ဂျပန်ဆောင်းဦးရာသီရဲ့ အရာသာရှိတဲ့ အသီးအနှံနှင့် အစားအသောက်များ

ဂျပန်နိုင်ငံရဲ့ ဆောင်းဦးရာသီကတော့ အစားအသောက်ကြိုက်တဲ့ သူတွေအတွက် အရမ်းကို အဆင်ပြေတဲ့ ရာသီဖြစ်ပါတယ်။ ဆောင်းဦးရာသီမှာတော့ အရသာရှိလှတဲ့ ရာသီစာတွေ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ စားချင်စိတ်တိုးစေတဲ့ ဆောင်းဦးရာသီ “Shokuyoku no Aki” လို့တောင် တင်စားခေါ်ဝေါ်လေ့ရကြပါတယ်။ ဒီ‌ဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ ဆောင်းဦးရာသီမှာ နာမည်ကြီးတဲ့ အစားအသောက်တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

မာတိကာ 

  1. “Shokuyoku no Aki” ဆိုတာဘာလဲ။
  2. ဂျပန်မှာ နာမည်ကြီးလူကြိုက်များတဲ့ ဆောင်းဦးရာသီ အစားစာများ။
  3. ဆောင်းဦးရာသီ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ။
  4. နွေးနွေးထွေးထွေးဖြစ်စေမယ့် အစားစာများ။ 

“Shokuyoku no Aki” ဆိုတာဘာလဲ။

“食欲の秋 (Shokuyoku no Aki)”ဆိုတာကတော့ စားချင်စိတ် တိုးစေတဲ့ ဆောင်းဦးရာသီ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီးတော့ ဒီစကားကိုတော့ ဂျပန်နိုင်ငံမှာ ရှေးယခင်ခေတ်ဖြစ်တဲ့ အဲဒီုခေတ်ကတည်းက ပြောလာတဲ့ စကားဖြစ်ပါတယ်။ နွေရာသီမှာ ပူပြီးတော့ စားချင်စိတ်မရှိဖြစ်ပေမယ့် ဆောင်းဦးရာသီရောက်လာတာနဲ့ အေးမြလာပြီးတော့ အစားအသောက်စားချင်စိတ်လဲ ပိုပြီးတော့ တိုးလာတဲ့ အတွက်ကြောင့်မို့လို့ ဒီလို အသုံးအနှုန်မွေးဖွားလာရတာဖြစ်ပါတယ်။ 

ဆောင်းဦးရာသီကတော့ အစားအသောက်တွေ ပေါများကြွယ်ဝခြင်းဖြင့် ရှေးယခင်ကတည်းက လူသိများကျော်ကြားပါတယ်။ ဆောင်းဦးရာသီရောက်တာနဲ့ ဆန်နှင့် လက်ဖက်ရည်၊ အရက်နှင့် ခေါက်ဆွဲတို့ပြုလုပ်လာကြပါတယ်။ ဒီရာသီကိုရောက်တာနဲ့ လူတွေက အရသာရှိတဲ့ အစားအသောက်တွေကိ စားပြီးတော့ ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေ ပြန်လည်ဖြည့်ဆည်းလာကြလေ့ရှိပါတယ်။

ဂျပန်မှာ နာမည်ကြီးလူကြိုက်များတဲ့ ဆောင်းဦးရာသီ အစားစာများ။

ဆောင်းဦးရာသီရဲ့ လူကြိုက်များတဲ့ အစားအသောက်တွေထဲကနေပြီးတော့ နာမည်ကြီးတဲ့ အစားအသောက်အချို့ကို ဖော်ပြသွားပါ့မယ်။ 

ကန်စွန်းဥမီးဖုတ် - 焼き芋 (Yakiimo)

Yakiimo ကတော့ ဂျပန်နိုင်င့ ဆောင်းဦးရာသီနှင့် လိုက်ဖက်တဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ ဆောင်းရာသီက ကန်စွန်းဥတွေကတော့ အရည်ရွမ်းပြီးတော့ အရမ်းကိုချိုပါတယ်။ ဆောင်းဦးရာသီကိုရောက်တာနဲ့ ကွန်ဘီနီစူပါမားကတ် တွေမှာ ကန်စွန်းဥဖုတ်တွေကို ရောင်းချလေ့ရှိပါတယ်။ နောက်ပြီးတော့ တချို့နေရာတွေမှာဆိုရင်တော့ တစ်နှစ်ပတ်လုံးရောင်းချတဲ့နေရာတွေလဲရှိပါတယ်။ 

သစ်ချသီးများ - 栗 (Kuri)

