နိုင်ငံခြားသားတွေ ဂျပန်မှာ လိုင်စငါယူဖို့အတွက် အကြမ်းဖျင်း ၂ မျိုးရှိပါတယ်။ တစ်နည်းကတော့ ပြည်ပကယူလာတဲ့ လိုင်စင်ကို ဂျပန်ပြည်တွင်းမှာ ပြန်ပြီးလှဲလှယ်တာနဲ့ နောက်တစ်နည်းကတော့ အစကနေ ပြန်ပြီးတော့စာမေးပွဲဖြေပြီး လိုင်စင်ယူတဲ့နည်းဖြစ်ပါတယ်။ နောက်ပြီးတော့ တစ်နှစ်အတွင်းမှာ နိုင်ငံတကာ လိုင်စင်နှင့် သတ်မှတ်ထားတဲ့ နိုင်ငံတချို့က လိုင်စင် ယူထားတဲ့သူတွေကတော့ ဂျပန်ပြည်အတွင်းမှာ ဒီအတိုင်းအသုံးပြုလို့ရပါတယ်။ ဒီဆောင်းပါးမှာတော့ လိုင်စင်ယူပုံယူနည်းနှင့် ယူပြီးသားလိုင်စင်ကို လဲလှယ်တဲ့ အချိန်မှာ လိုအပ်တဲ့အချက်တွေအကြောင်းကို ဖော်ပြသွားပါ့မယ်။
မာတိကာ
- ဂျပန်မှာ နိုင်ငံခြားသားများ အသုံးပြုနိုင်တဲ့ လိုင်စင်အမျိုးအစားများ။
- နိုင်ငံခြားသားများ ဂျပန်မှာလိုင်စင်ယူပုံယူနည်း။
- ဂျပန်ဘာသာစကားနှင့်မဖြေချင်တဲ့ သူတွေအတွက် ကားမောင်းလိုင်စင်ယူနည်း။
- အကျဥ်းချုပ်။
ဂျပန်မှာ နိုင်ငံခြားသားများ အသုံးပြုနိုင်တဲ့ လိုင်စင်အမျိုးအစားများ။
နိုင်ငံခြားသားများ ဂျပန်မှာ ကားမောင်းနှင်ဖို့အတွက် အောက်ပါလိုင်စင်အမျိုးအစားတွေ လိုအပ်ပါတယ်။
နိုင်ငံတကာလိုင်စင်အမျိုးအစား
Geneva သဘောတူညီစာချုပ်အရ နိုင်ငံတကာ ကားမောင်းလိုင်စင် ( IDP )
ကိုကိုင်ဆောင်ထားတဲ့ သူတွေကတော့ ဂျပန်မှာ ကားမောင်းလို့ရပါတယ်။ ဒီနိုင်ငံတွေကတော့ အမေရိက၊ ကနေဒါ၊ အီတလီ၊ ပြင်သစ် အစရှိတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်ပါဝင်ပါတယ်။
နိုင်ငံတကာ ကာမောင်းလိုင်စင်ရဲ့သက်တမ်းက တစ်နှစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဂျပန်ကိုရောက်ပြီး နိုင်ငံတကာ လိုင်စင်ကိုင်ထားတယ်ဆိုရင်တော့ ကားမောင်းနိုင်ပါတယ်။ နောက်ပြီးတော့ ဂျပန်မှာနေထိုင်တဲ့ နိုင်ငံခြားသား တစ်ယောက်က ဂျပန်ကနေထွက်ပြီးတော့ နိုင်ငံတကာလိုင်စင်ကို ပြည်ပမှာထွက်ယူမယ်ဆိုရင်တော့ဂျပန်ကိုပြန်လာပြီးတော့ ၃လစောင့်ပြီးမှ ကာမောင်းခွင့်ပြုပါတယ်။ ဒီစည်းမျဥ်းစည်းကမ်းကိုတော့ ဂျပန်နိုင်ငံကနေပြီးတော့ ပြည်ပကိုထွက်ပြီးတော့ နိုင်ငံတကာလိုင်စင်ကိုယူတာကို တားဆီးတဲ့ အနေနဲ့ ပြုလုပ်ထားတဲ့ စည်းမျဥ်းဖြစ်ပြီးတော့ ၃လ စည်းမျဥ်းစည်းကမ်းလို့ခေါ်လေ့ရှိပါတယ်။
တချို့သတ်မှတ်ထားတဲ့ နိုင်ငံမှ ကားမောင်းလိုင်စင်များ
တချို့ ဂျပန်နိုင်ငံနဲ့ တူညီတဲ့ စံစနစ်တွေ သတ်မှတ်ထားတဲ့နိုင်ငံတွေကလးတွေကတော့ ဂျပန်နိုင်င့မှာ ကားမောင်နှင်လို့ရပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလရဲ့ အချက်အလက်တွေအရ အောက်ပါနိုင်ငံနှင့်ဒေသတွေကနေပြီးတော့ ရယူထားတဲ့ ကားမောင်းလိုင်စင်တွေကတော့ ဂျပန်နိုင်ငံမှာလဲ အကျုံးဝင်ပါတယ်။
- ဆွစ်ဇလန်
- ဂျာမနီ
- ပြင်သစ်
- ဘယ်လဂျီယန်
- မိုနာကို
- ထိုင်ဝမ်
