ဂျပန်ရဲ့နေရာတော်တော်များများဟာလှပပြီးရှုခင်းများဖြင့်စိမ်းလန်းတဲ့နေရာများစွာရှိပါတယ်။တောတောင်များ၊ပင်လယ်များကများပြားစွာတည်ရှိပါတယ်။အဲအထဲကမှနာဂဆခိမြို့လေးကနှစ်ပေါင်းများစွာကတည်းကတည်တံ့ခဲ့တဲ့မြို့လေးဖြစ်ပါတယ်။ကျူရှူးရဲ့အနောက်မြောက်ဘက်ကမ်းရိုးတန်းမှာတည်ရှိပါတယ်။ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်တဲ့အတွက်အခုလိုဆောင်းဦးကနေဆောင်းရာသီပြောင်းတဲ့အချိန်မျိုးမှာအေးနေပြီဖြစ်ပါတယ်။ဂျပန်လူမျိုးခရီးသွားများအပြင်၊နိုင်ငံခြားသားများပါလာရောက်လည်ပတ်ကြပါတယ်။နာဂဆခိရဲ့အစားအစာများကလည်းအရသာရှိပါတယ်။ကမ်းရိုးလည်းမြို့ဖြစ်တဲ့အတွက်ပင်လယ်ရဲ့အငွေ့အသက်၊ရှုခင်းများကလည်းစိတ်ကိုလန်းဆန်းစေမှာဖြစ်ပါတယ်။လည်ပတ်စရာနေရာများစွာရှိပြီး၊သွားရောက်မယ်ဆိုရင်မသွားခင်ကတည်းကအစီအစဥ်ဆွဲထားပြီးသွားရောက်သင့်ပါတယ်။
နာဂဆခိနဲ့နာမည်ကြီးနေရာများနဲ့ပတ်သက်ပြီး
နာဂဆခိကိုအမြန်ရထားရှင်ခန်ဆန်နဲ့သွားမယ်ဆိုရင်တောင်သုံးနာရီကျော်ကြာမြင့်မှာဖြစ်ပါတယ်။နာဂဆခိရဲ့လှပတဲ့နေရာများထဲမှတစ်နေရာအပါအဝင်ဖြစ်တဲ့(ハウステンボス)ပန်းခြံနေရာဖြစ်ပါတယ်။ပန်းမျိုးစုံကိုညီညာအောင်စိုက်ပျိုးထားပြီး၊အဲနေရာကိုသွားလို့ရအောင်တံထားလေးပြုလုပ်ထားပါတယ်။ဘေးနှစ်ဘက်မှာရေများရှိပြီးရေပေါ်မှာဆောက်လုပ်ထားပါတယ်။နောက်တစ်နေရာကတော့(長崎新地中華街)နာဂဆခိရဲ့တရုတ်စျေးတန်းများဖြစ်ပါတယ်။တရုတ်ရိုးရာပုံစံတည်ဆောက်ထားပြီး၊တရုတ်စားသောက်ဆိုင်အများအပြားရှိပါတယ်။တရုတ်အစားအစာများကိုအရသာရှိအောင်စားသောက်ရမှာဖြစ်ပါတယ်။ဆက်လက်ပြီးသွားစရာနေရာများထဲမှ(長崎ペンギン水族館)ပင်ကွင်းများကိုမွေးမြူထားတဲ့နေရာဖြစ်ပါတယ်။ပင်ကွင်းလေးများရဲ့လှုပ်ရှားမှုများကိုကြည့်ရှုလို့ရပြီး၊မိသားစုများအတွက်အဆင်ပြေဆုံးသွားရောက်လည်ပတ်သင့်သောနေရာလေးဖြစ်ပါတယ်။သွားတဲ့အထဲမှပျော်ရွင်စေမယ့်နောက်ထပ်တစ်နေရာကတော့(長崎電気軌道(長崎の路面電車))ဖြစ်ပါတယ်။ရှေးဟောင်းပုံစံရထားကိုရထားတွဲအများကြီးမဟုတ်ဘဲနည်းနည်းလေးနဲ့ဒီဇိုင်းအမျိုးမျိုးဖြင့်ဆွဲဆောင်မှုရှိအောင်ပြုလုပ်ပြီးပြေးဆွဲပေးတဲ့အတွက်ကြောင့်နာဂဆခိရောက်ခဲ့မယ်ဆိုရင်သွားရောက်စီးသင့်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
နာဂဆခိရဲ့နာမည်ကြီးအစားအသောက်များ
