၂၄ နာရီကွန်ဘီနီစတိုးဆိုင်တွေမှာ စျေးဝယ်တဲ့အချိန်တိုင်း ポイントカードはお持ちですか? Pointo ka-do wa omochi desu ka?ပွိုင့်ကတ်ပါလား ဆိုပြီးတောခဏခဏ အမေးခံရပါလိမ့်မယ်။ ပွိုင့်ကတ်ဆိုတာဘယ်လိုမျိုးလဲ။ ဂျပန်မှာတော့ စျေးဝယ်တဲ့ အချိန်မှာ ပွိုင့်စုတတ်တဲ့ အလေ့အထိရှိပါတယ်။ စုဆောင်းထားတဲ့ ပွိုင့်တွေကိုတော့ အသုံးပြုနိုင်တဲ့နေရာတွေမှာ ငွေသားလိုပဲ လှဲလှယ်ပြီးတော့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပွိုင့်တွေကိုစုဆောင်းခြင်းဖြင့် ချွေတာတဲ့ ပုံစံမျိုးလဲသက်ရောက်ပါတယ်။ ဒါပေမယ့် ပွိုင့်ကဒ်တွေ ကလဲ အမျိုးမျိုးရှိပြီးတော့ အသုံးပြုလို့ရတဲ့နေရာတွေလဲ ကွာခြားတဲ့ အတွက်ကြောင့်မို့လို့ ပွိုင့်ကဒ်အသုံးပြုတော့မယ်ဆိုရင် ဘယ်ကဒ်ကို အသုံးပြုရမလဲဆိုတဲ့ အချက်ကလဲစဥ်းစားရခက်တဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဆောင်းပါးမှာတော့ ပွိုင့်ကဒ် အမျိုးအစားနဲ့ မိမိနဲ့ ကိုက်ညီတဲ့ ကိုက်ကိုဘယ်လိုရွေးချယ်ရမလဲဆိုတဲ့ အချက်ကို ဖော်ပြသွားမှာဖြစ်ပါတယ်။
မာတိကာ
- ပွိုင့်ကဒ်ကိုဘယ်နေရာမှာ အသုံးပြုရလဲ။
- ပွိုင့်ကဒ် အမျိုးအစားတွေ။
- ရလာတဲ့ ပွိုင့်တွေကို ဘယ်လိုပြန်သုံးမလဲ။
- မေးခွန်းများ။
- အကျဥ်းချုပ်။
ပွိုင့်ကဒ်ကိုဘယ်နေရာမှာ အသုံးပြုရလဲ။
ပွိုင့်ကဒ်တွေကတော့ စျေးဝယ်တဲ့ အချိန်မှာ ဝယ်တဲ့ ပိုက်ဆံပမာဏ အပေါ်လိုက်ပြီးတော့ ပွိုင့်တွေရရှိပြီးတော့ ပွိုင့်ကို ပိုက်ဆံ အတိုင်းပြန်သုံးလို့ရတဲ့ ကဒ်မျိုးဖြစ်ပါတယ်။ ကဒ်အမျိုးအစားအပေါ်မူတည်ပြီးတော့ ရရှိနိုင်တဲ့ ပွိုင့်ပမာဏလဲ ကွာခြားနိုင်ပါတယ်။ ဥပမာ တချို့ကဒ်အမျိုးအစားတွေက ယန်း ၂၀၀ ဖိုးဝယ်မှ ၁ ပွိုင့် ရသလို၊ တချို့ကဒ်တွေကတော့ ယန်း ၁၀၀ ဖိုးဝယ်ရင် ၁ ပွိုင့် အစသဖြင့် ရရှိနိုင်ပါတယ်။ နောက်ပြီးတော့ ဆိုင်တွေအပေါ်မူတည်ပြီးတော့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေဝယ်ပါက ပ္ပိုင့်ပြန်ပြီးတော့ လက်ဆောင်ပေးတဲ့ အစီစဥ်တွေ ကမ်ပိန်းတွေလဲရှိပါတယ်။ ဂျပန်မှာတော့ ဒီလိုမျိုး ပွိုင့်တွေကိုစုနေတဲ့ သူတွေကို ポイ活 (poikatsu) လို့ခေါ်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
ပွိုင့်ကဒ် အမျိုးအစားတွေ။
ပွိုင့်ကဒ်တွေကတော့ အများကြီးရှိပြီးတော့ အများအားဖြင့် အသုံးများတဲ့ ပွိုင့်ကဒ်တွေကိုဖော်ပြသွားပါ့မယ်။နောက်ပြီးတော့ ပွိုင့်ကဒ်တွေကို ဒီအတိုင်ဝက်ဘ်ဆိုက်တွေကနေ မှတ်ပုံတင်ပြီးတော့ ပုံမှန်ကဒ်နဲ့လဲအသုံးပြုနိုင်သလို အက်ပလီကေးရှင်းကိုဒေါင်းလုတ်လုပ်ပြီးတော့ ဒီအတိုင်းဖုန်းထဲကနေ တဆင့်လဲ အသုံးပြုနိုင်ပါတယ်။
V-Point Card
╭━━━━━━━━━╮
— Vポイント【公式】 (@vpoint_official) May 13, 2024
隠れた「V」を
3️⃣つ探せ👀
╰━━━━v━━━━╯
イラストの中にアルファベットの「V」が3️⃣つ隠れています!イラストをよーーーく見て探してください🔍
わかった方はコメント欄に「✌」を!
