနှင့် စူပါမားကတ် အစသဖြင့် အနီးနားမှာတွေ့နိုင်ပါတယ်။ စက်အမျိုးအစားအပေါ်မူတည်ပြီးတော့ စျေးနှုန်းအမျိုးအစားတွေ ကွာခြားနိုင်ပါတယ်။ ဒါဆိုရင် အသုံးပြုပုံအသုံးပြုနည်းအသေးစိတ်ကိုကြည့်လိုက်ကြရအောင်။
- ပထမဆုံးကတော့ ဓာတ်ပုံရိုက်စက်ကိုတွေ့ အောင်အရင်ရှာရမှာဖြစ်ပါတယ်။ တွေ့တာနဲ့ အထဲမှာ လူရှိမရှိကိုကြည့်ပြီးတော့ မရှိဘူးဆိုရင်တော့ အသုံးပြုလို့ရပါပြီ။ အများအားဖြင် စက်တွေရဲ့ အပြင်မှာ မှန်ရှိတဲ့ အတွက်ကြောင့်မို့လို့ မှန်ကိုအရင်ကြည့်ပြီးတော့
- အထဲကိုဝင်ပြီးတော့ ခုံရှိတဲ့ အတွက်ကြောင့်မို့လို့ ခုံမှာထိုင်ပြီးတော့ စက်မှာပြထားတဲ့ လမ်းညွှန်အတိုင်း သို့မဟုတ် အသံလမ်းညွှန်အတိုင်း လိုက်ပြီးတော့ ပြုလုပ်ရမှာဖြစ်ပါတယ်။ ထိုင်ခုံမှာထိုင်တဲ့ အချိန်မှာလဲ ပစ္စည်းကိုလဲ ပစ္စည်းထားတဲ့ နေရာမှာ သေချာထားဖို့လိုအပ်ပါတယ်။
- အဆင်သင့်ဖြစ်တာနဲ့ လိုက်ကာကိုသေချာအောင် ပိတ်ပြီး ရိုက်ကူးဖို့စတင်လို့ရပါပြီ။
- လမ်းညွှန်ချက်တွေကိုလိုက်နာပြီးတော့ ဓာတ်ပုံစရိုက်လို့ရပါပြီ။ ဓာတ်ပုံရိုက်တဲ့ အကြိမ်ရေကတော့ ၂ကြိမ်ဖြစ်ပါတယ်။ ၂ကြိမ်ရိုက်ပြီးတော့ အဆင်ပြေတဲ့ တစ်ခုကိုရွေးနိုင်မှာဖြစ်ပါတယ်။
- ဓာတ်ပုံမရိုက်ခင်မှာတော့ ခါးကို မတ်မတ်ထားပြီးတော့ မျက်နှာကို ကင်မရာနဲ့သေချာချိန်လို့ရပါတယ်။ တချို့ စက်တွေမှာတော့ ရိုက်ပြီးတော့ မျက်နှာကို သေချာချိန်လို့လဲရပါတယ်။
- နောက်ပြီးတော့ထိုင်ခုံ ကိုောတ့ အမြင့်အနိမ့်ကိုသေချာချိန်လို့ရတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်တဲ့ ကိုက်ညီတဲ့ အမြင့်ကို ထိန်းညှိလို့ရပါတယ်။
- နောက်ပြီးတော့ ရိုက်ပြီးသားဓာတ်ပုံကိုတော့ Retouch နဲ့ပြန်လည်ပြီးတော့ ပြင်ဆင်လို့ရပါတယ်။ ကိုယ့် စိတ်ကြိုက်တဲ့ ပြန်လည်ပြီး အပြင်ဆင်လို့ရပါတယ်။
အော်တို လိုင်စင်ဓာတ်ပုံရိုက်စက်တွေမှာ တွေ့ရှိရတဲ့ စကားလုံးများ။
ဒါဆိုရင်တော့ အော်တို လိုင်စင်ဓာတ်ပုံ ရိုက်စက်တွေမှာ အသုံးပြုတဲ့ ဂျပန်စကားလုံးတွေကို ဆက်ပြီးတော့ ကြည့်လိုက်ကြရအောင်။
- 証明写真機 (Shōmei shashin-ki) - လိုင်စင်ဓာတ်ပုံရိုက်စက်။
- 撮影 (Satsuei) - ရိုက်ကူးမည်။
- サイズ (Saizu) - အရွယ်အစား။
- 縦 (Tate) - အနံ။
- 横 (Yoko) - အလျား။
- 美肌 (Bihada) - အသားအရေပြင်ဆင်ခြင်း။
- 補正 (Hosei) - ပြင်ဆင်ခြင်း။
- レギュラー (Regyurā) - ပုံမှန်။
- 現金 (Genkin) - ငွေသား။
- QR決済 (QR kessai) - QRဖြင့်ငွေပေးခြင်း။
- キャンセル (Kyanseru) - ဖျက်မည်။
- 同意する (Dōi suru) - သဘောတူမည်။
- 同意しない (Dōi shinai) - သဘောမတူပါ။
- 料金 (Ryōkin) - ကျသင့်ငွေ။
- 投入金額 (Tōnyū kingaku) - ထည့်သွင်းငွေ။
- 白黒 (Shirokuro) - အဖြူအမည်း။
- カラー (Karā) - ကာလာ။
- 履歴書 (Rirekisho) - လိုင်စင်ဓာတ်ပုံ။
- 免許証 (Menkyoshō) - လိုင်စင်။
- パスポート (Pasupōto) - ပတ်စပို့။
- マイナンバー (Mainanbā) - မိုင်နံဘာကတ်။
- 撮り直し (Tori naoshi) - ပြန်လည်ရိုက်ခြင်း။
- 決定 (Kettei) - အတည်ပြုမည်။
- プリントのみ (Purinto nomi) - ပရင့်ထုတ်မည်။
- プリント+データ (Purinto + dēta) - ပရင့်နှင့်ဒေတာတွဲထုတ်မည်။
- 千円札投入口 (Sen-en-satsu tōnyū kuchi) - ယန်းတစ်ထောင်တန်ထည့်ပေါက်။
- 硬貨投入口 (Kōka tōnyū kuchi) - အကြွေစေ့ထည့်ပေါက်။
- 返却レバー (Henkyaku rebā) - ပြန်အမ်းငွေ ထုတ်တဲ့ လီဗာ။
ဒီစကားလုံးတွေကတော့ လိုင်စင်ဓာတ်ပုံ အော်တိုရိုက်စက် တွေမှာ ဓာတ်ပုံရိုက်ဖို့အတွက် လုပ်ဆောင်တဲ့ အချိန်မှာ လိုအပ်တဲ့ စကားလုံးတွေကိုဖော်ပြလိုက်ပါတယ်။ အများအားဖြင့် စက်တိုင်းအလိုလိုမှာ ဒီလို စကားလုံးတွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဘယ်စက်ကိုသုံးသုံး ဒီစကားလုံးတွေကိုသိထားရင် အဆင်ပြေပြေနဲ့အသုံးပြုနိင်မှာဖြစ်ပါတယ်။