ဆောင်းဦးရာသီရောက်ာတဲ့ အချိန်တိုင်း လူကြိုက်များတဲ့ ရာသီစာကတော့ သစ်ချသီးဖြစ်ပါတယ်။ သစ်ချသီးတွေကတော့ အခွံခွာခြင်း၊ ပြုတ်ခြင်း တို့အပြင် ထမင်းနဲ့ အတူတူချက်ပြီးတော့လဲစားသောက်လေ့ရှိကြပါတယ်။ သစ်ချသီးရဲ့ အချိုဓာတ်နှင့် ထမင်းက လိုက်ဖက်လွန်းလှပါတယ်။ နောက်ပြီးတော့ ဆား သို့မဟုတ် မိဆိုတို့နဲ့ နှယ်ပြီးလဲ နပ်စားလေ့ရကြပါတယ်။ ဒါအပြင် ပွဲတော်တွေမှာလဲ ပွဲတော် စာအဖြစ်နာမည်ကြီးတဲ့ အပြင် ‌ဆောင်းဦးရာသီရောက်လာတဲ့ အချိန်တိုင်း ဆိုင်တွေမှာ သစ်ချသီးကိုအသုံးပြုတဲ့ မီနုးတွေရရှိလာလေ့ရှိပါတယ်။ 

ဆမ်မငါး - 秋刀魚 (Sanma)

ဆောင်းဦးရာသီမှာ အရသာရှိတဲ့ ရာသီငါးကတော့ ဆမ်မငါး ဖြစ်ပါတယ်။ အများအားဖြင့်“塩焼き (Shioyaki)” လို့ခေါ်တဲ့ ဆားကင်ကင်ပြီးတော့စားလေ့ရှိကြပါတယ်။ နောက်ပြီးတော့ မုန်လာဥအဖြူကို ခြစ်ပြီးတော့ ငါးရဲ့ သဘာဝအရသာကိုပိုပြီးတော့ ပေါ်လွင်အောင်ဖန်တီးပြီးစားသောက်လေ့ရှိကြပါတယ်။ 

ဂျပန်နိုင်ငံကတော့ ကျွန်းနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ငါးအရသာရှိလွန်းလှပါတယ်။ ဂျပန်နိုင်ငံမှာ တွေ့ရှိရတဲ့ ငါးတွေရဲ့ အခေါ်အဝေါ်ကိုလေ့လာချင်ရင်တော့ အောက်ပါပို့စ်မှာ ဝင်ရောက်ဖတ်ရှုကြည့်နိုင်ပါတယ်။ 

 

🪸🐚🐚ဂျပန်က ပင်လယ်နိုင်ငံ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပင်လယ်စာပေါပါတယ်။ ဒီနေ့မှာတော့ စားသောက်ဆိုင်တွေမှာ လုပ်နေတဲ့ သူတွေ...

Posted by WeXpats Myanmar on Saturday, January 27, 2024

ဆောင်းဦးရာသီ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ။

ဆက်လက်ပြီးတော့ဆောင်းဦးရာသီမှာ အရသာရှိတဲ့ သစ်စီးနှင့် ဟင်းသီးဟင်းရွက်တွေကိုကြည့်လိုက်ကြရအောင်။ 

တည်သီး - 柿 (Kaki)

ဆောင်းဦးရာသီဝင်လာတာနဲ့ စူပါမားကတ်တွေမှာ တည်သီးတွေကို တွေ့ရမှာဖြစ်ပါတယ်။ လိမ္မော်အရောင်ရှိပြီးတော့ ချိုစိမ့်နေတဲ့ သီးဖြစ်ပါတယ်။ အကြမ်ဖျင်းအားဖြင့် တည်သီးကိုတော့ နှစ်မျိုးခွဲနိုင်ပါတယ်။ တစ်မျိုးကတော့ Fuyuu ဖြစ်ပြီးတော့ နောက်တစ်မျိုးကတော့ Hachiya ဖြစ်ပါတယ်။ 

Fuyuu ကတော့ ပုံမှန်ဆိုခါးပြီးတော့ မှည့်လာမှ စားတဲ့ သီးဖြစ်ပြီးတော့ Hachiya ကတော့ မမှည့်ခင်ကတည်းကစားလို့ရတဲ့ အသီးဖြစ်ပါတယ်။

စပျစ်သီး - 葡萄 (Budou)

စပျစ်သီးတွေကလဲ ဂျပန်နိုင်ငံ ဆောင်းဦးရာသီရဲ့ နာမည်ကြီးတဲ့ အသီးအနှံဖြစ်ပါတယ်။ ဆောင်းဦးရာသီမှာတော့ အများအားဖြင့် အမျိုးစိတ်အမျိုးမျိုးရှိပြီးတော့ Kyoho စပျစ်သီးတို့လိုမျိုး အရွယ်အစားနှင့် အရောင်နှစ်နှစ်ရှိပြီး ချိုတဲ့ အရသာရှိတဲ့ စပျစ်သီးအမျိုးအစားတွေလဲ ပါဝင်ပါတယ်။ 

သစ်တော်သီး - 梨 (Nashi)

ဆောင်းဦးရာသီရဲ့ အရှေ့ပိုင်းကိုရောက်တာနဲ့ သစ်တောသီးတွေကိုလဲ တွင်တွင်ကျယ်ကျယ် တွေ့နိုင်ပါတယ်။ အရည်ရွမ်းပြီးတော့ အရမ်းချိုတဲ့ သစ်တော်သီးတွေဖြစ်ပါတယ်။ 

ရွှေဖရုံသီး - かぼちゃ (Kabocha)