ခွင့်ပြုတဲ့ အချိန်ကာလကလဲ ဂျပန်ကိုဝင်ပြီးတော့ တစ်နှစ်အတွင်းဖြစ်ရမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ကားမောင်းလိုင်စင်
အပေါ်ကဖော်ပြထားတဲ့ လိုင်စင်နှစ်မျိုးဖြစ်တဲ့ နိင်ငံတကာလိုင်စင်နှင့် ဂျပန်နှင့်စနစ်တူတဲ့ နိုင်ငံတွေကလိုင်စင်တွေကတော့ တစ်နှစ်အတွင်းသာမောင်းလို့ရတဲ့ အတွက်ကြောင့်မို့လို့ ဂျပန်နိုင်ငံမှာ ရေရှည်နေထိုင်မယ်ဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ လိုင်စင်ကိုယူထားတာကပိုပြီးတော့ ကောင်းမွန်ပါတယ်။ ကိုယ့်နိုင်ငံမှာ ယူထားပြီးသားလိုင်စင်ကို တိုက်ရိုက်ဂျပန်မှာ ပြန်ပြီးတော့ ပြောင်းနိုင်တဲ့ နည်းလမ်းလဲရှိသလို ဂျပန်ရောက်မှ အသစ်ပြန်ယူလို့ရရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ကိုတော့ ထပ်ပြီးဖော်ပြသွားပါ့မယ်။
ကားမောင်းလိုင်စင်အတွက် လိုအပ်တဲ့ အချက်များ
ဒါဆိုရင် ကားမောင်းလိုင်စင်အတွက်လိုအပ်တဲ့ အချက်တွေနဲ့ သိထားရမယ် အချက်တွေကိုကြည့်လိုက်ကြရအောင်။ ဒီမှာတော့ မြန်မာနိုင်ငံကနေကားမောင်းလိုက်စင်ရှိပြီးသားကို ဂျပန်ကားမောင်းလိုင်စင်နဲ့ ပြန်ပြီးတော့ ပြောင်းတဲ့နည်းနဲ့ အစကနေပြန်ပြီးတော့ လိုင်စင်ယူတဲ့နည်း ၂ နည်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။
ကိုးကား - 警察庁「外国の運転免許をお持ちの方」
စာရေးသူရွေးချယ်သောဆောင်းပါး
နိုင်ငံခြားသားများ ဂျပန်မှာလိုင်စင်ယူပုံယူနည်း။
ဒါဆိုရင် အသေးစိတ်လိုအပ်ချင်တွေကိုဖော်ပြလိုက်ပါတယ်။
ပြည်ပကယူပြီးသား ကားမောင်းလိုင်စင်ကို ဂျပန်လိုင်စင်နှင့်ပြောင်းနည်း။
ပထမတစ်နည်းကတော့ မြန်မာပြည်မှာယူထားတဲ့ ကားမောင်းလိုင်စင်ကို ဂျပန်ပြည်တွင်းမှာပြန်ပြီးတော့ ပြောင်းနည်းဖြစ်ပါတယ်။
လိုအပ်တဲ့စာရွက်စာတမ်း
ကားမောင်းလိုင်စင်အမျိုးအစားပြောင်းဖို့အတွက် အောက်ပါစာရွက်စာတမ်းတွေကို ပြင်ဆင်ဖို့လိုအပ်ပါတယ်။
- လျှောက်လွှာ
- ဓာတ်ပုံ (၆လအတွင်းရိုက်ထားပြီး အရွယ်အစား 3cm×2.4cm )
- နေထိုင်ခွင့် ကတ်ပြားမိတ္တူ
- နေထိုင်ကြောင်းထောက်ခံစာ မိတ္တူ
- ပြည်ပကယူထားတဲ့ ကားမောင်းလိုင်စင်
- ကားမောင်းလိုင်စင် နိုတြီ
- လိုင်စင်ယူပြီးတော့ နိုင်ငံအတွင်းမှာ ၃ လနေထိုင်ခဲ့ကြောင်းထောက်ခံစာ။
- ကျသင့်ငွေ
လိုအပ်တဲ့စာရွက်စာတမ်းတွေနှင့် ကျသင့်ငွေကတော့ နေရာဒေသအပေါ်မူတည်ပြီးတော့ ကွာခြားနိုင်ပါတယ်။
ပြောင်းလဲပုံအဆင့်ဆင့်
စာရွက်စာတမ်းတွေစုံလင်ပြီဆိုရင်တော့ အောက်ပါအတိုင်းအဆင့်ဆင့် ပြောင်းလဲလို့ရနိုင်ပြီဖြစ်ပါတယ်။
- စာရွက်စာတမ်းစစ်ဆေးခြင်း
- အမြင်နှင့်အရောင်စမ်းသပ်မှူများခံယူခြင်း
- ယာဥ်မောင်းစွမ်းရည်နှင့် ဗဟုသုတများစစ်ဆေးခြင်း
- အောင်မြင်ပါက လိုင်စင်လက်မှတ်ထုတ်ယူခြင်း
ဂျပန်ကားမောင်းလိုင်စင်ကိုအစကနေပြန်လည်ယူခြင်း