答えは24時間後に発表します⏰ pic.twitter.com/MiLeEIMhwj
ပထမဆုံးတစ်ခုကတော့ V-card လို့ခေါ်ပြီးတော့T-card ကနေနာမည်ပြောင်းသွားတဲ့ ပွိုင့်ကတ်ဖြစ်ပါတယ်။ ဒီကဒ်ကိုတော့ အများအားဖြင့် Family Mart နှင့် တခြားစတိုးဆိုင်တွေမှာ အသုံးများလေ့ရှိပါတယ်။ အသုံးပြုနိုင်တဲ့ ဆိုင်တွေကလဲ အများကြီးရှိပါတယ်။ ဘယ်ဆိုင်တွေမှာ အသုံးပြုလို့ရလဲဆိုတာကိုတော့ ဒီလင့် မှာ ဝင်ကြည့်နိုင်ပါတယ်။ ရရှိနိုင်တဲ့ ပွိုင့်ကတော့ ယန်း ၂၀၀ ဖို့ဆို ၁ပွိုင့် ရရှိမှာဖြစ်ပြီးတော့ ၁ ပွိုင့်က ၁ ယန်းနဲ့ညီပါတယ်။
Rakuten Point
နောက်တစ်ခုကတော့ Rakuten Point ဖြစ်ပြီးတော့ Rakuten ဆိုတဲ့စကားလုံးကိုတော့ကြားဖူးနားဝရှိမယ်ထင်ပါတယ်။ နောက်ပြီးတော့ Rakuten Pointအပြင်တခြားဝန်ဆောင်မှုတွေဖြစ်တဲ့ Edy တို့လိုမျိုး ဝန်ဆောင်မှုတွေလဲရှိပါတယ်။ Rakuten Point ကိုလဲဆိုင်တွေအများကြီးမှာအသုံးပြုနိုင်ပါတယ်။ အသုံးပြုနိုင်တဲ့ ဆိုင်တွေကိုတော့ ဒီလင့်ကနေဝင်ကြည့်နိုင်ပါတယ်။ ရရှိနိုင်တဲ့ ပွိုင့်ကတော့ ယန်း ၂၀၀ ဖို့ဆို ၁ပွိုင့် ရရှိမှာဖြစ်ပြီးတော့ ၁ ပွိုင့်က ၁ ယန်းနဲ့ညီပါတယ်။
D-Point
နောက်အသုံးများတဲ့ ပွိုင့်ကတော့ D-Point ဖြစ်ပြီးတော့ Docomo ရဲ့ ပွိုင့်ကတ်ဖြစ်ပါတယ်။ နောက်ပြီးတော့ D-Point ကဒ်ကိုတော့ Docomo လိုင်းမသုံးပြုတဲ့ သူတွေလဲပဲ အသုံးပြုနိုင်ပါတယ်။ D-Point ကိုတော့ ၂၀၁၅ ခုနှစ်ကတင်စာတင်မိတ်ဆက်ပြီးတော့ အသုံးပြုတဲ့သူတွေလဲ တော်တော်များပြားပါတယ်။ D-Point ကဒ်ပြုလုပ်ချင်ရင်တော့ နီးစပ်ရာ Docomo အရောင်းဆိုင်နဲ့ Lawsonတို့မှာအခမဲ့ပြုလုပ်နိုင်ပါတယ်။ ရရှိနိုင်တဲ့ ပွိုင့်ကတော့ ယန်း ၁၀၀ ဖို့ဆို ၁ပွိုင့် ရရှိမှာဖြစ်ပြီးတော့ ၁ ပွိုင့်က ၁ ယန်းနဲ့ညီပါတယ်။ အသုံးပြုနိုင်တဲ့နေရာတွေကို ဒီလင့်ကနေ ဝင်ကြည့်နိုင်ပါတယ်။
Nanaco
普段、お買い物で #nanaco を使っているから、
— 電子マネー nanaco【公式】 (@nanacoPR) May 8, 2024
ポイントがお得にたまる方法があればいいんだけど…😵💦
みなさん良い方法があったら、教えてくれませんか?🤔#レイコのクレ活 pic.twitter.com/JwY7UFcpjJ
Nanacoကတော့ 7/11 စတိုးဆိုင်တွေမှာအသုံးပြုလို့ရတဲ့ကဒ်ဖြစ်ပြီးတော့ တခြားပွိုင့်ကဒ်တွေနဲ့ အနည်းငယ်ကွာခြားနိုင်ပါတယ်။ အပေါ်မှာဖော်ပြတဲ့ ကဒ်တွေကတော့ ပိုက်ဆံမဖြည့်ဘဲ ပွိုင့်ကဒ်သီးသန့်အသုံးပြုနိုင်ပေမယ့် Nanaco ကတော့ ကဒ်ထဲကိုပိုက်ဆံဖြည့်ပြီးတော့ ကဒ်နဲ့ပေးမှာသာ ပွိုင့်ရမှာဖြစ်ပါတယ်။ Nanaco ကိုတော့ 7/11 ဆိုင်တွေမှာဝယ်ယူနိုင်ပါတယ်။