Kabocha ကတော့ ဂျပန်နိုင်ငံရဲ့ ဆောင်းဦးရာသီရဲ့ ရာသီဖော် ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ ရာသီပေါ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဆောင်းဦးရာသီကိုရောက်တဲ့ အချိန်မှာတော့ ရွှေဖရုံသီးတွေပိုပြီးတော့ ချိုလာတာဖြစ်ပါတယ်။ အများအားဖြင့် dashi နှင့် ပဲငံပြာရည်တို့နှင့် ထည့်စားတဲ့ အပြင် နောက်ပြီးတော့ Kabocha ကို အချိုပွဲတွေအနေနဲ့လဲ စားလေ့ရှိကြပါတယ်။

ပိန်းဥ - 里芋 (Satoimo) 

ပိန်းဥ တွေကလဲ ဆောင်းဦးရာသီကို‌ရောက်လာရင် ရာသီအစားစာအနေနဲ့ နာမည်ကြီးတဲ့ အစားအသောက်ဖြစ်ပါတယ်။ ပိန်းဥကိုတော့ ဟင်းမှာလဲအသုံးပြသို အချိုပွဲတွေ အစသဖြင့် အမျိုးမျိုးအသုံးချပြီးတော့ ချက်ပြုတ်လေ့ရှိကြပါတယ်။ 

Matsutakeမှိုများ - 松茸 (Matsutake)

Matsutakeမှိုတွေကလဲ ဆောင်းဦးရာသီမှာလဲ အရသာရှိတဲ့မှိုဖြစ်ပါတယ်။ မှိုကိုတော့ ဒီအတိုင်းချက်ပြုတ်ပြီးစားသောက်လေ့လဲရှိသလို ထမင်းနဲ့အတူတူချက်ပြီးစားသောက်လေ့လဲရှိပါတယ်။ 

နွေးနွေးထွေးထွေးဖြစ်စေမယ့် အစားစာများ။

နောက်ဆုံးအနေနဲ့ ဆောင်းဦးရာသီမျာ နွေးနွေးထွေးထွေးဖြစ်စေမယ့် အစားအသောက်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ဆောင်းဦးရာသီရဲ ရာသီဥတုကတော့ ချမ်းချမ်းအေးအေးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ နွေးနွေးထွေးထွေးနေဖို့အတွက် အရမ်းအရေးကြီးပါတယ်။ 

ဟော့ပေါ့ - 鍋 (Nabe)

ဟောပေါ့ ကတော့ ဂျပန်နိုင်ငံမှာ အေးလာတဲ့ ရာသီကိုရောက်တဲ့ အချိန်မှာ လူကြိုက်များပြီးတော့နာမည်ကြီးတဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ ဟော့ပေါ့အတွင်းမှာဆိုရင်တော့ ပါဝင်ပစ္စည်းတွေ အများကြီးကိုလဲ ထည့်ပြီးတော့ စားသောက်လေ့ရှိပါတယ်။ ဥပမာ - ရာသီပေါ်ဟင်းသီးဟင်းရွက်တွေ၊ အသားငါးတို့ဖြင့် ထည့်ပြီးတော့ စားသောက်လေ့ရှိပါတယ်။

ဟော့ပေါ့အမျိုးအစားကလဲ အများကြီးရှိပြီးတော့ လူကြိုက်များတဲ့ အမျိုးအစားတွေထဲမှာတော့ shabu-shabu (しゃぶしゃぶ) နှင့် sukiyaki (すき焼き) တို့ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

Oden - おでん

 

ဆောင်းရာသီဝင်လာတာနဲ့ oden လို့ခေါ်တဲ့ ဂျပန်ရိုးရာ ဆောင်းရာသီအစားစာတွေကိုရောင်းချလာတာကိုတွေ့ရမှာပါ။ 🍢🍢🍢oden ကိုတော့...

Posted by WeXpats Myanmar on Sunday, December 3, 2023

Oden ကတော့ ဆောင်းဦးရာသီကိုရောက်တဲ့ အချိန်မှာ လူတိုင်းကြားထဲမှာ နာမည်ကြီးတဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ Oden ကတော့ ပဲငံပြာရည်dashi နှင့် ပါဝင် ပစ္စည်းတွေကို စတူးအနေနဲ့ ပြုတ်ပြီး စားတဲ့ အစားအသောက်ဖြစ်ပါတယ်။ အရသာဝင်နေအောင် အကြာကြီးပြုတ်ပြီးတော့ အများအားဖြင့် တွေ့များတဲ့ ပါဝင်ပစ္စည်းတွေကတော့ မုန်လာဥအဖြူ၊ ကြက်ဥ၊ ငါးကိတ် တို့ဖြစ်ပါတယ်။ ဆောင်းဦးနှင့် ဆောင်းဦးရာသီမှာဆိုရင်လဲ ဂျပန်နိုင်ငံရဲ့ ကွန်ဘီနီတွေမှာလဲ ‌ရောင်းချလေ့ရှိပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ဂျပန်ဆောင်းဦးရာသီရဲ့ အရာသာရှိတဲ့ အသီးအနှံနှင့် အစားအသောက်များ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