မြန်မာပြည်ကနေပြီးတော့ ကားမောင်းလိုင်စင်ယူထားတာမျိုးမရှိဘူးဆိုရင်တော့ အစကနေပြီးတော့ ဂျပန်ကားမောင်းလိုင်စင်ကိုယူဖို့လိုအပ်ပါတယ်။ တိုက်ရိုက် ယာဥ်မောင်းလိုင်စင် စင်တာကိုသွားပြီးတော့ ဖြေဆိုနိုင်ပေမယ့် ဒီလိုမျိုးဖြေဆိုဖို့ကတော့ ဂျပန်လူမျိုးတောင်မှ ခက်ခဲတဲ့ အရာဖြစ်ပါတယ်။ အများအားဖြင့် အိမ်ကနေပြီးတော့ သင်တန်းတက်ပြီးတော့ကားမောင်းလိုင်စင်ဖြေခြင်း၊ နောက်ပြီးတော့ License training camp မှာနေထိုင်ပြီးတော့ ကားမောင်းလိုင်စင်အတွက် ဖြေဆိုခြင်းတို့ရှိပါတယ်။ ကားမောင်းလေ့ကျင့်ရေးစင်တာကနေပြီးတော့ ယာယီကားမောင်းလိုင်စင်တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။
လိုအပ်တဲ့စာရွက်စာတမ်း
လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- ဓာတ်ပုံ (၆လအတွင်းရိုက်ထားပြီး အရွယ်အစား 3cm×2.4cm )
- နေထိုင်ခွင့် ကတ်ပြားမိတ္တူ
- နေထိုင်ကြောင်းထောက်ခံစာ
- ကားမောင်းသင်တန်းပြီးဆုံးကြောင်းလက်မှတ်
- ကုန်ကျငွေ
- ယာယီကားမောင်းလိုင်စင်။
လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြည့်စုံအောင်ပြင်ဆင်ထားမှ စာမေးပွဲကိုဖြေဆိုခွင့်ရမှာဖြစ်တဲ့ အတွက်ကြောင့်မိုလို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုတော့ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
ဖြေဆို ပုံအဆင့်ဆင့်
ဖြေဆိုပုံအဆင့်ဆင့်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- စာမေးပွဲကြေး။
- စမ်းသပ်မှူများခံယူခြင်း
- စာမးပွဲဖြေဆိုခြင်း
- အောင်စာရင်းထွက်ခြင်း
- ဓာတ်ပုံရိုက်ခြင်း
စာမေးပွဲဖြေဆိုတဲ့ နေ့မှာပဲ ကားမောင်းလိုင်စင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။
ကိုးကား - 警察庁「外国の運転免許をお持ちの方」
ဂျပန်ဘာသာစကားနှင့်မဖြေချင်တဲ့ သူတွေအတွက် ကားမောင်းလိုင်စင်ယူနည်း
၂၀၂၄ ခုနှစ်ကနေစတင်ပြီးတော့ တိုကုတေးဂိနိုးရဲ့ နယ်ပယ်အသစ်တစ်ရပ်အနေနဲ့ တိုးချဲ့ ဖို့ ပြင်ဆင်မှု အနေနဲ့ နိုင်ငံပေါင်း ၂၀ ကျော်ဖြင့် အိမ်မောင်း ကားလိုင်စင် သာမက ယာဥ်အကြီးစားလိုင်စင်တွေကိုပါ ဖြေဆိုနိုင်ပြီးဖြစ်ပါတယ်။ ဒီ ဘာသာစကား ၂၀ ကျော်မှာ မြန်မာဘာသာစကားလဲ ပါဝင်ပါတယ်။ အသေးစိတ်ကိုတော့ ဂျပန်နိုင်ငံ ရဲဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာဝင်ကြည့်နိုင်ပါတယ်။
အကျဥ်းချုပ်
ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံမှာ ကားမောင်းလိုင်စင်ယူနိုင်မယ့် နည်းလမ်းတွေနှင့် ကားမောင်းလိုင်စင်ဖြေတဲ့ အချိန်မှာလိုအပ်တဲ့ စာရွက်စာတမ်းတွေကိုပါ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့အခြေအနေအပေါ်ကိုလိုက်ပြီးတော့ ပြင်ဆင်ရမယ့် စာရွက်စာတမ်းတွေကို သေချာပြည့်စုံအောင်ပြင်ဆင်ပြီးစာမေးပွဲကိုဖြေကို အကြံပေးချင်ပါတယ်။