နာဂဆခိရဲ့နာမည်ကြီးအစားအသောက်များထဲမှတစ်ခုအပါအဝင်ဖြစ်တဲ့(長崎ちゃんぽん)ဖြစ်ပါတယ်။ခေါက်ဆွဲဖြစ်ပြီး၊ဒီပြင်နေရာတွေရဲ့ခေါက်ဆွဲနဲ့မတူညီတာကအသီးအရွက်များများစုံလင်အောင်ထည့်ထားပြီးအရသာရှိလှပါတယ်။ပုစွန်များ၊အသားများပါထည့်ထားပြီးအရသာချိုချိုလေးနဲ့စားလို့ကောင်းပါတယ်။အခုနောက်ပိုင်းခေါက်ဆွဲဗူးများပါရောင်းချပေးတဲ့အတွက်ဘယ်နေရာမှာမဆိုဝယ်ယူစားသောက်လို့ရနိုင်ပါတယ်။အရသာရှိတဲ့စားစရာနောက်တစ်မျိုးကတော့(五島うどん 長崎)ဖြစ်ပါတယ်။အုဒုံကတော့ဂျပန်ရဲ့နာမည်ကြီးစားစရာတစ်ခုဖြစ်ပြီး၊အဲအထဲကမှနာဂဆခိရဲ့အုဒုံကပိုကြီးနာမည်ကြီးလူကြိုက်များပါတယ်။ခေါက်ဆွဲအလုံးထက်အလုံးတုတ်ပြီး၊အုဒုံဟင်းချိုကချိုပြီးအရသာရှိလှပါတယ်။ဂျပန်ရဲ့အကြော်နဲ့လည်းတွဲဖက်စားသောက်ကြပါတယ်။နာဂဆခိကိုရောက်ခဲ့ရင်စားကြည့်သင့်တဲ့အစားအစာဖြစ်ပါတယ်။စိတ်ဝင်စားစရာနောက်ထပ်အစားအသောက်တစ်ခုအနေနဲ့(がんば 長崎)ဖြစ်ပါတယ်။နဂဆခိနဲ့နာမည်ကြီးငါးတစ်မျိုးဖြစ်ပြီး၊ဆရှိမိလိုအသားစိမ်းအနေနဲ့လည်းစားကြပါတယ်။နာဂဆခိမှာဘဲပေါများစွာရရှိတဲ့အစားအစာဖြစ်ပါတယ်။အရသာရှိတဲ့နောက်ထပ်အစားအသောက်တစ်မျိုးကတော့(ハトシ 長崎)ဖြစ်ပါတယ်။ပုစွန်အရသာပေါင်မုန့်မီးကင်ဖြစ်ပါတယ်။အနံမွေးမွေးလေးနဲ့စားလို့ကောင်းပြီး၊ဆန်းဒဝေ့လိုလည်းရောင်းပေးတဲ့အတွက်အပြန်လက်ဆောင်အဖြစ်လည်းဝယ်ယူလို့ရနိုင်ပါတယ်။
ပျော်ရွင်စရာများနာဂဆခိခရီးစဥ်နဲ့ပတ်သက်ပြီး
နာဂဆခိကိုလေယဥ်၊ရှင်ခန်းဆန်အမြန်ရထားတို့ဖြင့်သွားရောက်လို့ရပါတယ်။လေယဥ်နဲ့ဆိုရင်နှစ်နာရီခွဲလောက်ကြာမြင့်မှာဖြစ်ပါတယ်။ဟိုတယ်တည်းခိုစရိတ်အနေနဲ့ဂျပန်ယန်းငါးထောင်၊ခြောက်ထောင်လောက်ကနေသောင်းဂဏန်းကျော်အကောင်းစားဟိုတယ်များအထိရှိပါတယ်။နာဂဆခိမှာအွန်စမ်းလို့ခေါ်တဲ့နာမည်ကြီးရေပူစမ်းများစွာရှိတဲ့အတွက်သွားရောက်အပန်းဖြေလည်ပတ်သင့်ပါတယ်။ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်တဲ့အတွက်ဂရု၊ကမာများပေါများအတွက်နာဂဆခိကိုရောက်ခဲ့မယ်ဆိုရင်စားကြည့်သင့်ပါတယ်။ဆောင်းဦးလိုအချိန်အခါမျိုးမှာပေါများစွာစားသောက်ကြရပြီး၊ခရုကမာစားပွဲတော်များအထိကျင်းပကြပါတယ်။အပျော်စီးသင်္ဘောများစီးလို့ရပြီး၊ခရီးသွားများစိတ်အပန်းပြေအောင်ပြုလုပ်ပေးထားပါတယ်။လင်းပိုင်ပြတိုက်များ၊ပင်ကွင်းပြတိုက်များကိုသွားရောက်လည်ပတ်သင့်ပါတယ်။အဓိကကတော့လည်ပတ်စရာနေရာများတဲ့အတွက်အစီအစဥ်ချပြီးသွားရောက်သင့်ပါတယ်။အဲဒါမှနေရာအစုံအောင်ရောက်ရှိမှာဖြစ်ပါတယ်။နာဂဆခိရဲ့ရိုးရာအစားအသောက်များကိုစားသောက်သင့်ပြီး၊အခုလိုဆောင်းရာသီမျိုးမှာသွားရောက်လည်ပတ်သင့်ပါတယ်။
တိုကျိုမှာသဘာဝကိုခံစားနိုင်မယ့်နေရာများ(A place where you can feel nature in Tokyo)