ဂျပန်နိုင်ငံရှိမြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ကို သက်တမ်းမကုန်ခင် ၆လမှစတင်ပြီး မြန်မာသံရုံးမှာ သက်တမ်းတိုးလို့ရပါတယ်။ ဂျပန်နိုင်ငံရှိ မြန်မာသံရုံးသည် တိုကျိုမြို့ ရှိနာဂါဝ တွင်ရှိပါတယ်။ သံရုံးရဲ့ လိပ်စာအပြည့်အစုံကတော့ Shinagawa-ku, 4-8-26 Kita-Shinagawa, Tokyo ဖြစ်ပါတယ်။
ဗီဇာသက်တမ်းတိုးရန်
တိုကျိုမြို့တွင် နေထိုင်သူများက မိမိတို့ကိုယ်တိုင်သက်တမ်းသွားတိုးနိုင်ပြီး၊ အခြားသောမြို့များတွင် နေထိုင်သူများမှာ စာတိုက်မှတဆင့် လိုအပ်သောစာရွက်စာတမ်းနှင့် သက်တမ်းတိုးကြေးပေးဆောင်၍ သက်တမ်းတိုးလို့ရပါတယ်။ နယ်တွင်နေထိုင်သူများမှ ပတ်စ်ပို့သက်တမ်းတိုးရန် စာတိုက်မှ ပို့ရန်လိုအပ်သည်များကို အသေးစိတ်သိလိုပါက သံရုံးဖုန်းနံပါတ် 03-3441-9291 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ပတ်စ်ပို့သက်တမ်းတိုးချိန် ၁ ပတ်ခန့်သာကြာမြင့်သော်လည်း ပိတ်ရက်ရှည်များနှင့် အခြားအကြောင်းအရင်းများရှိပါက ၁ ပတ်ထက် ပိုမိုကြာမြင့်နိုင်ပါတယ်။ မြန်မာသံရုံးမှာ ကြားရက်များတွင်သာဖွင့်လေ့ရှိသောလည်း တစ်လတွင် တစ်ရက် စနေ သို့ တနင်္ဂနွေ ရုံးပိတ်ရက်တွင် နံနက် ၉:၀၀ နာရီမှ နေ့လည် ၁၂:၀၀ နာရီအထိ နေ့တစ်ဝက် ရုံးဖွင့်ပါတယ်။ ထို့ကြောင့် လကုန်ခါနီးရက်များတွင် မြန်မာသံရုံး Facebook မှ လာမည့်လအတွက် နေ့တစ်ဝက် ရုံးဖွင့်ရက်ကို ကြေညာပေးပါတယ်။ အသေးစိတ်သိလိုပါက မြန်မာသံရုံး Facebook တွင်ကြည့်ရှုနိုင်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
ဗီဇာသက်တမ်းတိုးရန်လိုအပ်သောစာရွက်စာတမ်းနှင့် ငွေကြေး
ဂျပန်ရောက်မြန်မာများမှာ ကျောင်းသား/သူ၊ အလုပ်လုပ်ကိုင်နေသူ၊ မိသားစုလိုက်နေထိုင်သူ စသည့်နေထိုင်ခွင့်ပုံစံအမျိုးမျိုးဖြင့် နေထိုင်ကြသောကြောင့် လိုအပ်သောစာရွက်စာတမ်းများမှာ အနည်းငယ်ကွာခြားမှုရှိပါတယ်။ ပတ်စ်ပို့သက်တမ်းတိုးခြင်းသာမက အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ကိုင်ဆောင်ထားသော ပတ်စ်ပို့ပျောက်ဆုံးသူများလည်း လျှောက်ထားနိုင်ပါတယ်။ အောက်ဖော်ပြပါ လင့်ခ်မှတဆင့် မိမိတို့နှင့်ကိုက်ညီသော ခေါင်းစဥ်ဖြင့် လိုအပ်သောစာရွက်စာတမ်းများကိုရှာဖွေနိုင်ပါတယ်။
http://www.myanmar-embassy-tokyo.net/CS2016/
ပတ်စ်ပို့သက်တမ်းတိုးကြေးမှာ ယန်း ၃၀၀၀ ပေးဆောင်ရပါမယ်။ 31.12.2011 မတိုင်မီ ဂျပန်ရောက်ရှိပါက မိမိ၏ ဝင်ငွေအနည်းအများအပေါ်မူတည်၍ အခွန်ပေးဆောင်ရန်လိုအပ်ပါတယ်။ အသေးစိတ်သိလိုပါက သံရုံးသို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ပတ်စ်ပို့သက်တမ်းတိုးပြီးပါက
ပတ်စ်ပို့သက်တမ်းတိုးပြီးပါက ပတ်စ်ပို့စာအုပ်အသစ်ရရှိမည်ဖြစ်ပြီး၊ မိမိတို့၏ ပတ်စ်ပို့နံပါတ်မှာလည်းအသစ်ပြောင်းသွားပါမည်။ မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့သက်တမ်းမှာ ၅နှစ်ဖြစ်သောကြောင့် သက်တမ်းတိုးလျှင်လည်း ၅နှစ်ရပါတယ်။