ရလာတဲ့ ပွိုင့်တွေကို ဘယ်လိုပြန်သုံးမလဲ။
ရလာတဲ့ပွိုင့်တွေကိုတော့ စျေးပြန်ဝယ်တဲ့ အချိန်မှာ အသုံးပြုနိုင်ပါတယ်။ အများအားဖြင့် ပွိုင့်သုံးနည်းပုံစံကတော့ ၂ မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ ၁၀၀ တန်ပစ္စည်းကို ပွိုင့် ၁၀၀ နဲ့ ဝယ်ခြင်းဖြစ်ပါတယ်။ ဒီနည်းကတော့ ပစ္စည်းတစ်ခုကို ပွိုင့်နဲ့ ဝယ်ခြင်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပစ္စည်းတန်ဖိုးတစိတ်တပိုင်းကို ပွိုင့်တစိတ်တပိုင်းလောက်အသုံးပြုခြင်းဖြစ်ပါတယ်။ ဥပမာ ၁၀၂ ယန်းတန်ပစ္စည်းဝယ်လိုက်တယ်ဆိုပါစို့။ ယန်း၁၀၀ ပဲလက်ထဲရှိတယ်ဆိုရင်တော့ ငွေသား၁၀၀ ယန်းနဲ့ရှင်းပြီး ကျန်တဲ့ ၂ ယန်းကိုတော့ ပွိုင့်ထဲကနုတ်ယူပြီးပေးတာမျိုးတွေလဲလုပ်နိုင်ပါတယ်။
မေးခွန်းများ။
(မေးခွန်း) ကတ်တွေကို ဘယ်နေရာမှာမဆို အသုံးပြုနိုင်ပါသလား။
အဖြေ - ကဒ်ကုမ္ပဏီနဲ့ ချိန်ဆက်ထားတဲ့ဆိုင်တွေမှာသာ အသုံးပြုနိုင်ပါတယ်။
(မေးခွန်း) လက်ရှိအသုံးပြုနေတဲ့ ကဒ်ကိုအသုံးပြုနိုင်တဲ့နေရာတွေကို ဘယ်လိုသိနိုင်မလဲ။
အဖြေ - အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်အသုံးပြုနေတဲ့ ပွိုင့်ကဒ်ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်နေပြီးတော့ ဝက်ရောက်ကြည့်ရှုတာဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတွေအနေနဲ့တော့ နေရာတော်တော်များများမှာငွေရှင်းကောင်တာမှာ အသုံးပြုနိုင်တဲ့ ကဒ်အမျိုးအစားတွေကို ရေးထားလေ့ရှိပါတယ်။
(မေးခွန်း) ပွိုင့်ကဒ်နှစ်မျိုးစလုံးကိုတပြိုင်တည်းအသုံးပြုလို့ရလား။
အဖြေ - ပွိုင့်ကဒ် ၂မျိုးစလုံးကို တပြိင်တည်းအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ပစ္စည်းဝယ်တဲ့အချိန်မှာတော့ တစ်ကြိမ်ကို ပွိုင့်ကဒ် တစ်မျိုးသာအသုံးပြုနိုင်ပါတယ်။ ဥပမာ Rakuten Point ရော D-Point ပါအသုံးပြုနိုင်တဲ့ စတိုးဆိုင်မှာစျေးဝယ်တဲ့အချိန်မှာဆိုရော ဒီကဒ်နှစ်မျိုးထဲက တစ်မျိုးကိုသာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပွိုင့်ကဒ် ၂ မျိုးစလုံးအတွက် ပွိုင့်ရနိုင်မည်မဟုတ်ပါ။
အကျဥ်းချုပ်
ဂျပန်မှာတော့ နေရာတိုင်းလိုလိုမှာ ပွိုင့်စုပြီးတော့ ဒီပွိုင့်တွေကို ပြန်လည်အသုံးချတဲ့ သူတွေအများကြီးရှိပါတယ်။ ပွိုင့်စုတာကတော့ ချွှေတာရာလဲရောက်သလို အရမ်းလဲ မခက်ခဲပါဘူး။ ဒီဆောင်းပါးကိုအခြေခံပြီးတော့ မိမိနဲ့ကိုက်ညီတဲ့ ပွိုင့်ကဒ်ကို အသုံးပြုပြီးတော့ ပွိုင့်ကဒ်ကိုအသုံးပြုကြည့်ပါ။